ကော့မှူးမြို့နယ်မှာရှိတဲ့ ရွာပေါင်း ၆၀ ကျော်ကို ရက်အကန့်အသတ်မရှိ ဆိုင်ကယ်စီးခွင့်ပိတ်လိုက်တယ် လို့သိရတယ်။ စစ်ကောင်စီဟာ သူတို့ အတွက် အန္တရယ်ဖြစ်စေမယ့်အရာမှန်သမျှကို လိုက်လံတားဆီး ပိတ်ပင်နေတယ်။ ပြည်သူတွေ ဘယ်လိုဒုက္ခရောက်မယ်၊ ဘယ်လောက်အခက်အခဲရှိမယ်ဆိုတာကိုမ တွေးဘူး။ ပြည်သူတွေဖက်က ဘယ်တုန်းကမှလည်းမတွေးခဲ့ဘူး။ သူတို့အာဏာတည်မြဲဖို့အတွက်ဆို...
Read moreDetailsမနေ့ကရန်ကုန်မှာဗုံးပေါက်သလိုပဲ ရှမ်းပြည်နယ်နောင်ချိုမြို့နယ်ပညာရေးမှုးရုံးမှာအစည်းအဝေးလုပ်နေတုန်းပေါက်ကွဲမှုဖြစ်လို့ ဆရာမတစ်ဦးသေးဆုံးသွားတယ်။ အစည်းအဝေးလုပ်နေတဲ့ကျောင်းဝန်းတစ်ခုလုံးစစ်တပ်က လုံခြုံရေးယူထားတဲ့ကြားကဖြစ်သွားတာဆိုတော့ဘယ်သူ့လက်ချက်ဆိုတာအသိသာကြီးပဲ။ ဒီရက်ပိုင်းစစ်ကောင်စီကကျောင်းတွေပြန်ဖွင့်တော့မှာမို့ PDF တွေနှောင့်ယှက်နေတယ်လို့အများကထင်အောင်သတင်းတွေလျောက်ဖြန့်နေတယ်။ တချို့PDF အား ကောင်းတဲ့မြို့တွေမှာဆိုစစ်တပ်ကကျောင်းတွေမှာတပ်စွဲထားပြီးမီးရှို့နေတယ်။ ပြီးရင် PDF တွေလုပ်တာပါဆိုပြီးသတင်းထုတ်ပြန်တယ်။ တကယ့်ကိုအရှက်မရှိတဲ့ဗြောင်လိမ်ဗြောင်စားတွေပဲ။
Read moreDetailsရန်ကုန်မြို့လည်ကောင်က ဘားလမ်းမှတ်တိုင်မှဗုံးပေါက်ကွဲလို့ ကားစောင့်နေတဲ့လူတွေထဲကတစ်ဦးသေဆုံးပြီး ဆယ်ဦးခန့်ဒဏ်ရာရရှိသွားတယ်။ အပြစ်မဲ့ပြည်သူတွေကိုစတေးပြီး PDF တွေကိုအပြစ်ဖို့မယ့် စစ်ကောင်စီရဲ့အကြံဆိုးပဲ။ ဒီလိုမျိုးလူစည်ကားရာမြို့လည်ကောင်မှာဘာမှမဆိုင်တဲ့ပြည်သူတွေကိုထိခိုက်အောင်လုပ်တာကတော့အတော်မိုက်ရိုင်းလွန်းတယ်။ အရင်စစ်အစိုးရခေတ်တုန်းကစျေးဝယ်စင်တာတွေမှာ ဗုံးထောင်သလိုမျိုးပေါ့။ အဲ့တုန်းကလည်းမဆိုင်တဲ့သူတွေကိုထိုးချထောင်ချခဲ့တယ်။ ပြည်သူကိုထိခိုက်အောင်လုပ်တဲ့အမှုမှန်သမျှစစ်တပ်ကလုပ်တယ်ဆိုတာဒီချိန်မှာလူတိုင်းသိကုန်ကြပြီ။
Read moreDetailsရှမ်းကယားနယ်စပ်ဖယ်ခုံနဲ့လွှိုင်ကော်မှာ UNHCR နဲ့ WFP တို့ပေါင်းပြီးစစ်ဘေးရှောင်တွေကိုဆန်အိတ်တွေဝေတယ်။ ဒါပေမယ့် ထိုနယ်တွေက တကယ့်စစ်ဘေးရှောင်ဒေသတွေမဟုတ်သေးဘူး။ တောထဲတောင်ထဲမှာအများကြီးကျန်သေးတယ်။ ထိုနေရာတွေအထိသွားဖို့ကျတော့စစ်ကောင်စီကခွင့်မပြုဘူး။ UN အောက်ကအဖွဲ့အစည်းတွေဟာစစ်ကောင်စီအလိုကျလိုက်လုပ်ပေးနေရတယ်။ အာဆီယံကပေးမယ့် စစ်ကောင်စီမှတဆင့်သွားဖို့ဆောက်ရွက်နေတယ်။ ဒါဆိုရင်တော့လာသမျှအကူအညီတွေဟာတကယ်လိုအပ်တဲ့နေရာကိုမရောက်ပဲစစ်ကောင်စီအိတ်ထဲပဲရောက်သွားလိမ့်မယ်။ နာဂစ်မုန်တိုင်းတုန်းကထင်ရှားတဲ့သာဓကတွေရှိခဲ့တာပဲလေ။
Read moreDetailsNUCC မှာ NLD ပါတီမပါတော့ဘူးလို့သတင်းတွေထွက်လာတယ်။ မီဒီယာတွေကမေးမြန်းစုံစမ်းတော့ တကယ်လည်း NUCC မှာ NLD ကကိုယ်စားပြုကိုယ်စားလှယ်မခန့်အပ်ထားဘူး။ CRPH က NLD ကိုယ်စားလှယ်တွေနဲ့ ရောချထားတယ်။ တကယ်က NLD လိုဝါရင့်ပါတီကြီးမျိုးက NUCC မှာပါကိုပါသင့်တယ်။...
Read moreDetailsဘွန်းက အခုဆိုရင်အသံပျောက်နေပြီ။မင်းအောင်လှိုင်အိမ်ရောင်းတာက ဒေါ်လာ ၆ သန်း ပြည့်ပြီလို့ကြေညာပြီးနောက်ဘယ်လောက်ထိဆက်ရောင်းနေရလဲ ၅ ရက်ကျော်တဲ့အထိထပ်မသိရသေးဘူး။ဒီကြားထဲ C2D ကဝင်ငွေကျလာတယ်။ တော်လှန်ရေးရဲ့ တကယ့်စိုးရိမ်ရေမှတ်ကငွေကြေးဟာလည်း အဓိကအချက်ထဲမှာတချက်အနေနဲ့ ပါလိမ့်မယ်။ငွေကုန်ကြေးကျတအားများတဲ့ လက်နက်ကိုင်တော်လှန်ရေးမှာ ငွေကြေးလိုအပ်ချက်တွေအရနည်းလာတာ ပြသာနာကြီးတယ်။ဘွန်းရောင်းချမူနဲ့ EOD ရောင်းချမူပုံစံတွေပြန်လည်သုံးသပ်ဖို့လိုမယ်။ NUG...
Read moreDetailsနိုင်ငံခြားကတင်သွင်းရတဲ့စက်သုံးဆီတွေကိုခွဲတမ်းနဲ့ရောင်းချတော့မယ်လို့စစ်ကောင်စီကကြေငြာလိုက်ပြီ။သူတို့ဘယ်လိုပဲဆီလုံလုံလောက်ရှိတယ်ပြောပါစေအခုတော့ဝန်ခံလိုက်ရပြီ။ဆီဆိုင်တွေမှာလဲကားတွေပြန်တန်းစီနေရပြီ။ဆိုင်ကြီးတွေလောက်ပဲဆီခွဲတမ်းရပြီးလက်လီရောင်းတဲ့ဆိုင်တော်တော်များများပိတ်လိုက်ကြတယ်။ဆိုင်ကြီးတွေမှာတောင်ဓာတ်ဆီလိုသလောက်မရတော့ဘူး။နယ်မြို့တွေမှာအခြေအနေပိုဆိုးတယ်။စစ်ကောင်စီဟာဒေါ်လာကိုလိုသလောက်ထုတ်မပေးတဲ့အတွက်ဆိပ်ကမ်းမှာဆီတွေရှိပေမယ့်ထုတ်မရဖြစ်နေတာပါ။ဒီပုံစံအတိုင်းရှေရှည်ဆက်သွားမယ်ဆိုရင်ဆီဈေးဟာလဲအတက်ပဲရှိမယ်။
Read moreDetailsမိတ္ထီလာမှာသမီးရည်းစားနှစ်ယောက်ချိန်းတွေ့ရင်းလုယက်ခံရလို့ကောင်လေးကလက်တဖက်ပြတ်သွားတယ်။မန္တလေးမှာလဲထိုနည်းတူဆိုင်ကယ်ကိုဓားနဲ့လုယက်တာကြောင့်တယောက်အသက်ပေးလိုက်ရတယ်။ရန်ကုန်အင်းစိန်မှာတော့လမ်းမလယ်ခေါင်မှာကောင်မလေးတယောက်ကိုအုပ်စုဖွဲ့ရမ်းကားနေတာကြောင့်ရပ်ကွက်ကဝိုင်းဖမ်းပေးရတယ်။မိတ္ထီလာဆိုတာစစ်တပ်မြို့၊မန္တလေးကဖြစ်ရပ်ကလဲရဲစခန်းနားမှာြဖစ်သွားတာ၊ရန်ကုန်မှာတော့ဝိုင်းဖမ်းပေးသူတချို့ထိခိုက်ဒဏ်ရာရကုန်တယ်။အရင်ကလုယက်မှုလောက်ပဲကျူးလွန်ကြတာ၊အခုကထိခိုက်ဒဏ်ရာရမှုတွေ၊လူသေဆုံးမှုတွေပါြဖစ်လာပြီ။မလုံခြုံမှုတွေဟာတနိုင်ငံလုံးနေရာအနှံအပြားမှာဖြစ်နေပြီ။
Read moreDetailsစစ်သူပုန်တွေကျေးရွာတွေမီးရှို့တာမှာ PDF တွေကို ထောက်ပံ့ခြင်း ၊ PDF မိသားစုဝင်များ နေထိုင်ခြင်းစတဲ့ အချက်တွေနဲ့ လုံးဝမသက်ဆိုင်ပါဘူး ။ဒါဖြင့် ဘာလို့ ရှို့လည်းဆိုရင် စစ်ဘေးရှောင်တွေ များလာစေရန် ရည်ရွယ်ပြီး ရှို့တာပါ ။ကြုံတဲ့နေရာ ကြုံသလိုရှို့ပါတယ် ။...
Read moreDetailsတော်လှန်ရေးအဖွဲ့တွေအတွက်ရန်ပုံငွေရှာပေးနေတဲ့Applicationတွေရဲ့ငွေရနှုန်းဟာပြီးခဲ့တဲ့လကစပြီးထိုးကျနေတယ်။အရင်တရက်ကိုသိန်းနှစ်ရာကျော်ရနေရာမှအခုဆိုသိန်းတစ်ရာဝန်းကျင်သာရရှိတော့တယ်။ထိုapplicationတွေဟာအရင်ကအမြင့်ဆုံးတရက်ကိုသိန်း၅၅၀အထိရဖူးခဲ့တာပါ။အခုတော့အသုံးပြုငွေရှာပေးသူတွေအတော်နည်းကုန်ပြီ။တနိုင်ငံလုံးမှာလူဦးရေနှစ်သောင်းကျော်သာသုံးတော့တယ်လို့သိရတယ်။Applicationတွေတစ်ခုမကအများကြီးရှိနေပြီးအကုန်လုံးထိုးကျနေတာပါ။လူတွေကနိုင်သာနိုင်ချင်ကြတယ်၊ဘာအားစိုက်ထုတ်မှုမှမလုပ်ချင်ကြဘူး။တဖြေးဖြေးနဲ့သွေးအေးလာကြပြီ။ရန်ပုံငွေအလုံအလောက်မရရင်တကယ်တိုက်နေတဲ့သူတွေအတွက်အများကြီးခက်ခဲလာလိမ့်မယ်။
Read moreDetailsYou can copy without credits to our site. We Need Freedom.