မနေ့ကရခိုင်ပြည်နယ်စစ်တွေမြို့ကိုဆေးဝါးပစ္စည်းတွေပို့စရာရှိလို့အဝေးဂိတ်ကိုသွားတယ်။ဒါပေမယ့်ရခိုင်ဘက်သွားတဲ့အဝေးပြေးကားလိုင်းတွေအကုန်ဆေးဝါးပစ္စည်းအတင်မခံကြဘူး။စစ်ကောင်စီကပိတ်ပင်ထားတယ်ပြောကြတယ်။ရခိုင်ပြည်နယ်ရဲ့မြို့တော်ဖြစ်တဲ့စစ်တွေကိုတောင်ဆေးဝါးတွေပို့မရဘူးဆိုရင်ရခိုင်ပြည်နယ်တစ်ခုလုံးအတွက်ဘယ်လိုလုပ်ကြမလဲ။ကြားရသလောက်တော့စစ်ကောင်စီဟာရခိုင်ပြည်နယ်အတွင်းကုန်စည်စီးဆင်းမှုကိုတင်းကျပ်ကန့်သတ်မှုတွေပိုမိုလုပ်ဆောင်လာတယ်။တိုက်ပွဲတွေဒီထက်ပိုပြီးပြင်းထန်လာရင်ရခိုင်ပြည်နယ်တစ်ခုလုံးကိုဖြတ်လေးဖြတ်လုပ်လာလိမ့်မယ်။ရခိုင်မှာစစ်တပ်ကအခြေအနေမကောင်းဘူးလေ။အခုတောင်တိုက်ပွဲတွေသိပ်မပြင်းထန်သေးတဲ့ကျောက်တော်နဲ့ကျောက်ဖြူမြို့တွေကစစ်ကောင်စီတပ်သားလေးဆယ်ကျော်အေအေထံလက်နက်ချလာကြတယ်။ဘင်္ဂလားဒေ့ရှ်ဘက်ကလဲသူ့နယ်မြေထဲနောက်တစ်ခါကျည်ကျရင်လက်တုန့်ပြန်တော့မယ်လို့ပြောလိုက်ပြီ။လာမယ့်ပွင့်လင်းရာသီမှာအခြေအနေတွေဒီထက်ပိုဆိုးလာလိမ့်မယ်။
ဇွန် ၂၈၊ ၂၀၂၅။ (သောကြာ)
ကရင်နီပြည်နယ်မိုးဗြဲမြို့ကို စစ်တပ်ကအင်အားအလုံးအရင်းနဲ့ ထပ်မံတိုက်ခိုက်လာပါတယ်။မိုးဗြဲမြို့ကိုစစ်တပ်က အကြိမ်ကြိမ်ထိုးစစ် ဆင်နေပေမယ့်အခုချိန်ထိတော့မရရှိသေးပါဘူး။တချိန်ထဲမှာပဲ...