LATEST STORIES

စက်တင်ဘာ ၂၉၊ ၂၀၂၂။ (ကြာသပတေး)

NLDအစိုးရလက်ထက်ကသြစတေးလျနိုင်ငံသားစီးပွားရေးအကြံပေးပါမောက္ခရှောင်တာနယ်ကိုစစ်ကောင်စီကဖမ်းဆီးအမှုဆင်ပြီးအခုထောင်ဒဏ်သုံးနှစ်ချမှတ်လိုက်တယ်။မစ္စတာရှောင်တာနယ်ဟာဒေါ်အောင်ဆန်းစုကြည်နဲ့ရင်းနှီးသူတစ်ဦးဖြစ်ပြီးNDLအစိုးရလက်ထက်တလျောက်လုံးတန်ဖိုးရှိတဲ့စီးပွားရေးဆိုင်ရာအကြံဉာဏ်တွေအများကြီးပေးခဲ့တယ်။ဒါပေမယ့်သူ့ကြောင့်စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းကြီးတချို့အထိနာခဲ့လို့အခုချိန်မှာစစ်ကောင်စီကအငြိုးထားပြီးအပစ်မရှိပဲဖမ်းဆီးထောင်ချလိုက်တာပဲ။ဒီကိစ္စနဲ့ပတ်သက်ပြီးသြစတေးလျအစိုးရကသူ့ကိုပြန်လွတ်ပေးဖို့တောင်းဆိုနေတာကလွဲပြီးစစ်ကောင်စီကိုဘာမှမရေးမယူခဲ့ဘူး။သြစတေးလျအစိုးရရဲ့ပျော့ညံ့မှုကြောင့်စစ်ကောင်စီကလုပ်ချင်တိုင်းလုပ်နေတာဖြစ်တယ်။ဒါတောင်အခုချိန်ထိစစ်ကောင်စီကိုပိတ်ဆို့အရေးယူမှုတွေမပြုလုပ်သေးဘူး။စစ်ကောင်စီကတော့သူ့ကိုဆန့်ကျင်နေတဲ့နိုင်ငံတွေရဲ့နိုင်ငံသားတွေကိုလူမိုက်ဆန်ဆန်ပြန်ပေးဆွဲတဲ့သဘောနဲ့မတရားဖမ်းဆီးလျက်ရှိတယ်။

Read moreDetails

ရုပ်သံလိုင်းများကို ဆင်ဆာစနစ်ဖြင့် စစ်ကောင်စီထိန်းချုပ်

ပြည်တွင်းမှာ ထုတ်လွှင့်မယ့် ရုပ်ရှင်ဇာတ်ကား၊ ဇာတ်လမ်းတွဲနဲ့ နိုင်ငံခြားဇာတ်ကား၊ ဇာတ်လမ်းတွဲတွေကို စစ်ကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ဆင်ဆာခွင့်ပြုချက် ရရှိမှ ထုတ်လွှင့်ခွင့်ရရှိတော့မှာ ဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပြန်ကြားရေး ဝန်ကြီးဌာနက အရာရှိတစ်ဦးက RFA ကို စက်တင်ဘာ...

Read moreDetails

စာသင်ကျောင်းမှာ ကျန်ခဲ့တဲ့ကျောပိုးအိတ်လေးပိုက်ပြီး သမီးပြန်လာလေမလား မျှော်နေတဲ့မိခင်

ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာ မူလတန်းကျောင်း ဝေဟင်ပစ်ခတ်မှုဖြစ်စဉ်မှာ ပျောက်ဆုံးသွားတဲ့ ညောင်ဇီးကုန်းကျေးရွာက အဖ ... ၊ အမိ.... တို့ရဲ့သမီး၊ မဇင်နွယ်ဖြိုးကို တွေ့ရှိပါက ဆက်သွယ်ပေးပါရန် ဖုန်းနံပတ်.....ဆိုတဲ့ လူပျောက်ရှာနေတဲ့ ပို့စ်တစ်ခုကို လူမှုကွန်ရက်မှာ တွေ့လိုက်ရပါတယ်။ ဆံပင်တိုတိုလေးမှာ...

Read moreDetails

“လက်နက်နဲ့ ပြန်ပြီးဆုံးမမှပဲ ပြဿနာကို ဖြေရှင်းနိုင်မယ်”

သမ္မတ ဒူဝါလရှီးလသည် ၂၀၂၁ ဧပြီ ၁၆ တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ဒုသမ္မတအဖြစ် စတင်ခန့်အပ်ခံရပြီး လက်ရှိတွင် ယာယီသမ္မတအဖြစ် တာဝန်ထမ်းဆောင်နေသည်။ ရှေ့နေတစ်ဦးဖြစ်သော ၎င်းသည် ကချင်အမျိုးသားများ အတိုင်ပင်ခံအဖွဲ့ (WMR) ၏...

Read moreDetails

စက်တင်ဘာ ၂၈၊ ၂၀၂၂။ (ဗုဒ္ဓဟူး)

အာဏာသိမ်းစစ်ကောင်စီလက်အောက်မှာရှိတဲ့ စစ်တပ်၊ ရဲ၊ ယာဉ်ထိန်း၊ ထွေအုပ်အပါအဝင် ဌာနဆိုင်ရာတွေက ဧရာဝတီတိုင်းအတွင်းက မြို့နယ်အများအပြားမှာ ပြည်သူတွေ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရေးခေါင်းစဉ်နဲ့ ဒေသခံတွေရဲ့ ကား၊ ဆိုင်ကယ်နဲ့ စက်ဘီး၊ ဆိုက္ကားပါမကျန် တွေကို ဖမ်းဆီးစစ်ဆေးတာတွေ ပြုလုပ်နေတယ်။ စစ်ကောင်စီလက်အောက်က...

Read moreDetails

စက်တင်ဘာ ၂၇၊ ၂၀၂၂။ (အင်္ဂါ)

ကရင်ပြည်နယ်ဘက်မှာတော့ဒီရက်ပိုင်းထဲစစ်ကောင်စီတပ်စခန်းသုံးခုလောက်ကိုKNUကဆက်တိုက်တိုက်ခိုက်သိမ်းပိုက်နေတယ်။မနေ့ကဖြစ်ပွားခဲ့တဲ့ဘုရားသုံးနယ်စပ်ဂိတ်နားကစခန်းသိမ်းတိုက်ပွဲမှာဆိုစစ်တပ်ဘက်ကဒုတပ်ရင်းမှုးတစ်ဦးပါသေဆုံးသွားတယ်။အရင်ကတိုက်ပွဲတွေကမြဝတီနယ်စပ်ဂိတ်နားကကော့ကရိတ်မြို့နယ်မှာသာဖြစ်ပွားခဲ့ပေမယ့်အခုနောက်ထပ်ထိုင်းမြန်မာနယ်စပ်ဂိတ်တစ်ခုဖြစ်တဲ့ဘုရားသုံးဆူဂိတ်ဘက်ကိုပြန့်နှံလာပြီ။ ဥကရစ်ထစခန်းသိမ်းတိုက်ပွဲမအောင်မြင်ပြီးနောက်သုံးလကျော်ခန့်မှာKNUကစခန်းသိမ်းတိုက်ပွဲတွေပြန်လည်ဖော်ဆောင်လာတာတယ်။ဒီရက်ပိုင်းဖြစ်တဲ့တိုက်ပွဲတွေမှာစစ်တပ်ဖက်ကလေကြောင်းပစ်ကူလဲမပေးနိုင်တော့တာတွေ့ရတယ်။ကရင်ပြည်နယ်ထဲအသစ်ပြောင်းလာတဲ့တပ်မ၄၄ကတပ်မမှုးလဲသူ့တပ်မမှာလူအင်အားအကျအဆုံးရောလက်နက်အင်အားအဆုံးအရှုံးပါများနေလို့နေပြည်တော်မှာအစစ်ဆေးခံနေရတယ်။မနှစ်ကဒီဇင်ဘာလမှာစစ်တပ်ကလေးလေကော်မှာစတင်ထိုးစစ်ဆင်ပြီးကရင်ပြည်နယ်ထဲစစ်မျက်နှာစဖွင့်ပြီးအခုတစ်နှစ်နီးပါးကြာလာတဲ့အချိန်မှာတော့စစ်တပ်ကခံစစ်သက်သက်ဖြစ်သွားပြီ။  

Read moreDetails

စက်တင်ဘာ ၂၆၊ ၂၀၂၂။ (တနင်္လာ)

မနေ့ကရခိုင်ပြည်နယ်စစ်တွေမြို့ကိုဆေးဝါးပစ္စည်းတွေပို့စရာရှိလို့အဝေးဂိတ်ကိုသွားတယ်။ဒါပေမယ့်ရခိုင်ဘက်သွားတဲ့အဝေးပြေးကားလိုင်းတွေအကုန်ဆေးဝါးပစ္စည်းအတင်မခံကြဘူး။စစ်ကောင်စီကပိတ်ပင်ထားတယ်ပြောကြတယ်။ရခိုင်ပြည်နယ်ရဲ့မြို့တော်ဖြစ်တဲ့စစ်တွေကိုတောင်ဆေးဝါးတွေပို့မရဘူးဆိုရင်ရခိုင်ပြည်နယ်တစ်ခုလုံးအတွက်ဘယ်လိုလုပ်ကြမလဲ။ကြားရသလောက်တော့စစ်ကောင်စီဟာရခိုင်ပြည်နယ်အတွင်းကုန်စည်စီးဆင်းမှုကိုတင်းကျပ်ကန့်သတ်မှုတွေပိုမိုလုပ်ဆောင်လာတယ်။တိုက်ပွဲတွေဒီထက်ပိုပြီးပြင်းထန်လာရင်ရခိုင်ပြည်နယ်တစ်ခုလုံးကိုဖြတ်လေးဖြတ်လုပ်လာလိမ့်မယ်။ရခိုင်မှာစစ်တပ်ကအခြေအနေမကောင်းဘူးလေ။အခုတောင်တိုက်ပွဲတွေသိပ်မပြင်းထန်သေးတဲ့ကျောက်တော်နဲ့ကျောက်ဖြူမြို့တွေကစစ်ကောင်စီတပ်သားလေးဆယ်ကျော်အေအေထံလက်နက်ချလာကြတယ်။ဘင်္ဂလားဒေ့ရှ်ဘက်ကလဲသူ့နယ်မြေထဲနောက်တစ်ခါကျည်ကျရင်လက်တုန့်ပြန်တော့မယ်လို့ပြောလိုက်ပြီ။လာမယ့်ပွင့်လင်းရာသီမှာအခြေအနေတွေဒီထက်ပိုဆိုးလာလိမ့်မယ်။

Read moreDetails

စက်တင်ဘာ ၂၅၊ ၂၀၂၂။ (တနင်္ဂနွေ)

ရန်ကုန်မှာအငြိမ်းစားဗိုလ်ချုပ်တစ်ဦးကိုUGတွေကလုပ်ကြံလိုက်တယ်။လုပ်ကြံခံရသူဟာဒုကာချုပ်စိုးဝင်းရဲ့ဆရာအရင်းဖြစ်ပြီးအာဏာသိမ်းမှုကိုပေါ်တင်ထောက်ခံခဲ့သူတစ်ဦးဖြစ်တယ်။ဒါဟာမိုင်တယ်ကအကြီးတန်းအရာရှိနဲ့ဗဟိုဘဏ်ဒုဥက္ကဌပြီးနောက်စစ်အုပ်ထဲကနောက်ထပ်အကောင်ကြီးကြီးနောက်တစ်ယောက်လုပ်ကြံခံရခြင်းပဲ။ဒါပေမယ့်အခုချိန်ထိစစ်အုပ်စုရဲ့အတွင်းစည်းကသူတွေကိုပစ်မှတ်မထားနိုင်သေးဘူး။ဒါပေမယ့်လဲအခုဖြစ်ရပ်ကြောင့်သူတို့အသိုင်းအဝိုင်းမှာသွေးပျက်နေကြတယ်။တချို့ဗိုလ်ချုပ်တွေဆိုရန်ကုန်ကနေနေပြည်တော်ပြောင်းကုန်ကြပြီ။စစ်အုပ်စုရုံးစိုက်ရာနေပြည်တော်မှာလဲလမ်းဆုံလမ်းခွတွေမှာဘန်ကာတွေဆောက်နေကြပြီ။မြို့အဝင်အထွက်ဂိတ်တွေမှာလဲအရင်ကထက်ပိုပြီးတင်းကျပ်ထားတယ်။နေပြည်တော်မှာတိုက်ခိုက်ခံရမှုတွေမရှိသလောက်ဖြစ်ပေမယ့်ဘန်ကာတွေဆောက်နေတာကြောင့်သူတို့ဘယ်လောက်သွေးပျက်နေတယ်ဆိုတာသိသာတယ်။အထက်ကပြောခဲ့သလိုပဲနောင်မှာစစ်အုပ်စုအတွင်းစည်းထဲကထိပ်တန်းအရာရှိတွေကိုပစ်မှတ်ထားနိုင်မယ်ဆိုရင်သူတို့ပိုပြီးသွေးပျက်လာလိမ့်မယ်။

Read moreDetails

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၉ စက်တင်ဘာ ၂၀၂၂ )

အမျိုးသားညီညွတ်ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍရေး နှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနက Spring Mandalay Investment အဖြစ် ‘ပြည်တော်ဝင်ပြီး နန်းသိမ်းမယ်’ စီမံကိန်း ပြုလုပ်သွားမည် ဖြစ်ကြောင်း အသိပေး ကြေညာခဲ့သည်။ အမျိုးသားညီညွတ်ရေးအစိုးရက ၂၀၂၂ ခုနှစ်၊ ဩဂုတ်လအတွင်း...

Read moreDetails

စက်တင်ဘာ ၂၄၊ ၂၀၂၂။ (စနေ)

ကုလသမဂ္ဂအထွေထွေညီလာခံကြီးကတော့ပြီးဆုံးသွားခဲ့ပါပြီ။ဒီနှစ်မှာလဲမနှစ်ကလိုပဲမြန်မာနဲ့အာဖဂန်နစ္စတန်နိုင်ငံဟာနိုင်ငံကိုယ်စားပြုခွင့်ကိုချန်လှပ်ဆိုင်းငံထားခဲ့တယ်။ဘယ်သူမှညီလာခံမှာမိန့်ခွန်းပြောခွင့်မရခဲ့ဘူး။ဒီပုံအတိုင်းဆိုUNဟာနောက်နှစ်တွေမှာလဲဒီတိုင်းဆက်သွားလိမ့်မယ်။ဦးကျော်မိုးထွန်းဟာUNသံအမတ်ကြီးအဖြစ်ဆက်ရှိနေပေမယ့်NUGကိုယ်စားမြန်မာနိုင်ငံကိုယ်စားပြုခွင့်မရရှိခဲ့ဘူး။ဒီအနေအထားအတိုင်းသာဆိုရင်မြန်မာပြည်တော်လှန်ရေးအတွက်UNကဘာမှသုံးစားလို့ရမှာမဟုတ်ဘူး။ ဒီနှစ်ညီလာခံမှာတော့နိုင်ငံတကာခေါင်းဆောင်တချို့ဟာသူတို့ရဲ့မိန့်ခွန်းတွေမှာမြန်မာပြည်အရေးထည့်သွင်းပြောကြားသွားတယ်။အမေရိကန်၊မလေးရှားနဲ့အရှေ့တီမောခေါင်းဆောင်တွေကမြန်မာပြည်ကိုပစ်မထားဖို့ပြောသွားတယ်။ဒါပေမယ့်လဲအခုလောလောဆယ်မှာယူကရိန်းအရေးကရှေ့ရောက်နေတဲ့အတွက်မြန်မာအရေးကိုတော့မှေးမှိန်နေဆဲပဲ။ယူကရိန်းကိုထောက်ပံတာတွေရဲ့အစွန်းထွက်ပမာဏလေးလောက်ရရင်ကိုမြန်မာပြည်နွေဦးတော်လှန်ရေးကအခြေအနေအတော်ကောင်းသွားမယ်။  

Read moreDetails
Page 140 of 235 1 139 140 141 235

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist