ခန့်အပ်ခံထားပြီးကတည်းကပျောက်ချင်းမလှပျောက်နေတဲ့အာဆီယံကိုယ်စားလှယ်ကဒီနေ့ထယောင်တယ်။စစ်ကောင်စီကသူ့ကိုဒေါ်အောင်ဆန်းစုကြည်နဲ့ပေးမတွေ့စိတ်ပျက်နေတယ်တဲ့။ဒေါ်အောင်ဆန်းစုကြည့်နဲ့တွေ့ခွင့်ရဖို့အရေးတောင်မာမာထန်ထန်မပြောနိုင်တဲ့အာဆီယံပါ။ တဖက်မှာလဲဒေါ်အောင်ဆန်းစုကြည်ဟာစစ်ကောင်စီမတရားအမှုဆင်ထားတဲ့အမှုအနည်းဆုံးငါးခုလောက်ကိုရင်ဆိုင်ဖြေရှင်းနေရတယ်။ဦးဖြိုးမင်းသိန်းပါသူမအမှုထဲစွဲထည့်ခံနေရတယ်။သူမကိုဘယ်မှာဖမ်းဆီးထားမှန်းလဲသေချာမသိဘူး။ မင်းအောင်လှိုင်ဟာဒေါ်အောင်ဆန်းစုကြည်အပေါ်သူ့ဆရာသန်းရွှေထပ်ကိုအငြိုးကြီးစွာထားနေပုံရတယ်။ဆင်ထားတဲ့အမှုတွေအရဒေါ်အောင်ဆန်းစုကြည်ဟာသူမရဲ့ကျန်တဲ့လူ့သက်တမ်းကိုထောင်ထဲကုန်ဆုံးသွားမှာဖြစ်တယ်။သူမအတွက်ဘယ်လိုမှမတရားဘူး။ဒါကြောင့်တော်လှန်ရေးဟာမြန်မြန်အောင်မြင်မှသူမလွှတ်မြောက်နိုင်လိမ့်မယ်။
Read moreDetailsစစ်ကိုင်းတိုင်းပုလဲမြို့နယ်မှာပဲစစ်ကောင်စီရဲ့အစီးရှစ်ဆယ်ကျော်ပါတဲ့ယာဥ်တန်းဒီနေ့မိုင်းထပ်ထိပြန်တယ်။ထိုယာဉ်တန်းဟာချင်းပြည်ဘက်တက်မှာလို့ကြားတယ်။ခုတော့မိုင်းထိတဲ့နေရာမှာရပ်နေပြီတဲ့။ စစ်သူပုန်တွေဟာချင်းပြည်နယ်ကိုပြန်လည်ထိန်းချုပ်နိုင်ဖို့နည်းမျိုးစုံနဲ့ကြိုးစားနေတယ်။သူတို့အတွက်ခက်ခဲနေတာကချင်းပြည်နယ်သွားတဲ့လမ်းမှာအင်အားကောင်းတဲ့PDFတွေရှိတဲ့ဒေသနှစ်ခုလောက်ခံနေတယ်။ယင်းမာပင်၊ပုလဲ၊ကနီနယ်တွေဟာစစ်သူပုန်တွေပထမဆုံးဖြတ်ကျော်ရမယ့်ဒေသပဲ။အဲ့ဒါကြောင့်ထိုနယ်မြေကိုစစ်ဆင်ရေးလုပ်ဖို့ပီးခဲ့တဲ့လထဲကစိုင်းပြင်းနေခဲ့တာပါ။ခုဆိုမုံရွာမြို့ပေါ်မှာတပ်အင်အားတွေစုနေပြီးဒီလကိုးရက်နေ့ကိုစစ်ဆင်ရေးစမယ်လို့သတင်းတွေထွက်နေတယ်။ဟုတ်မဟုတ်တော့မသိပေမယ့်အဲ့ဒီဒေသမှာတော့ရက်ပိုင်းအတွင်းတိုက်ပွဲတွေပြင်းထန်လာမှာကျိန်းသေတယ်။
Read moreDetailsဒီနေ့ကတော့ထူးထူးခြားခြားနိုင်ငံအနှံကတိုက်ပွဲတွေကြောင့်စစ်ခွေးတစ်ရာကျော်သေဆုံးသွားတယ်။တိုက်ပွဲတွေကတော့နေရာအစုံပါပဲ။ချင်းပြည်နယ်၊ကယားပြည်နယ်၊စစ်ကိုင်းတိုင်းကဆိုရင်အထက်ပိုင်းမှာရော၊အနောက်ပိုင်းမှာရော၊အလယ်ပိုင်းမှာရောပဲ။အထူးသဖြင့်စစ်ကိုင်းတိုင်းအလယ်ပိုင်းကပုလဲမြို့နယ်လေးမှာPRAဆိုတဲ့အဖွဲ့ကမိုင်းဆွဲတိုက်ခိုက်လို့စစ်သူပုန်၆၁ယောက်သေဆုံးတယ်လို့သတင်းထုတ်ပြန်တယ်။ဒီနေ့လိုမျိုးစစ်သူပုန်တွေရာဂဏန်းထိကျတဲ့နေမျိုးများများဖြစ်လာပါစေလို့ဆုတောင်းမိတယ်။
Read moreDetailsအောက်တိုဘာလထဲရောက်လာပြီ။မကြာခင်မိုးခေကင်းလွတ်သတင်းကျွတ်တော့မယ်။သတင်းကျွတ်ပီးတော့တဆောင်တိုင်၊ပီးတော့NewYear၊အရင်ဆိုပျော်ပွဲရွှင်ပွဲတွေတောက်လျောက်ဆက်နေတဲ့ကာလပေါ့။မိုးအကုန်ဆောင်းအဝင်မှာရာသီဥတုကောင်းလို့လူတွေခရီးတွေစုပြုံထွက်လေ့ရှိကြတယ်။ အခုတော့ဘာပျော်ပွဲရွှင်ပွဲမှမလုပ်နိုင်ကြတော့ဘူး။လူတွေလဲပူပင်သောကတွေနဲ့မပျော်နိုင်တာနှစ်နှစ်ရှိသွားပြီ။မနှစ်ကကိုဗစ်ကြောင့်ဆိုရင်ဒီနှစ်ကတော့ကိုဗစ်ထက်အဆပေါင်းများစွာဆိုးတဲ့အာဏာရူးတွေကြောင့်တိုင်းပြည်ကပျက်စီးသွားပြီ။ဒီကာလကြီးကိုအချိန်ဘယ်လောက်ကြာကြာလျောက်လှမ်းရမယ်မှန်းဘယ်သူမှမသိနိုင်ဘူး။
Read moreDetailsဒီနေ့နေပြည်တော်ကစစ်ရုံးထဲမှာပေါက်ကွဲမှုဖြစ်ပွားတယ်။လူသူထိခိုက်မှုမရှိပေမယ့်ပေါက်ကွဲမှုဖြစ်ပွားတဲ့နေရာကစစ်တပ်အတွင်းစီးလို့ပြောလို့ရတဲ့ရုံးဖြစ်နေတယ်။တော်လှန်ရေးမှာဖရဲသီးလို့ခေါ်ကြတဲ့သူ့လူကိုယ့်ဘက်သားတွေစတင်လက်စွမ်းပြနေပြီပေါ့။ဒီကာလမှာတောက်လျောက်ငြိမ်ဝပ်ပိပြားနေတဲ့စစ်ကောင်စီရဲ့ဌာနချုပ်နေပြည်တော်မှာတောင်ဒီရက်ပိုင်းပေါက်ကွဲမှုတွေ၊ပစ်ခတ်မှုတွေခပ်စိတ်စိတ်ဖြစ်ပေါ်လာနေတယ်။ ရန်ကုန်နဲ့မန္တလေးမှာတော့နည်းနည်းငြိမ်သွားတယ်။ဟိုရက်တွေကအဖမ်းအဆီးတွေကြမ်းနေတာလဲပါမှာပေါ့။UG တွေလဲခဏကိုယ်ရောင်ဖျောက်နေတာထင်တယ်။
Read moreDetailsစက်တင်ဘာလရဲ့နောက်ဆုံးနေ့လေးဟာအံ့သြမှင်သက်မှုတွေနဲ့စတင်ခဲ့တယ်။ မနက်အိပ်ရာထမနက်စာစားဖို့လက်ဖက်ရည်ဆိုင်သွားတော့လက်ဖက်ရည်တခွက်တစ်ထောင်ဖြစ်သွားပြီ။ပိုက်ဆံအိတ်လေးကိုမသိမသာစမ်းကြည့်မိလိုက်သေးတယ်။စျေးကဟင်းချက်စရာတွေဝယ်ပြီးပြန်လာတဲ့အမေကညည်းတယ်။စျေးထဲမှာကန်စွန်းရွက်ကအစအသားငါးအဆုံးစျေးတွေထိုးတက်ကုန်ပြီတဲ့။သူ့ကိုလဲဘာမှပြန်ပြောချင်တော့။ဒါနဲ့စိတ်ပြေလက်ပျောက်ဆိုင်ကယ်လေးပတ်စီးမယ်ဆိုပြီးဆီဖြည့်ဖို့ဆီဆိုင်သွားတော့ဆီတစ်ဗူးနှစ်ထောင်ဖြစ်သွားပြီ။နောက်ဆိုစက်ဘီးအစုတ်လေးကိုပြန်ထုတ်ဖုန်သုတ်ပြီးစီးရတော့မယ်။ ဒေါ်လာစျေးရွှေစျေးတက်တဲ့ဂရက်ဟာအောက်ခြေကိုချက်ချင်းရောက်လာပါပြီ။ကုန်စျေးနှုန်းတွေအကုန်ထိုးတက်ပြီးဝင်ငွေကတက်မလာတဲ့အပြင်ရှိတဲ့အလုပ်တွေပါနားနေရတော့မကြာမီမှာအကုန်ငတ်ကိန်းဆိုက်လာပါလိမ့်မယ်။
Read moreDetailsချင်းပြည်နယ်ပြီးတော့ဒီတခေါက်ပြန်ပီးအလှည့်ကျတာတော့ကယားပြည်နယ်ပါပဲ။စစ်ကောင်စီဟာချင်းပြည်နယ်မှာလိုပဲကယားဘက်မှာနယ်မြေစိုးမိုးမှုပြန်ရအောင်ကြိုးစားလုပ်ဆောင်နေပါတယ်။စစ်ဆင်ရေးလုပ်ဖို့အတွက်ပြည်မဘက်ကအင်းအားသုံးရာကျော်စစ်ကားအစီးလေးဆယ်လောက်နဲ့ပြီးခဲ့တဲ့ရက်တွေကစပြီးအင်အားဖြည့်စစ်ကြောင်းထိုးပါတယ်။သူတို့ရဲ့အဓိကရည်မှန်းချက်ကPDFတွေရှိနေတဲ့ဒီမော့ဆိုကိုပြန်ထိန်းချုပ်နိုင်ဖို့ပေါ့။တိုက်ပွဲတွေနှစ်ရက်တာအပြင်းအထန်ဖြစ်ပွားခဲ့တယ်။PDFတွေရဲ့အပြင်းအထန်ခုခံမှုကြောင့်ဒီမော့ဆို့ကိုရောက်ဖို့နေနေသာသာလွိုင်ကော်တောင်မရောက်လိုက်ပဲတပ်လန်ပြီးပြန်ဆုတ်သွားပြီ။ ပြန်ဆုတ်တဲ့လမ်းမှာထုံးစံအတိုင်းရွာတွေမီးရှို့သွားသေးတယ်။ နှစ်ရက်တာတိုက်ပွဲအပီးမှာစစ်သူပုန်လေးဆယ်ခန့်သေဆုံးတယ်လို့KPDFကသတင်းထုတ်ပြန်တယ်။တခြားအတည်မပြုနိုင်တဲ့သတင်းတွေအရတော့ချီတက်လာတဲ့အယောက်သုံးရာမှာရှစ်ဆယ်ခန့်သာအကောင်းအတိုင်းကျန်တယ်ပြောကြတယ်။ ချင်းပြည်နယ်နဲ့ကယားပြည်နယ်ဘယ်သူကအရင်လွတ်မြောက်နယ်မြေဖြစ်မလဲစောင့်ကြည့်ရမှာပဲ။
Read moreDetailsNUGကာဝန်ကတော့တော်လှန်ရေးကိုမကြာမီနောက်တဆင့်မြှင့်မယ်လို့သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေကြေငြာလိုက်ပြန်ပြီ။ဘယ်လိုမြှင့်မလဲတော့ပြောမသွားဘူး။ကြာတော့false hopeပေးသလိုခံစားလာရတယ်။နိုင်ငံတကာကအားကိုးမရပါဘူးဆိုသူကလဲတောက်လျှောက်လေပစ်နေသလိုပဲ။ကိုယ်တွေကအတွင်းသတင်းတွေလဲမသိနိုင်တော့NUGထဲဘယ်လိုဘာတွေဖြစ်နေလဲဆိုတာမှန်းရခက်တယ်။သူထမ်းထားရတဲ့တာဝန်ကဝန်နဲ့အားမမျှတာသိပေမယ့်၇လကျော်ကြာလာတဲ့အခါမှာတစ်ခုခုကိုအကော်အထည်ဖော်စေချင်ပြီ။NUGအဆင်ပြေနေပါစေလို့ပဲမျှော်လင့်တယ်။.
Read moreDetailsမြို့ပေါ်မှာလူမသိသူမသိဖမ်းဆီးခံရတဲ့လူငယ်တွေပိုများလာတယ်။သတင်းတွေကနေအတည်ပြုလို့မရပေမယ့်အရင်ကထက်ဖမ်းဆီးမှုတွေခပ်စိတ်စိတ်ဖြစ်လာတာသေချာတယ်။ကိုယ့်ဘေးပတ်ဝန်းကျင်မှာ၊ကိုယ့်မိတ်ဆွေအသိအကျွမ်းတွေဆီကတဆင့်ခိုင်လုံတဲ့သတင်းတွေကြားနေရတယ်။ပိုရင်နာဖို့ကောင်းတာကဖမ်းဆီးခံရတဲ့လူငယ်တွေဟာအရင်လိုသပိတ်အဖွဲ့တွေကမဟုတ်တော့ဘူး။မြို့ပြပျောက်ကျားတော်လှန်ရေးအတွက်ပြင်ဆင်နေကြတဲ့လူငယ်လေးတွေဆိုတော့သူတို့နဲ့အတူတန်ဖိုးကြီးလက်နက်တွေပါပါကုန်တယ်။ စစ်ကောင်စီရဲ့ထောက်လှမ်းရေးယန္တရားဟာဗိုလ်ခင်ညွှန့်ခေတ်ကလိုအရမ်းကြီးအစွယ်မရှိတော့ပေမယ့်အာဏာသိမ်းပြီးခုနှစ်လကျော်ကြာလာတဲ့ခုလိုအချိန်မှာတဖြည်းဖြည်းနဲ့အချိတ်အဆက်မိလာပြီလို့ယူဆရတယ်။ကြာရင်မြို့ပေါ်ကမြေအောက်လူငယ်လေးတွေလုံးပါးပါးလာလိမ့်မယ်။
Read moreDetailsဒေါ်လာစျေးနဲ့ရွှေစျေးဟာဒီနေ့တရက်ထဲမှာပဲမိုးပေါ်ထောင်တက်သွားခဲ့ပါတယ်။ဒေါ်လာစျေးက၂၂၀၀ကနေ၂၇၀၀၊ရွှေစျေးက၁၉သိန်းကနေ၂၂သိန်းထိထိုးတက်သွားခဲ့တာပါ။စျေးကွက်နှစ်ခုစလုံးထိန်းမနိုင်သိမ်းမရပျက်သွားပြီးလို့ယူဆနေကြပါတယ်။ နောက်ကနေကပ်လျက်လိုက်လာတာကတော့ငွေကြေးဖောင်းပွမှုပေါ့။မြန်မာကျပ်ငွေဟာဇင်ဘာဘွေတို့၊ဗန်နီဇွဲလားတို့လို့ဖြစ်လာနိုင်တယ်ဆိုပြီးထင်ကြေးတွေလဲပေးနေကြတယ်။ စစ်ကောင်စီဟာဗဟိုဘဏ်မှတဆင့်ဒေါ်လာတွေထုတ်ရောင်းနေပေမယ့်စျေးကွက်ထဲရောက်မလာခဲ့ပဲသူတို့အချင်းချင်းသာလက်သိပ်ထိုးဝယ်ယူနေခဲ့ပါတယ်။အဓိကပြသာနာကစစ်ကောင်စီကိုအယုံအကြည်မရှိကြတော့တာပါပဲ။ကုန်သွယ်ရေးမှာလဲစစ်အာဏာသိမ်းမှုကြောင့်ပို့ကုန်တွေရပ်ဆိုင်းနေပြီးသွင်းကုန်တွေသာတိုးနေသောကြောင့်အခြေအနေတွေကိုပိုဆိုးလာစေခဲ့တယ်။အစပိုင်းမှာသိပ်မသိသာပေမယ့်အခုရှစ်လကျော်ကြာလာတဲ့အခါမှာစီးပွားရေးတစ်ခုလုံးပြိုဆင်းလာတော့တာပါပဲ။ ရှေ့လျောက်ဒီထက်ပိုဆိုးလာဖို့ပဲရှိမယ်။စစ်အာဏာရှင်စနစ်တည်မြဲနေသ၍ပေါ့။
Read moreDetailsYou can copy without credits to our site. We Need Freedom.