ဘဏ္ဏာရေးအကြပ်အတည်းကြုံတွေလာနေတဲ့စစ်ကောင်စီဟာပြည်သူတွေဆီကငွေကိုအခွန်ပေါင်းစုံကောက်ပြီးညှစ်ယူဖို့လုပ်ဆောင်လာနေတယ်။အခုလဲစစ်ကောင်စီလက်အောက်ခံကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနကမော်တော်ယာဉ်မှတ်ပုံတင်ကြေးတွေကိုသုံးဆခန့်မြှင့်တင်ကောက်ခံသွားမယ်လို့ထုတ်ပြန်လိုက်တယ်။မော်တော်ယာဉ်ဝန်ဆောင်မှုလုပ်ငန်းပိုင်းနဲ့ပတ်သက်ပြီးကျပ်ငါးသောင်းမှတသိန်းခွဲ၊ကျပ်တစ်သိန်းမှသုံးသိန်းအထိတိုးမြှင်းကောက်ခံမှာဖြစ်တယ်။ကားတွေကနှစ်တိုင်းလိုင်စင်ဝင်ရတာဆိုတော့အခြားအရာတွေထက်စာရင်ကောက်ရလွယ်တယ်လေ။ကားကမသုံးပဲနေလို့မရတော့ပေးရမှာပဲ။သူတို့စိတ်ကြိုက်ကိုကောက်နေကြတာပါ။ မော်တော်ယာဉ်အခွန်တွေတိုးလာပေမယ့်လမ်းတွေကတော့ကောင်းမလာပါဘူး။စက်သုံးဆီဈေးနှုန်းတွေဆိုပိုတောင်တက်လာသေးတယ်။အခုဆိုရင်စက်သုံးဆီတစ်လီတာကို၂၅၀၀ကျော်လာပါပြီ။ဒေါ်လာဈေးတွေတက်နေတဲ့အတွက်စက်သုံးဆီဈေးကတော့ကျလာမယ်မထင်ဘူး။စစ်ကောင်စီလက်ထက်မှာအရာအားလုံးအတက်ကြီးပါပဲ။
Read moreDetailsစစ်ကောင်စီကကုန်ဈေးနှုန်းတွေထိန်းချုပ်ဖို့ဆိုပြီးစီးပွားရေးလုပ်ငန်းရှင်တစ်ရာကျော်ကိုဖမ်းဆီးလိုက်ပြီးနောက်စစ်ကောင်စီ၏နိုင်ငံခြားငွေကြီးကြပ်ရေးကော်မတီအတွင်းရေးမှုးဗိုလ်ချုပ်ရန်နောင်စိုးနဲ့ထိပ်တန်းအရာရှိအချို့ပါဆက်တိုက်ဖမ်းဆီးခံလိုက်ရတယ်။ဖမ်းဆီးခံရသူများထဲတွင်စစ်ဗိုလ်ချုပ်ရန်နောင်စိုး၊စားသုံးသူရေးရာညွန့်ကြားရေးမှုးချုပ်၊ ညွန့်ကြားရေးမှုး ၅ ဦး ပါပါဝင်လာတယ်။ဒေါ်လာကိစ္စ၊ ပါမစ်ကိစ္စတွေလို့ကြားတယ်။ စားအုန်းဆီလုပ်ငန်းရှင်တွေကို စစ်ရင်း ပေါ်တာလို့သိရတယ်။ အာဏာသိမ်းစစ်ကောင်စီက သွင်းကုန်လိုင်စင်များကန့်သတ်ခဲ့ပြီးနောက်သွင်းကုန်လိုင်စင်ရသူများနှင့်ဗဟိုဘဏ်ဈေးဖြင့်ဒေါ်လာဝယ်ယူခွင့်ရသူများကိုဗိုလ်ချုပ်ရန်နောင်စိုးထောက်ခံချက်ပေးရခြင်းဖြစ်တယ်။ဒါ့အပြင်သူဟာစစ်ကောင်စီဖွဲ့စည်းထားသည့်ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုမှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီမှာလည်းအတွင်းရေးမှူးရာထူးရယူထားတယ်။အခုနောက်ပိုင်းအဖမ်းအဆီးကြမ်းလာတဲ့စစ်ကောင်စီဟာစီးပွားရေးကျဆင်းမှုအတွက်လုပ်ငန်းရှင်တွေကိုလက်ညိုးထိုးအပစ်ပုံချရင်းနဲ့ပဲသူ့လူတွေကိုပါပြန်လည်ဖမ်းဆီးလာရတဲ့အခြေအနေကိုရောက်ရှိလာပါပြီ။
Read moreDetailsရန်ကုန်တိုင်းအတွင်းရှိ စတိုးဆိုင်၊ စားသောက်ဆိုင်နှင့် စျေးဝယ်စင်တာများမှာ စစ်တပ်ထုတ် မြန်မာဘီယာ နှင့် စစ်တပ်ထုတ် ထုတ်ကုန်များ တင်ရောင်းချရန် စစ်ကောင်စီနှင့်စည်ပင်က ဆိုင်ပိုင်ရှင်များနှင့် စီးပွားရေးသမားများကို ဖိအား ပေး ခြိမ်းခြောက်နေတယ်။ စစ်တပ်နှင့်စည်ပင်က ရန်ကုန်မြို့လယ်ခေါင် တရုတ်တန်း ၁၉...
Read moreDetailsကြီးမြင့်လာတဲ့အထွေထွေကုန်ဈေးနှုန်းတွေကိုထိန်းချုပ်ဖို့ဆိုပြီးစစ်ကောင်စီကကုန်ဈေးနှုန်းရေးကော်မတီဖွဲ့တယ်။ထိန်းချုပ်ပုံထိန်းချုပ်နည်းကတော့စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကိုလိုက်ဖမ်းတော့တာပါပဲ။ပထမဒေါ်လာအရောင်းအဝယ်လုပ်တဲ့သူတွေကိုဖမ်းတယ်။ရွှေဈေးတက်လို့ဆိုပြီးရွှေဆိုင်ပိုင်ရှင်တွေကိုဖမ်းတယ်။အခုလတ်တလောမှာတော့စားသုံးဆီလုပ်ငန်းရှင်တွေကိုဖမ်းတယ်။နောက်ပိုင်းမှာတော့ပြောင်းနှင့်ဆန်တင်ပို့သူများ၊ စက်သုံးဆီတင်သွင်းသူများ၊ဘဏ်လုပ်ငန်းရှင်များပါတွေ့သမျှအကုန်ဖမ်းဆီးတော့တာပါပဲ။အခုလောလောဆယ်အထိလုပ်ငန်းရှင်၁၀၀ကျော်ကိုဖမ်းဆီးထားတယ်လို့သိရတယ်။စစ်ကောင်စီဟာပြီးခဲ့တဲ့အစည်းအဝေးတွေတုန်းကတော့လုပ်ငန်းရှင်တွေကိုကုန်ဈေးနှုန်းတွေကစားရင်နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ငွေကြေးလိမ်လည်မှု၊နိုင်ငံခြားသုံးငွေကြေးကစားမှုတို့ဖြင့်တရားစွဲပြီးထောင်ဒဏ်၃၅နှစ်ချမည်ဟုခြိမ်းခြောက်ထားသေးတယ်။တချို့လုပ်ငန်းရှင်တွေလဲရှောင်နေရပြီ။စစ်ကောင်စီဟာတဖြည်းဖြည်းနဲ့ထွက်ပေါက်ပိတ်လာချိန်မှာလူတန်းစားမရွှေးဒုက္ခပေးနေတာအခုလုပ်ငန်းရှင်ကြီးတွေအလှည့်ရောက်လာပြီပေါ့။
Read moreDetailsနိုင်ငံခြားငွေရပေါက်ရလမ်းပိုနည်းလာသည့်စစ်ကောင်စီကနိုင်ငံခြားငွေရရှိရန်ပြည်သူတွေရဲ့ချွေးနည်းစာကိုအဓ္ဓမသိမ်းယူဖို့နောက်တမျိုးကြံစည်လာပြန်တယ်။ ပြည်ပတွင်သွားရောက်လုပ်ကိုင်နေသူများက ပြည်တွင်းသို့ ပြန်ပို့သောလစာ၏၂၅ရာခိုင်နှုန်းကိုစစ်ကောင်စီထိန်းချုပ်ထားသည့်ဘဏ်စနစ်များမှမဖြစ်မနေငွေလွှဲရမည်ဖြစ်ပြီးမလွှဲပါက ပြည်ပအလုပ်ထွက်လုပ်ခွင့် ၃ နှစ်ပိတ်မယ်လို့ခြိမ်းခြောက်လိုက်ပြီ။ ထိုသို့ငွေလွှဲရာတွင် စစ်ကောင်စီထိန်းချုပ်ထားပြီး ၎င်းတို့ စိတ်ကြိုက်သတ်မှတ်ထားသည့် ငွေလွှဲနှုန်းအတိုင်းဖြင့်သာ ငွေလွှဲရမည်ဖြစ်တယ်။ထိုအချက်ကို အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများနှင့် အလုပ်သမားများကြား သဘောတူစာချုပ်ချုပ်ဆိုထားရမည်ဟုပြောထားတယ်။အဲ့ဒီတော့အလုပ်သမားတွေဟာပေါက်ဈေးအတိုင်းမရတော့ပဲစစ်ကောင်စီနှိမ်ပြီးဝယ်ယူတဲ့ဈေးနှုန်းအတိုင်းသာရရှိမှာပါ။လက်ရှိအလုပ်သမားအများစုဟာဟွန်ဒီစနစ်ဖြင့်ငွေလွှဲပေးပို့နေကြပြီးစစ်ကောင်စီသတ်မှတ်ထားသည့်ငွေလွှဲနှုန်းသည်ပြင်ပပေါက်ဈေးဖြင့်အလွန်ကွာခြားနေတယ်။နိုင်ငံခြားတိုင်းပြည်တွေကမြန်မာလုပ်သားတွေအတွက်ဘာတခုမှ အဆင်ပြေအောင် မလုပ်ပေးဘဲနဲ့သူတို့လိုချင်တဲ့ ဒေါ်လာရဖို့ကိုပဲကြိုးစားနေကြတယ်။
Read moreDetailsအခြေခံစားကုန်တွေအတွက်ပြည်သူတွေတန်းစီဝယ်ယူနေရတဲ့ဒုက္ခကကြီးမားလွန်းလှပါတယ်။စားသုံးဆီငါးဆယ်သား၊ဆန်တပြည်လောက်ရဖို့အရေးမနက်အစောကြီးထပြီးအလုပ်ပျက်ခံတန်းစီနေကြရရှာတယ်။စားအုန်းဆီလုပ်ငန်ရှင်တစ်ဦးကတော့ပြည်တွင်း၌ တင်သွင်းထားသော စားအုန်းဆီလက်ကျန် ဆီပေပါ ၁၅,၀၀၀ကျော်သာကျန်တော့ပြီးထိုဆီကုန်လျှင် စစ်ကောင်စီမည်သို့လုပ်မည်မသိရသေးဟုပြောတယ်။ စစ်ကောင်စီကဈေးကွက်ထဲတွင်စားအုန်းဆီရောင်းချခြင်းကို တားမြစ်ထားပြီး စာအုန်းဆီတစ်ပိဿာလျှင် ငွေကျပ်၄၅၀၀ဖြင့်ဆီကုန်သည်များကိုရောင်းချပေးရန်ခြိမ်းခြောက်ညွှန်ကြားထားတယ်။ဒါ့အပြင်ဆီအသင်းဥက္ကဌ အပါအဝင်လုပ်ငန်းရှင်များကို စားအုန်းဆီဈေးတက်၍ဟုဆိုကာ ဖမ်းဆီးထားတယ်။ထိုကြောင့် စာအုန်းဆီကို ဈေးဆိုင်များက မရောင်းရဲတော့ဘဲ စစ်ကောင်စီက တစ်ပိသာလျှင် ၄၅၀၀ ကျပ်ဖြင့်ရောင်းရမည်ဆိုကာ...
Read moreDetailsဒေါ်လာဈေးတွေအဆမတန်ကြီးမြင့်လာပြီးနောက်ပြည်တွင်းမှာအထွေထွေကုန်ဈေးနှုန်းပါလိုက်ပါမြင့်တက်လာခဲ့တယ်။အခြေခံစားကုန်တွေဖြစ်တဲ့ဆန်ဈေးဆီဈေးတွေပါအပါအဝင်ပေါ့။အခုနောက်ပိုင်းမှာစစ်ကောင်စီဟာမြင့်တက်လာတဲ့ဈေးနှုန်းတွေကိုအတင်းအကြပ်ထိန်းချုပ်ဖို့ကြိုးစားလာတယ်။ဈေးကွက်စီးပွားရေးစနစ်မှာဈေးကွက်ကိုထိန်းချုပ်လို့မရနိုင်တဲ့အတွက်အခုလိုလုပ်ဆောင်နေတာကြောင့်ပစ္စည်းပြတ်လပ်မှုတွေဖြစ်ပေါ်လာနေပါပြီ။စစ်ကောင်စီကစားအုန်းဆီဈေးကွက်နဲ့ဆန်ကိုထိန်းချုပ်ထားပြီး ၎င်းတို့သတ်မှတ်ထားသည့် ဈေးဖြင့်တန်းစီစနစ်ဖြင့်ပမာဏကန့်သတ်၍ရောင်းချနေသောကြောင့်ပြီးတဲ့ခဲ့ရက်တွေကစပြီးပြည်သူတွေဟာဆန်တွေဆီတွေကိုတန်းစီတိုးကြိတ်ပြီးဝယ်ယူနေရပြီ။ဒီမိုကရေစီအစိုးရတွေလက်ထက်မှာတုန်းကမကြုံဖူးတာတွေကိုစတင်ကြုံတွေ့နေရပြီ။ စစ်အာဏာသိမ်းပြီးနောက်၂၀၂၁ခုနှစ်မှာကိုဗစ်ကြောင့်အောက်ဆီဂျင်တွေတန်းစီရတယ်။၂၀၂၂ခုနှစ်မှာကျတော့ဘဏ်တွေကငွေသားအလုံအလောက်မထုတ်ပေးနိုင်တော့လို့ငွေထုတ်တန်းစီရတယ်။အခု၂၀၂၃မှာဆန်တွေဆီတွေဝယ်ယူဖို့တန်းစီနေရတယ်။စစ်အုပ်စုမပြုတ်ကျသ၍၂၀၂၄မှာဘာတွေတန်းစီရဦးမလဲမသိနိုင်ဘူး။
Read moreDetailsမနေ့ကထုတ်ပြန်ခဲ့တဲ့NUGရဲ့အစီရင်ခံစာထဲမှာဒီနှစ်နှစ်အတွင်းသိသာတဲ့တိုးတက်မှုတွေရှိလာခဲ့တာတော့ငြင်းမရပါဘူး။ဒါပေမယ့်ဒီခရီးဟာအရှည်ကြီးကျန်သေးတယ်။လက်ရှိအချိန်မှာစစ်ကောင်စီနဲ့သူ့ရဲ့စစ်တပ်ကိုဖိအားပေးထားနိုင်ပေမယ့်အမြစ်ဖြတ်သုတ်သင်နိုင်တဲ့အခြေအနေတော့မရှိသေးဘူး။ထိုအခြေနေမျိုးရရှိဖို့ကလဲNUGကတစိုက်မတ်မတ်ပြောနေတဲ့တစ်ခုတည်းသောအမိန့်ပေးမှုစနစ်COCဟာစစ်ရေးမှာမရှိမဖြစ်လိုအပ်နေတယ်။အဲ့ဒီအတွက်ကိုလဲတော်လှန်ရေးအင်အားစုတွေကြိုးစားနေကြတယ်။ စစ်ရေးပိုင်းမှာရှေ့ရောက်နေပေမယ့်နိုင်ငံရေးပိုင်းမှာတော့တိကျတဲ့ရည်မှန်းချက်ဒါမှမဟုတ်သဘောတူညီချက်တစ်ခုအခုထိမရှိသေးပါဘူး။ဒါဟာလဲအားနည်းချက်တစ်ဖြစ်တယ်။နိုင်ငံရေးရည်မှန်းချက်မရှိပဲနိုင်ငံတကာအကူအညီဆိုတာမရနိုင်ပါဘူး။ဒီအချက်ဟာနှစ်နှစ်ကျော်လာပီဖြစ်တဲ့တော်လှန်ရေးမှာအဓိကလိုအပ်ချက်အဖြစ်ရှိနေတယ်။ဒီအချက်ကိုမကျော်လွားနိုင်ရင်တော့တော်လှန်ရေးသက်ဆိုးရှည်ကြပေလိမ့်ဦးမယ်။
Read moreDetailsNUGကခုခံတော်လှန်စစ်နှစ်နှစ်ပြည့်အစီရင်ခံစာတစ်ခုကိုထုတ်ပြန်လိုက်တယ်။ထိုအစီရင်ခံစာထဲမှာတော့NUGကတပ်ရင်း၃၀၀ကျော်ဖွဲ့စည်းထားပြီးပြီဖြစ်ကြောင်း၊ဒီနှစ်နှစ်အတွင်းမှာစစ်ကောင်စီတပ်တွေနဲ့တိုက်ပွဲပေါင်း၉၉၀၀ကျော်ဖြစ်ပွားခဲ့ပြီးရန်သူအင်အားသုံးသောင်းကျော်ခြေမှုန်းထားနိုင်ကြောင်း၊ထွက်ပြေးသူလက်နက်ချသူတစ်သောင်းကျော်ရှိကြောင်း၊ဒါ့ကြောင့်ရန်သူစုစုပေါင်းအင်အားရဲ့၁၅ရာခိုင်နှုန်းခန့်ပြုန်းတီးသွားပြီဖြစ်ကြောင်းတင်ပြထားတယ်။ ပထမနှစ်နဲ့ဒုတိယနှစ်ကိုနှိုင်းယှဉ်ပြီးပထမနှစ်ကိုမဟာဗျူဟာခံစစ်ကာလ၊ဒုတိယနှစ်ကိုထိုးစစ်အကြိုကာလအဖြစ်သတ်မှတ်ထားတယ်။ဒုတိယနှစ်အတွင်းစခန်းသိမ်းတိုက်ပွဲ၃ဆကျော်တိုးမြှင့်ဆင်နွှဲနိုင်ခဲ့ကြောင်းယခုအချိန်မှာမဟာဗျူဟာမြောက်ထိုးစစ်အတွက်ပြင်ဆင်မှုတွေလုပ်နေကြောင်းလဲတင်ပြထားတယ်။
Read moreDetailsကျင်းပနေတဲ့အာဆီယံထိပ်သီးအစည်းအဝေးမှာစစ်ကောင်စီကိုအရှိုက်ထိစေမယ့်ဆုံးဖြတ်ချက်တစ်ခုကိုတော့ချမှတ်နိုင်ခဲ့တယ်။အဲ့ဒါကတော့၂၀၂၆မှာအလှည့်ကျဥက္ကဌနေရာရမယ့်မြန်မာကိုနေရာမပေးပဲဖိလစ်ပိုင်နိုင်ငံကိုလွဲပြောင်းပေးလိုက်တာပဲ။ဒီဆုံးဖြတ်ချက်ကိုစစ်ကောင်စီကိုတောင်မတိုင်ပင်ပဲအာဆီယံအဖွဲ့အဝင်နိုင်ငံတွေချမှတ်ခဲ့ကြတယ်။စစ်ကောင်စီအတွက်အလွန်ရှက်စရာကောင်းတယ်။စစ်ခေါင်းဆောင်တွေဟာလုံးဝလူရာမဝင်တော့ပါဘူး။ ဒီလိုဖြစ်ရပ်မျိုးအရင်စစ်အစိုးရခေတ်ကကြုံဖူးသေးတယ်။ဦးသန်းရွှေလက်ထက်မြန်မာနိုင်ငံကအာဆီယံအလှည့်ကျဥက္ကဌတာဝန်ယူရတော့မယ့်အချိန်မှာအမေရိကန်နဲ့အီးယူကအပြင်းအထန်ကန့်ကွက်လို့စွန့်လွတ်ခဲ့ရဘူးတယ်။အခုအခြေအနေကတော့အဲ့ဒီတုန်းကထပ်ပိုဆိုးတယ်။စစ်ခေါင်းဆောင်တွေဟာနိင်ငံရေးထွက်ပေါက်ပိတ်နေပါပြီ။
Read moreDetailsYou can copy without credits to our site. We Need Freedom.