Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

သန်လျင်က Smart Card ရထားတဲ့ အိမ်ခြေ ၃ဝဝဝ ကျော်ကို စစ်ကောင်စီ ဖျက်ဆီး

September 28, 2022
in သတင်း
Reading Time:1 min read
Share on FacebookShare on Twitter

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ တာဝကွက်သစ် (စံပြကျေးရွာ)က Smart Card ရထားတဲ့ ဒေသခံနေအိမ် ၃ဝဝဝ ကျော်ကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၉ရက်နေ့ နဲ့ စက်တင်ဘာလ ၁၁ ရက်နေ့ မနက် ၁၀ နာရီက ဘတ်ဟိုးယာဉ်တွေနဲ့ ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဖျက်ဆီးခံရတဲ့ တာဝကွက်သစ် (စံပြကျေးရွာ)ဟာ ဧက ၁၀၀ နီးပါး ကျယ်ပြီး၊ အခြေခံလက်လုပ်လက်စား သမားတစ်သောင်းနီးပါး နေထိုင်တယ်လို့ ပြောပါတယ်။

နေအိမ်တွေကို ဖျက်ပေးဖို့ စာနဲ့ရော၊ ရပ်ကွက်ရုံးကရော အကြောင်းကြားတာမျိုး မရှိဘူးလို့ နေအိမ်ဖျက်ဆီးခံလိုက်ရတဲ့ အမည်မဖော်လိုတဲ့ ဒေသခံအမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။

“ကျမတို့အကုန် NLD လက်ထက်က Smart Card ရထားတဲ့ သူတွေပါ၊ ရပ်ကွက်ရုံးကို အားကိုးတကြီးနဲ့ ဒီကာလက မိုးတွင်းမလို့ ၂လလောက် အချိန်ပေးဖို့ သွားပြောတာ၊ သူတို့ပြောသလိုပဲ လုပ်လိုက်ပါတဲ့၊ စက်တင်ဘာ ၉ရက်က လာဖျက်တော့ အချိန်ပေးပါပြောလို့ ၁၁ ရက်နေ့ အထိ အချိန်ပေးတယ်၊ ဒီမနက် ၁၀နာရီ အကုန်ဖျက်သွားတာ”

နေအိမ်တွေကို လာဖျက်စဉ်က စစ်သား ၁၀ ဦးနဲ့ အရပ်ဝတ် ၂၀ ကျော် ပါဝင်ပြီး၊ ဘတ်ဟိုးကားနှစ်စီးနဲ့ ဖျက်ဆီးသွားတာလို့ ဆိုပါတယ်။

နေအိမ်တွေကို ဖျက်ဆီးနေတာကို ဓာတ်ပုံရိုက်ယူတဲ့ ဒေသခံအမျိုးသမီးတွေကိုလည်း လမ်းမပေါ်မှာ ဒူးထောက်ခိုင်းပြီး ရိုက်နှက်တာတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီ အာဏာသိမ်းထားတဲ့ ၁၉ လအတွင်းမှာ NLD အစိုးရလက်ထက်က တရားဝင် Smart Card နဲ့နေထိုင်တဲ့ ရန်ကုန်၊ မန္တလေး၊ မွန်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းက နေအိမ်တွေကို အကြောင်းအမျိုးမျိုးနဲ့  ဖျက်ဆီးတာတွေ ရှိနေပါတယ်။

Source – RFA

 

Related Posts

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူထံက လာဘ်ငွေယူ အမှုပြောင်းပြီး ထောင် ၂ လသာချမှတ်
သတင်း

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူထံက လာဘ်ငွေယူ အမှုပြောင်းပြီး ထောင် ၂ လသာချမှတ်

July 24, 2025

ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်၊ ခြောက်အိမ်တန်းကျေးရွာမှာ ဦးလေးဖြစ်သူရဲ့ အဓမ္မပြုကျင့်တာ...

အိန္ဒိယစစ်တပ်က စစ်ကောင်စီတပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ သင်တန်းပေး
သတင်း

အိန္ဒိယစစ်တပ်က စစ်ကောင်စီတပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ သင်တန်းပေး

July 24, 2025

စစ်ကောင်စီတပ်နဲ့ အိန္ဒိယတပ်မတော်တို့ ပူးပေါင်းကာ  ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ...

သတင်း

မြန်မာရွေးကောက်ပွဲ နောက်ကွယ်မှ တရုတ်စွက်ဖက်မှု

July 24, 2025

မြန်မာစစ်ကောင်စီသည် ယခုနှစ်ကုန်တွင် ရွေးကောက်ပွဲပြုလုပ်ရန် စီစဉ်နေစဉ် တရုတ်သည်...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English