ရခိုင်ပြည်နယ်ထဲကတိုက်ပွဲတွေအတွင်းမှာအေအေတပ်တော်ကစစ်ကောင်စီရဲ့ရဟတ်ယာဉ်တစ်စီးကိုပစ်ချနိုင်ခဲ့ပါတယ်။တောတွင်းတနေရာမှာပျက်ကျနေတဲ့ရဟတ်ယာဉ်နဲ့ရိုက်ထားတဲ့အေအေစစ်သားတွေရဲ့ဓတ်ပုံကိုအေအေကထုတ်ပြန်ထားတယ်။ထိုရဟတ်ယာဉ်မှာပလက်ဝဒေသတိုက်ပွဲတွေမှာအေအေကပစ်ချနိုင်လိုက်တာလို့သိရတယ်။ဒါ့ကြောင့်စစ်ကောင်စီရဲ့လေတပ်ရဲ့တိုက်လေယာဉ်နဲ့ရဟတ်ယာဉ်တွေကိုပစ်ချနိုင်တဲ့အဖွဲ့တွေထဲမှာရခိုင်ကအေအေတပ်တော်ပါဝင်လာတယ်။
တကယ်တော့၂၀၂၄ဟာစစ်ကောင်စီလေတပ်အတွက်ကြမ္မာငင်တဲ့နှစ်လို့ပြောလို့ရတယ်။ဒီနှစ်ဆန်းမှာတင်လေတပ်ရဲ့လေယာဉ်ရဟတ်ယာဉ်ငါးစီးခန့်ပျက်ကျသို့မဟုတ်ဖျက်ချခြင်းခံလိုက်ရတယ်။ဇန်နဝါရီလ၃ရက်နေ့မှာပဲကချင်ပြည်နယ်မှာရဟတ်ယာဉ်တစ်စီး၊ပြီးတော့ရှမ်းမြောက်နမ့်ဖက်ကာမှာတိုက်လေယာဉ်တစ်စီး၊အိန္ဒိယမှာထွက်ပြေးသွားတဲ့စစ်သူပုန်တွေကိုသွားကြိုတဲ့လေယာဉ်တစ်စီးလဲသုံးပိုင်းကျိုးသွားသေးတယ်။မကြာသေးခင်ကပဲကရင်ပြည်နယ်မှာVIPရဟတ်ယာဉ်တစ်စီးပစ်ချခံလိုက်ရသေးတယ်။အခုလဲအေအေကတစ်စီးပစ်ချထားတယ်။နွေဦးတော်လှန်ရေးကာလအတွင်းပျက်ကျပစ်ချခံလိုက်ရတဲ့အရေအတွက်တွေပါထည့်ပေါင်းမယ်ဆိုရင်စစ်ကောင်စီဘက်ကဆုံးရှုံးသွားတာ၁၀စီးကျော်ရှိနေပါပြီ။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


