စစ်ကောင်စီဟာသူတို့ပြုလုပ်တဲ့သင်္ကြန်ပွဲတော်စည်ကားစေရေးလက်အောက်ခံဝန်ထမ်းတွေကိုအလှည့်ကျပါဝင်ရေကစားကြဖို့ဖိအားပေးနေပါတယ်။ဝန်ထမ်းတွေဟာသင်္ကြန်ကာလဆိုရင်ရုံးပိတ်ရက်ရှည်ရတဲ့အတွက်ကိုယ့်ဇာတိမြေကိုပြန်ကြတာများတယ်။အခုတော့ပြန်ခွင့်မပေးပဲချောဆွဲတဲ့သဘောပဲ။မဏ္ဏပ်တွေမှာပါဝင်ရေကစားမယ့်သူတွေကတော့လုံခြုံရေးအနေအထားစိုးရိမ်ရတယ်။တော်လှန်ရေးအဖွဲ့တွေကမစ်ရှင်တွေဖျက်မှာမဟုတ်ပဲစစ်ကောင်စီနဲ့ဝေးဝေးနေကြဖို့သတိပေးထားသလိုUGတွေကမလုပ်ရင်တောင်စစ်တပ်ကထိုးကျွေးတဲ့နည်းလမ်းတွေနဲ့ဖောက်ခွဲရေးလုပ်ပြီးPDFတွေကိုထိုးချနိုင်တယ်။ဒါကြောင့်စစ်ကောင်စီရဲ့မဏ္ဏပ်တွေနဲ့ဝေးဝေးနေတာအကောင်းဆုံးပဲ။
ဇွန် ၂၈၊ ၂၀၂၅။ (သောကြာ)
ကရင်နီပြည်နယ်မိုးဗြဲမြို့ကို စစ်တပ်ကအင်အားအလုံးအရင်းနဲ့ ထပ်မံတိုက်ခိုက်လာပါတယ်။မိုးဗြဲမြို့ကိုစစ်တပ်က အကြိမ်ကြိမ်ထိုးစစ် ဆင်နေပေမယ့်အခုချိန်ထိတော့မရရှိသေးပါဘူး။တချိန်ထဲမှာပဲ...