သင်္ကြန်နောက်ပိုင်းကစပြီးနိုင်ငံတဝန်းမှာလျှပ်စစ်မီးပြတ်တောက်မှုတွေဆိုးရွားစွာဖြစ်ပေါ်နေတယ်။စက်မှုဇုန်တွေကစက်ရုံအလုပ်ရုံတွေကိုလဲလျှပ်စစ်မီးမပေးနိုင်လို့လုပ်ငန်းရှင်တွေလဲအခက်ကြုံနေရတယ်။မြို့ကြီးတွေမှာခံရတဲ့ဒုက္ခကပိုဆိုးတယ်။မြို့ထဲကတိုက်ခန်းကျဉ်းကျဉ်းလေးတွေဖြစ်တော့နွေရာသီမှာမီးမလာရင်ညဘက်တွေအရမ်းပူတယ်။အဲ့ဒီတော့အပြင်သစ်ပင်အောက်မှာလူငယ်လေးတွေသုံးလေးယောက်စုထိုင်ပြီဆိုရင်စစ်တပ်ကလာဆွဲသေးတယ်။ပီးရင်ရဲစခန်းမှာတယောက်သုံးလေးသိန်းနဲ့လာရွှေးခိုင်းတယ်။စစ်ကောင်စီဟာပြည်သူတွေကိုအဖက်ဖက်ကစိတ်ဖိစီးပြီးသေအောင်သတ်နေတာပဲ။ နွေရာသီဆိုရင်စစ်ကောင်စီဟာတနိုင်ငံလုံးကိုခွဲတမ်းနဲ့လျှပ်စစ်ဓာတ်အားကိုအလှည့်ကျပေးနေပြီးဒီနှစ်မှာအခြေအနေပိုဆိုးလာတယ်။အရင်အစိုးရအဆက်ဆက်ဘယ်တော့မှလျှပ်စစ်မီးမပြတ်ခဲ့တဲ့သူတို့ရုံးစိုက်ရာနေပြည်တော်ကိုတောင်အပြည့်မပေးနိုင်တော့ပဲအလှည့်ကျစနစ်ကိုကျင့်သုံးလာတယ်။တခြားဒေသတွေဆိုရင်ပြောဖို့တောင်မလိုတော့ဘူး။မီးတောင်မမြင်ရတဲ့နေရာတွေအများကြီးဖြစ်လာပြီ။
Read moreDetailsစစ်ကောင်စီလက်အောက်ခံရွှေးကောက်ပွဲကော်မရှင်ရဲ့ညွှန်ကြားရေးမှုးတစ်ဦးလမ်းမှာကားမောင်းနေရင်းနဲ့ပစ်သတ်ခံလိုက်ရတယ်။ထိုသူဟာဒေါ်အောင်ဆန်းစုကြည်ကိုအမှုဆင်ဖမ်းဆီးရာမှာစစ်ကောင်စီဘက်ကသက်သေအဖြစ်ပါဝင်ခဲ့သူတဦးပဲ။ သင်္ကြန်အပြီးကလဲသန်လျင်မှာလေတပ်ကအရာရှိတစ်ဦးအပစ်ခံရလို့သေဆုံးသွားတယ်။ဒီရက်ပိုင်းစစ်ကောင်စီရဲ့ဒေါက်တိုင်တွေခပ်စိတ်စိတ်ရှင်းလင်းခံနေရတယ်။စစ်ကောင်စီနဲ့ပေါင်းစားနေသူမှန်သမျှအသက်အန္တရာယ်အာမခံချက်မရှိဘူးဆိုတာပြသလိုက်တာပဲ။စစ်တပ်ကအားလုံးကိုလုံခြုံရေးလဲမပေးနိုင်ဘူးလေ။နေပြည်တော်အပြင်ဘက်ထွက်တာနဲ့ဘယ်နယ်မြေသွားသွားမလုံခြုံတဲ့စိတ်ခံစားချက်မျိုးသူတို့ဘက်လူတွေကိုတဖြည်းဖြည်းခံစားလာစေရမယ်။
Read moreDetailsမကွေးတိုင်း၊ မြိုင်မြို့နယ်၊ မကျီးကန်ကျေးရွာကို စစ်တပ်က ဝင်ရောက်စီးနင်းပြီး ဆေးကုသမှု ခံယူနေသည့် လူငယ် ၁၀ ဦးထက်မနည်း ကို သတ်ဖြတ်ကာ ပြည်သူ ၃၀ ကျော်ကို စစ်တပ်က ဓားစာခံအဖြစ် ဖမ်းဆီး ထားတယ်။အကြမ်းဖက် စစ်တပ်က...
Read moreDetailsချင်းပြည်နယ်လိုပဲနောက်ထပ်လွတ်မြောက်နယ်မြေဖြစ်နိုင်ခြေရှိတဲ့ဒေသတစ်ခုကတော့ကယားပြည်နယ်ပါပဲ။နေပြည်တော်နဲ့အနီးဆုံးနေရာမှာရှိနေတဲ့ကယားပြည်နယ်ကိုစစ်ကောင်စီကမတ်လဆန်းကတည်းကအင်အား၃၀၀၀နီးပါးနဲ့ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။မှတ်မိသလောက်၂၀၂၁ခုနှစ်ကကချင်ပြည်နယ်KIAအလော့ဘွန်တောင်ကုန်းကိုအင်အားထောင်ချီသုံးပြီးစစ်ဆင်ရေးလုပ်ပီးနောက်ကယားပြည်နယ်ကိုအခုအင်အားထောင်ချီပြန်သုံးနေတာပဲ။အဲ့တုန်းကလဲစစ်ကောင်စီရဲ့စစ်ဆင်ရေးဟာအောင်မြင်ခြင်းမရှိခဲ့ပါဘူး။အခုလဲလူသူလက်နက်ခဲယမ်းများစွားဆုံးရှုံးလျက်ရှိတယ်။ကယားပြည်နယ်သေးသေးလေးကိုစစ်မျက်နှာခြောက်ခုလောက်ဖွင့်ပြီးတိုက်ခိုက်နေပေမယ့်နှစ်လနီးပါအကြာမှာတော့စစ်သူပုန်၃၀၀ကျော်သေဆုံးပြီးလက်နက်မျိုးစုံငါဆယ်ခန့်တော်လှန်ရေးအဖွဲ့တွေဖက်ကသိမ်းဆည်းရမိထားတယ်။ဒါပေမယ့်စစ်သူပုန်တွေဘက်ကတော့နောက်မဆုတ်ပဲဆက်လက်တိုက်ခိုက်နေတုန်းပဲ။ဒီတခေါက်မှာတော့ကယားပြည်နယ်ဟာစစ်ကောင်စီရဲ့ထိုးစစ်ကိုကောင်းကောင်းခုခံနိုင်သွားပါပြီ။စစ်ကောင်စီဟာကယားပြည်နယ်ကတော်လှန်ရေးအင်အားစုတွေကိုဘယ်လိုမှချေမှုန်းနိုင်တော့မှာမဟုတ်ဘူး။ အခု ကယားနဲ့ချင်း ဖက်ကို စစ်သူပုန်တွေ လုံးဝနီးပါး လက်လျှော့လိုက်ရတဲ့ အနေအထားဖြစ်နေပါပြီ။
Read moreDetailsအပြစ်မဲ့အရပ်သားပြည်သူ၁၅၀ ကျော်အစုလိုက်အပြုံလိုက်ဗုံးကြဲသတ်ဖြတ်ခံလိုက်ရတဲ့ပဇီကြီးကျေးရွာကိုစစ်တပ်ကဒီနေ့ဆက်လက်ဗုံးကြဲခံပါတယ်။ဒါအပြင်အရှေ့ဖက်မှာရှိတဲ့ဧရာတီမြစ်ကနေစစ်ကောင်စီစစ်ကြောင်းတစ်ခုဟာပဇီကြီးကျေးရွာဖက်ဦးတည်လာနေလို့အနီးအနားဝန်းကျင်ရွာတွေကဒေသခံတွေပါထွက်ပြေးနေရတယ်။သူတို့ဗုံးကြဲလူသတ်ခဲ့တဲ့ဖြစ်ရပ်ဟာကမ္ဘာကျော်သွားလို့သက်သေအထောက်အထားတွေဖျောက်ဖျက်ချင်လို့ဖြစ်မယ်။ဒါပေမယ့်မမှီတော့ပါဘူး။ထိုဖြစ်ရပ်ဟာသမိုင်းဝင်မှတ်တမ်းတစ်ခုအဖြစ်ကျန်ရစ်ခဲ့လိမ့်မယ်။ကျန်ခဲ့တဲ့သက်သေတွေနဲ့စစ်မိစ္ဆာတွေကိုခုံရုံးတင်နိုင်ဖို့ကြိုးစားရမယ်။
Read moreDetailsချင်းပြည်နယ်၊ဟားခါးမြို့ကိုရိက္ခာနဲ့လက်နက်ဖြည့်တင်းဖို့ကလေးမြို့ကနေချီတက်လာတဲ့စစ်ကောင်စီစစ်ကြောင်းဟာဒေသခံချင်းကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ချေမှုန်းခြင်းကိုခံလိုက်ရပီးနောက်လက်ကျန်အင်အား၅၀ခန့်ဟာဟာခါးမြို့နဲ့၁၀မိုင်အကွာကရွာတစ်ရွာမှာတပ်စွဲထားတယ်။ထိုစစ်သူပုန်လက်ကျန်အဖွဲ့ကိုလဲတော်လှန်ရေးအဖွဲ့တွေကနေ့စဉ်ရက်ဆက်ဆိုသလိုဆက်လက်တိုက်ခိုက်နေတယ်။ဟားခါးဘက်ကစစ်ကူပေးဖို့ဆင်းလာတဲ့စစ်ကြောင်းဟာလဲကြားဖြတ်တိုက်ခိုက်ခြင်းခံနေရတာကြောင့်အခုချိန်ထိထိုနေရာကိုရောက်မလာသေးဘူး။ဘာပဲဖြစ်ဖြစ်ဒါဟာချင်းပြည်နယ်ကိုအင်အားဖြည့်တင်းဖို့စီစဥ်ထားတဲ့စစ်ကောင်စီရဲ့ရည်ရွယ်ချက်တစ်ခုကိုဖျက်စီးလိုက်နိုင်တာပဲ။ စစ်ကောင်စီအာဏာသိမ်းပြီးကတည်းတိုက်ပွဲတွေဖြစ်ပွားနေတဲ့ချင်းပြည်နယ်ကိုအင်အားဖြည့်တင်းဖို့ကုန်းလမ်းကြောင်းကိုသာအသုံးပြုခဲ့တယ်။သူတို့မှာတခြားရွှေးချယ်စရာလဲမရှိဘူး။စစ်ကြောင်းတွေတက်လာတိုင်းတော်လှန်ရေးအဖွဲ့တွေကရသလောက်ခုခံကြပေမယ့်အခုလိုစစ်ကြောင်းတစ်ခုလုံးကိုဖျက်စီးလိုက်နိုင်ဒါပထမဆုံးအကြိမ်ပဲ။ချင်းပြည်နယ်တောင်ဘက်ခြမ်းမှာလဲမကွေးတိုင်း၊ပခုက္ကူကနေချင်းပြည်နယ်မတူပီမြို့ကိုရိက္ခာပို့မယ့်စစ်ကြောင်းတစ်ခုဟာလမ်းမှာအကြိမ်ကြိမ်တိုက်ခိုက်ခံရမှုကြောင့်မတူပီကိုမသွားနိုင်တော့ပဲမင်းတပ်မြို့ကနေလှည့်ပြန်သွားရတယ်။ပြောရရင်တော့ချင်းပြည်နယ်ကိုတက်လာတဲ့စစ်ကောင်စီစစ်ကြောင်းနှစ်ခုလုံးဒီတကြိမ်မှာတော့ရည်မှန်းချက်ကိုမရောက်ခဲ့ဘူး။နောင်လဲတက်လာနိုင်မှာမဟုတ်ဘူး။ဒီပုံစံကိုသာဆက်ထိန်းထားနိုင်ရင်မကြာခင်မှာချင်းပြည်နယ်ဟာလွတ်မြောက်တယ်မြေဖြစ်လာနိုင်တယ်။
Read moreDetailsဒီနေ့ဟာစစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ပဇီကြီးတေကျးရွာလေကြောင်းတိုက်ခိုက်ခံရမှုကြောင့်သေဆုံးသွားတဲ့ပြည်သူတွေရဲ့ရက်လည်နေ့ပါ။ဒါပေမယ့်တရွာလုံးထွက်ပြေးနေရတာကြောင့်ရက်လည်ဆွမ်းသွတ်မလုပ်ကြဘူး။လုပ်မယ်ဆိုရင်လဲတရွာလုံးတအိမ်မကျန်အောင်လုပ်ရမှာပါ။ထိုနေ့ကဖြစ်ရပ်ကြောင့်တရွာလုံးမှာသေဆုံးသူမရှိတဲ့မိသားစုမရှိတဲ့အထိဖြစ်သွားခဲ့တယ်။တပတ်ပြည့်ခဲ့ပေမယ့်စစ်တပ်ရဲ့လေကြောင်းခြိမ်းခြောက်မှုတွေဆက်လက်ရှိနေတာကတကြောင်း၊ရွာသူရွာသားတေခမျာစိတ်ဒဏ်ရာပြင်းထန်စွာရနေကြလို့ရွာကိုပြန်မဝင်နိုင်သေးပဲနီးစပ်ရာတောထဲတောင်ထဲတွေမှာခိုအောင်းနေကြရတယ်။ရက်လည်နေ့အတွက်တရားဟောပေးမယ့်ဘုန်းကြီးမရှိတာကြောင့်ဖုန်းနဲ့ပဲအဆင်ပြေသလိုလုပ်လိုက်ကြရတယ်။ ဒီလောက်ပြည်သူတွေဒုက္ခရောက်နေတာတောင်ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာစစ်ကောင်စီကိုရှုံ့ချကန့်ကွက်ကြောင်းစာထုတ်ဖို့ကိုတောင်တရုတ်နဲ့ရုရှားကကန့်ကွက်လို့ဘာမှလုပ်လို့မရခဲ့ဘူး။မြန်မာပြည်သူတွေအတွက်အတော်ရင်နာစရာကောင်းတယ်။ကူရာကယ်ရာမဲ့အခြေအနေမှာကမ္ဘာကြီးဆီကဘာမှမျှော်လင့်လို့မရတော့ပါဘူး။
Read moreDetailsမနေ့ညကစစ်ကောင်စီရုံးစိုက်ရာနေပြည်တော်ကဧလာလေယာဥ်ကွင်းကိုတော်လှန်ရေးအဖွဲ့တွေရှော့တိုက်ဒုံးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့လို့မီးအကြီးအကျယ်လောင်ခဲ့တယ်။မီးလောင်မှုဟာကြီးမားတာကြောင့်လေယာဥ်ဆီသိုလှောင်တဲ့နေရာတွေထိခိုက်သွားတယ်လို့ပြောကြသလိုလက်နက်ခဲယမ်းသိုလှောင်ရုံကိုကျရောက်ပေါက်ကွဲတယ်ဆိုကြတယ်။စစ်တပ်က လုံခြုံရေးအပြည့်အဝယူထားတဲ့နေရာဖြစ်တာကြောင့် ဘယ်လောက်ထိခိုက်သွားတယ်ဆိုတာတော့အတည်မပြုနိုင်သေးဘူး။စစ်ကောင်စီကတော့လေယာဥ်ကွင်းနားကတောမီးလောင်တာပါလို့သတင်းလွှင့်တယ်။ မရှေးမနှောင်းမှာပဲမကွေးတိုင်းဆိပ်ဖြူမြို့နယ်ကစစ်တပ်ရဲ့လေယာဥ်ဗုံးတွေထုတ်လုပ်တဲ့စက်ရုံတစ်ခုလဲရှော့တိုက်ဒုံးနဲ့အတိုက်ခံရတယ်။တော်လှန်ရေးအဖွဲ့တွေကအနီးဆုံးနေရာကနေသေချာချိန်ရွယ်ပစ်ခတ်ခဲ့တာကြောင့်လက်နက်သိုလှောင်ရုံထိမှန်ပေါက်ကွဲသွားတယ်လို့အတည်ပြုတယ်။စစ်သားတချို့လဲထိခိုက်သေဆုံးနိုင်တယ်။ပစ်ခတ်ခံရချိန်ထိုစက်ရုံမှာရုရှားကလက်နက်ပညာရှင်တွေလဲရောက်ရှိနေတယ်။သူတို့ထိခိုက်မှုရှိမရှိတော့သေချာမသိရဘူး။ အခုနောက်ပိုင်းမှာတော်လှန်ရေးအဖွဲ့တွေဟာစစ်တပ်ရဲ့အတွင်းစည်းကမဟာဗျူဟာမြောက်ပစ်မှတ်တွေကိုတိုက်ခိုက်လာနိုင်တာကိုသတိထားမိတယ်။ထိုကဲ့သို့ပစ်မှတ်တွေခပ်စိတ်စိတ်တိုက်ခိုက်လာနိုင်ရင်စစ်ကောင်စီအတွက်များစွာအခက်တွေ့စေနိုင်တယ်။
Read moreDetailsဘာလိုလိုနဲ့သင်္ကြန်အတက်နေ့တောင်ရောက်လာပြီ။အာဏာသိမ်းပီးကတည်းပြည်သူတွေဆိုတာသင်္ကြန်ကိုဘာမှန်းတောင်မသိကြတော့ဘူး။အားလုံးဟာသင်္ကြန်ကိုမဆိုင်သလိုပဲဖြတ်သန်းကြတယ်။ဒီနှစ်လဲမြို့ကြီးတွေမှာစစ်ကောင်စီကပြုလုပ်ပေးထားတဲ့မဏ္ဏပ်တချို့တလေလောက်မှာသာစည်ကားနေပြီးကျန်တဲ့နေရာအများစုမှာရေကစားသူမရှိသလောက်ပဲ။ထိုမဏ္ဏပ်တွေမှာလဲစစ်ကောင်စီကအတင်းအကျပ်ရေကစားခိုင်းထားတဲ့ဝန်ထမ်းတွေနဲ့အမူးသမားတွေသာရှိတယ်။စစ်ကောင်စီစီစဉ်ပေးထားတဲ့နေရာတွေမှာဘယ်သာမာန်ပြည်သူမှရေသွားမကစားရဲကြဘူး။တော်လှန်ရေးအဖွဲ့တွေကသတိပေးထားတာကိုး။တကယ်လဲပေါက်ကွဲမှုတွေနယ်မြို့တွေကမဏ္ဏပ်တွေမှာရှိခဲ့တယ်။ဒါပေမယ့်ရေမကစားကြတဲ့မနက်အစောပိုင်းနဲ့ညပိုင်းတွေလောက်သာဖြစ်ခဲ့တာပါ။ဘာလိုလိုနဲ့သင်္ကြန်တစ်နှစ်ကတော့ပြီးဆုံးသွားပြန်ပြီ။
Read moreDetailsစစ်ကိုင်းတိုင်းကလေးမြို့ကနေချင်းပြည်နယ်မြို့တော်ဟားခါးမြို့ကိုအင်အားနဲ့ရိက္ခာဖြည့်ဖို့ချီတက်ဟားခါးမြို့မရောက်ခင်မှာပဲအပြီးတိုင်ခြေမှုန်းခြင်းခံလိုက်ရတယ်။ပြီးခဲ့တဲ့မတ်လဆန်းကတည်းကစစ်ကောင်စီတပ်တွေဟာကလေးမြို့မှာစုစည်းပြီးယာဉ်စီးရေသုံးဆယ်ခန့်အင်အား၂၀၀ခန့်အသုံးပြုပြီးချင်းပြည်နယ်ဟားခါးမြို့ကိုအင်အားဖြည့်ဖို့စတင်ချီတက်ခဲ့တယ်။စထွက်ကတည်းကတော်လှန်ရေးအဖွဲ့တွေရဲ့အဆင့်ဆင့်ပိတ်ဆို့တိုက်ခိုက်ခြင်းကိုခံခဲ့ရတယ်။ပုံမှန်ဆိုတစ်နာရီခွဲခန့်သာသွားရတဲ့ခရီးကိုတလကြာသည်အထိမရောက်သေးဘူး။ယာဉ်တန်းကကားတွေတစ်စီးပြီးတစ်စီးအမှည့်ချွေခံနေရပြီးရှေ့ဆုံးကနေချီတက်နေတဲ့သံချပ်ကာကားနှစ်စီးပါဒရုန်းနဲ့ဗုံးကြဲခံလိုက်ရလို့ပျက်စီးသွားတယ်။ဟားခါးကနေစစ်ကူပေးဖို့ဆင်းလာတဲ့စစ်ကောင်စီစစ်ကြောင်းဟာလဲကြားဖြတ်တိုက်ခိုက်ခံရလို့မကူနိုင်ခဲ့ဘူး။နောက်ဆုံးမှာတော့လိုရာမရောက်သေးခင်မှာပဲအဆိုပါယာဉ်တန်းမှာပါလာတဲ့ယာဉ်အားလုံးပျက်စီးသွားလို့ဆက်လက်ချီတက်လို့မရတော့ဘူး။ပါလာတဲ့စစ်သူပုန်အင်အား၂၀၀ခန့်ဟာလဲလမ်းသေဆုံးဒဏ်ရာရကုန်လို့လေးဆယ်ခန့်သာကျန်တော့တယ်လို့သိရတယ်။အခုလောလောဆယ်တော့စစ်သူပုန်တွေဟာရောက်တဲ့နေရာမှာပဲဆက်လက်တပ်စွဲထားတယ်။
Read moreDetailsYou can copy without credits to our site. We Need Freedom.