စစ်မှုထမ်းဥပဒေကြောင့်စစ်ကောင်စီလက်အောက်နယ်မြေတွေကပြည်သူတွေအတွက်အကျိုးသက်ရောက်မှုတွေရှိလာနေသလိုပဲတော်လှန်ရေးလွတ်မြောက်နယ်မြေတွေမှာလဲသက်ရောက်မှုတွေရှိလာတယ်။ဒါကတော့တနိုင်ငံလုံးကတော်လှန်ရေးအဖွဲ့တွေထံလူငယ်တွေအလုံးအရင်းနဲ့ဝင်ရောက်လာတာပဲ။စစ်ကောင်စီလက်အောက်နယ်မြေတွေကထွက်ပြေးဝင်ရောက်လာတဲ့လူငယ်တွေများပြားလွန်းလို့အကုန်လုံးကိုလက်ခံနိုင်ဖို့တောင်အခက်အခဲရှိနေတယ်။တော်လှန်ရေးအဖွဲ့တွေဆိုတာနဂိုကတည်းကဘဏ္ဏာရေးအခက်အခဲတွေအနည်းနဲ့အများရှိနေကြတာကြီးပဲ။ဒီလိုအခြေအနေမှာဝင်ရောက်လာသူအားလုံးကိုလက်ခံပေးဖို့ခက်ပါတယ်။လက်နက်တပ်ဆင်ပေးဖို့ဆိုတာပိုလို့တောင်ဝေးပါသေးတယ်။NUGလိုသက်ဆိုင်ရာနိုင်ငံရေးဦးဆောင်မှုပေးတဲ့အဖွဲ့အစည်းတွေကလဲအခုချိန်ထိဒီကိစ္စအတွက်ဘာမှမစီစဉ်ပေးနိုင်သေးပါဘူး။ဒီအချိန်မှာမှထိရောက်တဲ့တုန့်ပြန်မှုတစ်ခုခုမလုပ်နိုင်ရင်ထိုဥပဒေဟာတဖြည်းဖြည်းနဲ့ကောင်းကောင်းလည်ပတ်သွားလိမ့်မယ်။ထိုကဲ့သို့ဖြစ်လာရင်အနာဂတ်မှာတော်လှန်ရေးအတွက်အတော်အန္တရာယ်ကြီးလာလိမ့်မယ်။
ဒီဇင်ဘာ ၀၆၊ ၂၀၂၅။ (စနေ)
မနေ့ကဒေါက်တာတေဇာဆန်းဆန္ဒပြသွားတဲ့စျေးချိုတော်နားကမနက်ခင်းလမ်းဘေးစျေးလေးကိုစစ်အုပ်စုကလာရောက်ဖျက်စီးသွားတယ်။ပြည်သူက်ုအကြောက်တရားသွင်းပြီးတော်လှန်ရေးကိုမထောက်ခံရဲအောင်ပြုလုပ်နေတာပဲ။ဒေါက်တာတေဇာဆန်းကိုလဲမြို့အနှံရှာဖွေနေကြတယ်။ မနေ့ကသပိတ်ခေါင်းဆောင်တွေကဒီလ၁၀ရက်နေ့မှာအသိတိတ်သပိတ်တစ်ခုပြုလုပ်သွားမယ်လို့ပြောသွားတယ်။စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းပြဖို့ပြည်သူတရပ်လုံးပါဝင်နိုင်တဲ့အကောင်းဆုံးနည်းလမ်းဟာအသံတိတ်သပိတ်ပါပဲ။အာဏာသိမ်းပီးတဲ့နောက်အခါအားလျော်စွာပြုလုပ်ဖို့ဆော်သြကြပေမယ့်နောက်ဆုံးပြုလုပ်ခဲ့တဲ့အသံတိတ်သပိတ်ဟာတော့အောင်မြင်ခြင်းမရှိခဲ့ပါဘူး။ဒီတကြိမ်မှာတော့ဘယ်လိုဖြစ်လာမလဲမသိဘူး။


