LATEST STORIES

စက်တင်ဘာ ၂၃၊ ၂၀၂၂။ (သောကြာ)

စစ်ကောင်စီဟာတိုင်းရင်းလက်နက်ကိုင်အဖွဲ့တွေကိုငြိမ်းရေးဆွေးနွေးဖို့ဒုတိယအကြိမ်ကမ်းလှမ်းလာတယ်။ပထမအကြိမ်တုန်းကလဲမြေပြင်တကယ်တိုက်ပွဲတွေဖြစ်ပွားနေတဲ့EAOအဖွဲ့ကြီးတွေတစ်ဖွဲ့မှမတက်ကြဘူး။ဒီတကြိမ်မှာလဲထိုနည်းလည်းကောင်းပဲ။အဖွဲ့ကြီးတွေထဲကစစ်ကောင်စီနဲ့အပစ်ရပ်ထားတဲ့RCSS UWSAဝအဖွဲ့နဲမြောက်ပိုင်းမိုင်းလားအဖွဲ့တို့သာထပ်မံတက်ရောက်ကြတယ်။RCSSကရှမ်းပြည်နယ်မှာတခြားလက်နက်အဖွဲ့တွေနဲ့စစ်ရေးတင်းမာမှုတွေရှိနေလို့သူ့ကိုယ်ကျိုးအတွက်စစ်ကောင်စီကိုပြန်လည်ချဥ်းကပ်တာဖြစ်ပြီးကျန်တဲ့နှစ်ဖွဲ့ကတော့ဒီလိုအချိန်မျိုးမှာကိုယ်ပိုင်နယ်မြေကိုအတိအလင်းတောင်းဖို့ရောက်ရှိလာတာဖြစ်တယ်။ထိုထဲမှာမှအင်အားအကြီးဆုံးဝအဖွဲ့ကိုပြည်နယ်အဆင့်ထိပေးဖို့စစ်ကောင်စီကအချိုသတ်ထားတယ်။ပြည်နယ်ပေးမယ်ဆိုပေမယ့်၂၀၀၈အခြေခံဥပဒေအတိုင်းသာသွားမှာမို့တကယ်ဖြစ်လာဖို့ဝေးနေဦးမှာပဲ။ စစ်ကောင်စီဟာသူနဲ့တိုက်ပွဲမဖြစ်ပွားသေးတဲ့EAOအဖွဲ့ကြီးတွေကိုတတ်နိုင်သမျှအခွင့်အရေးတွေပေးမယ်လို့ပြောဆိုနေပေမယ့်တကယ်တန်းကရှေ့တမျိုးနောက်ကွယ်တစ်မျိုးပြောဆိုနေတာသာဖြစ်တယ်။ဖယ်ဒရယ်ပေးမယ်ပြောပြီးနောက်ပိုင်းဖြစ်သင့်ဖြစ်ထိုက်တဲ့ဖက်ဒရယ်သာပေးမယ်ဆိုပြီးဖြစ်သွားပြန်တယ်။ဒါတောင်တကယ်လက်တွေ့ဘာမှလုပ်ပေးသေးတာမဟုတ်ဘူး။သူ့ရဲ့ရည်ရွယ်ချက်ကစစ်မျက်နှာတွေထပ်မဖွင့်ရအောင်ရသလောက်အချိုသတ်ထားတဲ့သဘောပဲ။ဒါကြောင့်ဘယ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကမှစစ်ကောင်စီကိုယုံကြည်လာမှမဟုတ်ဘူး။ ဒီအချိန်မှာNUGဘက်ကဖဒရယ်အရေးနဲ့ပတ်သတ်ပြီးတိကျတဲ့လမ်းပြမြေပုံတစ်ခုထုတ်ပြန်သင့်တယ်။ထိုလမ်းပြမြေပုံပေါ်မူတည်ပြီးEAO တွေကိုပိုဆွဲဆောင်နိုင်လိမ့်မယ်။ပြောမယ့်သာပြောရတယ်၊တကယ်တော့NUGလဲဖက်ဒရယ်အရေးနဲ့ပတ်သတ်ပြီးဆင်ကန်းတောတိုးပါပဲ။

Read moreDetails

စက်တင်ဘာ ၂၂၊ ၂၀၂၂။ (ကြာသပတေး)

မွန်ပြည်နယ်နဲ့ပဲခူးတိုင်းအစပ်စစ်တောင်းတံတားနားကတိုးဂိတ်မှာစစ်ကောင်စီကXray စက်ကြီးတွေနဲ့ဖြတ်သန်းသမျှမော်တော်ယာဥ်တွေအားလုံးကိုအသေးစိတ်စစ်ဆေးနေလို့နေ့စဥ်နဲ့အမျှယာဥ်ကြောတွေပိတ်ဆို့နေပြီးကားတန်းရှည်ကြီးဖြစ်နေတယ်။ကရင်ပြည်နယ်ထဲကလက်နက်တွေပဲခူးနဲ့ရန်ကုန်ဘက်ရောက်လာမှာစိုးလို့အခုလိုအသေးစိတ်စစ်ဆေးနေတာဖြစ်တယ်။စစ်ကောင်စီကရှေ့နောက်မကြည့်ပဲလုပ်ချင်ရာလုပ်နေတာကြောင့်ကုန်စည်စီးဆင်းမှုတွေနှေးကွေးကုန်ပြီးခရီးသွားတွေအကုန်ဒုက္ခရောက်ကုန်တာပေါ့။ ရန်ကုန်မန္တလေးအမြန်လမ်းမပေါ်မှာလဲထိုနည်းတူပဲ။စစ်ဆေးရေးဂိတ်တွေများပြားစွာချထားတာကြောင့်အမြန်လမ်းမှာအရင်လိုမြန်မြန်ဆန်ဆန်မသွားနိုင်ကြတော့ဘူး။ထိုဂိတ်တွေမှာစစ်ကောင်စီတပ်သားတွေကဆက်ကြေးသဘောမျိုးငွေကြေးတောင်းခံမှုတွေလဲရှိနေတယ်။စစ်အုပ်စုကတော့ပြည်သူကိုနည်းမျိုးစုံနဲ့ဓားမြတိုက်နေတော့တာပါပဲ။  

Read moreDetails

သန်လျင်က Smart Card ရထားတဲ့ အိမ်ခြေ ၃ဝဝဝ ကျော်ကို စစ်ကောင်စီ ဖျက်ဆီး

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ တာဝကွက်သစ် (စံပြကျေးရွာ)က Smart Card ရထားတဲ့ ဒေသခံနေအိမ် ၃ဝဝဝ ကျော်ကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ရက်နေ့ နဲ့ စက်တင်ဘာလ ၁၁ ရက်နေ့ မနက် ၁၀ နာရီက...

Read moreDetails

စစ်ကြောရေးမှာ သတင်းထောက်တစ်ဦး လိင်ပိုင်းဆိုင်ရာ စော်ကားခံရ

Frontier Myanmar မဂ္ဂဇင်းရဲ့ သတင်းထောက် ကိုရဲမွန်ဟာ ရန်ကုန်မြို့မှာ သူ့ကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး စစ်ကြောရေးမှာ စစ်ဆေးခံရချိန် လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို ခံခဲ့ရကြောင်း Frontier Myanmar က စက်တင်ဘာ ၁၆ ရက်...

Read moreDetails

စက်တင်ဘာ ၂၁၊ ၂၀၂၂။ (ဗုဒ္ဓဟူး)

ပြည်တွင်းမှာပြည်သူအများစုလည်ပတ်သုံးစွဲနေတဲ့ငွေကြေးပလက်ဖောင်းတစ်ခုဖြစ်တဲ့KBZ PAY အကောင့်တွေကိုစစ်ကောင်စီလက်အောက်ခံဗဟိုဘဏ်ကအကြောင်းပြချက်တစ်စုံတစ်ရာမပေးပဲပိတ်ပစ်နေတယ်။ပြီးခဲ့တဲ့ရက်တွေထဲကအချက်အလက်မပြည့်စုံတဲ့အကောင့်တွေကိုပိတ်ပစ်မယ်လို့ကြေငြာထားခဲ့ပေမယ့်တကယ့်အချက်အလက်အပြည့်အစုံတင်ထားတဲ့အကောင့်တွေပိတ်သိမ်းခံလိုက်ရတယ်။ဒီတစ်ရက်ထဲမှာတင်အကောင့်အတော်များများပိတ်ခံလိုက်ရတယ်။တချို့အကောင့်တွေဆိုသိန်းရာဂဏန်းထိရှိနေတဲ့အကောင့်တွေဖြစ်တယ်။KBZ ဘဏ်ကိုဖုန်းဆက်မေးမြန်းကြပေမယ့်တိကျရေရာတဲ့အဖြေကိုမပေးနိုင်ပဲဗဟိုဘဏ်ကိုသာလွှဲချကြတယ်။စစ်အာဏာသိမ်းပြီးကတည်းကတော်လှန်ရေးကိုထောက်ပံနေတယ်လို့သံသယရှိတဲ့အကောင့်တချို့ပိတ်သိမ်းခံလိုက်ရပြီးပြန်ရတယ်လို့မကြားမိသေးဘူး။အခုတစ်ကြိမ်မှာတော့ဗဟိုဘဏ်ကအချက်လက်ပြည်စုံသည်ဖြစ်စေ၊မပြည်စုံသည်ဖြစ်စေငွေအဝင်အထွက်များတဲ့အကောင့်တွေကိုရမ်းသမ်းပိတ်ပစ်နေတယ်လို့ယူဆရတယ်။အွန်လိုင်းရှော့ပင်လုပ်နေ့တဲ့လုပ်ငန်းရှင်တချို့ရဲ့အကောင့်တွေပါသွားပြီးတချို့လဲဘာမှမလုပ်ပဲအကောင့်ပိတ်ခံလိုက်ရတယ်။ တကယ်တော့စစ်ကောင်စီဟာတော်လှန်ရေးကိုငွေကြေးစီးဆင်းနေမှုကိုတားဆီးချင်လို့ဒီလိုလုပ်တာပဲ။ဒါပေမယ့်သူတို့မှာအကောင့်တွေရဲ့နောက်ကြောင်းကိုပြန်လိုက်ဖို့အရင်းအမြစ်တွေရှိမနေဘူး။ဒါကြောင့်သူတို့ရဲ့ထုံးစံအတိုင်းမဲမဲမြင်ရာရမ်းသမ်းလုပ်နေတာဖြစ်တယ်။အတည်မပြုနိုင်တဲ့သတင်းတွေးအရတော့KBZ Pay အကောင့်ပေါင်း၆၀၀၀ကနေ၉၀၀၀အထိပိတ်သိမ်းခံလိုက်ရတယ်ကြားတယ်။ပြည်သူတွေရဲ့ငွေကြေးပေါင်းသိန်းသောင်းဂဏန်းအတော်ကျော်ကျော်လောက်ထိမတရားသိမ်းယူလိုက်တာပဲ။တနည်းအားဖြင့်ပြည်သူတွေတော်လှန်ရေးကိုငွေကြေးမထောက်ပံအောင်ခြိမ်းခြောက်လိုက်တာပဲ။  

Read moreDetails

စက်တင်ဘာ ၂၀၊ ၂၀၂၂။ (အင်္ဂါ)

ကယားပြည်နယ်ကိုစစ်တပ်ကထိုးစစ်ဆင်နေနိုင်ပေမယ့်ရခိုင်ပြည်နယ်မှာတော့စစ်တပ်ဟာခံစစ်သပ်သပ်ပါပဲ။ရခိုင်ပြည်နယ်မြောက်ပိုင်းကစစ်တပ်စခန်းတွေနေ့စဥ်နဲ့အမျှအေအေရဲ့တိုက်ခိုက်သိမ်းပိုက်ခြင်းကိုခံနေရတယ်။ဒီနေ့ဆိုအေအေကသတင်းစားရှင်းလင်းပွဲလုပ်တယ်။တိုက်ပွဲတွေပြင်းထန်လာတဲ့ဒီကာလမှာစစ်တပ်ဘက်ကလက်နက်ချလာသူအရေအတွက်တစ်ရာကျော်နေပြီတဲ့။ဒါဆိုရင် ဒီတလခွဲခန့်ကာလအတွင်းမှာစစ်ကောင်စီဘက်ကကျဆုံးလက်နက်ချထွက်ပြေးသူဦးရေ၅၀၀နါးကပ်လာပြီ။စစ်ကောင်စီဘက်ကပြုန်းတီးအင်အားအတော်များနေပြီလို့ပြောလို့ရတယ်။ဒါပေမယ့်သူတို့ကလက်နက်ရိက္ခာလူအင်အားတွေအလုံးအရင်းနဲ့ထပ်ဖြည့်နေတုန်းပဲ။ ဒီနွေဦးတော်လှန်ရေးကာလမှာစစ်တပ်ကိုအပီအပြင်တိုက်စစ်ဖွင့်ပီးတိုက်တာအေအေအဖွဲ့ကပထမဆုံးပဲလို့တောင်ပြောလို့ရတယ်။အရင်က KIA KNU စသဖြင့်အခြားEAO တွေစစ်တပ်ကိုတိုက်တယ်ဆိုပေမယ့်စခန်းတစ်ခုလောက်သိမ်းပြီးတလလောက်မျောနေတာမျိုးပဲ။အခုအေအေကတော့အဲ့လိုမဟုတ်ဘူး။အခုအချိန်မှာအေအေဟာစစ်ရေးအရအသာစီးရနေတဲ့အတွက်ရခိုင်မြောက်ပိုင်းမှာသူ့အတွက်လွတ်မြောက်နယ်မြေတစ်ခုရတဲ့အထိတိုက်ပွဲတွေဖော်ဆောင်သွားမယ့်ပုံစံရှိတယ်။

Read moreDetails

စက်တင်ဘာ ၁၉၊ ၂၀၂၂။ (တနင်္လာ)

ရှမ်းကယားနယ်စပ်မိုးဗြဲမြို့ကိုစစ်ကောင်စီတပ်တွေထိုးစစ်ဆင်လာပြန်ပြီ။ဒီလဆန်းပိုင်းထဲကအင်အားအလုံးအရင်းနဲ့စစ်ကြောင်းထိုးလာခဲ့ပေမယ့်အထိနာပီးပြန်ဆုတ်သွားခဲ့တယ်။စက်တင်ဘာ၁၆ရက်နေ့ကစပြီးစစ်ကောင်စီကအင်အားပြန်လည်ဖြည့်တင်းကာနောက်တစ်ကြိမ်ကြိုးစားလာတယ်။ဒီတကြိမ်မှာမြို့ပေါ်ကအချက်အခြာကျတဲ့အိမ်တွေ၊အဆောက်အဦးတွေပေါ်မှာစစ်သူပုန်တွေနေရာယူလိုက်ကြတယ်။ဒါအပြင်မြို့ထဲမှာပိတ်မိနေတဲ့ပြည်သူတစ်ရာကျော်ကိုဖမ်းဆီးသွားပြီးဘုန်းကြီးကျောင်းတစ်ခုမှာလူသားဒိုင်းလုပ်ထားလို့ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကပြန်လည်ခုခံရတာအခက်အခဲတွေရှိနေတယ်။ မိုးဗြဲမြို့ကိုစစ်ကောင်စီလက်ထဲအကျခံလို့မဖြစ်ဘူး။ထိုမြို့ဟာကယားပြည်နယ်တစ်ခုလုံးကိုကုန်စည်စီးဆင်းဖို့အဓိကအရေးပါတဲ့နေရာဖြစ်နေတယ်။ဒါကြောင့်နှစ်ဖက်လုံးကထိန်းချုပ်နိုင်ဖို့အသည်းအသန်ကြိုးစားနေကြတာပါ။မိုးဗြဲမြို့စစ်ကောင်စီလက်ထဲရောက်သွားရင်ပြည်နယ်ထဲကစစ်ရှောင်တွေကိုရိက္ခာထောက်ပံဖို့အတော်လေးခက်ခဲသွားလိမ့်မယ်။အခုတောင်စစ်ဘေးရှောင်တွေအတွက်ရိက္ခာပြတ်သလောက်ဖြစ်နေပြီလေ။

Read moreDetails

စက်တင်ဘာ ၁၈၊ ၂၀၂၂။ (တနင်္ဂနွေ)

လက်ပံကုန်းကျေးရွာစာသင်ကျောင်းကိုစစ်သူပုန်တွေလေကြောင်းကတိုက်ခိုက်မှုကြောင့်အပစ်မဲ့ကလေးငယ်၁၁ဦးခန့်သေဆုံးသွားတယ်လို့သိရတယ်။ဒါအပြင်မသေပဲဒဏ်ရာအပြင်းအထန်ရထားတဲ့ကျန်တဲ့ကလေးငယ်တွေနဲ့ဆရာမနှစ်ဦးကိုပါစစ်တပ်ကဖမ်းဆီးသွားတယ်။ဒီနေ့ဆိုရေဦးမြို့ကရွာတစ်ရွာမှာစစ်တပ်ကလာရောက်သဂြိုလ်နေတယ်လို့သိရတယ်။ဒဏ်ရာရတဲ့ကလေးတွေရောဖမ်းဆီးသွားတဲ့ကလေးတွေပါရေဦးဆေးရုံမှာထားတယ်လို့သိရတယ်။မိဘတွေကတော့ဘယ်လိုက်လို့လိုက်ရမယ်မှန်းမသိပဲအရူးမီးဝိုင်းနေကြတယ်။ဒီလူမဆန်တဲ့စစ်တပ်ရဲ့ပစ်ခတ်မှုအတွက်အခုချိန်ထိနိုင်ငံတကာအသိုင်းအဝိုင်းကနုတ်ဆိတ်နေတယ်။မနေ့ကပြောခဲ့သလိုပဲဒါမျိုးဖြစ်ရပ်တွေဒီကာလမှာခဏခဏဖြစ်နေဟာစစ်ကောင်စီကပိုမိုရဲတင်းလာပြီးသူတို့လုပ်ချင်ရာဆက်လုပ်မယ်ဆိုတာပြသလိုက်တာပဲ။

Read moreDetails

ပျောက်ဆုံးနေသော ဆန္ဒပြလူငယ်ခေါင်းဆောင်

နေပြည်တော်နှင့် မန္တလေးမှ အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်သည့် ကိုလင်းပိုင်စိုး သေဆုံးသွားပြီဟူသော သတင်းစကားကို တစ်နှစ်ကြာသည်အထိ မိသားစုက လက်ခံနိုင်ခြင်း မရှိသေးပေ။ “သူတစ်နေနေရာရာမှာ အသက်ရှင်သန်နေမယ်လို့ ကျွန်တော်တို့ယုံတယ်။ ခုချိန်ထိ တစ်နေနေရာရာမှာ ရှိနေဦးမယ်လို့ပဲ ထင်တယ်။ အမေကလည်း သူ့သားပြန်လာတာကို စောင့်နေတယ်။ သတိရတိုင်း...

Read moreDetails

တန်ဖိုးမဲ့လာသည့် ကျပ်ငွေနှင့် ဒုက္ခဝေနေရသည့် ပြည်သူ

  စစ်တပ် အာဏာမသိမ်းခင် တစ်ရက်အလို ၂၀၂၁ ဇန်နဝါရီ ၃၁ တွင် အမေရိကန်ဒေါ်လာ ၁၀၀ ၏ ပေါက်စျေးမှာ ကျပ် ၁၃၀,၀၀၀ ဖြစ်သည်။ အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်အကြာ လက်ရှိကာလတွင်မှု ထိုကျပ်ငွေပမာဏသည် ၃၉ ဒေါ်လာနှင့်သာ ညီမျှတော့သည်။ အဆိုပါ...

Read moreDetails
Page 141 of 235 1 140 141 142 235

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist