မြန်မာနိုင်ငံအထက်ပိုင်း စစ်ကိုင်းနဲ့ ချင်းပြည်နယ်တွေမှာဒေသခံကာကွယ်ရေးတပ်တွေနဲ့စစ်ကောင်စီတပ် တွေ တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေသလို မြဝတီမှာလည်း တိုက်ပွဲတွေကအေးခဲမသွားဘူး။ အခုရက်ပိုင်းမှာ မြဝတီဒေသမှာရှိတဲ့ စစ်ကောင်စီစခန်းတွေအတိုက်ခိုက်ခံရပြီး အရပ်သားတွေအများအပြားတိမ်းရှောင် နေရပြန်တယ်။ မြန်မာနိုင်ငံမှာ မြို့ကြီးတစ်ချို့ကလွဲရင်ကျန်တဲ့နေရာတွေက စစ်ရှောင်စခန်းတွေချည်းပဲ လားမသိတော့ပါဘူး။ နေ့စဉ်ရှင်သန်နေရတာ ခက်ခဲလိုက်ရတဲ့ဘဝတွေပါပဲ။ ဒီနေ့မှာတော့ မြဝတီနဲ့...
Read moreDetailsမန္တလေးမှာ စစ်ကောင်စီရဲ့လက်ပါးစေဝန်ထမ်းတွေဆက်တိုက်အသတ်ခံနေရတာတွေတွေ့လာရတယ်။ ပြီးတော့ အစိုးရရုံးတွေကို ဗုံးခွဲတာမျိုးတွေလည်းတွေ့ရတယ်။ စစ်ဆင်ရေးတွေဆက်တိုက်လှုပ်ရှားလာ တာရှိသလို အထူးသတိထားရမယ့်အချိန်လည်းဖြစ်တယ်။ တစ်ဖက်မှာတော့ မြန်မာနိုင်ငံသားတွေဟာ အလုပ်အကိုင်အခွင့်အလမ်းဆုံးရှုံးလာတယ်။ ပြည်တွင်းမှာတင်မကဘူး ဘန်ကောက်တို့ စင်ကာပူတို့လို အိမ်နီးချင်းနိုင်ငံတွေမှာလည်း မြန်မာတွေအလုပ်အကိုင်အခွင့်အလမ်းနဲ့ပတ်သက်ပြီး စည်းကမ်းတင်းကြပ် မှုတွေခံလာရတယ်။ အလုပ်ဖြုတ်ခံလာရတာတွေရှိတယ်။ မြန်မာနိုင်ငံသားတွေအနေနဲ့...
Read moreDetailsလွန်ခဲ့တဲ့နှစ်ရက်လောက်က ရန်ကုန်၊ လှိုင်သာယာမှာရှိတဲ့ Fitex (Myanmar) Garment Manufacturing ကုမ္ပဏီပိုင် အထည်ချုပ်စက်ရုံမှာ စက်ချုပ်လုပ်သား ၄၀၀ ကျော်ကို အလုပ်ဖြုတ်လိုက်တယ်လို့သတင်း တွေမှာဖတ်လိုက်ရတယ်။ မြန်မာနိုင်ငံကနေထွက်ခွာသွားတဲ့ နိုင်ငံခြားကုမ္ပဏီတွေအများအပြားရှိလာသ လို အလုပ်အကိုင်အခွင့်အလမ်းကလည်း နည်းသည်ထက်နည်းလာတယ်။ ပြည်သူတွေဟာ...
Read moreDetailsမန္တလေးမြို့ပေါ်မှာရှိတဲ့ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာနရုံးကို လူတစ်ယောက်က ဗုံးပစ်တိုက်ခိုက် ခဲ့တဲ့သတင်းကိုဖတ်လိုက်ရတယ်။ ဒီကာလမှာ အစိုးရရုံးတွေဟာလည်း ဇောင်းထလွန်းအားကြီးနေတယ်။ အစိုးရဝန်ထမ်းလို့သူတို့ကိုယ်သူတို့သတ်မှတ်ထားတဲ့ စစ်ကောင်စီဝန်ထမ်းတွေဟာ ဘယ်နေရာကနေ လာဘ်စားရင်ကောင်းမလဲဆိုတာကိုပဲ အမြဲတွေးနေတယ်။ ပိုက်ဆံရမယ့်ကိစ္စကိုပဲလိုက်ရှာနေတယ်။ ဒီလို ဗုံးခွဲတိုက်ခိုက်မှုတွေ များများလုပ်ပေးရမှာလို့မြင်မိတယ်။ ရန်ကုန်မှာဆိုရင်လည်းပိုဆိုးတယ်။ ရန်ကုန်မှာ ရှိတဲ့...
Read moreDetailsစစ်ကိုင်းတိုင်းမှာရှိတဲ့ နေအိမ်တွေကို စစ်ကောင်စီက ဆက်လက်မီးရှို့နေတုန်းပဲ။ နေရာတော်တော်များ များမှာ မီးလောင်ပြင်တွေဖြစ်နေခဲ့ပြီ။ တစ်ဖက်မှာလည်း သူ့ရဲ့လေကြောင်းတပ်တွေကဗုံးကြဲပြီးထိုးစစ် ဆင်နေတယ်။ လေယာဉ်ပစ်မရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်နဲ့၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ အပြင်းအထန်ခုခံနေကြရတယ်။ ပြည်သူတွေကလည်း စိတ်ပဲရှိပြီး ကူညီနိုင်တဲ့အင်အားကလျော့ လာတယ်။ စီးပွားရေးအတွက်ရုန်းကန်ရ၊...
Read moreDetailsသုံးလနီးပါးပိတ်ထားခဲ့တဲ့နိုင်ငံကူးလက်မှတ်လျှောက်ထားမှုတွေကိုပြီးခဲ့တဲ့ရက်ပိုင်းကပြန်ဖွင့်ပေးလိုက်တယ်။အွန်လိုင်းမှတဆင့်လျှောက်ထားမှုကိုရန်ကုန်မြို့မှာပဲဆက်လက်ကျင့်သုံးနေပြီးနယ်ရုံးခွဲတွေမှာတော့ပုံမှန်အတိုင်းပဲတဲ့။နယ်မြို့တွေမှာသိပ်မသိသာပေမယ့်ရန်ကုန်ပတ်စပို့ရုံးမှာတောQRလျှောက်ဖို့Websiteထဲတောင်ဝင်မရဘူး။QRလျှောက်ထားမှုကိုလဲတစ်ရက်သာဖွင့်ပေးပြီးအခုအချိန်ထိဆက်လက်ပိတ်ထားတယ်။ပထမဆုံးတစ်ရက်နဲ့တင်QRရရှိသူငါးသောင်းတယ်လို့Websiteမှာကြေငြာထားတယ်။ဒီနှုန်းကိုအချိုးချကြည့်လိုက်ရင်တနိုင်ငံလုံးလူအကုန်ပတ်စပို့လုပ်ပြီးပြည်ပကိုထွက်ကြမလားပဲ။မန္တလေးရုံးမှာဆိုရင်လည်းဘိုကင်တွေဟာဒီနှစ်ကုန်ထိပြည့်နေပြီး၂၀၂၄ထဲတောင်ရောက်နေပြီ။တိုင်းပြည်ဟာစစ်အာဏာရှင်လက်အောက်ရောက်နေတော့လူတွေလဲပြည်ပထွက်ဖို့ပဲအသည်းအသန်ကြိုးစားနေကြတယ်။
Read moreDetailsရခိုင်မှာလိုပဲချင်းပြည်နယ်မှာလဲကုန်စည်တင်ပို့မှုကိုစစ်ကောင်စီကပိတ်ပင်ထားတာကြောင့်အခြေခံစားကုန်တွေစျေးနှုန်းမြင့်တက်နေတယ်။မတူပီမြို့မှာဆိုဆန်ပြတ်လတ်တဲ့အခြေအနေအထိဖြစ်နေပြီ။ပြည်မကတင်သွင်းလာတဲ့ဆန်နဲ့စားသောက်ကုန်တွေကိုစစ်ကောင်စီတပ်တွေကဓားမြဆန်ဆန်အတင်းအဓ္ဓမသိမ်းယူနေတယ်။ကယားပြည်နယ်မှာလဲအလားတူပါပဲ။စစ်ရှောင်တွေရိက္ခာပြတ်လတ်နေကြပြီ။ ရခိုင်ပြည်နယ်ကိုမှာအေအေရှိနေတယ်။ချင်းနဲ့ကယားမှာလဲသက်ဆိုင်ရာတော်လှန်ရေးအဖွဲ့တွေကနယ်မြေထိန်းချုပ်ထားတယ်။ဒါပေမယ့်ထိုဒေသတွေအားလုံးဟာနယ်စပ်ထွက်ပေါက်ပြောပလောက်အောက်မရှိပဲကုန်စည်စီးဆင်းမှုအတွက်ပြည်မကိုမှီခိုနေရတယ်။ဒါကြောင့်စစ်ကောင်စွဟာထိုဒေသတွေကပြည်သူတွေဒုက္ခရောက်အောင်တည်းအမျိုးမျိုးနဲ့ယုတ်မာနေတယ်။
Read moreDetailsမနှစ်ကနှစ်ကုန်ပိုင်းလောက်မှာရခိုင်မှာအေအေနဲ့စစ်ကောင်စီတို့တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးနောက်ပိုင်းအခုချိန်ထိဆေးဝါးသယ်ယူခွင့်ပိတ်ပင်ခံထားရတယ်။အခုအချိန်မှာအေအေနဲ့အပစ်ရပ်ပြီးတိုက်ပွဲတွေငြိမ်သက်နေလို့ကုန်စည်အတော်များများကိုသယ်ယူရောင်းဝယ်ခွင့်ပေးလိုက်ပေမယ့်အရေးကြီးတဲ့ဆေးဝါးတွေကိုတော့သယ်ယူခွင့်မရဖြစ်နေတယ်။ဆေးဝါးသယ်ချင်ရင်စစ်ကောင်စီဝန်ကြီးထံစာတင်ပြီးခွင့်ပြုချက်ယူနေရတယ်။ ဒီရက်ပိုင်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရခိုင်ပြည်နယ်မြို့တော်စစ်တွေကိုရောက်လာပြီးတပ်ထဲမှာတွေ့ဆုံပွဲတွေလုပ်နေတယ်။ဒါကိုအေအေကသတိထားစောင့်ကြည့်နေတယ်။မင်းအောင်လှိုင်ရခိုင်ကိုရောက်လာတာဟာပိတ်ဆို့မှုတွေခံနေရတဲ့ရခိုင်ပြည်သူတွေအတွက်အကျိုးတစ်စုံတစ်ရာမဖြစ်ထွန်းလာရင်တော့တိုက်ပွဲတွေပြန်လည်ဖြစ်ပွားနိုင်တယ်လို့အေအေကပြောထားတယ်။
Read moreDetailsကျွန်တော် ကားပိတ်မိနေတယ်။ ရန်ကုန်မှာမဟုတ်ဘူး။ ပဲခူးတိုင်း၊ ဝေါမြို့နယ် စစ်တောင်းတံတားနားက ညောင်ခါးရှည်နားမှာ။ စစ်ဆေးရေးတွေလုပ်နေလို့ကားတန်းရှည်ကြီးပိတ်တာ နှစ်ရက်သုံးရက်ရှိပြီတဲ့။ အဲဒီ သတင်းကိုမသိဘဲ ခရီးထွက်လာမိတော့ ကားတန်းရှည်ကြီးကို စောင့်ရတာပေါ့။ တစ်ချို့ကားတွေဆို မနေ့ကနေ ဒီနေ့အထိ စောင့်နေကြတာတဲ့။ ဘဝမှာအမှတ်တရပါပဲ။ ကားတန်းရှည်ကြီးက...
Read moreDetailsစစ်ကောင်စီက ကြေးတပ်နဲ့မတိုက်ခိုက်နိုင်တော့ လေကြောင်းနဲ့ တိုက်ခိုက်မှုတွေဆက်တက်လုပ်နေ တာကိုတွေ့ရတယ်။ အထူးသဖြင့် ချင်းပြည်နယ်တစ်ဝိုက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေး တပ်သား တွေကိုပေါ့။ စစ်ကောင်စီဖက်ကအထိနာတာရှိသလို ကိုယ်တွေဖက်ကအထိနာတာတွေလည်းများတယ်။ စစ်တပ်ဟာ နိုင်ငံကိုပတ်ပြီး ကျေးရွာတွေ နေအိမ်တွေကို မီးရှို့၊ အရပ်သားတွေကို သတ်ဖြတ်၊ အမျိုးသမီးတွေ...
Read moreDetailsYou can copy without credits to our site. We Need Freedom.