Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

စက်တင်ဘာ ၂၁၊ ၂၀၂၂။ (ဗုဒ္ဓဟူး)

September 28, 2022
in အာဏာသိမ်း ဒိုင်ယာရီ
Reading Time:1 min read
Share on FacebookShare on Twitter

ပြည်တွင်းမှာပြည်သူအများစုလည်ပတ်သုံးစွဲနေတဲ့ငွေကြေးပလက်ဖောင်းတစ်ခုဖြစ်တဲ့KBZ PAY အကောင့်တွေကိုစစ်ကောင်စီလက်အောက်ခံဗဟိုဘဏ်ကအကြောင်းပြချက်တစ်စုံတစ်ရာမပေးပဲပိတ်ပစ်နေတယ်။ပြီးခဲ့တဲ့ရက်တွေထဲကအချက်အလက်မပြည့်စုံတဲ့အကောင့်တွေကိုပိတ်ပစ်မယ်လို့ကြေငြာထားခဲ့ပေမယ့်တကယ့်အချက်အလက်အပြည့်အစုံတင်ထားတဲ့အကောင့်တွေပိတ်သိမ်းခံလိုက်ရတယ်။ဒီတစ်ရက်ထဲမှာတင်အကောင့်အတော်များများပိတ်ခံလိုက်ရတယ်။တချို့အကောင့်တွေဆိုသိန်းရာဂဏန်းထိရှိနေတဲ့အကောင့်တွေဖြစ်တယ်။KBZ ဘဏ်ကိုဖုန်းဆက်မေးမြန်းကြပေမယ့်တိကျရေရာတဲ့အဖြေကိုမပေးနိုင်ပဲဗဟိုဘဏ်ကိုသာလွှဲချကြတယ်။စစ်အာဏာသိမ်းပြီးကတည်းကတော်လှန်ရေးကိုထောက်ပံနေတယ်လို့သံသယရှိတဲ့အကောင့်တချို့ပိတ်သိမ်းခံလိုက်ရပြီးပြန်ရတယ်လို့မကြားမိသေးဘူး။အခုတစ်ကြိမ်မှာတော့ဗဟိုဘဏ်ကအချက်လက်ပြည်စုံသည်ဖြစ်စေ၊မပြည်စုံသည်ဖြစ်စေငွေအဝင်အထွက်များတဲ့အကောင့်တွေကိုရမ်းသမ်းပိတ်ပစ်နေတယ်လို့ယူဆရတယ်။အွန်လိုင်းရှော့ပင်လုပ်နေ့တဲ့လုပ်ငန်းရှင်တချို့ရဲ့အကောင့်တွေပါသွားပြီးတချို့လဲဘာမှမလုပ်ပဲအကောင့်ပိတ်ခံလိုက်ရတယ်။

တကယ်တော့စစ်ကောင်စီဟာတော်လှန်ရေးကိုငွေကြေးစီးဆင်းနေမှုကိုတားဆီးချင်လို့ဒီလိုလုပ်တာပဲ။ဒါပေမယ့်သူတို့မှာအကောင့်တွေရဲ့နောက်ကြောင်းကိုပြန်လိုက်ဖို့အရင်းအမြစ်တွေရှိမနေဘူး။ဒါကြောင့်သူတို့ရဲ့ထုံးစံအတိုင်းမဲမဲမြင်ရာရမ်းသမ်းလုပ်နေတာဖြစ်တယ်။အတည်မပြုနိုင်တဲ့သတင်းတွေးအရတော့KBZ Pay အကောင့်ပေါင်း၆၀၀၀ကနေ၉၀၀၀အထိပိတ်သိမ်းခံလိုက်ရတယ်ကြားတယ်။ပြည်သူတွေရဲ့ငွေကြေးပေါင်းသိန်းသောင်းဂဏန်းအတော်ကျော်ကျော်လောက်ထိမတရားသိမ်းယူလိုက်တာပဲ။တနည်းအားဖြင့်ပြည်သူတွေတော်လှန်ရေးကိုငွေကြေးမထောက်ပံအောင်ခြိမ်းခြောက်လိုက်တာပဲ။

 

Related Posts

စက်တင်ဘာ ၂၇၊ ၂၀၂၅။ (စနေ)
အာဏာသိမ်း ဒိုင်ယာရီ

စက်တင်ဘာ ၂၇၊ ၂၀၂၅။ (စနေ)

September 27, 2025

စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းဥပဒေအောင်မြင်လာတာဟာ တော်လှန်ရေးအတွက် အလွန်အန္တရာယ်ကြီးပါတယ်။ကိုယ်တွေဘက်ကလဲ အခုချိန်ထိထိုဥပဒေကို...

စက်တင်ဘာ ၂၆၊ ၂၀၂၅။ (သောကြာ)
အာဏာသိမ်း ဒိုင်ယာရီ

စက်တင်ဘာ ၂၆၊ ၂၀၂၅။ (သောကြာ)

September 26, 2025

စစ်မှုထမ်းဥပဒေစတင် ကြေညာလိုက်တဲ့အချိန်တုန်းကရှေ့တန်းရောက်ရင် ထွက်ပြေးမယ်၊သေနတ်ရရင်ပြန်ပစ်ပြီးပေးမယ် စသဖြင့် ကိုယ်ထင်ရာတွေလျောက်ပြောကြပြီးအဆိုဥပဒေဟာ...

စက်တင်ဘာ ၂၅၊ ၂၀၂၅။ (ကြာသပတေး)
အာဏာသိမ်း ဒိုင်ယာရီ

စက်တင်ဘာ ၂၅၊ ၂၀၂၅။ (ကြာသပတေး)

September 25, 2025

စစ်ကော်မရှင်ဟာ အပတ်စဥ်အလိုက်လူငယ်တွေကို စစ်မှုထမ်းဖို့ခေါ်ဆောင်နေတာ အပတ်စဥ်၁၅ခုကျော်လာပါပြီ။အချိန်အပိုင်းအခြားအားဖြင့်လဲ တစ်နှစ်ကျော်ခန့်ရှိလာနေပါပြီ။ဒီကာလအတွင်းမှာ...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English