အာဏာသိမ်း ဒိုင်ယာရီ

ဩဂုတ် ၀၇၊ ၂၀၂၃။ (တနင်္လာ)

ကချင်ပြည်နယ်ဘက်မှာလဲစစ်ကောင်စီကဇူလိုင်လဆန်းမှာကေအိုင်ကေဌာနချုပ်နယ်မြေနဲ့နီးတဲ့နန့်ဆန်ယန်ဒေသကိုထိုးစစ်ဆင်လာပြီးနောက်ဇူလိုင်လကုန်ပိုင်းမှစပြီးကေအိုင်အေကလည်းစစ်ကောင်စီတပ်စခန်းတွေကိုဆက်တိုက်ဆိုတန်ပြန်ထိုးစစ်နဲ့တိုက်ခိုက်သိမ်းပိုက်နေတယ်။နန့်ဆန်ယန်ဒေသအနီးမြစ်ကြီနား-ဗန်းမော်လမ်းပေါ်ကစစ်ကောင်စီတပ်စခန်းတချို့ကိုကေအိုင်အေကပြီးခဲ့တဲ့ရက်ပိုင်းကသိမ်းပိုက်ထားတယ်။ လတ်တလောမှာဖားကန့်မြို့နယ်ကကသိုင်းတော်စစ်တပ်စခန်းကိုကေအိုင်ကသိမ်းပိုက်လိုက်ပြီ။ကသိုင်းတောင်စစ်စခန်းဟာစစ်တပ်အင်အား၇၀ကျော်နဲ့အခိုင်အမာတပ်စွဲထားတဲ့စခန်းတစ်ခုပါ။အထိအခိုက်အကျအဆုံးတွေကိုတော့ကေအိုင်ကေဖက်ကအရင်ကတည်းကထုတ်ပြန်လေ့မရှိတဲ့အတွက်အသေအချာမသိရဘူး။ ထို့အပြင်ဖားကန့်မြို့နယ်ဆယ်ဇင်းဒေသမှာလဲတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်။စစ်ကောင်စီအတွက်တော့အိပ်နေတဲ့ကျားကိုသွားနိုးသလိုဖြစ်နေပြီ။

Read moreDetails

ဩဂုတ် ၀၆၊ ၂၀၂၃။ (တနင်္ဂနွေ)

ကရင်ပြည်နယ်ရဲ့အခြား‌ဒေသတစ်ခုဖြစ်တဲ့မြဝတီ-ကော့ကရိတ်အာရှလမ်းမကြီးရဲ့လမ်းပိုင်းတစ်နေရာဟာမိုးအဆက်မပြက်ရွာသွန်းမှုကြောင့်မြေသားအိဆင်းကာပြတ်ကျသွားပါတယ်။အရင်ရက်တွေကတော့လမ်းပေါ်ရေကျော်တာတွေရှိနေပေမဲ့ခရီးသွားလာလို့ရသေးတဲ့အခြေနေပါ။ အခုကလမ်းပိုင်းကြီး ခါးကကြိုးသလို ဖြစ်တာဆိုတော့ ကားတွေအကုန် ရောက်တဲ့နေရာက ပြန်လှည့်နေကြတယ်။ လက်ရှိမှာ အဆိုပါ လမ်းပိုင်း ပြတ်ထွက်သွားသည့် နေရာတွင် ကားအစီးရေ ရာဂဏန်းခန့်ပိတ်မိနေတယ်။ထိုလမ်းပိုင်းကိုပြန်ပြင်နိုင်ဖို့ကအတော်ကြာနိုင်တယ်။တိုက်ပွဲတွေကြောင့်မကြာခဏပိတ်ထားရတဲ့ထိုအာရှလမ်းမကြီးဟာဒီဖြစ်ရပ်ကြောင့် မြဝတီနယ်စပ်မှ ကုန်စည်စီးဆင်းမှုမှာ ကာလအတန်ကြာ ရပ်ဆိုင်းသွားနိုင်တယ်။ မြန်မာပြည်အောက်ပိုင်းမှာကရင်ပြည်နယ်ထဲသာမကပဲမွန်ပြည်နယ်ထဲကပြည်ထောင်စုလမ်းမကြီးတွေပေါ်မှာလဲမိုးများသောကြောင့်လမ်းပေါ်ရေကျော်မှုတွေဆက်တိုက်ဆိုသလိုဖြစ်ပေါ်နေလို့ကုန်စည်စီးဆင်းမှုတွေနှေးကွေးလျက်ရှိတယ်။

Read moreDetails

ဩဂုတ် ၀၅၊ ၂၀၂၃။ (စနေ)

ကရင်ပြည်နယ်ဘားအံမြို့ရှိစစ်ကောင်စီတပ်တွေအစစ်ဆေးကြမ်းသည့်သံလွင်တံတား စစ်ဆေးရေးဂိတ်မှာ ပေါက်ကွဲမှုကြီးတစ်ခုဖြစ်ပွားခဲ့တယ်။အဆိုပါဂိတ်ဟာ အဖွဲ့စုံ စစ်ဆေးရေး ဂိတ်ဖြစ်ပြီးစစ်ဆေးရေးဂိတ်မှာ စစ်သားတွေ ၊ ရဲတွေ နဲ့ ထွေအုပ်က ရှာဖွေရေးလုပ်နေတဲ့သူတွေစုနေတဲ့ အချိန်မှာပေါက်ကွဲသွားတာပါ။ အဆောက်အဦးတွေတောင်ရစရာမရှိအောင်ပျက်စီးသွားတာဆိုတော့အသေအပျောက်များနိုင်တယ်။မနက်အစောပိုင်းဖြစ်တာကြောင့်ဖြတ်သွားဖြတ်လာပြည်သူတွေရှိအုံးမှာမဟုတ်သေးပဲစစ်ကောင်စီဘက်ကလူတွေတော့အတော်အထိအခိုက်များနိုင်တယ်။ကားဗုံးနဲ့ဖောက်ခွဲခဲ့တာလို့သိရပြီးဖောက်ခွဲတဲ့အဖွဲ့ကိုတော့ခုထိမသိရသေးဘူး။ကားဗုံးနဲ့စစ်ကောင်စီဘက်ကိုပြင်းပြင်းထန်ထန်ဖောက်ခွဲတာဟာနွေဦးတော်လှန်ရေးကာလမှာမှတ်မိသလောက်ဒါပထမဆုံးပဲ။ကရင်ပြည်နယ်ဘားအံဒေသဟာစစ်ကောင်စီကိုတိုက်ခိုက်မှုတွေမရှိသလောက်ဖြစ်နေတဲ့ဒေသတစ်ခုဖြစ်တယ်။

Read moreDetails

ဩဂုတ် ၀၄၊ ၂၀၂၃။ (သောကြာ)

မြန်မာပြည်အောက်ပိုင်းတနင်္သာရီတိုင်းမှဒုတိုင်းမှုးနဲ့နယ်လုံဝန်ကြီးတို့ကိုစစ်ကောင်စီတပ်မှအချင်းချင်းပြန်လည်ဖမ်းဆီးသွားတယ်။ဌာနတွင်းသတင်းပေါက်ကြားမှုတွေနဲ့လာဘ်စားမှုတွေကြောင့်နေပြည်တော်ကအထူးအဖွဲ့ကိုယ်တိုင်လာရောက်ဖမ်းဆီသွားတာဖြစ်တယ်။မကြာသေးခင်ကလဲကချင်ပြည်နယ်ဘက်ကတိုင်းမှုးကိုကေအိုင်အေနဲ့ဆက်သွယ်တယ်ဆိုပြီးအလားတူဖမ်းဆီးသွားသေးတယ်။ အခုနောက်ပိုင်းစစ်ကောင်စီကထိပ်ပိုင်းအရာရှိတွေဖမ်းဆီးခံနေရတာတွေတွေ့နေရပြီ။အရင်တုန်းကတပ်ရင်းမှုးအဆင့်လောက်သာအမိန့်မနာခံမှုကြောင့်အဖမ်းခံရတာမျိုးသာရှိပြီးအခုဆိုရင်တိုင်းမှုးအဆင့်လောက်ထိဖြစ်လာပြီ။သူတို့ဘယ်လိုပဲအကြောင်းပြပါစေဒါဟာစစ်အုပ်စုထဲမှာအချင်းချင်းမယုံကြည်မှုတွေကြီးထွားလာတာကိုပြသနေတာပဲ။တချို့ကတော့ဒီလိုဖြစ်ရပ်တွေကြောင့်တပ်တွင်းပုန်ကန်မှုတွေဖြစ်လာမယ်လို့မျှော်လင့်ကြတယ်။ဒါပေမယ့်ဒါဟာဖြစ်နိုင်ချေနည်းသေးတယ်လို့ယူဆတယ်။တဖက်ကတွေးကြည့်ရင်မင်းအောင်လှိုင်ဟာအခုလိုမထင်ရင်မထင်သလိုအရေးယူနေတာကြောင့်စစ်တပ်ထဲမှာအကြောက်တရားပိုမိုကြီးထွားလာပြီးမင်းအောင်လှိုင်အလိုကျနေမယ့်သူတွေသာများလာနိုင်တယ်။မကြာသေးမှီကပဲစစ်ကောင်စီရဲ့အစိုးရအဖွဲ့ကိုမင်းအောင်လှိုင်ကသူယုံကြည်ရတဲ့သူတွေနဲ့ပဲပြောင်းလဲဖွဲ့စည်းလိုက်တယ်လေ။ဒါကြောင့်တပ်တွင်းပုန်ကန်မှုဖြစ်လာဖို့အလားအလာတော့အခုအချိန်ထိမတွေ့သေးဘူး။

Read moreDetails

ဩဂုတ် ၀၃၊ ၂၀၂၃။ (ကြာသပတေး)

ရှမ်းပြည်မြောက်ပိုင်းကEAOအဖွဲ့တစ်ခုဖြစ်တဲ့TNLAနဲ့စစ်ကောင်စီတို့တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားလျက်ရှိပါတယ်။စစ်ကောင်စီဘက်ကစစ်ကြောင်းထိုးလာလို့ဖြစ်ပွားရတာဖြစ်ပြီးတရုတ်နယ်စပ်ကုန်သွယ်ရေးဇုန်ဖြစ်တဲ့၁၀၅မိုင်နားမှာလက်နက်ကြီးသံတွေဆက်တိုက်ကြားနေရတယ်။မူဆယ်မြို့ထဲမှာလဲပေါက်ကွဲမှုတွေမကြာခဏဖြစ်ပွားလျက်ရှိတယ်။၁၀၅မိုင်ကုန်သွယ်ရေးစခန်းကတော့တိုက်ပွဲတွေကြောင့်ဖွင့်လိုက်ပိတ်လိုက်ပဲ။ ဒီတိုင်းဆိုရင်တရုတ်နယ်စပ်မူဆယ်နယ်စပ်ကုန်သွယ်ရေးဇုန်ဟာလဲထိုင်းနယ်စပ်မြဝတီကုန်သွယ်ရေးဇုန်လိုပဲမရေရာမသေချာမှုတွေရှိလာလိမ့်မယ်။နယ်စပ်ကုန်သွယ်ရေးစခန်းတွေအကုန်ပိတ်သွားရင်စစ်ကောင်စီရောပြည်သူတွေပါပိုမိုခက်ခဲကြပ်တည်းလာလိမ့်မယ်။

Read moreDetails

ဩဂုတ် ၀၂၊ ၂၀၂၃။ (ဗုဒ္ဓဟူး)

မနေ့ကစစ်ကောင်စီရဲ့လုပ်ရပ်ကိုကြည့်ခြင်းအားဖြင့်စစ်အုပ်ဟာဖိအားတွေအောက်မှအကျပ်အတည်းဆိုက်နေပြီဆိုတာတွေ့ရတယ်။ဒါကြောင့်စစ်ကောင်စီဟာသူတို့ရဲ့နောက်ဆုံးအကွက်ဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည်ကိုထုတ်သုံးဖို့ကြိုစားလာတယ်။ဒီရက်ပိုင်းအတွင်းဒေါ်အောင်ဆန်းစုကြည်ကိုနေပြည်တော်အချုပ်ထောင်ကထုတ်ပြီးနေအိမ်တစ်ခုကိုပြောင်းရွေ့ခဲ့တယ်ဆိုတဲ့ကောလဟာလတွေကိုလဲထုတ်လွင့်သေးတယ်။တကယ်တမ်းကိုစစ်အုပ်စုဟာဒေါ်အောင်ဆန်းစုကြည်ကိုထုတ်သုံးချင်ပေမယ့်သူမကိုအပြီးမလွတ်ပေးရဲပါဘူး။ဒါကြောင့်ဟိုလိုလိုဒီလိုလိုအကွက်တွေသုံးပြီးပြည်သူနဲ့နိုင်ငံတကာကိုသွေးတိုးစမ်းနေတာပါ။ ဒါ့အပြင်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာသူ့အစိုးရအဖွဲ့ကိုပြန်လည်ဖွဲ့စည်းပြီးသူ့အနားမှာသူယုံကြည်ရတဲ့သူတွေကိုပဲထားဖို့လုပ်ဆောင်နေတယ်။မတရားရယူထားတဲ့အာဏာကိုခြောက်လသက်တမ်းတိုးပြီးနောက်ဝန်ကြီးရာထူးအတော်များများကိုဖြုတ်ပစ်လိုက်ပြီးလူသစ်တွေနဲ့အစားထိုးလိုက်တယ်။စစ်ခေါင်း‌ဆောင်အနားနေရတဲ့သူတွေအတွက်တော့တနေ့ရွှေတနေ့ငွေပါပဲ။

Read moreDetails

ဩဂုတ် ၀၁၊ ၂၀၂၃။ (အင်္ဂါ)

ဒီမနက်သတင်းတစ်ခုတက်လာတယ်။သမ္မတကြီးဦးဝင်းမြင့်နဲ့ဒေါ်အောင်ဆန်းစုကြည်ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်တယ်တဲ့။စစ်ကောင်စီကထုတ်ပြန်တဲ့စာကိုသေချာဖတ်ကြည့်တဲ့အခါလွတ်ငြိမ်းချမ်းသာခွင့်မဟုတ်ပဲပြစ်ဒဏ်တချို့ကိုလျော့ပေါ့ပေးလိုက်တာပဲ။လျော့ပေါ့ပေးတယ်ဆိုတဲ့ပြစ်ဒဏ်တွေကလဲလွတ်ခါနီးပြစ်ဒဏ်တွေဖြစ်နေတာကိုတွေ့ရတယ်။ဒေါ်အောင်ဆန်းစုကြည်ဆိုရင်စုစုပေါင်းထောင်၃၃နှစ်ချထားခံရပြီးအခုစာအရငါးနှစ်ခန့်သာလျော့သွားတယ်။စစ်အုပ်စုဟာနာမည်ကောင်းရချင်လို့မလိမ့်တပတ်လုပ်လိုက်တာပဲ။သူတို့ဒီလိုလုပ်လိုက်လို့ဘယ်သူမှသူတို့ကိုအသိအမှတ်မပြုကြဘူး။သမ္မတကြီးဦးဝင်းမြင့်နဲ့ဒေါ်အောင်ဆန်းစုကြည်ကိုချွင်းချက်မရှိလွတ်ပေးဖို့တောင်းဆိုသံတွေသာပိုမိုကျယ်လောင်လာခဲ့တယ်။

Read moreDetails

ဇူလိုင် ၃၁၊ ၂၀၂၃။ (တနင်္လာ)

စစ်ကောင်စီကခြောက်လတကြိမ်တိုးနေကျဖြစ်တဲ့အရေးပေါ်ကာလကိုထုံးစံအတိုင်းနောက်ထပ်သုံးလသက်တမ်းတိုးလိုက်တယ်။နိုင်ငံအတွင်းမှာအခြေအ‌နေတွေမတည်ငြိမ်သေးလို့ပဲအကြောင်းပြတယ်။ဒါနဲ့ဆိုရင်သူတို့ကိုင်စွဲထားတဲ့တရားမဝင်အခြေခံဥပဒေရဲ့ဘောင်ကိုကျော်လွန်ပြီးသက်တမ်းတိုးတာနှစ်ကြိမ်မြောက်ရှိနေပါပြီ။နောက်ဆုံးသက်တမ်းတိုးခွင့်ကပီးခဲ့တဲ့ဖေဖော်ဝါရီလမှာကုန်ဆုံးသွားတာပါ။အဲ့ဒီတုန်းကဩဂုတ်လရောက်ရင်‌ရွေးကောက်ပွဲပြုလုပ်ပေးမယ်ဆိုတဲ့စကားဟာလဲလေထဲမှာပဲပျောက်ကွယ်သွားပါတယ်။စစ်အုပ်စုပါးစပ်ကထွက်လာတဲ့ရွေးကောက်ပွဲဆိုတဲ့အသံကိုတောင်မကြားရတာအတော်ကြာပါပြီ။ဒီနေ့တော့မင်းအောင်လှိုင်ကထပ်ပြောသေးတယ်။ကချင်၊ကယား၊ကရင်၊ချင်း၊မကွေး၊စစ်ကိုင်းနဲ့ပဲခူတိုင်းစတဲ့ပြည်နယ်လေးခုနဲ့တိုင်းသုံးခုကလွဲပြီးရွေးကောက်ပွဲကျင်းပလို့ရပါတယ်တဲ့။ထိုဒေသတွေကိုဖယ်လိုက်ရင်မြန်မာပြည်တဝက်လောက်ပါသွားပြီလေ။တနည်းအားဖြင့်နိုင်ငံတဝက်လောက်ကိုသူတို့မထိန်းချုပ်နိုင်တော့ဘူးလို့ဝန်ခံလိုက်တာပဲ။ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာအခုလိုအကြိမ်ကြိမ်သက်တမ်းတိုးနေတာကိုတပ်တွင်းမှာလဲမကျေနပ်မှုတွေပိုမိုများပြားလာတယ်လို့သိရတယ်။တပ်တွင်းထိပ်ပိုင်းခေါင်းဆောင်တွေရဲ့အကျိုးစီးပွားတွေတဖြည်းဖြည်းနဲ့ထိခိုက်လာပြီလေ။ဒါအပြင့်သူတို့အတွက်မလုံခြုံမှုတွေပိုမိုဖြစ်ပေါ်လာတာအားလုံးအသိပဲ။ဘာပဲဖြစ်နေပါစေမင်းအောင်လှိုင်ကတော့အာဏာကိုဆက်လက်ဖက်တွယ်ထားဦးမှာပဲ။သူမပြုတ်ကျမခြင်းဒီလိုပဲခြောက်လတကြိမ်သက်တမ်းတိုးနေဦးမှာပဲ။

Read moreDetails

ဇူလိုင် ၃၀၊ ၂၀၂၃။ (တနင်္ဂနွေ)

မန္တလေး နန်းတွင်းထဲက စစ်အုပ်စု ဂိတ်တဲ ဒီမနက်ပိုင်း ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စုက မန္တလေးမြို့အနှံ့ အကြမ်းဖက် သောင်းကျန်းကာ မြို့ခံလူငယ်တချို့ကိုလည်း ကားနဲ့လိုက်တိုက်ပြီး တရားခံရှာ ဖမ်းဆီးနေပါတယ်။မြို့ပြပျောက်ကျားအဖွဲ့တွေက (၈၀မမ) လက်လုပ် လက်နက်ကြီးနဲ့ နန်းတွင်းထဲ စစ်အုပ်စုကို ပစ်ခတ်တိုက်ခိုက်ခဲ့သလို...

Read moreDetails

ဇူလိုင် ၂၉၊ ၂၀၂၃။ (စနေ)

ကယားပြည်နယ်ထဲမှာလဲတော်လှန်ရေးအဖွဲ့တွေသိမ်းပိုက်ထားတဲ့မယ်စဲမြို့ကိုပြန်လည်ရရှိရေးအတွက်စစ်ကောင်စီတပ်တွေအင်အားအလုံးအရင်းသုံးပြီးထိုးစစ်ဆင်နေပါတယ်။အခုလောလောဆယ်တော့သံလွင်မြစ်အရှေ့ဘက်ကစခန်းနှစ်ခုကိုတော်လှန်ရေးအဖွဲ့တွေလက်လွတ်ပေးလိုက်ရတယ်။စစ်ကောင်စီဟာဆက်လက်ထိုးစစ်ဆင်နိုင်ဖို့အတွက်ရှမ်းပြည်နယ်ကတပ်တွေကိုယာဉ်တန်းတွေနဲ့ကယားပြည်နယ်ထဲကိုရွှေ့ပြောင်းအင်အားဖြည့်နေတယ်။ရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့အလယ်ပိုင်းမှာစစ်ကောင်စီကိုတော်လှန်တိုက်ခိုက်မှုတွေမရှိတဲ့အတွက်ထိုဒေသကတပ်တွေကိုကယားပြည်နယ်ထဲလိုသလိုစိတ်ကြိုက်ရွှေ့ပြောင်းလို့ရနေတယ်။ဒါကြောင့်စစ်တပ်ရဲ့အင်အားဖြည့်တင်းမှုတွေကိုတော်လှန်ရေးအဖွဲ့တွေကလဲရသလောက်ကြားဖြတ်တိုက်ခိုက်နေလို့မိုးဗြဲလွိုင်ကော်လမ်းမကြီးဖက်မှာတိုက်ပွဲတွေဆက်တိုက်ဆိုသလိုဆက်ဖြစ်နေယ်။ပြောရရင်တော့တိုက်ပွဲတွေကကရင်ပြည်နယ်မှာလိုကယားပြည်နယ်တစ်ခုလုံးနီးပါးမှာပြန့်နှံဖြစ်ပွားလျက်ရှိတယ်။

Read moreDetails
Page 63 of 159 1 62 63 64 159

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist