ရန်ကုန်၊မန္တလေး၊နေပြည်တော်အပါအဝင်မြို့ကြီးတွေမှာအရပ်သားတွေစစ်ထဲဝင်ဖို့ဆင့်ခေါ်စာတွေလက်ခံရရှိနေကြပြီဖြစ်ပါတယ်။ဆင့်ခေါ်ခံရသူကိုကာလတိုစစ်သင်တန်းပေးမှာဖြစ်ပြီးအလှည့်ကျစနစ်နဲ့ရှေ့တန်းထွက်ရမယ်လို့ဆိုတယ်။အရင်က၆လသင်တန်းတက်ရမယ်လို့ဆိုပေမယ့်အခုတော့၃လလောက်ပဲသင်တန်းပေးမယ့်ပုံပဲ။တချို့ဒေသတွေမှာတော့မြို့ပေါ်မှာပဲလုံခြုံရေးယူရမယ်လို့ပြောနေပေမယ့်အာမခံချက်မရှိပါဘူး။ဆင့်ခေါ်စာရရှိပြီးနောက်စစ်တပ်ကသတ်မှတ်တဲ့နေရာကိုမလာရောက်ပဲရှောင်နေမယ်ဆိုရင်ဖမ်းဆီးမယ်လို့ခြိမ်းခြောက်ထားတယ်။ထွက်ပြေးရင်ကျန်တဲ့မိသားစုဝင်ထဲကထပ်ခေါ်မယ်တဲ့။ရပ်ကွက်တွေထဲမှာမဲနှိုက်တဲ့အဆင့်အထိရောက်နေပြီ။တချို့နေရာတွေဆိုဆေးစစ်တဲ့အဆင့်အထိရောက်နေပြီ။ဆေးစစ်တယ်ဆိုပေမယ့်ဟန်ပြပါပဲ။အခုတစ်ခေါက်ဆေးမအောင်လဲနောက်တစ်ခေါက်အောင်နိုင်တယ်လေ။စစ်မှုထမ်းဖို့မဲနှိုက်ရတဲ့ရပ်ကွက်တွေမှာတော့အထိတ်တလန့်ဖြစ်နေကြတယ်။
ထိုအခြေအနေတွေကြောင့်ရန်ကုန်တိုင်းအတွင်းရပ်ကွက်တချို့မှာစစ်မှုထမ်းဖို့မဲနှိုက်ရာမှာမဲပေါက်လို့စစ်မှုမထမ်းလိုသူတွေအနေနဲ့သက်ဆိုင်ရာရပ်ကွက်ရုံးကိုသိန်းဆယ်ချီပေးပြီးလွတ်အောင်လုပ်နေကြတာတွေရှိလာတယ်။စစ်မှုမထမ်းလိုရင်ကျပ်သိန်း၅၀လောက်အထိပေးဖို့ဈေးခေါ်တာတွေရှိလာတယ်။ရပ်ကွက်တစ်ခုနဲ့တစ်ခုတော့မတူဘူးပေါ့။ဒါ့ကြောင့်ဒီဥပဒေဟာစစ်ကောင်စီဘက်တော်သားအောက်ခြေအုပ်ချုပ်ရေးအဖွဲ့တွေအတွက်ငွေရှာပေါက်တစ်ခုဖြစ်လာတာကြောင့်သူတို့တွေကလဲပျော်ပျော်ကြီးလူသစ်စုဆောင်းနေကြတာပေါ့။