အာဏာသိမ်း ဒိုင်ယာရီ

အောက်တိုဘာ ၁၁၊ ၂၀၂၂။ (အင်္ဂါ)

ပြီးခဲ့တဲ့တလလုံးတိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ရခိုင်ပြည်နယ်မှာဒီလထဲအနည်းငယ်ငြိမ်သက်သွားသလိုထင်ရပေမယ့်ဒီရက်ပိုင်းအတွင်းမောင်တောမြို့မြောက်ပိုင်းမှာအေအေကစစ်တပ်စခန်းတစ်ခုကိုထပ်မံတိုက်ခိုက်သိမ်းပိုက်လိုက်တယ်။စခန်းသိမ်းတိုက်ပွဲကတစ်နာရီခန့်သာကြာလိုက်ပြီးသုံ့ပန်း၁၄ယောက်နဲ့တကွလက်နက်ခဲယမ်းတွေပါသိမ်းဆည်းရမိတယ်။အေအေအတွက်တော့စခန်းတွေသိမ်းနိုင်လာတာနဲ့အမျှစစ်တပ်ဘက်ကလက်နက်ခဲယမ်းတွေပါရနေတော့ငါးကြင်းဆီနဲ့ငါးကြင်းပြန်ကြော်နေသလိုမျိုးအဆင်ပြေနေတယ်။ စစ်ကောင်စီဖက်ကလဲရခိုင်ပြည်နယ်မှာတပ်အင်အားအပြောင်းအရွှေ့တွေအတွက်အရပ်သားရေယာဉ်တွေကိုပါအတင်းအကြပ်အသုံးပြုလျက်ရှိတယ်။အခုဆိုရင်ပြည်သူတွေသွားလာရေးအဆင်ပြေစေဖို့ဂျပန်ကလှူထားတဲ့ရေယာဉ်တွေကိုပါစစ်ရေးအတွက်အသုံးပြုနေတာကြောင့်လူ့အခွင့်အရေးအဖွဲ့တွေကဂျပန်နိုင်ငံကိုသတိပေးလျက်ရှိတယ်။လက်ရှိမြန်မာအရေးမှာဂျပန်နိုင်ငံဟာအရင်လိုပြည်သူဘက်ပြတ်ပြတ်သားသားမရပ်တည်တော့ပဲစစ်ကောင်စီနဲ့အလိုက်သင့်နေတဲ့ပုံစံမျိုးတွေတွေ့မြင်နေရတယ်။

Read moreDetails

အောက်တိုဘာ ၁၀၊ ၂၀၂၂။ (တနင်္လာ)

လေကြောင်းရန် ကာကွယ်နိုင်သည့် လက်နက်များ ပိုင်ဆိုင်ထားပြီဟု NUG က ကြေညာပြီး ၂၄ နာရီ မပြည့်မီတွင်စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်မှာရဟတ်ယာဉ်၆စီး၊တိုက်လေယာဉ်၂စီးဖြင့်စစ်ဆင်ခံရတယ်။ဝက်လက်မြို့နယ်ဧရာဝတီမြစ်အနောက်ဘက်ကမ်းရှိ ဒေသကာကွယ်ရေး သင်တန်းကျောင်းတစ်ခုကို စစ်ကောင်စီက လေကြောင်းမှ အပြင်းအထန်တိုက်ခိုက်ခဲ့ရာ PDF ၃ ဦး၊ ပြည်သူ ၃...

Read moreDetails

အောက်တိုဘာ ၀၉၊ ၂၀၂၂။ (တနင်္ဂနွေ)

NUGကမနေ့ကလက်ခမောင်းခတ်ပြောကြားခဲ့တာကိုဂုဏ်ပြုတဲ့အနေနဲ့တနိုင်ငံလုံးကတန်ခိုးကြီးဘုရားတွေ၊အပန်းဖြေစရာနေရာတွေမှာပြည်သူတွေတိုးကြိတ်ပြီးလည်ပတ်ကြတယ်။ဒီနေ့ဟာသတင်းကျွတ်လပြည့်နေ့ဆိုပေမယ့်အာဏာသိမ်းပြီးနောက်ပိုင်းအခါကြီးရက်ကြီးတွေမှာလူတွေစည်ကားနေတာဒီတကြိမ်အများဆုံးပဲ။ဘုရားတွေမှာ၊ကမ်းခြေတွေမှာ၊အပန်းဖြေစရာနေရာတွေမှာတိုးမပေါက်အောင်စည်ကားနေတယ်။အဝေးပြေးလမ်းမတွေလဲပိတ်ဆို့သွားတဲ့အထိပဲ။ဟိုးအရင်ငြိမ်းချမ်းစဉ်ကာလတွေကအခြေအနေတွေကိုတောင်သတိရမိသေးတယ်။ တချို့တွေကပြည်သူတွေသွေးအေးသွားကြပြီလားလို့တွေးကြတယ်။တကယ်ကလူတွေဟာမွန်းကြပ်လွန်းလို့ဒီချိန်မှာထွက်ပေါက်ရှာတဲ့အနေနဲ့လည်ပတ်ကြတာလို့ထင်မိတယ်။အများစုကတော့မြို့နေအခြေခံလူတန်းစားတွေပါပဲ။နယ်ဘက်တွေမှာရွာတွေမီးရှို့ခံရ၊လူတွေသတ်ဖြတ်ခံနေရပေမယ့်ဒီအကြောင်းတွေကိုမြို့နေလူတန်းစားတွေသိပ်မသိကြတော့ဘူး။အင်တာနက်အသုံးပြုခတွေစျေးကြီးနေတာကြောင့်သတင်းအချက်လက်တွေမစီးဆင်းတော့တာလဲပါသလိုထိုကိစ္စတွေကိုမြို့နေလူတန်းစားတွေကကိုယ်တိုင်မကြုံရသေးတော့မြင်ရကြားရတာရိုးသွားတာလဲပါမှာပေါ့။ တကယ်ခံနေရတာကတော့တောသူတောင်သားတွေပဲ။ဒီလိုနေ့မျိုးမှာလည်ပတ်နေဖို့နေနေသာသာနေစရာအိမ်တောင်မရှိကြတော့ဘူး။ဒီနိုင်ငံမှာအထက်ပါအတိုင်းလူတန်းစားနှစ်ရပ်တဖြည်းဖြည်းကွဲလာတယ်။အကုန်လုံးကိုနားလည်ပေးနိုင်ဖို့ဆိုတာကတော့တော်တော်ခက်လိမ့်မယ်။စစ်ပွဲတွေမြို့ပြပေါ်ရောက်လာမှပဲအားလုံးတန်းတူပြန်ဖြစ်သွားလိမ့်မယ်။  

Read moreDetails

အောက်တိုဘာ ၀၈၊ ၂၀၂၂။ (စနေ)

NUGကသတင်းစာရှင်းလင်းပွဲထပ်လုပ်တယ်။စစ်ကောင်စီကိုနိုင်ငံရေး၊စီးပွားရေး၊စစ်ရေးစသဖြင့်စစ်မျက်နှာခြောက်ခုသတ်မှတ်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း၊အဆုံးသတ်တိုက်ပွဲကာလကိုတစ်နှစ်လို့သတ်မှတ်ထားကြောင်း၊လေယာဉ်ပစ်လက်နက်တွေရှိနေပြီဖြစ်ကြောင်း၊တစ်နိုင်ငံလုံးကိုမဖြန့်ကျက်နိုင်သေးပေမယ့်ထိုလက်နက်တွေတပ်ဆင်ထားတဲ့နေရာတွေကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်လာပါကပစ်ချမည်ဖြစ်ကြောင်း၊မဟာမိတ်တွေနဲ့စစ်ရေး၊နိုင်ငံရေးသဘောတူညီချက်တွေရရှိထားပြီဖြစ်ကြောင်းစသဖြင့်အချက်အလက်စုံစုံလင်လင်နဲ့ပြောကြားသွားတယ်။ဒါပေမယ့်အခုသတင်းစာရှင်းလင်းပွဲမှာပြောသွားတာတွေကပီးခဲ့တဲ့လD DAY တနှစ်ပြည့်မှာယာယီသမ္မတနဲ့ကာဝန်တို့ပြောသွားတာတွေနဲ့သိပ်မကွာလှဘူး။လိုင်းပေါ်မှာတော့အားရစရာတွေပြောသွားပေမယ့်လဲမြေပြင်မှာတော့ထူးခြားမှုတွေသိပ်မရှိလှဘူး။ အခုနောက်ပိုင်းNUGပြောသမျှတွေကိုအများကြီးမမျှော်လင့်တော့ဘူး။ဗလောင်းဗလဲတွေပြောနေတာမျိုးမဟုတ်ပေမယ့်ပြည်သူတွေရဲ့မျှော်လင့်ချက်ကိုလက်တွေ့မပါပဲဆွဲဆန့်နေတယ်လို့ပဲခံစားရတယ်။ဥပမာပြောရရင်လေယာဉ်ပစ်လက်နက်တွေစတင်တာဝန်ထမ်းဆောင်နေပြီလို့NUGပြောခဲ့တာနှစ်လခန့်ရှိနေပြီ။ဒီနှစ်လအတွင်းမှာစစ်တပ်ကတနိုင်ငံလုံးနီးပါးလေကြောင်းတိုက်ခိုက်မှုတွေကြိမ်ရေများစွာပြုလုပ်ခဲ့ပေမယ့်အထက်ပါလက်နက်တွေသုံးလိုက်တယ်ဆိုတာမျိုးတစ်ကြိမ်မှမတွေ့ခဲ့ရဘူး။ထိုကဲ့သို့NUGကပြောခဲ့သမျှမြေပြင်မှာသိသာထင်ရှားတဲ့ရလဒ်မျိုးမရှိတာတွေအများကြီးပဲ။ ရှေ့မှာပွင့်လင်းရာသီရောက်လာပြီ။စစ်တပ်ကမနှစ်ကလိုမျိုးအင်တိုက်အားတိုက်ထိုးစစ်မဆင်နိုင်တော့ဘူး။ဒီချိန်မှာNUG အနေနဲ့စစ်ရေးမှာတစ်ခုခုလုပ်ပြနိုင်ပါစေလို့ပဲဆုတောင်းမိတယ်။

Read moreDetails

အောက်တိုဘာ ၀၇၊ ၂၀၂၂။ (သောကြာ)

အခုနှစ် ဖေဖေါ်ဝါရီလမှာ CDM လုပ်ခဲ့တဲ့ ပဲခူးတိုင်း၊ တောင်ငူခရိုင် ကျောက်ကြီး နယ်မြေခံ စခန်းက ဗိုလ်မှူးမျိုးမင်းထွန်း ဟာ စစ်ကောင်စီ ထံပြန်လည် ဝင်ရောက် လာခဲ့ပြီ ဖြစ်ကြောင်း စစ်ကောင်စီက ဒီကနေ့ ကြေညာလိုက် ပါတယ်။ တပ်ရင်းမှူးဖြစ်သူ...

Read moreDetails

အောက်တိုဘာ ၀၆၊ ၂၀၂၂။ (ကြာသပတေး)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ လမ်းပိုင်းသုံးခုကို စစ်ကောင်စီတပ်က နှစ်ရက်ဆက်ဖျက်ဆီးသွားတယ်။မုံရွာတောင်နယ်နှင့်ချောင်းဦးမြို့နယ်​နေပြည်သူများ အားထားနေရတဲ့ မုံရွာ-အမြင့်လမ်းကို အောက်တိုဘာလ ၄ ရက်နေ့မှာ စစ်​ကောင်စီတပ်က စစ်ကားကြီးတစ်စီး၊ အိမ်စီးကားတစ်စီး အင်အား၃၀ခန့်ဖြင့် ရောက်လာပြီးထိုလမ်းပေါ်ရှိ ညောင်ပင်ဇောက်ရပ်ကွက်တောင်ဘက်အထွက် ကျောက်ပေါက်ကွေ့မှာ ကားလမ်းကိုမြေကော်စက်(ဘူဒိုဇာ)ဖြင့် ထိုးကော်ကာဖျက်ဆီး​တော့တယ်။တံတားတစ်စင်းစာခန့် ထိုးကော်ကာဖျက်ဆီးသွားလို့...

Read moreDetails

အောက်တိုဘာ ၀၅၊ ၂၀၂၂။ (ဗုဒ္ဓဟူး)

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကြောင့် Puma Energy ကုမ္ပဏီက စက်သုံးဆီနှင့်လေယာဉ်ဆီ တင်သွင်းရောင်းချမှုဆိုင်ရာ ရင်းနှီးမြုပ်နှံမှု လုပ်ငန်းများ ရောင်းချပြီး အပြီးအပိုင် ထွက်ခွာပြီဟု  ထုတ်ပြန်ကြေညာလိုက်တယ်။ မြန်မာစစ်တပ်ကို လေယာဉ်ဆီ အဓိကတင်ပို့နေတဲ့ Puma စွမ်းအင်ကုမ္ပဏီက သူပိုင်အစုရှယ်ယာတွေ ကို...

Read moreDetails

အောက်တိုဘာ ၀၄၊ ၂၀၂၂။ (အင်္ဂါ)

စစ်တပ်လက်အောက်ခံပါတီကြီးဖြစ်တဲ့ကြံခိုင်ရေးပါတီညီလာခံပြုလုပ်လျက်ရှိတယ်။အခုညီလာခံမှာခေါင်းဆောင်တွေပြန်ရွှေးမှာဖြစ်ပြီးလက်ရှိဥက္ကဌဦးသန်းဌေးကဆက်မလုပ်တော့ဘူးလို့ကြေငြာထားတယ်။ညီလာခံဆုံးဖြတ်ချက်အရလဝကဝန်ကြီးဟောင်ဦးခင်ရီကဥက္ကဌဖြစ်လာတယ်။ ယခု ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်ပိုင်းအပြောင်းအလဲနှင့်ပတ်သက်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင် လိုလားသည့်အမာခံများဖြင့် ပြန်လည်အစားထိုးကာမိုးကျရွှေကိုယ်တပ်ပိုင်းအရာရှိများပါတီမှာပိုမိုနေရာယူပါဝင်လာတယ်။ခင်ရီကိုပါတီခေါင်းဆောင်အဖြစ်မင်းအောင်လှိုင်ပဲတင်ထားတာပါ။ လက်ရှိဥက္ကဌဖြစ်လာတဲ့ခင်ရီဟာအမျိုးသားရေးအစွန်းရောက်တစ်ဦးအဖြစ်နာမည်ကြီးသူဖြစ်ပြီးမင်းအောင်လှိုင်ကိုအပြည့်အဝသစ္စာခံထားတယ်။မင်းအောင်လှိုင်ဟာကြံခိုင်ရေးပါတီကိုသူ့စိတ်တိုင်းကျပုံသွင်းပြီးစစ်တပ်ရဲ့အရံအင်အားအဖြစ်အသုံးချလို့ရအောင်လုပ်ဆောင်နေတယ်။

Read moreDetails

အောက်တိုဘာ ၀၃၊ ၂၀၂၂။ (တနင်္လာ)

NUGကရန်ပုံငွေရှာတဲ့နောက်ထပ်အစီအစဉ်ဖြစ်တဲ့နွေဦးမန္တလေးအစီအစဥ်အတွက်မြေကွက်တွေကိုဒီလကစပြီးစတင်ရောင်းချလျက်ရှိတယ်။နွေဦးမန္တလေးအစီအစဥ်ဆိုတာမန္တလေးမြို့ကစစ်တပ်ပိုင်မြေတွေကိုအကွက်ရိုက်ပြီးရောင်းချနေတာပါ။ထိုအစီအစဉ်မှာန္တလေးနန်းတွင်းကမြေတွေနဲ့မန္တလေးတောင်ခြေကစစ်တပ်ပိုင်မြေတွေပါဝင်နေတယ်။အခုဆိုသုံးရက်အတွင်းဒေါ်လာကိုးသန်းကျော်ဖိုးလောက်ရောင်းချပြီးပြီ။ NUGကထိုကဲ့သို့ရန်ပုံငွေရှာဖွေမှုမျိုးတွေခုနောက်ပိုင်းမှာဆက်တိုက်လုပ်နေတယ်။ပထမဆုံးအင်းလျားလမ်းကမင်းအောင်လှိုင်ရဲ့အိမ်တွေကိုအရင်ရောင်းချတယ်။ပြီးတော့ရန်ကုန်ကစစ်တပ်ပိုင်မြေတွေကိုတော်လှန်ရေးပြီးရင်အသုံးချနိုင်ဖို့အခုကတည်းကလျော့စျေးနဲ့ကြိုပွိုင့်သဘောမျိုးရောင်းချတယ်။အခုဆိုမန္တလေးမြို့ဘက်ကိုခြေဦးလှည့်လာပြီ။ထိုအစီအစဥ်တွေကတဆင့်NUGဟာဒီလပိုင်းအတွင်းဒေါ်လာသန်းဆယ်နဲ့ချီပြီးရန်ပုံငွေတွေရှိလျက်ရှိတယ်။

Read moreDetails

အောက်တိုဘာ ၀၂၊ ၂၀၂၂။ (တနင်္ဂနွေ)

နိုင်ငံတဝန်းမှာတရားဥပဒေစိုးမိုးမှုမရှိတော့လောင်းကစားအလုပ်တွေပေါများလာတယ်။နယ်မြို့တွေမှာဆိုစစ်ကောင်စီလက်အောက်ခံရဲတွေကိုယ်တိုင်လောင်းကစားဝိုင်းတွေကိုတရားဝင်ပုံစံမျိုးခွင့်ပြုလာကြတယ်။သူ့တို့အတွက်လဲဆက်ကြေးသဘောမျိုးရတော့ဝင်ငွေရွှင်တယ်လေ။ကြက်ဝိုင်း၊ဖဲဝိုင်းစသဖြင့်မျိုးစုံပဲ။လူတွေကလဲဝင်ငွေမရှိတော့ထွက်ပေါက်တစ်ခုအနေနဲ့လောင်းကစားဘက်ကိုပိုအားသန်လာကြတယ်။ရပ်ကွက်ထဲမှာဆိုနေ့စဉ်နှစ်လုံးသုံးလုံးထိုးတဲ့သူတွေပိုများလာတယ်။အရေးယူရမယ့်ရဲတွေကိုယ်တိုင်ကလွတ်ပေးထားတော့ပျော်ပျော်ပါးပါးလောင်းကစားလုပ်နေကြတာပေါ့။ စစ်ကိုင်တိုင်း၊ချင်းတွင်းမြစ်ထဲမှာလဲမြစ်ကြောင်းတစ်လျှောက်ဓားမြတိုက်နေတဲ့အဖွဲ့ကိုPDFတွေဖမ်းဆီးလိုက်ရတယ်။ခေတ်မကောင်းတဲ့အချိန်မှာထလာတတ်တဲ့တချို့တောကြောင်တွေကိုနယ်မြေစိုးမိုးမှုရယူထားတဲ့PDFတွေပဲတာဝန်ယူဖြေရှင်းပေးနေရတယ်။စစ်ကိုင်းတိုင်းထဲကတချို့ဒေသတွေမှာတော့အာဏာလေဟာနယ်ဖြစ်ပေါ်နေတာကိုအခွင့်ကောင်းယူပြီးမသမာသူတွေကဒုစရိုက်မှုတွေကျူးလွန်နေကြတယ်။    

Read moreDetails
Page 99 of 161 1 98 99 100 161

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist