ကရင်နီပြည် ၊ဒီးမော့ဆိုမြို့နယ် ရှိ စစ်ဘေးရှောင်ကလေးငယ်များတက်ရောက်ပညာသင်ကြားနေသည့် စစ်ရေးပစ်မှတ် မဟုတ်တဲ့ စစ်ဘေးရှောင်ကလေးတွေနဲ့ ရွာခံကလေးတွေ စာသင်ကြားနေတဲ့ စာသင်ကျောင်းကို မနေ့ကမနက်(၁၀)နာရီဝန်းကျင်ခန့်က စကစဖက်က လေယာဉ်နဲ့ ဗုံး(၂)ကြိမ်တိတိ ကြဲချခဲ့တာကြောင့် ကလေးငယ် ကျား (၄)ဦး သေဆုံးခဲ့ရပြီး ၊ ထိခိုက်ဒဏ်ရာရ ကလေးငယ် (၁၀)ဦးကျော် ရှိခဲ့ပါတယ်။ကျောင်းကိုမှရည်ရွယ်ပြီးတည့်တည့်ပစ်သွားတာလို့သိရတယ်။ အပိုင်းပိုင်း ပြတ်နေတဲ့ ခန္ဓာအစတွေကိုဘယ်သူကလေး၊ငါ့ကလေးမသိတော့ဘူး။တစ်စစီကောက်နေရတယ်။ဓာတ်ပုံတွေကိုကြည့်ရတာနဲ့တင်အတော်စိတ်ထိခိုက်စရာပဲ။ပိုင်ရှင်မဲ့သွားတဲ့စာသင်ကျောင်းကလွယ်အိတ်လေးတွေ၊စာအုပ်လေးတွေ၊ဖိနပ်လေးတွေ၊ထမင်းချိုင့်လေးတွေ၊ပြီးတော့သူတို့လေးတွေရဲ့အသားစလေးတွေကိုပါတွေ့နေရတယ်။ နိူင်ငံတစ်ဝန်း တိုက်ပွဲများတွင် အထိနာနေသောစစ်ကောင်စီတပ်သည် အရပ်သားပြည်သူများကိုပါ လေကြောင်းမှဗုံးကြဲခြင်း၊လက်နက်ကြီးများပစ်ခတ်ခြင်းများပိုမိုပြုလုပ်လာတာကြောင့်ဒီလိုဖြစ်ရပ်မျိုးတွေတနိုင်ငံလုံးမှာလူသိရှင်ကြားရောလူမသိသူမသိရောအများအပြားဖြစ်ပေါ်နေဆဲပါပဲ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


