NUG ကသူ့ရဲ့ကိုယ်ပိုင်ငွေကြေးစနစ်ဖြစ်လာမယ့်NUG PAYကို Launch လုပ်တော့မယ်လို့ကြေငြာလိုက်ပြီ။ NUG PAY ဟာဒစ်ဂျစ်တယ်ငွေကြေးစနစ်တစ်ခုလဲဖြစ်လို့စစ်ကောင်စီကခြေရာခံလို့မရနိုင်ဘူး။NUG Pay အောင်မြင်ရင် တော်လှန်ရေးအောင်ဖို့ပိုမြန်မှာမို့ဝိုင်းပြီးသုံးဖို့လိုမယ်။ NUG Pay ရဲ့ ကြီးမားတဲ့အားသာချက်ကြီးတခုကတော်လှန်ရေးထောက်ပို့လမ်းကြောင်းတရားဝင်ပွင့်သွားပြီဖြစ်တယ်။အဓိကကတော့ပြည်တွင်းထဲပြည်သူတွေနဲ့တော်လှန်ရေးအဖွဲ့အစည်းကြားမှာ လုံခြုံပြီးစိတ်ချရတဲ့ ငွေလမ်းကြောင်းတခုကို နည်းပညာသုံးပြီး ဖန်တီးလိုက်ပြီဖြစ်လို့ တော်လှန်ရေးထဲ...
Read moreDetailsဒီနေ့ဟာပြည်သူ့ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ဖြစ်တယ်။မနှစ်ကလိုပဲပြည်သူတွေဟာနေရာအနှံ့အပြားမှာသူမမွေးနေ့အတွက်ဆုတောင်းမှုတွေပြုလုပ်ပေးကြတယ်။အခုဆိုရင်သူမဟာအသက်၇၇နှစ်ရှိနေပြီးဖြစ်ပြီးသူမရဲ့အချိန်အများစုကိုထောင်ထဲမှာပဲကုန်ဆုံးနေရတယ်။အခုလဲစစ်ကောင်စီဟာလောလောလတ်လတ်သူမကိုထောင်ဒဏ်ဆယ်နှစ်ခန့်ချပြီးပြီ။မတရားရင်ဆိုင်နေရတဲ့နောက်ထပ်အမှုများစွာလဲကျန်သေးတယ်။ဒီအရေးတော်ပုံသာမအောင်မြင်ရင်သူမဟာကျန်ရှိနေတဲ့လူ့သက်တမ်းကိုထောင်ထဲမှာပဲကုန်ဆုံးသွားဖို့ရှိမယ်။ဒါကြောင့်အရေးတော်ပုံအမြန်အောင်မြင်အောင်ကြိုးစားကြရမယ်။
Read moreDetailsမေလ ၁၀ ရက်နေ့က စစ်သူပုန်တွေဟာ စစ်ကိုင်းတိုင်း မုံတိုင်ပင်ရွာသား စုစုပေါင်း၂၈ ဦးကို သတ်ဖြတ်ကာ အလောင်းများကို အိမ်နှင့်အတူမီးရှို့သွားခဲ့တယ်လို့ RFA ကထုတ်လွင့်သွားတယ်။ ဘုန်းကြီးကျောင်းတစ်ခုဝင်းအတွင်း လူငယ်၊ လူကြီး အရပ်သား ၃၀ ခန့်ကို သုံးတန်းစုပြီး...
Read moreDetailsကမ္ဘာဘဏ်ကလာမယ့်နှစ်တွေအတွက်မြန်မာ့စီးပွားရေးအခြေအနေကိုမခန့်မှန်းနိုင်တော့ဘူးလို့ထုတ်ပြန်လိုက်တယ်။ပြီးခဲ့တဲ့နှစ်ကမြန်မာ့စီးပွားရေးဟာ၁၈ရာခိုင်နှုန်းကျုံဝင်သွားခဲ့ပြီးဒီနှစ်မှာလဲပြန်ကောင်းလာဖို့လမ်းမမြင်ဘူး။အာဆီယံနိုင်ငံတွေအားလုံးကိုဗစ်အလွန်မှာစီးပွားရေးအတက်ပြနေပေမယ့်မြန်မာနိုင်ငံကတော့အနုတ်ဂဏန်းအောက်ထိုးဆင်းလျက်ပဲ။ထိုင်းနယ်စပ်မှာဆိုတရားမဝင်ရွှေ့ပြောင်းမြန်မာနိုင်ငံသားအလုပ်သမားတွေထောင်ချီဖမ်းဆီးနေရလို့ထောင်တွေတောင်မဆန့်တော့ဘူး။ပြည်တွင်းမှာလူတန်းစားပေါင်းစုံဟာဘာမှလုပ်ကိုင်စားသောက်လို့မှမရတော့ပဲ။စစ်အာဏာသိမ်းပြီးတစ်နှစ်ကျော်အတွင်းမှာစီးပွားရေးဟာဗုံးဗုံးလဲပြိုဆင်းသွားပြီ။စစ်တပ်ကနိုင်ငံကိုအုပ်ချုပ်နေသ၍အဖတ်ဆယ်ဖို့ရလမ်းမမြင်ဘူး။
Read moreDetailsမကွေးတိုင်း၊ဂန့်ဂေါမြို့နယ်မှာစစ်တပ်ကCDMကျောင်းအုပ်၊သူနာပြုဆရာမ၊ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင်အရပ်သားပြည်သူငါးဦးကိုအရှင်လတ်လတ်မီးရှို့သတ်ဖြတ်သွားတယ်။သူတို့တွေဟာဘေးလွတ်ရာစစ်ဘေးရှောင်ရင်းစစ်သူပုန်စစ်ကြောင်းနဲ့တိုးပြီးသတ်ဖြတ်ခံလိုက်ရတာဖြစ်တယ်။တကယ်ဆိုသူတို့တွေဟာPDFပုံစံလဲပေါက်နေကြတာမဟုတ်ဘူး။အရပ်သားစစ်စစ်ဆိုတာသိသာနေတာပဲ။စစ်သူပုန်တွေဟာသူတို့အပြင်ရွာတွေကိုမီးတိုက်ရင်မပြေးနိုင်ပဲရွာထဲမှာကျန်ခဲ့တဲ့သက်ကြီးရွယ်အိုတွေပါမကျန်၊အိမ်မွေးတိရိစ္ဆာန်တွေပါမကျန်နေရာစုံမှာမီးရှို့သတ်ဖြတ်လေ့ရှိတယ်။ အခုဆိုရင်ဖျက်စီးခံလိုက်ရတဲ့ရွာတွေကအရွယ်ကောင်းလူငယ်တွေအကုန်PDFတွေဖြစ်ကုန်ပြီ။ဖက်ဆစ်စစ်တပ်ကိုနာကျည်းမှုတွေကအဆုံးစွန်ထိရောက်နေပြီ။စစ်တပ်အနေနဲ့ဒီလိုပြည်သူတွေကိုထိန်းနိုင်ဖို့ဘယ်လိုမှမဖြစ်နိုင်တော့ဘူး။
Read moreDetailsစစ်ကောင်စီကလက်နက်ချဖို့ဖိတ်ခေါ်နေပေမယ့်တကယ်တန်းလက်နက်ချအလင်းဝင်နေတာသူတို့တပ်သားတွေပဲ။ရခိုင်မှာစစ်ကောင်စီတပ်သားရာနဲ့ချီပြီးထွက်ပြေးလာတယ်လို့ရခိုင်လက်နက်ကိုင်အဖွဲ့အေအေကသတင်းစာရှင်းလင်းပွဲမှာပြောသွားတယ်။လောလောဆယ်မှာစစ်တပ်ဒုခေါင်းဆောင်စိုးဝင်းရောက်နေပြီးရခိုင်ကိုစစ်မျက်နှာသစ်ဖွင့်ဖို့ပြင်ဆင်နေတယ်။သူရောက်လာရင်တော့သေချာသလောက်ပဲ။ကရင်နဲ့ကယားတုန်းကလဲသူသွားပြီးနောက်တိုက်ပွဲတွေပြင်းထန်လာတာပဲလေ။ဘယ်လိုပဲဖြစ်ဖြစ်ရခိုင်မှာစစ်မျက်နှာသစ်ထပ်ဖွင့်ရင်တော့စစ်တပ်အတွက်အရှုံးကြီးပဲ။ပိုပြီးစစ်ပန်းလာလိမ့်မယ်။ အခုတောင်ကရင်ပြည်နယ်မြဝတီမြို့အဝင်ကရဲစခန်းတစ်ခုတိုက်ခိုက်သိမ်းပိုက်ခံရတယ်။စခန်းမှုးကိုပါအရှင်မိတယ်။ကယားမှာလဲတပ်အချိန်းအပြောင်းလုပ်တဲ့စစ်ကြောင်းအတိုက်ခိုက်ခံရပြီးလက်နက်ခဲယမ်းများစွာရရှိလိုက်တယ်။စစ်တပ်ဟာကရင်နဲ့ကယားမှာလက်နက်တွေအလှူပေးနေတာတော်တော်များနေပြီ။
Read moreDetailsစစ်ကောင်စီကPDFတွေအလင်းဝင်ရင်အရေးမယူပဲကြိုဆိုမယ်လို့ကြေငြာလိုက်တယ်။နောက်နေ့မှာပဲPDFတွေလက်နက်အပ်အလင်းဝင်တဲ့သတင်းတွေထုတ်ပြန်တယ်။တောထဲကPDFတွေတကယ်အလင်းဝင်မယ်ဆိုရင်တောင်အဲ့လောက်မမြန်ဘူး။ပြီးတော့သတင်းထဲမှာပါလာတဲ့သူတွေကအိုကြီးအိုမတွေချည်းပဲ။စစ်ကောင်စီဟာဆိုက်ဝါးတွေနဲ့သတင်းအတုတွေဖန်တီးချင်ပေမယ့်ခေါင်းမရှိရှာဘူး။သူတို့ရဲ့ကြေငြာချက်ဟာသူတို့အားနည်းနေတာကိုဖုန်းကွယ်ချင်လို့ဖြစ်သလိုတော်လှန်ရေးဘက်တော်သားတွေကိုသွေးခွဲချင်တာလဲပါမယ်။အာဆီယံနိုင်ငံတွေနဲ့တွေ့ဆုံနေတဲ့အမေရိကန်နိုင်ငံခြားရေးအတွင်းဝန်တောင်စစ်တပ်ဟာပြည်တွင်းကလက်နက်ကိုင်တွေကိုမနိုင်တော့ဘူးလို့သုံးသပ်လိုက်ပြီ။ဒါဟာအမှန်တရားပဲ။ဒါပေမယ့်သူမနိုင်၊ကိုယ်မနိုင်အခြေအနေကြီးနဲ့ဇာတ်မြောနေမှာစိုးတယ်။
Read moreDetailsကိုဂျင်မီနှင့်ကိုဇေယျာသော်တို့ကိုသေဒဏ်ချမှတ်ထားတဲ့အမိန့်ကိုပြန်စဉ်းစားဖို့စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကိုဟွန်ဆန်ကမေတ္တာရပ်ခံထားတယ်။စာ၏အဓိပ္ပာယ်လိုတိုရှင်းမှာ"ဒီလိုရုပ်ပျက်ဆင်းပျက်တွေဖြစ်နေရင်ငါလဲမင်းဘက်ကပြောပေးရခက်တယ်"ဆိုတဲ့အဓိပ္ပာယ်သာဖြစ်တယ်။ဒါပေမယ့်လဲစစ်ကောင်စီကိုဒါကိုပယ်ချလိုက်တယ်။စစ်ကောင်စီဟာနိုင်ငံတကာဖိအားကိုအခုထိလုံးဝဂရုမစိုက်ဘူးဆိုတဲ့သဘောပဲ။ဒါဟာလဲသူ့အလွန်မဟုတ်ဘူး။နိုင်ငံတကာကလဲနေ့စဉ်မီးရှို့ခံနေရသော၊သတ်ဖြတ်ခံနေရသောမြန်မာပြည်သူတွေအတွက်သူ့ကိုဘာအရေးယူမှုမှမရှိတာကိုး။အဲ့ဒီတော့သူလုပ်ချင်တာလုပ်နေတော့တာပဲ။နောက်ပိုင်းမှာတော့ဘယ်လိုဖိအားတွေပေးလာမလဲဆိုတာတော့ဆက်လက်စောင့်ကြည့်ရမှာပဲ။ ထင်ရာစိုင်းနေတဲ့စစ်ကောင်စီဟာတောရွာတွေသာမကပဲမြို့ကြီးတွေမှာပါအိမ်ကြီးအိမ်ကောင်းတွေကိုဖျက်စီးနေတယ်။မန္တလေးမြို့ဆင်ခြေဖုံးမြို့နယ်တွေကဂရမ်မရှိတဲ့အိမ်မှန်သမျှအကြောင်းပြချက်မရှိဘူဒိုဇာနဲ့ဖြိုချဖျက်စီးနေတာအတော်များနေပြီ။မြစ်ငယ်မှာဆိုဟိုတခေါက်ထဲကရပ်ကွက်တစ်ခုလုံးကုန်သွားပြီ။အခုထိကိုတခြားဆင်ခြေဖုံးရပ်ကွက်တွေမှာဖျက်စီးမှုတွေဆက်တိုက်ပြုလုပ်နေတယ်။
Read moreDetailsPDF အပါအဝင်လက်နက်ကိုင်ဆန့်ကျင်သူတွေ လက်နက်အပ်နှံပါက လက်ခံမယ်လို့ စစ်ကောင်စီပြော လိုက်တဲ့သတင်းက အတော်လေးပွဲကျသွားတယ်။ ရယ်လိုက်ရတာ။ ဒီကောင်တွေ အဲဒီလောက်သောက် ရှက်ကင်းမဲ့လိမ့်မယ်လို့မထင်ထားဘူး။ အခုတော့ လက်နက်အပ်ခိုင်းပြီးတဲ့လား။ ပြည်သူတွေဖက်က တော့ သူတို့ကို စိတ်နာတာအပြင် ရွံရှာမုန်းတီးမှုက အဆုံးစွန်ထိရောက်ပြီးပြီမို့ လုံးဝနောက်ဆုတ်ဖို့...
Read moreDetailsရခိုင့်တပ်တော်(အေအေ) နဲ့ စစ်ကောင်စီတို့ရဲ့အခြေအနေတင်းမာမှုတွေ ဆက်တိုက်ကြားနေရပြန်တယ်။ ရခိုင်ပြည်နယ် ကျောက်တောင်၊ မင်းပြားတို့မှာ မကျေလည်မှုတွေဖြစ်နေတယ်။ စစ်ကောင်စီက စပြီးလုပ် တာပါပဲ။ မြန်မာနိုင်ငံအထက်ပိုင်းအညာဒေသတွေမှာလည်း ရွာတွေကို မီးရှို့တာတွေဆက်တိုက်လုပ်နေ ကြတယ်။ ဒါကြောင့် PDF တွေက ဝင်တိုက်ပေးနေကြရတယ်။ လက်နက်အင်အားမျှဖို့သာလိုတယ်။...
Read moreDetailsYou can copy without credits to our site. We Need Freedom.