အာဏာသိမ်း ဒိုင်ယာရီ

နိုဝင်ဘာ ၁၁၊ ၂၀၂၃။ (စနေ)

စစ်ကိုင်းတိုင်းမှာတော်လှန်ရေးအဖွဲ့တွေသိမ်းပိုက်ထားတဲ့ကောလင်းမြို့ကိုပြန်လည်တိုက်ခိုက်သိမ်းယူမယ်ဆိုပြီးကြုံးဝါးချီတက်လာတဲ့ကန့်ဘလူနယ်ကပျူစောထီးနဲ့စစ်သူပုန်အင်အား၂၀၀ခန့်ဟာလမ်းမှာတင်ကြားဖြတ်တိုက်ခိုက်ခံလိုက်ရလို့၈၀ကျော်သေဆုံးပြီးဖရိုဖရဲနဲ့ပြန်လည်ဆုတ်ခွာထွက်ပြေးသွားရတယ်။ကန့်ဘလူနယ်ဟာပျူစောထီးအဖွဲ့တွေအားကောင်းတဲ့နယ်မြေဖြစ်တာကြောင်းစစ်သူပုန်တွေဟာပျူစောထီးတွေအားကိုးပြီးကောလင်းမြို့ကိုပြန်လည်ရယူဖို့ကြိုးစားခဲ့တာပါ။အခုလိုအရှုံးနဲ့ရင်ဆိုင်လိုက်ရတကြောင့်ကန့်ဘလူနယ်မှာအင်အားအချို့တော့လျော့နည်းသွားမှာပေါ့။ကောလင်းဝန်းကျင်မြို့တွေကိုတော်လှန်ရေးအဖွဲ့တွေသိမ်းပြီးသွားရင်တော့အလှည့်ကျလာမှာကကန့်ဘလူဒေသပါပဲ။ ဒါ့အပြင်စစ်ကိုင်းတိုင်းချင်းတွင်းမြစ်ထဲမှာစစ်ကောင်ရဲ့ရိက္ခာပို့တွဲသင်္ဘောသုံးစီးကိုဒေသခံတော်လှန်ရေးအဖွဲ့တွေသိမ်းဆည်းလိုက်နိုင်တယ်။ထိုသင်္ဘောတွေပေါ်မှာပါလာတဲ့ခိုးထုတ်လာတဲ့သစ်တွေနဲ့ဆီပေပါတစ်ရာကျော်ကိုလဲရရှိလိုက်တယ်။ဆီပေပါတွေကတော့ဖြတ်လေးဖြတ်အလုပ်ခံထားရတဲ့ထိုဒေသတွေအတွက်အတော်အသုံးဝင်လိမ့်မယ်။ချင်းတွင်းမြစ်ကိုစစ်ရေးအရအသုံးပြုပြီးသွားလာနေတဲ့စစ်တပ်သင်္ဘောတွေကိုတော်လှန်ရေးအဖွဲ့ရရင်ရသလိုတိုက်ခိုက်နေတာအရင်ကတည်းကပါ။ဒါပေမယ့်အခုလိုမျိုးသင်္ဘောတွေအစီးလိုက်သိမ်းဆည်းလိုက်နိုင်တာဒါပထမဆုံးအကြိမ်ပဲ။တော်လှန်ရေးအဖွဲ့တွေရဲ့တိုက်ရည်ခိုက်ရည်ဟာတဆင့်ခြင်းဆီတိုးတက်လာနေတယ်လို့ပြောရမယ်။

Read moreDetails

နိုဝင်ဘာ ၁၀၊ ၂၀၂၃။ (သောကြာ)

မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဟာစစ်ဆင်ရေးအတွင်နောက်ထပ်မြို့တမြို့ကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်။တရုတ်နယ်အနီးရှိကုန်သွယ်ရေးမြို့ဖြစ်တဲ့မူဆယ်မြို့နားကကြူကုတ်ပန်ဆိုင်းမြို့ကိုပါ။ထိုမြို့ကိုရရှိလိုက်တဲ့အတွက်၁၀၅မိုင်နယ်စပ်ကုန်သွယ်ရေးဇုန်နဲ့မူဆယ်မြို့ကိုပါကောင်းကောင်းခြိမ်းခြောက်လာနိုင်ပါပြီ။ဒီရက်ပိုင်းတော်လှန်ရေးအဖွဲ့တွေဘက်ကစစ်ကိုင်းတိုင်းနဲ့ရှမ်းပြည်နယ်မှာ၂ရက်ကိုတမြို့နှုန်းလောက်သိမ်းယူလာနိုင်တာတွေ့ရတယ်။ စစ်ကောင်စီဘက်တော့ပထမဆုံးအကြိမ်အဖြစ်သူတို့ရှမ်းပြည်နယ်နဲ့စစ်ကိုင်းတိုင်းမှာမြို့အချို့ကိုလက်လွတ်လိုက်ရကြောင်းပထမဆုံးအကြိမ်ဝန်ခံသွားတယ်။ဘယ်အရာမဆိုဘူးခံငြင်းလေ့ရှိတဲ့စစ်ကောင်စီအနေနဲ့ဒီလိုဝန်ခံသွားတာထူးဆန်းနေတယ်။ဝန်မခံလို့မရတော့တဲ့အခြေအနေတွေဖြစ်နေပြီးမြေပြင်မှာရုပ်ပျက်ဆင်းပျက်သူတို့ရှုံးနိမ့်နေပီလေ။မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေရဲ့ဆက်တိုက်ထိုးစစ်ဆင်မှုတွေကြောင့်၁၀၂၇စစ်ဆင်ရေးစပြီးနှစ်ပတ်တာကာလအတွင်းစစ်ကောင်စီအနေနဲ့လက်လွှတ်လိုက်ရတဲ့တပ်စခန်းပေါင်းဟာလဲ၁၅၀ကျော်သွားပါပြီ။

Read moreDetails

နိုဝင်ဘာ ၀၉၊ ၂၀၂၃။ (ကြာသပတေး)

စစ်ကိုင်းတိုင်းမှာကောလင်းနဲ့ပင်လည်ဘူးမြို့တွေကိုသိမ်းပိုက်နိုင်ပြီးနောက်ကောလင်းအထက်ပိုင်းကထီးချိုင့်မြို့ကိုပါတော်လှန်ရေးပူးပေါင်းအဖွဲ့တွေဆက်လက်တိုက်ခိုက်နေပါတယ်။လက်ရှိအချိန်မှာမြို့ရဲ့၃ပုံ၂ပုံခန့်ကိုသိမ်းပိုက်နိုင်ပြီးလို့သိရတယ်။မြို့ထဲမှာလဲမြို့ခံတွေအတော်များများပိတ်မိနေသေးတယ်။စစ်ကောင်စီကတော့ထီးချိုင့်မြို့ကိုလေကြောင်းအင်အားအများအပြားသုံးပြီးခုခံနေပါတယ်။ ရှမ်းမြောက်မှာလဲစစ်ရေးအရအချက်အခြာကျတဲ့ကွမ်းလုံမြို့ကိုညီနောင်သုံးဖွဲ့တပ်တွေအပြင်းအထန်တိုက်ခိုက်နေပါတယ်။မြို့ရဲ့အရှေ့ခြမ်းကိုထိန်းချုပ်ထားနိုင်ပြီးမြို့အနောက်ခြမ်းကိုဆက်လက်တိုက်ခိုက်နေတယ်။ကွမ်းလုံမြို့မှာစစ်ကောင်စီရဲ့ဒေသကွပ်ကဲမှုဌာနချုပ်ရှိပါတယ်။စစ်ရေးအရအချက်အချာကျတာမို့၁၉၇၂ခုနှစ်တုန်းကဗမာပြည်ကွန်မြူနစ်ပါတီတပ်ဖွဲ့တွေနဲ့စစ်တပ်တို့ရက်လေးဆယ်တိုင်အပြင်းအထန်တိုက်ပွဲတွေဖြစ်ပွားခဲ့တဲ့ဒေသပါ။ကွန်းလုံကိုထိန်းချုပ်ရင်လောက်ကိုင်နဲ့သိန္ဒီမြို့ကြားမှာစစ်တပ်အခြေစိုက်စခန်းတစ်ခုမှမကျန်တော့ပဲလောက်ကိုင်ကိုစိတ်ချလက်ချသိမ်းနိုင်မှာမို့MNDAAကဖိဖိစီးစီးတိုက်ခိုက်နေတာပါ။ဒီပုံစံအတိုင်းဆိုရင်တော့ကွန်းလုံကိုလဲမကြာမီရရှိမှာပါ။

Read moreDetails

နိုဝင်ဘာ ၀၈၊ ၂၀၂၃။ (ဗုဒ္ဓဟူး)

နိုင်ငံတဝန်းစစ်ကောင်စီကိုတိုက်ခိုက်နေတဲ့စစ်မျက်နှာတွေတစ်ခုပြီးတစ်ခုပွင့်နေချိန်မှာနွေဦးတော်လှန်ရေးကာလမှာလက်သံပြောင်တဲ့အဖွဲ့တစ်ခုဖြစ်တဲ့KNDFကလဲငြိမ်မနေပါဘူး။မြောက်ပိုင်းသုံးဖွဲ့ရဲ့၁၀၂၇စစ်ဆင်ရေးမှာပူးပေါင်းတဲ့အနေနဲ့KNDFကကရင်နီပြည်နယ်မှာစစ်ကောင်စီကို၁၁၀၇စစ်ဆင်ရေးစတင်ပြီလို့ကြေညာပြီးမယ်စဲမြို့နယ်ထဲကစစ်ကောင်စီတပ်စခန်းတွေကိုစတင်တိုက်ခိုက်သိမ်းပိုက်ပါတော့တယ်။စစ်ကောင်စီစခန်းသုံးခုကိုသိမ်းပိုက်နိုင်ခဲ့ပြီးစစ်သူပုန်၂၀ဦးထက်မနည်းသေဆုံးကာလက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိတယ်။နေပြည်တော်နဲ့အနီးဆုံးဖြစ်တဲ့ကရင်နီပြည်နယ်မှာပါထိုးစစ်တွေစရင်တော့စစ်ကောင်စီအတွက်အတော်အကြပ်အတည်းဆိုက်လာလိမ့်မယ်။ စစ်ကိုင်းတိုင်းဘက်မှာလဲမြို့သိမ်းအောင်ပွဲခံမှုတွေဆက်နေတယ်။ကောလင်းနဲ့ခမ်းပတ်မြို့တွေကိုတော်လှန်ရေးအဖွဲ့တွေသိမ်းယူပြီးနောက်ဒီနေ့မှာလဲကောလင်းမြို့နားကပင်လည်ဘူးမြို့ကိုပါထပ်မံသိမ်းပိုက်ရရှိတယ်။ကောလင်းမြို့ကျပြီးနောက်ပင်လည်ဘူးမြို့ကစစ်ကောင်စီတပ်သားတွေအလံဖြူထောင်ပြီးလက်နက်ချလာတာလို့သိရတယ်။ဒီရက်ပိုင်းတော်လှန်ရေးအဖွဲ့တွေဘက်သိမ်းနိုင်တဲ့မြို့တွေခပ်စိတ်စိတ်ဖြစ်လာတယ်။ဒီပုံစံအတိုင်းဆိုရင်စစ်ကိုင်းကချင်နယ်စပ်ကမြို့တွေတစ်ခုပြီးတစ်ခုသိမ်းပိုက်နိုင်လာလိမ့်မယ်ထင်တယ်။

Read moreDetails

နိုဝင်ဘာ ၀၈၊ ၂၀၂၃။ (ဗုဒ္ဓဟူး)

နိုင်ငံတဝန်းစစ်ကောင်စီကိုတိုက်ခိုက်နေတဲ့စစ်မျက်နှာတွေတစ်ခုပြီးတစ်ခုပွင့်နေချိန်မှာနွေဦးတော်လှန်ရေးကာလမှာလက်သံပြောင်တဲ့အဖွဲ့တစ်ခုဖြစ်တဲ့KNDFကလဲငြိမ်မနေပါဘူး။မြောက်ပိုင်းသုံးဖွဲ့ရဲ့၁၀၂၇စစ်ဆင်ရေးမှာပူးပေါင်းတဲ့အနေနဲ့KNDFကကရင်နီပြည်နယ်မှာစစ်ကောင်စီကို၁၁၀၇စစ်ဆင်ရေးစတင်ပြီလို့ကြေညာပြီးမယ်စဲမြို့နယ်ထဲကစစ်ကောင်စီတပ်စခန်းတွေကိုစတင်တိုက်ခိုက်သိမ်းပိုက်ပါတော့တယ်။စစ်ကောင်စီစခန်းသုံးခုကိုသိမ်းပိုက်နိုင်ခဲ့ပြီးစစ်သူပုန်၂၀ဦးထက်မနည်းသေဆုံးကာလက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိတယ်။နေပြည်တော်နဲ့အနီးဆုံးဖြစ်တဲ့ကရင်နီပြည်နယ်မှာပါထိုးစစ်တွေစရင်တော့စစ်ကောင်စီအတွက်အတော်အကြပ်အတည်းဆိုက်လာလိမ့်မယ်။ စစ်ကိုင်းတိုင်းဘက်မှာလဲမြို့သိမ်းအောင်ပွဲခံမှုတွေဆက်နေတယ်။ကောလင်းနဲ့ခမ်းပတ်မြို့တွေကိုတော်လှန်ရေးအဖွဲ့တွေသိမ်းယူပြီးနောက်ဒီနေ့မှာလဲကောလင်းမြို့နားကပင်လည်ဘူးမြို့ကိုပါထပ်မံသိမ်းပိုက်ရရှိတယ်။ကောလင်းမြို့ကျပြီးနောက်ပင်လည်ဘူးမြို့ကစစ်ကောင်စီတပ်သားတွေအလံဖြူထောင်ပြီးလက်နက်ချလာတာလို့သိရတယ်။ဒီရက်ပိုင်းတော်လှန်ရေးအဖွဲ့တွေဘက်သိမ်းနိုင်တဲ့မြို့တွေခပ်စိတ်စိတ်ဖြစ်လာတယ်။ဒီပုံစံအတိုင်းဆိုရင်စစ်ကိုင်းကချင်နယ်စပ်ကမြို့တွေတစ်ခုပြီးတစ်ခုသိမ်းပိုက်နိုင်လာလိမ့်မယ်ထင်တယ်။

Read moreDetails

နိုဝင်ဘာ ၀၇၊ ၂၀၂၃။ (အင်္ဂါ)

မနေ့ကကောလင်းမြို့ကိုတော်လှန်ရေးအဖွဲ့တွေသိမ်းပိုက်နိုင်ပြီးနောက်ဒီနေ့လဲစစ်ကိုင်းတိုင်း၊အိန္ဒိယနယ်စပ်တမူးကလေးလမ်းပေါ်ကခမ်းပတ်မြို့ကိုဆက်လက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ခမ်းပတ်မြို့ဟာအိန္ဒိယမြန်မာနယ်စပ်ကုန်သွယ်လေရေးလမ်းဖြစ်တဲ့တမူးကလေးအာရှလမ်းမကြီးပေါ်ကအချက်အချာကျတဲ့နေရာမှာတည်ရှိပြီးစစ်အုပ်စုကလေကြောင်းပစ်ကူနဲ့လက်နက်ကြီးပစ်ကူတွေအကြိမ်ကြိမ်လုပ်ဆောင်ကာခမ်းပတ်မြို့ကိုလက်မလွှတ်ရဖို့ခုခံခဲ့ပေမယ့်မြေပြင်ကစစ်အုပ်စုအများအပြားစခန်းတွေကိုစွန့်ခွာထွက်ပြေးသွားလို့မြို့ကိုသိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ခမ်းပတ်မြို့ကိုသိမ်းပိုက်နိုင်ခြင်းကြောင်းအိန္ဒိယနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုကိုထိန်းချုပ်လိုက်နိုင်ပြီးစစ်ကောင်စီရဲ့အိန္ဒိယဘက်ကစစ်လက်နက်နဲ့လေယာဉ်ဆီတင်ပို့မှုတွေကိုတစိတ်တပိုင်းထိန်းချုပ်နိုင်မှာပါ။ဒါ့အပြင်နယ်စပ်မြို့ဖြစ်တဲ့တမူးမြို့နဲ့ချင်းပြည်နယ်ဘက်ကိုသွားတဲ့လမ်းမှာအချက်အခြာကျတဲ့ကလေးမြို့ကိုလဲကောင်းကောင်းခြိမ်းခြောက်နိုင်မှာဖြစ်ပါတယ်။

Read moreDetails

နိုဝင်ဘာ ၀၆၊ ၂၀၂၃။ (တနင်္လာ)

တနေ့ကစစ်ကိုင်းတိုင်းအထက်ပိုင်းရှိစစ်ကောင်စီတပ်၏အထိုင်စခန်း၊ရဲစခန်းတော်လှန်ရေးပူးပေါင်းအဖွဲ့တွေကတပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့တယ်။အဲ့ဒီနေ့ထဲကကောလင်းမြို့မှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေခဲ့ပြီးဒီနေ့မှာတော့ခရိုင်မြို့ကြီးဖြစ်တဲ့ကောလင်းတစ်မြို့လုံးကိုPDFနှင့်မဟာမိတ်များသိမ်းပိုက်နိုင်လိုက်ပါတယ်။ နိုဝင်ဘာ ၃ ရက်မနက်မှ စတင်ခဲ့​သော ​ကောလင်းမြို့သိမ်းတိုက်ပွဲမှာ ၃ ရက်ဆက်အပြင်းအထန်ဖြစ်ခဲ့ပြီး ​မြို့တွင်းကျန်ရှိ​နေ​သော စစ်​သားများကို စစ်​​ကောင်စီကလေ​ကြောင်းမှ အပြင်းအထန်စစ်ကူ​ပေးခဲ့​သော်လည်း ယနေ့နံနက်တွင်နောက်ဆုံးကျန်ရှိသောထွေအုပ်ရုံးကိုသိမ်းပိုက်နိုင်ခဲ့ကြောင်းသိရတယ်။တိုက်ပွဲကာလအတွင်းစစ်ကောင်စီတပ်တွေကရဲစခန်း၊စာသင်ကျောင်းစတဲ့နေရာတွေမှအဆင့်ဆင့်ခုခံခဲ့ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်များနောက်ဆုံးကျန်ရှိသောကောလင်းမြို့ထွေအုပ်ရုံးရှိစစ်ကောင်စီတပ်ဖွဲ့ဝင်များကယ​နေ့နံနက်တွင် လက်နက်ချခဲ့ပြီး​နောက်မြို့ကိုထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်​တယ်။ ​ကောလင်းခရိုင်တွင်ပင်လယ်ဘူးမြို့ ၊ဝန်းသို ၊​ကောလင်းမြို့သုံးမြို့ပါဝင်ပြီး ​ကောလင်းမြို့မှာ လူဦးရေ နှစ်​သောင်း​ခွဲကျော်​နေထိုင်​​သောမြို့ဖြစ်တယ်။ဒါ့​ကြောင့်...

Read moreDetails

နိုဝင်ဘာ ၀၅၊ ၂၀၂၃။ (တနင်္ဂနွေ)

၁၀၂၇စစ်ဆင်ရေးဟာစစ်ကောင်စီကိုအကြီးအကျယ်အရှိုက်ထိစေခဲ့ပါတယ်။စစ်တပ်ရဲ့သမိုင်းမှာဒီလောက်ကျယ်တဲ့နယ်မြေဧရိယာအကျယ်အဝန်းကိုတစ်ခါမှမဆုံးရှုံးခဲ့ဖူးဘူး။ဒါ့အပြင်ရှမ်းပြည်နယ်မြောက်ပိုင်းဧရိယာကြီးတစ်ခုလုံးကို၃ရက်အတွင်းဆုံးရှုံးလိုက်ရတာဖြစ်တယ်။ပြီးတော့ဒီစစ်ဆင်ရေးဟာနွေဦးတော်လှန်ရေးကာလအတွင်းမှာမနှစ်ကရခိုင်မှာအေအေကဒီလိုအချိန်စစ်တပ်ကိုတိုက်စစ်စဖွင့်ပြီးနောက်ဒုတိယမြောက်အကြိမ်စစ်တပ်ဟာအလုံးအရင်းနဲ့တိုက်ခိုက်ခံလိုက်ရတာပဲ။ဒီတကြိမ်မှာတော့စစ်တပ်ဟာရခိုင်မှာထပ်ဆုံးရှုံးမှုအတိုင်းအဆမရှိပိုမိုကြီးမားတယ်။ဘာလို့လဲဆိုတော့မနှစ်ကရခိုင်မြောက်ပိုင်းအေအေဟာတိုက်စစ်ဖွင့်ပြီးနှစ်လကျော်ကြာသည့်တိုင်မြို့တမြို့မှမသိမ်းနိုင်ခဲ့ဘူး။နယ်စပ်ကနယ်ခြားစောင့်စခန်း၃၀ခန့်ကိုသာသိမ်းနိုင်ခဲ့တယ်။နှစ်လကျော်ကြာလာတဲ့အခါမှာလက်နက်ခဲယမ်းမလုံလောက်မှုနဲ့ရခိုင်ပြည်သူတွေထိခိုက်လာမှုကြောင့်စစ်တပ်နဲ့အပစ်ရပ်လိုက်ရတယ်။အခုရှမ်းမြောက်မှာတပတ်မပြည့်ခင်မြို့၃မြို့နဲ့စစ်တပ်စခန်း၁၀၀ကျော်သိမ်းပိုက်နိုင်ခြင်းနဲ့ယှဉ်ကြည့်လို့ရတယ်။စစ်ဆင်ရေးဟာအရှိန်ကောင်းနေဆဲဖြစ်တာကြောင့်ထိုကိန်းဂဏန်းတွေဟာဆက်လက်မြင့်တက်လာဖို့ပဲရှိတယ်။ အခုဆိုရင်၁၀၂၇တော်လှန်ရေးစစ်ဆင်ရေးလှိုင်းလုံးကြီးဟာရှမ်းမြောက်၊ကရင်မှတဆင့်စစ်ကိုင်းတိုင်းအတွင်းကိုရောက်ရှိလို့လာပါပြီ။ဒီတော်လှန်ရေးမှာစစ်ကောင်စီကိုစစ်မျက်နှာများများဖွင့်နိုင်လေကောင်းလေဆိုတော့နောက်ထပ်စစ်မျက်နှာ‌တွေထပ်ရှိလာရင်စစ်ကောင်စီဟာအတော်မျက်ဖြူစိုက်လာလိမ့်မယ်။နောက်ထပ်အလားအလာရှိတဲ့စစ်မျက်နှာတွေကတော့ရခိုင်နဲ့ကရင်နီဒေသတွေပါပဲ။ဘာတွေထပ်ဖြစ်လာဦးမလဲဆိုတာတော့ဆက်လက်စောင့်ကြည့်ကြပါစို့။

Read moreDetails

နိုဝင်ဘာ ၀၄၊ ၂၀၂၃။ (စနေ)

မနေ့ကစစ်ကိုင်းတိုင်း နှင့် မ​ကွေးတိုင်းရှိ စစ်​ကောင်စီတပ်​၏ အထိုင်စခန်း ၊ရဲစခန်း များစ​​သော စစ်​ရေး ပစ်မှတ် ၉ ခုကိုတပြိုင်နက် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့​ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ စစ်ရုံးချုပ်ကဒီနေ့တရားဝင်ထုတ်ပြန်သည်။ ဒါ့အပြင်ရာဇဂြိုလ်အကျဉ်းဦးစခန်း (၁) မှ ရဲနှင့်ဝန်ထမ်း ၂၀ဦးပြည်သူနှင့်ပူးပေါင်းခဲ့တယ်လို့ထုတ်ပြန်ခဲ့သေးတယ်။စစ်ကောင်စီဘက်တော်သားတွေအနေနဲ့အရေးအကြောင်းဆိုရင်အခုလိုဦးနှောက်ရှိဖို့လိုတယ်။မိုက်မိုက်ကန်းကန်းခံတိုက်ရင်တော့အကုန်သေကုန်မှာပဲ။...

Read moreDetails

နိုဝင်ဘာ ၀၃၊ ၂၀၂၃။ (သောကြာ)

ဒီမနက်တော့တော်လှန်ရေးတပ်ပေါင်းစုအဖွဲ့တွေကစစ်ကောင်စီကိုစစ်မျက်နှာအသစ်ထပ်ဖွင့်လိုက်တယ်။KIA/AA/PDFတို့ပူးပေါင်းပြီးစစ်ကိုင်းတိုင်းအထက်ပိုင်းကကလေး၊ကန့်ဘလူ၊ချပ်သင်း၊ခန်းပတ်၊ကောလင်း၊အရာတော်စတဲ့ဒေသတွေမှာစစ်မျက်နှာဖွင့်တပြိုင်နက်ဝင်ရောက်တိုက်ခိုက်နေတယ်။စစချင်းမှာပဲခမ်းပတ်မြို့မရဲစခန်း၊ကလေးမြို့နယ်ရှိရာဇဂြိုလ်ရဲစခန်း၊မကွေးတိုင်းဂန့်ဂေါမြို့နယ်ရှိမင်းရွာရဲစခန်းအပါအဝင်အနည်းဆုံးစစ်စခန်းလေးခုကိုတော်လှန်ရေးအဖွဲ့တွေသိမ်းပိုက်နိုင်ခဲ့တယ်။ဒါ့အပြင်စစ်ကိုင်းတိုင်းကောလင်းမြို့ပေါ်မှာလဲတိုက်ပွဲတွေပြင်းထန်နေပြီးပြည်သူတချို့ပိတ်မိနေတယ်။ကောလင်းမြို့ပေါ်ကတိုက်ပွဲတွေမှာတော့ပူးပေါင်းအဖွဲ့တွေဘက်ကမြို့မရဲစခန်းနဲ့ထွေအုပ်ရုံးကိုသိမ်းပိုက်လိုက်ပြီးရဲစခန်းထဲကနိုင်ငံရေးအကျဉ်းသားတွေကိုလွတ်ပေးလိုက်နိုင်တယ်။ ၁၀၂၇စစ်ဆင်ရေးရဲ့ရိုက်ခတ်မှုလှိုင်းလုံးတွေဟာစစ်ကိုင်းတိုင်းထဲကိုရောက်ရှိလို့လာပါပြီ။ရှမ်းမြောက်မှာအကြီးအကျယ်ရှုံးနိမ့်နေတဲ့စစ်ကောင်စီတော့အရူးမီးဝိုင်းပြီပေါ့။တော်လှန်ရေးအင်အားစုတွေဘက်ကတလှိုင်းပီးတလှိုင်းလာမယ်ဆိုတာအပြောမဟုတ်အလုပ်နဲ့သက်သေပြနေပြီ။

Read moreDetails
Page 72 of 178 1 71 72 73 178

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist