LATEST STORIES

မတ် ၀၃၊ ၂၀၂၂။ (ကြာသပတေး)

စစ်ကောင်စီဟာမတရားဖမ်းဆီးထားတဲ့နာမည်ကြီးအနုပညာရှင်တချို့ကိုပြန်လွှတ်ပေးလိုက်တယ်။သူတို့ကိုပြန်လွှတ်ပေးမယ်လို့သတင်းတွေမကြာခဏထွက်ခဲ့ပေမယ့်အခုမှတကယ်ပြန်လွတ်လာတာပါ။ဒါပေမယ့်လဲအကျဉ်းထောင်တွေထဲမှာပိုပို၊ရဲတိုက်တို့လိုအနုပညာရှင်တွေအများအပြားကျန်ပါသေးတယ်။ဒါ့အပြင်နာမည်ကြီးနိုင်ငံရေးသမားတွေဖြစ်တဲ့ကိုမြအေး၊မောင်သာချိုတို့ကိုတော့ပြန်လွှတ်ပေးဖို့လမ်းမမြင်သေးပါဘူး။ အခုလွှတ်ပေးတာလဲအကြောင်းမဲ့တော့မဟုတ်ဘူး။စစ်ကောင်စီဟာအနုပညာရှင်တွေပြန်လွတ်လာတဲ့သတင်းတွေကိုကာဗာယူပြီးပြည်တွင်းထောက်ပို့အဖွဲ့တွေကိုပိုက်စိပ်တိုက်ရှာဖွေဖမ်းဆီးလျက်ရှိပါတယ်။ဒီအကြောင်းကိုတော့လူတွေသိပ်မသိကြသေးဘူး။

Read more

မတ် ၀၂၊ ၂၀၂၂။ (ဗုဒ္ဓဟူး)

ခန့်မှန်းထားတဲ့အတိုင်းပဲကယားပြည်နယ်မှာစစ်ကောင်စီဟာနန်းမယ်ခုံဒေသကိုထိန်းချုပ်ပြီးဒီမော့ဆိုဘက်ကိုစစ်ကြောင်းထိုးနေပါပြီ။စစ်ကောင်စီဟာဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနယ်မြေစိုးမိုးရာနေရာတွေကိုပြန်လည်သိမ်းပိုက်ဖို့ကြိုးစားလျက်ရှိပါတယ်။ KNDF ဖက်ကလဲအစွမ်းကုန်ခုခံကာကွယ်နေပါတယ်။ ဒီတကြိမ်ဟာကယားပြည်နယ်မှာတိုက်ပွဲတွေအပြင်းထန်ဆုံးဖြစ်နေပြီးနေ့စဉ်တိုက်ပွဲတွေဖြစ်နေတာနှစ်ပတ်ကျော်သွားပါပြီ။စစ်ကောင်စီဖက်ကဘယ်လောက်ထိထိုးဖောက်နိုင်မလဲတော့မသိသေးဘူး။ တနိုင်ငံလုံးကတိုက်ပွဲတွေကြောင့်အင်အားလျော့ပါးလာနေတဲ့စစ်ကောင်စီဟာရဲဌာနခြောက်ခုကိုဖျက်သိမ်းပြီးအဲ့ဒီကအင်အားတွေကိုစစ်တိုက်ခိုင်းဖို့လုပ်ဆောင်နေပါတယ်။ဒီပုံစံအတိုင်းဆိုရင်တော့CDMလုပ်မယ့်ရဲတွေပိုများလာမယ့်အနေအထားမှာရှိတယ်။

Read more

မတ် ၀၁၊ ၂၀၂၂။ (အင်္ဂါ)

လတစ်လတော့ကုန်သွားပြန်ပြီ။တော်လှန်ရေးအခြေအနေကတော့ရှေ့မတိုးနောက်မဆုတ်နဲ့အီနေတုန်းပဲ။ဒါဟာကောင်းတဲ့လက္ခဏာတော့မဟုတ်ဘူး။ NUGဟာပြီးခဲ့တဲ့နှစ်ကုန်လောက်ကလာမယ့်ခြောက်လအတွင်းတော်လှန်ရေးကိုပြီးအောင်လုပ်ရမယ်လို့ပြောခဲ့ဖူးတယ်။ဒီနှစ်အစမှာလဲ၂၀၂၂ဟာပြည်သူတွေအောင်ပွဲခံမယ့်နှစ်လို့ကြွေးကြော်ပြန်တယ်။ဒါပေမယ့်အခုအချိန်ထိလောက်လောက်လားလားဘာလှုပ်ရှားမှုမှမတွေ့ရသေးဘူး။ ပြီးခဲ့တဲ့ဒီဇင်ဘာလထဲမှာကရင်ပြည်နယ်လေးကေကော်ဒေသကိုစစ်ကောင်စီကထိုးစစ်ဆင်တယ်။ထိုဒေသမှာရှောင်နေကြတဲ့တချို့လွှတ်တော်အမတ်တွေအပါအဝင်မြို့ပေါ်အလွှာစုံကလူတွေသေပြေးရှင်ပြေးပြေးကြရတယ်။KNUကဦးဆောင်ပြီးစစ်ကောင်စီရဲ့ထိုးစစ်ကိုခုခံရတယ်။အဲ့ဒီအချိန်ထိထိုဒေသကNUGရဲ့PDFတွေလက်နက်မဲ့နေဆဲပဲဖြစ်လို့မကျေမနပ်အသံတွေဆူညံလာခဲ့တယ်။အခုဖေဖော်ဝါရီလထဲမှာလဲကယားပြည်နယ်ကိုစစ်ကောင်စီကပြင်းထန်စွာထိုးစစ်ဆင်လို့မိုးဗြဲအပါအဝင်တချို့PDFစိုးမိုးနယ်မြေတွေကိုလက်လွတ်ပေးခဲ့ရတယ်။စစ်ကိုင်းတိုင်းရဲ့အခြေအနေကိုတော့ထည့်မပြောတော့ဘူး။အလူးအလဲခံနေရတယ်။ မြေပြင်ကတကယ်တိုက်နေတဲ့အဖွဲ့တွေကိုNUGကဘာတွေထောက်ပံ့နေလဲ။တော်လှန်ရေးအောင်မြင်ဖို့စစ်ရေးဆိုင်ရာမဟာဗျူဟာတွေဘယ်လိုချမှတ်နေလဲ။အပြောင်းအလဲတစ်ခုကိုဘယ်လိုပုံဖော်မှာလဲ။အခုထိဘာမှရေရေရာရာရုပ်လုံးပေါ်မလာသေးဘူး။ အချိန်သိပ်မကျန်တော့ဘူး။၂၀၂၂ထဲမှာအောင်ပွဲရဖို့ဆိုရင်မိုးရာသီမတိုင်အခုကျန်တဲ့ မတ်၊ဧပြီ၊မေ သုံးလအတွင်းမှာစစ်ရေးအရအတိုင်းအတာတစ်ခုအထိခရီးရောက်နေဖို့လိုတယ်။အဲ့ဒီလိုခရီးရောက်ဖို့ဆိုရင်အခုမတ်လထဲမှာကိုယ့်ဘက်ကစစ်ရေးလှုပ်ရှားမှုတစ်ခုခုမဖြစ်မနေစတင်အကောင်အထည်ဖော်သင့်နေပြီ။ဒီလကုန်ထိဇာတ်မြောနေဦးမယ်ဆိုရင်တော့တော်လှန်ရေးရဲ့အနာဂတ်ဟာစိုးရိမ်စရာကောင်းလာလိမ့်မယ်။

Read more

မန္တလေးတွင် ကျောင်းသား၊ ကျောင်းသူနှစ်ဦးနှင့် CDM ဆရာတစ်ဦး အဖမ်းခံရ

မန္တလေး အမရပူရမြို့နယ်တွင် ပညာရေးဒီဂရီကောလိပ်ကျောင်းသား၊ ကျောင်းသူနှစ်ဦးနှင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပါဝင်နေသည့် ကျောင်းဆရာတစ်ဦးကို မတ် ၂ ရက်တွင် စစ်ကောင်စီ ဖမ်းသွားသည်ဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က အတည်ပြုသည်။ အသက် ၂၀ ကျော်အရွယ်များဖြစ်သည့် မန္တလေးပညာရေးဒီဂရီကောလိပ်ကျောင်းသားများသမဂ္ဂ...

Read more

ဖေဖော်ဝါရီ ၂၈၊ ၂၀၂၂။ (တနင်္လာ)

ချင်းပုန်းရွာမှာတပ်စွဲသွားတဲ့စစ်သူပုန်တွေရဟတ်ယာဉ်နဲ့ပဲပြန်လည်ဆုတ်ခွာသွားတယ်။ဖမ်းဆီးခံထားရတဲ့မူကြိုကလေးတွေအပါအဝင်ရွာသားတွေပြန်လွတ်လာကြပေမယ့်ပြည်သူ၂၀ခန့်ကိုသတ်ဖြတ်သွားပြီးဆိုင်ကယ်တွေကားတွေကိုဖျက်သွားတယ်။အဆိုးဆုံးကတော့အနားကသပြေအေးရွာကိုရွာလုံးကျွတ်မီးရှို့သွားတာပဲ။ စစ်ကိုင်းတိုင်းထဲမှာကျေးရွာတွေနေ့စဉ်မီးရှို့ခံနေရတယ်။တတိုင်းလုံးနီးပါးလဲစစ်ဘေးဒုက္ခသည်တွေနဲ့ပြည့်နှက်နေပြီ။ထိုဖြစ်ရပ်တွေကြောင့်ကမ္ဘာဒီမိုကရေစီအညွှန်းကိန်းမှာမြန်မာဟာမြောက်ကိုရီးယားအောက်ရောက်သွားတယ်။အတောင်ရှက်စရာကောင်းတဲ့ကိစ္စပဲ။

Read more

ဖေဖော်ဝါရီ ၂၇၊ ၂၀၂၂။ (တနင်္ဂနွေ)

မနေ့ကချင်းပုန်းရွာကိုဝင်စီးတဲ့စစ်သူပုန်တွေဟာရွာထဲမှာပိတ်မိနေတဲ့ကလေးလေးဆယ်ခန့်နဲ့မူကြိုဆရာမတွေကိုပါဖမ်းဆီးပြီးလူသားဒိုင်းအဖြစ်ပြုလုပ်ထားတယ်။စစ်သူပုန်တွေကရဟတ်ယာဉ်တွေနဲ့ရုတ်တရက်ကြီးရောက်လာခဲ့လို့ရွာထဲကပြည်သူတွေဘေးလွတ်ရာပြေးဖို့အခွင့်မသာခဲ့ဘူး။အခုဆိုရင်စစ်သူပုန်တွေဟာချင်းပုန်းရွာအပါအဝင်အနီးအနားကျေးရွာတွေကိုပါရှာဖွေမွှေနှောက်ဖျက်စီးနေတယ်။ရွာကိုမီးတင်ရှို့မယ့်အခြေအနေလဲရှိတယ်။ကလေးတွေကိုသွားကယ်တဲ့မိဘတွေကိုလဲဆက်လက်ဖမ်းဆီးထားတယ်။ယင်းမာပင်နဲ့ပုလဲဒေသတွေဟာစစ်ကောင်စီရဲ့လူမဆန်စွာအကြမ်းဖက်မှုတွေကိုခါးစည်းခံနေတယ်။

Read more

ဖေဖော်ဝါရီ ၂၆၊ ၂၀၂၂။ (စနေ)

ဒီမော့ဆိုမှာစစ်ရှောင်စခန်းတွေကိုပါစစ်တပ်ကဆက်တိုက်ဗုံးကြဲနေတယ်။တောထဲမှာအမိုးစိမ်းစိမ်းမြင်တာနဲ့ပစ်တော့တာပဲ။ပေါင်၅၀၀ဗုံးတွေကိုပါသုံးလာတယ်။စစ်ဘေးရှောင်တွေမှာအမိုးအကာတောင်မလုပ်ရဲတော့ဘူး။ကယားပြည်နယ်ကကျဉ်းကျဉ်းလေးပါ။အခုဆိုစစ်ကောင်စီကနေရာတိုင်းနီးပါးထိုးစစ်ဆင်နေတော့စစ်ဘေးရှောင်တွေမှာပြေးစရာမြေမရှိတော့ဘူး။ ယင်းမာပင်ကချင်းပုံးရွာမှာလဲPDFသင်တန်းဆင်းပွဲရှိတယ်ဆိုပြီးရဟတ်ယာဉ်တွေနဲ့ရွာကိုဝင်စီးပြီးပစ်ခတ်နေလို့ရွာသားတွေပိတ်မိနေကြတယ်။ဒီရက်ပိုင်းစစ်ကောင်စီဟာလေကြောင်းအကူအညီကိုနေရာတိုင်းမှာလှိုင်လှိုင်သုံးနေတယ်။

Read more

ဖေဖော်ဝါရီ ၂၅၊ ၂၀၂၂။ (သောကြာ)

ကယားပြည်နယ်မှာတပတ်ဆက်တိုက်တိုက်ပွဲတွေပြင်းထန်နေပြီးဒီနေ့မှာPDFစိုးမိုးနယ်မြေဖြစ်တဲ့ဗျူဟာကျတဲ့နန်းမယ်ခုံဒေသကိုစစ်ကောင်စီကသိမ်းပိုက်လိုက်တယ်။နန်းမယ်ခုံဟာလွိုင်ကော်၊မိုးဗြဲနဲ့ဒီမော့ဆိုကြားမှာရှိပြီးစစ်ရေးအရဗျူဟာကျလို့စစ်ကောင်စီဟာလက်နက်ကြီးတွေရောလေကြောင်းပစ်ကူပါအလွန်အကျွံသုံးကာနေ့စဥ်ရက်ဆက်ထိုးစစ်ဆင်ခဲ့တယ်။ဒါကြောင့်တိုက်ပွဲကာလတပတ်ခန့်အကြာမှာKNDFဖက်ကလက်လွှတ်ပေးခဲ့ရတယ်။အခုဆိုမိုးဗြဲကိုစစ်ကောင်စီကထိန်းချုပ်ဖို့လွယ်သွားပြီပေါ့။တိုက်ပွဲတွေခဏငြိမ်သွားပေမယ့်စစ်ကောင်စီဟာမကြာမီကာလအတွင်းဒီမော့ဆိုကိုပါထိုးစစ်ဆင်လာလိမ့်မယ်။

Read more

ဖေဖော်ဝါရီ ၂၄၊ ၂၀၂၂။ (ကြာသပတေး)

ဥပရောပမှာရုရှားရဲ့ကျူးကျော်မှုကြောင့်ယူကရိန်းနဲ့စစ်ပွဲကြီးတစ်ခုစတင်ဖြစ်ပွားနေပြီ။ပုံမှန်ဆိုရင်တော့ထိုစစ်ပွဲဟာကိုယ်တွေနဲ့ဘာမှမဆိုင်ပေမယ့်ဒီကာလမှာတော့တော်လှန်ရေးကိုအကျိုးသက်ရောက်မှုတွေရှိလာနိုင်တယ်။အနည်းဆုံးတော့မြန်မာပြည်သတင်းတွေကမ္ဘာ့မီဒီယာကြီးတွေမှာမတက်တော့ဘူး။နဂိုထဲကအီနေတဲ့မြန်မာ့အရေးကိုနိုင်ငံတကာကအာရုံစိုက်မှုပိုနည်းသွားမယ်။အဲ့ဒါရဲ့အကျိုးဆက်အဖြစ်စစ်ကောင်စီဟာပြည်တွင်းမှာတိုင်းရင်းသားပြည်သူတွေအပေါ်ပိုပြီးကြမ်းနိုင်ရမ်းနိုင်တယ်။အခုတောင်မှောင်ခိုစျေးကွက်မှာလက်နက်ခဲယမ်းစျေးတွေတက်ကုန်ပြီကြားတယ်။စစ်ဒဏ်ခံရတာချင်းအတူတူယူကရိန်းပြည်သူတွေကိုတကမ္ဘာလုံးကစာနာကြပေမယ့်မြန်မာပြည်သူတွေကိုတော့ကူညီမယ့်သူမရှိဘူး။

Read more

ဖေဖော်ဝါရီ ၂၃၊ ၂၀၂၂။ (ဗုဒ္ဓဟူး)

ရန်ကုန်မှာYBSလိုင်းကားပေါ်ဓားပြတိုက်မှုတွေတောင်ဖြစ်ပွားလာပြီ။မြောက်ဥက္ကလာပမြို့နယ်၊YBS 42 ပေါ်မှာနေ့ခင်းကြောင်တောင်ဓားပြတိုက်သွားခဲ့တာပါ။နေ့လည်ဘက်ဆိုတော့ကားပေါ်မှာခရီးသည်သိပ်မပါလာဘူး။ဓားပြစုစုပေါင်းသုံးယောက်လို့သိရပြီးယာဉ်မောင်းကိုကားတံခါးတွေအသေပိတ်ခိုင်းကာခရီးသည်တစ်ဦးချင်းဆီကရသမျှအကုန်ယူဆောင်သွားတယ်လို့သိရတယ်။ကားပေါ်မှာလူနည်းနေတဲ့အတွက်ပြန်ခုခံဖို့လဲအခွင့်မသာခဲ့ဘူး။ ဒီလိုဖြစ်ရပ်မျိုးအရင်ကကြားတောင်မကြားဖူးဘူး။အခုချိန်ကလမ်းသွားလဲမလုံခြုံ၊လိုင်းကားပေါ်မှာတောင်မလုံခြုံတော့ဘူး။ရဲတပ်ဖွဲ့ဆိုတာကလဲစစ်တပ်ရဲ့လက်ကိုင်တုတ်မျှသာပဲ။မင်းမဲ့စရိုက်ဆန်တဲ့အခြေအနေတွေဟာတနေ့တခြားပိုမိုဆိုးရွာလာနေပါပြီ။

Read more
Page 139 of 203 1 138 139 140 203

Welcome Back!

Login to your account below

Create New Account!

Fill the forms bellow to register

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist