အာဏာသိမ်း ဒိုင်ယာရီ

အောက်တိုဘာ ၁၈၊ ၂၀၂၂။ (အင်္ဂါ)

အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဘားအံရောက်ရှိနေစဉ်မှာပဲကရင်ပြည်နယ်အောက်ပိုင်းကြာအင်းဆိပ်ကြီးမြို့နယ်ထဲမှာစစ်ကောင်စီစစ်ကြောင်းနောက်တစ်ခုKNUရဲ့တိုက်ခိုက်ခြင်းကိုခံရလို့သေဆုံးမှုများပြီးအရာရှိအဆင့်တွေကိုပါအရှင်ဖမ်းမိလိုက်တယ်။ထိုစစ်ကြောင်းဟာအရင်လကတိုက်ပွဲတွေပြင်းထန်ခဲ့တဲ့မြဝတီဝေါလေဘက်ကိုထောက်ပို့လုပ်ရင်းအပြန်မှာတိုက်ခိုက်ခံရတာပဲ။လက်နက်တွေလဲအလက်၂၀လောက်သိမ်းဆည်းရမိလိုက်တယ်။ အခုဆိုရင်ကရင်ပြည်နယ်ထဲမှာမြို့တော်ဘားအံနားအနီးတဝိုက်ကလွဲပြီးတိုက်ပွဲတွေပြန့်နှံနေပြီ။KNU ဟာကရင်ပြည်နယ်သာမကပဲမွန်ပြည်နယ်ထဲမှာလဲမော်လမြိုင်နားတဝိုက်ကလွဲပြီးစစ်ရေးလှုပ်ရှားမှုတွေခပ်စိပ်စိပ်ပြုလုပ်နေတယ်။မနေ့ကတင်မွန်ပြည်နယ်ထဲမှာမင်းအောင်လှိုင်ရဲ့လုံခြုံရေးစစ်ကြောင်းတိုက်ခိုက်ခံလိုက်ရတာသက်သေပဲ။ထို့အပြင်တနသာရီတိုင်းထဲမှာလဲKNUနဲ့ PDF တွေပူးပေါင်းပြီးတိုက်ပွဲဝင်နေတယ်။မြန်မာပြည်ရဲ့အရှေ့တောင်ဖက်ပိုင်းဟာစစ်ကောင်စီအတွက်တဖြည်းဖြည်းနယ်မြေကျဉ်းမြောင်းလာပြီ။

Read moreDetails

အောက်တိုဘာ ၁၇၊ ၂၀၂၂။ (တနင်္လာ)

မော်လမြိုင်ရောက်နေတဲ့မင်းအောင်လှိုင်ကိုလုံခြုံရေးယူပေးတဲ့စစ်ကြောင်းရန်ကုန်အပြန်လမ်းမှာတိုက်ခိုက်ခံလိုက်ရတယ်။KNUကအလစ်ချုံခိုတိုက်ခိုက်တာဖြစ်ပြီးစစ်တပ်ဖက်ကအရာရှိတွေအပါအဝင်အများအပြားသေဆုံးကုန်တယ်။မင်းအောင်လှိုင်ကတော့မော်လမြိုင်ကနေဘားအံကိုရဟတ်ယာဉ်နဲ့ပြန်သွားပြီ။အခုလိုမျိုးစစ်ကောင်စီရဲ့VVIPတွေကိုလုံခြုံရေးယူပေးနေတဲ့စစ်ကြောင်းတိုက်ခိုက်ခံရတာဟာတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ဗျူဟာတစ်ဆင့်တက်လာတာလို့ပြောရမယ်။အရင်ကထိုလမ်းကြောင်းတွေဟာစစ်ကောင်စီအတွက်အေးအေးလူလူအနှောက်အယှက်လုံးဝမရှိပဲသွားလာလို့ရတဲ့နေရာတွေပဲ။အခုတော့ထိုနေရာတွေပါမလုံခြုံတော့ဘူး။ဒီဖြစ်ရပ်ဟာစစ်ကောင်စီထိပ်ပိုင်းကသူတွေကိုလဲခြောက်ခြားစေလိမ့်မယ်။

Read moreDetails

အောက်တိုဘာ ၁၆၊ ၂၀၂၂။ (တနင်္ဂနွေ)

အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်မွန်ပြည်နယ်၊မော်လမြိုင်မြို့ကိုရောက်နေတယ်။ပထမတော့ရှမ်းပြည်နယ်မြောက်ပိုင်းကိုသူ့အတွက်အထူးစီစဉ်တည်ဆောက်ထားတဲ့ရထားနဲ့သွားမလို့ပါ။ဒါပေမယ့်ထိုရထားတွဲသတင်းကိုခေတ်သစ်မီဒီယာကဓာတ်ပုံတွေနဲ့တကွဖော်ထုတ်လိုက်လို့သတင်းပေါက်ကြားသွားပြီးအရှက်ပြေမော်လမြိုင်ကိုရောက်ရှိနေတာဖြစ်တယ်။အခုနောက်ပိုင်းမှာစစ်တပ်ရဲ့လျို့ဝှက်သတင်းတချို့လူမှုကွန်ယက်တွေပေါ်ပေါက်ကြားနေလို့စစ်ကောင်စီအကြီးအကဲတွေခေါင်းကိုက်နေကြတယ်။မော်လမြိုင်မှာမင်းအောင်လှိုင်ဟာစီးပွားရေးလုပ်ငန်းရှင်တွေနဲ့တွေ့ဆုံပွဲလုပ်ပြီးအပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့ဆိပ်ကမ်းတွေတည်ဆောက်ပေးမယ်စသဖြင့်မဖြစ်နိုင်တာတွေကိုအရည်မရအဖတ်မရပြောသွားသေးတယ်။မင်းအောင်လှိုင်ဆိုတာသွားခဲ့သမျှခရီးတိုင်းအဲ့ဒီလိုပေါက်ပန်းလေးဆယ်တွေပြောနေကြပဲ။ဒီလိုရူးကြောင်ကြောင်လူတစ်ယောက်ခိုင်းသမျှလုပ်ပေးနေတဲ့စစ်ကောင်စီထဲလူတွေအားလုံးခေါင်းမရှိကြဘူးထင်တယ်။

Read moreDetails

အောက်တိုဘာ ၁၅၊ ၂၀၂၂။ (စနေ)

ဒေါ်အောင်ဆန်းစုကြည်ကိုစစ်ကောင်စီကထောင်ဒဏ်သုံးနှစ်ထပ်မံချမှတ်လိုက်တယ်။ဒါကြောင့်သူမရဲ့ထောင်ဒဏ်စုစုပေါင်းဟာဟာအမှုတွေအားလုံးမပြီးပြတ်ခင်မှာပဲ၂၆နှစ်အထိရှိလာပြီ။သူမရဲ့လုံခြုံရေးခေါင်းဆောင်ကိုလဲထောင်ဒဏ်ဆယ်နှစ်ချမှတ်ထားသေးတယ်။ စစ်ကောင်စီဟာဘယ်လောက်ထိယုတ်မာရိုင်းစိုင်းသလဲဆိုရင်ထောင်ဒဏ်ရက်စေ့လို့လွတ်မြောက်တော့မယ့်မန္တလေးမြို့တော်ဝန်ဦးရဲလွင်ကိုအမှုဆင်ပြီးထောင်ထပ်ချဖို့ပြင်ဆင်နေတယ်။သမ္မတကြီးဦးဝင်းမြင့်ရဲ့အမှုတွေအကြောင်းကိုတော့မသိရသေးဘူး။သူ့ကိုဘယ်မှာထိန်းသိမ်းထားတယ်ဆိုတာတောင်မသိရဘူး။သတိထားမိသလောက်သမ္မတကြီးဦးဝင်းမြင့်ရဲ့သတင်းတွေပျောက်ကွယ်နေတာတော်တော်ကြာပြီ။

Read moreDetails

အောက်တိုဘာ ၁၄၊ ၂၀၂၂။ (သောကြာ)

ပြည်သူတွေကူရာကယ်ရာမဲ့စစ်သူပုန်တွေစိတ်ရှိတိုင်းအနိုင်ကျင့်နေတဲ့ဖြစ်ရပ်တစ်ခုဧရာဝတီတိုင်းမှာဖြစ်ပွားခဲ့တယ်။ ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ အရက်မူးနေတဲ့ ရဲ ၂ ဦးက ကုန်ကားကို ဝင်တိုက်ပြီး သေဆုံးခဲ့လို့ ဖမ်းဆီးခံထားရတဲ့ ကုန်ကားထဲက ပစ္စည်းတွေပြန်ရဖို့အတွက် ရဲစခန်းကို သိန်း ၆၀ ပေးခဲ့ရပါတယ်။ “ ကုန်တင်လာတဲ့ ကားက...

Read moreDetails

အောက်တိုဘာ ၁၃၊ ၂၀၂၂။ (ကြာသပတေး)

မွန်ပြည်နယ်ကနာမည်ကြီးဘုရားတစ်ဆူဖြစ်တဲ့ကျိုက်ထီးရိုးဘုရားတောင်ခြေကကင်ပွန်းစခန်းမှာပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်။ကင်ပွန်းစခန်းဆိုတာကျိုက်ထီးရိုးတောင်စတက်မယ့်ဘုရားဖူးတွေစုဝေးရာနေရာဖြစ်တယ်။လူစည်ကားရာနေရာတစ်ခုမှာဘုရားဖူးတွေကိုလူသားဒိုင်းဆန်ဆန်အသုံးချပြီးတပ်စွဲထားတဲ့စစ်ကောင်စီတပ်ကိုတော်လှန်ရေးတပ်ဖွဲ့တွေကအလစ်အငိုက်ဝင်ရောက်ပစ်ခတ်ခဲ့တာပါ၊စစ်တပ်ကလူအုပ်ကြားထဲရမ်းသမ်းပစ်ခတ်မှုကြောင့်ရန်ကုန်ကဘုရားဖူးအမျိုးသမီးသုံးဦးသေဆုံးသွားပြီးပြည်သူ၁၅ဦးခန့်ဒဏ်ရာရရှိသွားတယ်။စစ်ကောင်စီကတော့ထိုသေဆုံးမှုကိုထုံးစံအတိုင်းPDFတွေအပေါ်အပစ်ပုံချခဲ့ပေမယ့်မျက်မြင်သက်သေတွေရဲ့ပြောကြားချက်အရတိုက်ပွဲပြီးသွားတဲ့အချိန်မှာတောင်စစ်တပ်ကဆက်တိုက်ရမ်းသမ်းပစ်ခတ်နေလို့ပြည်သူတွေထိခိုက်သေဆုံးရတာလို့သိရတယ်။အကြမ်းဖက်စစ်ကောင်စီကပြောသမျှကိုလဲဒီအချိန်မှာဘယ်သူမှမယုံကြတော့ဘူး။ တိုင်းပြည်မငြိမ်မသက်ဖြစ်နေချိန်တော်လှန်ရေးကာလမှာဘုရားဖူးပဲဖြစ်ဖြစ်အပျော်ခရီးထွက်ခြင်းဟာလုံခြုံမှုမရှိဘူးဆိုတာဒီဖြစ်ရပ်ကပြသလိုက်တာပဲ။ဒါပေမယ့်လဲမြန်မာလူမျိုးတွေရဲ့ဓလေ့အရအပျော်ကိုအသက်နဲ့ရင်းပြီးရှာကြဦးမှာပဲ။

Read moreDetails

အောက်တိုဘာ ၁၂၊ ၂၀၂၂။ (ဗုဒ္ဓဟူး)

သူရဦးရွှေမန်းရဲ့ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကိုဖျက်သိမ်းတော့မယ်လို့ကြေငြာလိုက်တယ်။ဦးရွှေမန်းဟာအရင်စစ်အစိုးရလက်ထက်ကဦးသန်းရွှေပြီးရင်အကြီးဆုံးဗိုလ်ချုပ်ကြီးတစ်ဦးဖြစ်ခဲ့ပြီးဦးသိန်းစိန်အစိုးရလက်ထက်မှာဒေါ်အောင်ဆန်းစုကြည်နဲ့ရင်းနှီးတဲ့ဆက်ဆံရေးရှိသူဖြစ်တယ်။သူ့ရဲ့ပါတီကို၂၀၁၉မှာတည်ထောင်ပြီးရွှေးကောက်ပွဲဝင်ပြိုင်ခဲ့ပေမယ့်တစ်နေရာမှအနိုင်မရခဲ့ဘူး။အခုတော့ပါတီကိုဖျက်သိမ်းဖို့လုပ်နေပြီ။ သူရဦးရွှေမန်းဟာလက်ရှိစစ်ခေါင်းဆောင်မင်းအောင်လှိုင်ထပ်များစွာဝါကြီးပြီးမင်းအောင်လှိုင်နဲ့ဆက်ဆံရေးမကောင်းခဲ့ဘူး။ဒါကြောင့်စစ်ကောင်စီကပြုလုပ်မယ့်လာမယ့်နှစ်ရွှေးကောက်ပွဲမှာအောက်ကျို့ပြီးဝင်မပြိုင်ချင်တာကြောင့်နဲ့ဝင်ပြိုင်လဲတရားမျှတမှုမရှိနိုင်တာကြောင့်ပါတီကိုဖျက်သိမ်းလိုက်တာလို့ယူဆရတယ်။သူရဲ့ဆုံးဖြတ်ချက်ကလက်ရှိအချိန်မှာမှန်ကန်တယ်လို့ပြောလို့ရတယ်။ ဗိုလ်ချုပ်ကြီးဟောင်းဖြစ်တဲ့သူရရွှေမန်းကတော့မှန်ကန်တဲ့လမ်းကိုရွှေးချယ်လိုက်ချိန်မှာ၈၈ကျောင်းသားခေါင်းဆောင်ဟောင်းအဖြစ်နာမည်ကြီးခဲ့တဲ့ဦးကိုကိုကြီးနဲ့သူရဲ့ပါတီကတော့စစ်တပ်လော်ဘီလက်ကိုင်တုတ်နီးနီးဖြစ်နေပြီ။ဦးကိုကိုကြီးဟာအခုNUCCရောက်နေတဲ့ဦးမင်းကိုနိုင်တို့နဲ့အတူစစ်အာဏာရှင်ဆန်းကျင်ရေးမှာနာမည်ကြီးခဲ့သူတစ်ဦးဖြစ်ခဲ့ပေမယ့်အခုချိန်မှာတော့ဖက်ဆစ်စစ်တပ်ရဲ့အကြမ်းဖက်မှုတွေအကြောင်းတစ်လုံးမှမပြောတော့ပဲငြိမ်းချမ်းရေးလိုလားသလိုလိုဘာလိုလိုနဲ့စစ်ကောင်စီကကျင်းပမယ့်ရွှေးကောက်ပွဲကိုလဲဝင်ပြိုင်လိမ့်ဦးမယ်။လူတိုင်းဟာကိုယ့်လမ်းကိုယ်ရွှေးချယ်ကြရတာပဲ။ဦးကိုကိုကြီးရဲ့နိုင်ငံရေးပါဝါကတော့ပြည်သူတွေကြားအခုချိန်မှာသေဆုံးသွားခဲ့ပြီ။

Read moreDetails

အောက်တိုဘာ ၁၁၊ ၂၀၂၂။ (အင်္ဂါ)

ပြီးခဲ့တဲ့တလလုံးတိုက်ပွဲတွေပြင်းထန်ခဲ့တဲ့ရခိုင်ပြည်နယ်မှာဒီလထဲအနည်းငယ်ငြိမ်သက်သွားသလိုထင်ရပေမယ့်ဒီရက်ပိုင်းအတွင်းမောင်တောမြို့မြောက်ပိုင်းမှာအေအေကစစ်တပ်စခန်းတစ်ခုကိုထပ်မံတိုက်ခိုက်သိမ်းပိုက်လိုက်တယ်။စခန်းသိမ်းတိုက်ပွဲကတစ်နာရီခန့်သာကြာလိုက်ပြီးသုံ့ပန်း၁၄ယောက်နဲ့တကွလက်နက်ခဲယမ်းတွေပါသိမ်းဆည်းရမိတယ်။အေအေအတွက်တော့စခန်းတွေသိမ်းနိုင်လာတာနဲ့အမျှစစ်တပ်ဘက်ကလက်နက်ခဲယမ်းတွေပါရနေတော့ငါးကြင်းဆီနဲ့ငါးကြင်းပြန်ကြော်နေသလိုမျိုးအဆင်ပြေနေတယ်။ စစ်ကောင်စီဖက်ကလဲရခိုင်ပြည်နယ်မှာတပ်အင်အားအပြောင်းအရွှေ့တွေအတွက်အရပ်သားရေယာဉ်တွေကိုပါအတင်းအကြပ်အသုံးပြုလျက်ရှိတယ်။အခုဆိုရင်ပြည်သူတွေသွားလာရေးအဆင်ပြေစေဖို့ဂျပန်ကလှူထားတဲ့ရေယာဉ်တွေကိုပါစစ်ရေးအတွက်အသုံးပြုနေတာကြောင့်လူ့အခွင့်အရေးအဖွဲ့တွေကဂျပန်နိုင်ငံကိုသတိပေးလျက်ရှိတယ်။လက်ရှိမြန်မာအရေးမှာဂျပန်နိုင်ငံဟာအရင်လိုပြည်သူဘက်ပြတ်ပြတ်သားသားမရပ်တည်တော့ပဲစစ်ကောင်စီနဲ့အလိုက်သင့်နေတဲ့ပုံစံမျိုးတွေတွေ့မြင်နေရတယ်။

Read moreDetails

အောက်တိုဘာ ၁၀၊ ၂၀၂၂။ (တနင်္လာ)

လေကြောင်းရန် ကာကွယ်နိုင်သည့် လက်နက်များ ပိုင်ဆိုင်ထားပြီဟု NUG က ကြေညာပြီး ၂၄ နာရီ မပြည့်မီတွင်စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်မှာရဟတ်ယာဉ်၆စီး၊တိုက်လေယာဉ်၂စီးဖြင့်စစ်ဆင်ခံရတယ်။ဝက်လက်မြို့နယ်ဧရာဝတီမြစ်အနောက်ဘက်ကမ်းရှိ ဒေသကာကွယ်ရေး သင်တန်းကျောင်းတစ်ခုကို စစ်ကောင်စီက လေကြောင်းမှ အပြင်းအထန်တိုက်ခိုက်ခဲ့ရာ PDF ၃ ဦး၊ ပြည်သူ ၃...

Read moreDetails

အောက်တိုဘာ ၀၉၊ ၂၀၂၂။ (တနင်္ဂနွေ)

NUGကမနေ့ကလက်ခမောင်းခတ်ပြောကြားခဲ့တာကိုဂုဏ်ပြုတဲ့အနေနဲ့တနိုင်ငံလုံးကတန်ခိုးကြီးဘုရားတွေ၊အပန်းဖြေစရာနေရာတွေမှာပြည်သူတွေတိုးကြိတ်ပြီးလည်ပတ်ကြတယ်။ဒီနေ့ဟာသတင်းကျွတ်လပြည့်နေ့ဆိုပေမယ့်အာဏာသိမ်းပြီးနောက်ပိုင်းအခါကြီးရက်ကြီးတွေမှာလူတွေစည်ကားနေတာဒီတကြိမ်အများဆုံးပဲ။ဘုရားတွေမှာ၊ကမ်းခြေတွေမှာ၊အပန်းဖြေစရာနေရာတွေမှာတိုးမပေါက်အောင်စည်ကားနေတယ်။အဝေးပြေးလမ်းမတွေလဲပိတ်ဆို့သွားတဲ့အထိပဲ။ဟိုးအရင်ငြိမ်းချမ်းစဉ်ကာလတွေကအခြေအနေတွေကိုတောင်သတိရမိသေးတယ်။ တချို့တွေကပြည်သူတွေသွေးအေးသွားကြပြီလားလို့တွေးကြတယ်။တကယ်ကလူတွေဟာမွန်းကြပ်လွန်းလို့ဒီချိန်မှာထွက်ပေါက်ရှာတဲ့အနေနဲ့လည်ပတ်ကြတာလို့ထင်မိတယ်။အများစုကတော့မြို့နေအခြေခံလူတန်းစားတွေပါပဲ။နယ်ဘက်တွေမှာရွာတွေမီးရှို့ခံရ၊လူတွေသတ်ဖြတ်ခံနေရပေမယ့်ဒီအကြောင်းတွေကိုမြို့နေလူတန်းစားတွေသိပ်မသိကြတော့ဘူး။အင်တာနက်အသုံးပြုခတွေစျေးကြီးနေတာကြောင့်သတင်းအချက်လက်တွေမစီးဆင်းတော့တာလဲပါသလိုထိုကိစ္စတွေကိုမြို့နေလူတန်းစားတွေကကိုယ်တိုင်မကြုံရသေးတော့မြင်ရကြားရတာရိုးသွားတာလဲပါမှာပေါ့။ တကယ်ခံနေရတာကတော့တောသူတောင်သားတွေပဲ။ဒီလိုနေ့မျိုးမှာလည်ပတ်နေဖို့နေနေသာသာနေစရာအိမ်တောင်မရှိကြတော့ဘူး။ဒီနိုင်ငံမှာအထက်ပါအတိုင်းလူတန်းစားနှစ်ရပ်တဖြည်းဖြည်းကွဲလာတယ်။အကုန်လုံးကိုနားလည်ပေးနိုင်ဖို့ဆိုတာကတော့တော်တော်ခက်လိမ့်မယ်။စစ်ပွဲတွေမြို့ပြပေါ်ရောက်လာမှပဲအားလုံးတန်းတူပြန်ဖြစ်သွားလိမ့်မယ်။  

Read moreDetails
Page 110 of 173 1 109 110 111 173

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist