မြန်မာအကျဉ်းထောင်တစ်ခုမှာ နှစ်နှစ်နီးပါး အကျဉ်းချခံရပြီးနောက် ပြီးခဲ့တဲ့အပတ်က လွတ်မြောက်လာ ခဲ့တဲ့ သြစတြေးလျ စီးပွားရေးပညာရှင် ရှောင်တာနဲလ်က စစ်ကြောရေးနဲ့ အကျဉ်းထောင်တွင်း ဖြတ်သန်းခဲ့ရပုံ တွေကို အင်တာဗျူးတစ်ခုမှာ The Australian သတင်းစာသို့ ပြောပြခဲ့တယ်။ သူဟာဖမ်းဆီးခံရပြီးနောက် ၆...
Read moreDetailsကရင်ပြည်နယ်ကော်ဘရာစစ်ကြောင်းကရိက္ခာပို့တဲ့ယာဉ်တန်းကိုစစ်တပ်ကခြုံခိုတိုက်ခိုက်လို့ကော်ဘရာစစ်သည်သုံးဦးကျဆုံးသွားတယ်။ကျဆုံးသွားတဲ့သူတွေထဲမှာနာမည်ကြီးသူတွေပါသွားတော့ယူကျုံးမရဖြစ်ကြတာပေါ့။စစ်ရဲ့သဘောတရားကတော့ဒီလိုပါပဲ။ကိုယ့်ဖက်ကပဲအသာရနေတာမှမဟုတ်တာ။ဒီလထဲမှာတော့အခြားEAOအဖွဲ့တွေထပ်စာရင်ကရင်ပြည်နယ်ထဲမှာစစ်တပ်နဲ့KNUတို့ထိတွေ့တိုက်ပွဲဖြစ်ပွားမှုတွေပိုမိုများပြားနေတယ်။KNUတပ်မဟာ၅ကတော့ဟိုးအရင်တုန်းကသူတို့ဆုံးရှုံးလက်လွတ်ခဲ့ရတဲ့စခန်းတွေအကုန်ပြန်သိမ်းမယ်လို့ကြွေးကြော်ထားတယ်။တခြားEAOတွေကတော့လက်ရှိမှာငြိမ်ချက်သွားကောင်းနေတယ်။
Read moreDetailsအာဆီယံကာကွယ်ရေးဝန်ကြီးအစည်းအဝေးမှာစစ်ကောင်စီကကာကွယ်ရေးဝန်ကြီးကိုမဖိတ်တော့ဘူး။အာဏာသိမ်းပြီးနောက်ပိုင်းထိုအစည်းအဝေးတွေမှာအာဆီယံကစစ်ကောင်စီကိုဆက်လက်ဖိတ်ကြားနေခဲ့ပေမယ့်ဒီတခေါက်စစ်ကောင်စီကိုအဖက်မလုပ်တော့တာထူးခြားမှုတစ်ခုပဲ။ဒါမျိုးကဖြစ်သင့်နေတာကြာပြီ။နောက်ပိုင်းမှာအာဆီယံကစစ်ကောင်စီကိုထိပ်သီးအစည်းအဝေးတွေတင်မကပဲဒေသတွင်းမှာလုံးဝပစ်ပယ်ထားဖို့ဆွေးနွေးထားတယ်။လူရာဝင်ချင်လွန်းလို့နိုင်ငံရေးအကျဉ်းသားတချို့လွှတ်ပေးခဲ့တဲ့စစ်ကောင်စီအဖို့တော့ကြိုးစားသမျှအရာမထင်ခဲ့ဘူးပေါ့။ မင်္ဂလာဒုံကဖျက်စီးခံရတော့မယ့်ရပ်ကွက်ထဲမှာနေထိုင်တဲ့အမျိုးသားတစ်ယောက်နဲ့အမျိုးသမီးတစ်ယောက်ကတော့ကိုယ့်ကိုကိုယ့်သတ်သေသွားကြပြီ။နေရင်းထိုင်ရင်းကိုယ့်အိမ်ဖျက်စီးခံရတော့မယ့်အခြေအနေမှာဘယ်လောက်တောင်မျှော်လင့်ချက်မဲ့နေမလဲ။စစ်ကောင်စီကတော့ပြည်သူတွေရဲ့ဘဝပေါင်းများစွာကိုနည်းမျိုးစုံနဲ့ဖျက်စီးနေတယ်။
Read moreDetailsရန်ကုန်တိုင်း၊မင်္ဂလာဒုံမြို့နယ်ပျဉ်းမပင်စက်မှုဇုန်အနီးကလူနေရပ်ကွက်တွေကိုစစ်တပ်ကတပ်ပိုင်မြေအဖြစ်သတ်မှတ်ပြီးအတင်းပြောင်းရွှေ့ခိုင်းနေတယ်။ရွှေ့ပြောင်းခိုင်းတဲ့နေရာဟာအိမ်ခြေတစ်ထောင်ကျော်ရှိပြီးအိမ်ကြီးအိမ်ကောင်းတွေလဲပါဝင်နေတယ်။ထိုနေရာဟာကျူးကျော်လဲမဟုတ်ပဲအနှစ်နှစ်ဆယ်ကျော်နေထိုင်သူတွေရှိနေတာပါ။နိုဝင်ဘာ၁၈ရက်ကိုနောက်ဆုံးထားဖျက်သိမ်းခိုင်းထားပြီးအခုနိုဝင်ဘာ၂၂အထိအချိန်တိုးပေးထားတယ်။တချို့အိမ်တွေဖျက်နေကြပြီးတချို့အိမ်တွေကတော့စောင့်ကြည့်နေကြတယ်။စစ်တပ်ကပီးခဲ့တဲ့အပတ်ကလဲရန်ကုန်မရမ်းကုန်းကရပ်ကွက်တစ်ခုမှာအိမ်ခြေသုံးရာလောက်ဖျက်ဆီးသွားသေးတယ်။မန္တလေးမြို့မှာဆိုအခြေအနေတွေပိုဆိုးတယ်။မြို့ပြင်ရောမြို့ထဲမှာပါမထင်ရင်မထင်သလိုပြည်သူပိုင်အိမ်ေတွကိုဘူဒိုဇာတွေနဲ့ထိုးပြီးဖျက်စီးနေတယ်။သူတို့သိမ်းချင်တဲ့မြေနေရာတွေကိုကျူးကျော်လို့သတ်မှတ်ပြီးပြောင်းရွှေ့ဖို့တောင်အချိန်မပေးပဲဖျက်စီးတော့တာပဲ။ဂရမ်ရှိတဲ့အိမ်တွေလဲဖျက်စီးခံနေရတာကြောင့်ဒီကာလကြီးမှာပြည်သူတွေဟာဘယ်နေရာမှာပဲနေနေအာမခံချက်မရှိတော့တဲ့ပုံစံမျိုးဖြစ်နေပြီ။
Read moreDetailsဒါရိုက်တာကိုပေါက်ရိုက်ကူးထားတဲ့မသောက်မိသောမိုးခါးရေဇတ်ကားကိုနိုင်ငံတကာမြို့ကြီးတွေမှာပြသလျက်ရှိတယ်။ဒါရိုက်တာကိုပေါက်ဟာလွတ်မြောက်နယ်မြေတစ်ခုမှာခိုလှုံလျက်ရှိပြီးနွေဦးတော်လှန်ရေးအတွက်တတ်နိုင်သမျှအကျိုးပြုနေသူတစ်ဦးပါ။အခုလဲထိုဇာတ်ကားကိုI phone13ဖြင့်သာရိုက်ကူးခဲ့ပြီးနိုင်ငံတကာမှာအောင်ပွဲခံလျက်ရှိတယ်။ဩစတေးလျ၊အမေရိကန်၊အင်္ဂလန်တို့မှာပြသနေပြီးထိုနိုင်ငံတွေကြမန်မာအများစုလာရောက်အားပေးတာကြောင့်ရုပ်ရှင်တပွဲကိုဒေါ်လာသောင်းနဲ့ချီပြီးဝင်ငွေရနေတယ်။ထိုဝင်ငွေကNUGဆီအဓိကစီးဆင်းသွားတယ်။ဒါလဲတော်လှန်ရေးအတွက်ရန်ပုံငွေရှာဖွေနည်းတမျိုးပဲ။တော်လှန်မှာအဓိကလိုနေတာငွေပဲဖြစ်တဲ့အတွက်နည်းလမ်းပေါင်းစုံနဲ့ရှာဖွေေနကြတယ်။
Read moreDetailsမနေ့ကပြန်လွှတ်ပေးလိုက်တဲ့သူတွေအတွက်ဝမ်းသာရပါတယ်။တော်တော်များများလဲကိုယ့်အိမ်ကိုပြန်ရောက်နေကြပြီ။ဒေါက်တာရှောင်တာနယ်ဆိုသူ့နိုင်ငံကိုနေ့မကူးပဲပြန်ရောက်နေပြီ။မြန်မာပြည်သူတွေကိုမမုန်းပါဘူးလို့လဲပြောသွားသေးတယ်။သူဟာမြန်မာပြည်ကိုအတော်သံယောဇဉ်ကြီးတဲ့သူတစ်ယောက်ပဲ။ စစ်ကောင်စီဟာဒီတခေါက်နာမည်ကြီးတွေကိုလွှတ်ပေးလိုက်ခြင်းဖြင့်လတ်တလောရင်ဆိုင်နေရတဲ့ပြည်တွင်းပြည်ပဖိအားတွေကိုလျှော့ချဖို့ကြိုးစားလျက်ရှိတယ်။လောလောလတ်လတ်အာဆီယံထိပ်သီးအစည်းအဝေးမှာနိုင်ငံခေါင်းဆောင်တွေကစစ်ကောင်စီကိုပိုမိုဖိအားပေးဖို့ပြောဆိုလာကြတယ်လေ။တဆက်ထဲမှာပဲအရှေ့အာရှထိပ်သီးအစည်းအဝေးကိုလဲပြုလုပ်ဖို့ရှိတယ်။လာမယ့်လမှာအာဆီယံကိုယ်စားလှယ်ကလဲနောက်တစ်ခေါက်လာဦးမယ်။ဒါကြောင့်အခါကြီးရက်ကြီးမဟုတ်ပဲနာမည်ကြီးသူတွေဟန်ပြလွှတ်ပေးတယ်လို့ယူဆရတယ်။သူတို့ဘယ်လိုပဲကြိုးစားပါစေဒေါ်အောင်ဆန်းစုကြည်တို့လိုနိုင်ငံခေါင်းဆောင်တွေကိုမလွှတ်ပေးသ၍ပြည်တွင်းပြည်ပဖိအားတွေလျော့သွားမှာမဟုတ်ဘူး။စစ်အုပ်စုဟာအစဉ်အဆက်သူတို့ဖိအားများလာရင်ဒါမျိုးလုပ်တတ်တယ်ဆိုတာလူတိုင်းသိပြီးသားဖြစ်တယ်။နိုင်ငံတကာကလဲဒေါ်အောင်ဆန်းစုကြည်တို့ကိုလွှတ်ပေးဖို့ကိုသာအစဉ်တစိုက်တောင်းဆိုလျက်ရှိတယ်။
Read moreDetailsဒီနေ့အမျိုးသားနေ့မှာစစ်ကောင်စီကအကျဉ်းသားငါးထောင်ကျော်လွှတ်ပေးလိုက်တယ်။ထိုအထဲမှာမှနိုင်ငံရေးအကျဉ်းသား၇၀ကျော်ပါဝင်လာတယ်။ဒီတခေါက်လွှတ်ပေးလိုက်တဲ့နိုင်ငံရေးအကျဉ်းသားတွေထဲမှာနိုင်ငံသားတွေရောနိုင်ငံခြားသားတွေပါနာမည်ကြီးသူတွေပါဝင်လာတယ်။နိုင်ငံခြားသားတွေထဲမှာစီးပွားရေးအကြံပေးဩစတေးလျနိုင်ငံသားပါမောက္ခ်ဒေါက်တာရှောင်တာနယ်၊လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ဖမ်းဆီးခံထားရတဲ့အင်္ဂလန်သံအမတ်ဟောင်း၊ပြည်တွင်းကတော့၈၈ခေါင်းဆောင်ဟောင်းဦးမြအေး၊မောင်သာချိုတို့အပြင်NLD CECတချို့ပါလွတ်မြောက်လာကြတယ်။လွှတ်ပေးလိုက်တဲ့ငါးထောင်ဆိုတဲ့အရေအတွက်မှာနိုင်ငံရေးအကျဉ်းသား၇၀ကျော်ပဲဆိုတော့အတော်နည်းလွန်းတယ်။ကျန်တဲ့သူတွေကခိုဆိုးလုယက်ဆေးသမားတွေသာြဖစ်တယ်။ပြန်လွတ်လာတဲ့နာမည်ကြီးနိုင်ငံရေးသမားတွေဆိုတာကလဲတကယ်ကဘာပစ်မှုမှကျူးလွန်ထားသူတွေမဟုတ်ကြဘူး။ကိုမြအေးဆိုရင်အာဏာသိမ်းတဲ့နေ့ကတည်းကဖမ်းဆီးသွားတာဖြစ်တယ်။ကျန်တဲ့သူတွေကလဲလွတ်ရက်စေ့ခါနီးသူတွေကိုခံဝန်ထိုးခိုင်းပြီလွှတ်ပေးလိုက်တာဖြစ်တယ်။တကယ်ကစစ်ကောင်စီပြည်တွင်းနဲ့ပြည်ပကိုမလိမ့်တပတ်လုပ်လိုက်တာပဲ။
Read moreDetailsရန်ကုန်ကYBSလိုင်းကားပေါ်မှာခိုးဆိုးလုယက်သူတွေကိုတန်ပြန်ဖမ်းဆီးဖို့လူငယ်တွေစုပေါင်းပြီးအဖွဲ့တစ်ခုဖွဲ့လိုက်ပြီ။ရဲတွေကအားကိုးလို့မရတော့တဲ့အတွက်ကိုယ်ထူကိုယ်ထလုပ်ကြရတာပါ။ရန်ပုံငွေပိုင်းကိုလဲအဖွဲ့ဝင်တွေကပဲအချိုးကျထည့်ဝင်ကြတယ်။ခါးပိုက်နှိုက်တွေနာမည်ကြီးနေတဲ့လိုင်းကားတွေပေါ်မှာတန်ပြန်လှုပ်ရှားမှုတွေစတင်လုပ်ဆောင်နေကြပြီ။အခုလောလောဆယ်တော့အဖွဲ့ဝင်အနည်းငယ်သာရှိသေးတဲ့အတွက်တမြို့လုံးကိုမဖြန့်ကျက်နိုင်သေးဘူး။လုယက်သူတွေဖမ်းဆီးရမိရင်ရဲလက်အပ်မယ်လို့တော့ပြောထားတယ်။တကယ်ကရဲ့လက်ကိုမအပ်သင့်ဘူး။ရဲစခန်းကိုခေါ်သွားလဲနောက်နေ့ပြန်လွှတ်ပေးလိုက်တာပဲလေ။လူမိုက်တွေကိုဖမ်းမိရင်မှတ်လောက်သားလောက်အောင်ပညာပေးရိုက်နှက်ဆုံးမသင့်တယ်။တရားဥပဒေမရှိတော့တဲ့ကာလမှာဥပဒေအတိုင်းတသွေမတိမ်းလိုက်နာနေလို့အဆင်မပြေဘူး။ကိုယ့်နည်းကိုယ့်ဟန်နဲ့ဖြေရှင်းကြရမှာပဲ။
Read moreDetailsမြစ်ကြီးနားမြို့ကKTVတစ်ခုမှာKIAအရာရှိတချို့ကိုစစ်ကောင်စီကဖမ်းဆီးသွားတယ်။ဒီလိုစစ်ရေးတင်းမာနေတဲ့အချိန်မှာKIAကအရာရှိတွေအနေနဲ့လဲအမှုမဲ့အမှတ်မဲ့မနေပဲလုံခြုံရေးသတိအမြဲရှိသင့်တယ်။စစ်ကောင်စီကတော့အနန့်ပါဗုံးကြဲမှုဖြစ်စဥ်နောက်ပိုင်းKIAကိုဆက်တိုက်ဖိနှိပ်မှုတွေလုပ်ဆောင်လျက်ရှိတယ်။KIAဖက်ကတော့ခုချိန်ထိကြီးမားတဲ့တုန့်ပြန်မှုတွေပြုလုပ်ခြင်းတော့မရှိသေးဘူး။ဒါပေမယ့်တစ်ခုခုလက်တုန့်ပြန်လာမှာတော့သေချာသလောက်ပဲ။ကချင်ပြည်နယ်တစ်ခုလုံးမှာစစ်ပြင်ဆင်မှုတွေ၊စစ်ရေးတင်းမာမှုတွေနဲ့စစ်ရိပ်စစ်ငွေ့ကတော့သန်းနေပြီ။ဒေသခံတွေလဲထိုအငွေ့အသက်ကိုခံစားမိပြီးပြင်ဆင်စရာရှိတာပြင်ဆင်နေကြပြီ။အဓိကကတော့စစ်တပ်ရဲ့အဆင်ခြင်မဲ့လေကြောင်းရန်နဲ့လက်နက်ကြီးရန်တွေအတွက်ကိုပြင်ဆင်ထားကြရမယ်။
Read moreDetailsစစ်ကောင်စီဟာသူတို့ပြုလုပ်မယ့်ရွှေးကောက်ပွဲအတွက်ဒေါ်အောင်ဆန်းစုကြည်နဲ့NLDပါတီကိုအသုံးချဖို့ကြံစည်နေတယ်။၂၀၂၃မှာဖေဖော်ဝါရီမှာစစ်ကောင်စီသက်တမ်းကုန်မှာဖြစ်ပြီးရွေးကောက်ပွဲလုပ်မလားအာဏာသိမ်းမလားဆိုတာတခုခုကြေညာရတော့မယ်။ဒီအတွက်နိုင်ငံရေးဖိအားနဲ့သံတမန်ရေးဖိအားတွေကိုလျှော့ချဖို့ဆိုစစ်ကောင်စီဟာဒေါ်အောင်ဆန်းစုကြည်ကိုပွဲထုတ်ကစားရမှာသေချာတယ်။ဒါကြောင့်စစ်ကောင်စီဖက်ကိုယိမ်းသွားတဲ့NLDအမတ်တွေ၊ဗဟိုအလုပ်အမှုဆောင်တွေကိုဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံစေပြီးညှိနှိုင်းတာမျိုးစကားပြောဆိုပြီးသဘောထားမှတ်ချက်ရဖို့ကိုလုပ်ဆောင်လိမ့်မယ်။ဒေါ်အောင်ဆန်းစုကြည်ကလဲဗဟိုအလုပ်အမှုဆောင်အစည်းအဝေးမကျင်းပနိုင်ချိန်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တဦးခြင်းစီရဲ့ပြောစကားတွေလက်ခံနားထောင်လိုခြင်းမရှိဘူးလို့ကြိုကာထားတယ်။ဘာပဲဖြစ်ဖြစ်စစ်ကောင်စီဟာသူတို့ရဲ့နိုင်ငံတကာဖိအားကိုလျော့ချဖို့အတွက်တချိန်မှာဒေါ်အောင်ဆန်းစုကြည်ကိုပွဲထုတ်လာလိမ့်မယ်။
Read moreDetailsYou can copy without credits to our site. We Need Freedom.