အာဏာသိမ်း ဒိုင်ယာရီ

ဒီဇင်ဘာ ၂၉၊ ၂၀၂၃။ (သောကြာ)

လောက်ကိုင်မှာဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)ကလွဲလို့တမြို့လုံးနီးပါးကိုမြောက်ပိုင်းမဟာမိတ်အဖွဲ့တွေထိန်းချုပ်နို်ငပြီလို့သိရတယ်။မြို့ထဲမှစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ပြည်သူ့စစ်တွေအလံဖြူပြကာလက်နက်ချနေကြပြီးလက်နက်၂၀၀ကျော်သိမ်းဆည်းရမိထားတယ်။အခုဆိုရင်ဒကစပတ်ဝန်းကျင်မှာတိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီ။ဒကစဟာလောက်ကိုင်မြို့အဝင်တောင်ကုန်းတစ်ခုပေါ်မှာတည်ရှိတယ်။လောက်ကိုင်မြို့ပေါ်မှာလဲအပျက်အစီးအလွန်များနေပြီးစစ်ကောင်စီကလေကြောင်းမှမကြာခဏဗုံးကြဲတိုက်ခိုက်နေတယ်။စစ်တပ်လော်ဘီတွေကလဲလောင်ကိုင်မြို့ကိုဗုံးကြဲဖျက်စီးဖို့အဆက်မပျက်‌ဆော်ဩနေကြတယ်။စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်လောင်ကိုင်မြို့ကလူနေအဆောက်အအုံအများအပြားမီးလောင်ပျက်စီးနေပြီ။နယ်စပ်ချင်းထိစပ်နေတဲ့တရုတ်ကတောင်သူတို့နိုင်ငံသားတွေကိုလောက်ကိုင်မြို့ကအမြန်ဆုံးထွက်ခွာဖို့သတိပေးနေပြီ။ဒီပုံအတိုင်းဆိုရင်ဒကစမကျခင်မှာပဲလောက်ကိုင်မြို့ဟာပြာပုံဖြစ်သွားနိုင်တယ်။အခြေခံအဆောက်အအုံအကုန်ပီးပြည့်စုံနေပြီးဖွံဖြိုးတိုးတက်နေတဲ့လောက်ကိုင်မြို့ကြီးပျက်စီးသွားရင်တော့အတော်နှမြောစရာကောင်းမှာပဲ။ထိုကဲ့သို့ဖြစ်လာရင်စစ်ကောင်စီကအဓိကတရားခံပဲ။ တောင်ပိုင်းမှာတော့KNU/PDFပူးပေါင်းအဖွဲ့တွေဟာပဲခူးတိုင်းနတ်သံကွင်းမြို့ကိုဝင်ရောက်တိုက်ခိုက်ပြီးထိန်းချုပ်ထားတယ်လို့သတင်းထုတ်ပြန်ထားတယ်။နတ်သံကွင်းမြို့ဟာဟိုတခေါက်ကသိမ်းပိုက်ခဲ့ပြီးပြန်လည်လက်လွတ်ခဲ့ရတဲ့မုန်းမြို့အနီးမှာတည်ရှိတယ်။ဒီတစ်ခေါက်လဲKNU/PDFအဖွဲ့တွေနတ်သံကွင်းမြို့ကိုဘယ်လောက်ထိထိန်းထားနိုင်မလဲ။မြောက်ပိုင်းလိုအပြီးမသိမ်းနိုင်ပဲရန်သွားစခြင်းဟာဒေသခံပြည်သူတွေကိုပဲထိခိုက်စေလိမ့်မယ်။

Read moreDetails

ဒီဇင်ဘာ ၁၃၊ ၂၀၂၃။ (ဗုဒ္ဓဟူး)

စစ်ကိုင်းတိုင်းမှာနောက်ထပ်မြို့တမြို့ကိုတော်လှန်ရေးအင်အားစုတွေကထပ်မံသိမ်းပိုက်လိုက်ပါတယ်။ စစ်ကိုင်းတိုင်းအထက်ပိုင်းက မော်လူးမြို့ပါ။မော်လူးမြို့ရှိ စစ်ကောင်စီစခန်းများကို KIA၊ ABSDF၊PDF နှင့် ပူးပေါင်းတပ်ဖွဲ့များက ယနေ့ နံနက်၂နာရီခန့်မှစတင်တိုက်ခိုက်ခဲ့ပြီးနံနက်၅နာရီခန့်တွင်သိမ်းပိုက်နိုင်ခဲ့တယ်။မတိုက်ခိုက်ခင် အလင်းဝင်ရန် တောင်းဆိုခဲ့သော်လည်းစစ်ကောင်စီတပ်တွေကမလိုက်နာခဲ့ပါဘူး။လက်ရှိအနေအထားအရလက်နက်ခဲယမ်းသိမ်းဆည်းမှုများကိုစီစစ်နေပြီးစစ်ကောင်စီမှလေကြောင်းမှလာရောက်ပစ်ခတ်နေတယ်လို့သိရတယ်။အခုဆိုရင်စစ်ကိုင်းတိုင်းအထက်ပိုင်းမှာမြို့လေးမြို့အထိတော်လှန်ရေးတပ်ဖွဲ့တွေကသိမ်းပိုက်ထားနိုင်ပါပြီ။ ရှမ်းမြောက်မှာလဲ နမ့်ခမ်းမြို့ စခန်းသစ် စစ်ကောင်စီတပ်စခန်း မကျဆုံးရေးအတွက် စစ်ကောင်စီတပ်မှ ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ခဲ့သည့်...

Read moreDetails

ဒီဇင်ဘာ ၁၂၊ ၂၀၂၃။ (အင်္ဂါ)

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တရားရုံးကို စစ်ကောင်စီတပ်ကတိုက်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ မြို့နယ်တရားရေးဥက္ကဌနှင့် ကလေးငယ်တစ်ဦးအပါအဝင်ငါးဦးသေဆုံးသွားတယ်။ စစ်ကောင်စီတပ်ကဂျက်တိုက်လေယာဉ်ဖြင့်ပေါင်၅၀၀ဗုံးအသုံးပြုပြီး၂ကြိမ်လာရောက်ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပစ်ခတ်တိုက်ခိုက်မှုကြောင့် မြို့နယ်တရားရေးဥက္ကဌဦးသိန်း‌အောင်၊ ၎င်း၏ ဇနီးဖြစ်သူကျောင်းဆရာမ၊ ကာကွယ်ရေးရဲဘော်တစ်ဦး၊ အသက် ၁ နှစ်အရွယ်ကလေးတစ်ဦးနှင့် ကလေးမိခင်တို့ ကျဆုံးခဲ့ကြောင်း သိရတယ်။တိုက်ပွဲဖြစ်ပွားခြင်းလည်းမရှိ၊ အခမ်းအနားပြုလုပ်ခြင်းလည်းမရှိဘဲ...

Read moreDetails

ဒီဇင်ဘာ ၁၁၊ ၂၀၂၃။ (တနင်္လာ)

၁၀၂၇စစ်ဆင်ရေးဆင်နွဲနေတဲ့မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နဲ့တွေ့ဆုံခဲ့တယ်လို့စစ်ကောင်စီကပြောကြားလိုက်ပါတယ်။ထိုတွေ့ဆုံပွဲကိုတရုတ်အစိုးရအကူအညီနဲ့ပြုလုပ်နိုင်ခဲ့တယ်လို့လဲပြောတယ်။တွေ့ဆုံပွဲကိုမြောက်ပိုင်းမဟာမိတ်သုံးဖွဲ့လုံးတက်ရောက်တယ်လို့သတင်းထုတ်ပြန်ထားတယ်။ဒါပေမယ့်မြေပြင်သတင်းတွေအရတော့ကိုးကန့်တပ်တစ်ခုသာတက်ရောက်ခဲ့ပြီးတအောင်းတပ်နဲ့ရခိုင်တပ်တို့ပါဝင်ခဲ့ခြင်းမရှိကြောင်းသိရတယ်။စစ်ကောင်စီနဲ့ကိုးကန့်တပ်တို့ဟာဒီလကုန်အထိယာယီအပစ်ရပ်ရန်၊လောက်ကိုင်မှစစ်ကောင်စီတပ်တို့ဆုတ်ခွာရန်နှင့်လောက်ကိုင်အပါအဝင်ကိုးကန့်ဒေသကိုကိုးကန့်တပ်ကိုထိန်းချုပ်ခွင့်‌ပေးရန်သဘောတူခဲ့ကြတယ်လို့ပေါက်ကြားလာတဲ့သတင်းတွေအရသိရတယ်။စစ်ကောင်စီရောကိုးကန့်တပ်ရောအသေးစိတ်အချက်အလက်တွေကိုတော့ထုတ်ဖော်ပြောဆိုခြင်းမရှိသေးဘူး။ကိုးကန့်ဘက်ကဆိုရင်တွေ့ဆုံပွဲနဲ့ပတ်သက်ပြီးဘာသတင်းမှထုတ်မပြောသေးဘူး။မြေပြင်မှာတော့ဒီနေ့အထိတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပါတယ်။ ဒီသတင်းဟာအခုမှာကောက်ခါငင်ခါသိလိုက်ရတာဖြစ်တဲ့အတွက်ဘာဆက်ဖြစ်လာမလဲဆိုတာတော့ခန့်မှန်းရခက်နေတယ်။တွေ့ဆုံပွဲဖြစ်မြောက်သွားတာတော့သေချာသလောက်ရှိတယ်။စစ်ကောင်စီဟာသူတို့အရေးနိမ့်နေချိန်မှာတရုတ်ကိုအသည်းအသန်အကူအညီတောင်းပြီးမြောက်ပိုင်းမဟာမိတ်တွေရဲ့စစ်ရှိန်ကိုလျော့ချဖို့ကြိုးစားနေတာပဲ။

Read moreDetails

ဒီဇင်ဘာ ၂၈၊ ၂၀၂၃။ (ကြာသပတေး)

ရှမ်းပြည်နယ်မြောက်ပိုင်းရှိကမ္ဘာကျော်သတ္တုတွင်းတည်ရှိရာနမ္မတူမြို့ကိုTNLAကထပ်မံသိမ်းပိုက်လိုက်ပါတယ်။ထိုမြို့ကိုဒီဇင်ဘာလ၂၆ရက်နေ့ကစတင်တိုက်ခိုက်ခဲ့ပြီး၂ရက်အကြာမှာသိမ်းပိုက်နိင်ခဲ့ပါတယ်။လောလောဆယ်မှာတော့မြို့ထဲကထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလိုက်လံရှင်းလင်းနေတယ်။နမ္မတူမြို့သိမ်းတိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကတိုင်းစစ်ဌာနချုပ်ဖြစ်တဲ့လားရှိုးမြို့အဝင်အထွက်တွေကိုပိတ်ဆို့ထားတယ်လို့သိရတယ်။အရင်ကလားရှိုးကိုမှတ်ပုံတင်ရှိသူများကိုသာအဝင်အထွက်ပြုလုပ်ခွင့်ပေးပြီးအခုတော့ဘယ်သူ့ကိုမှအဝင်အထွက်လုပ်ခွင့်မပေးတော့ဘူး။နမ္မတူမြိုဟာလားရှို့မြို့အနောက်ဘက်မိုင်အနည်းငယ်သာဝေးကွာတယ်လေ။TNLAကသိမ်းပိုက်ပြီးနောက်စစ်ကောင်စီကမြို့ကိုလေကြောင်းမှဗုံးကြဲတိုက်ခိုက်နေလို့နေရာတော်တော်များများပျက်စီးလျက်ရှိတယ်။တမြို့လုံးအနေအထားနဲ့ဆိုရင်၄၀ရာခိုင်နှုန်းလောက်ပျက်စီးသွားပြီ။မြို့ထဲကဒေသခံအများစုကတော့တိမ်းရှောင်နေကြတယ်။TNLAဟာအခုဆိုရင်ရှမ်းမြောက်မှာမြို့ပေါင်း၅မြို့အထိသိမ်းပိုက်ထားပြီးကွတ်ခိုင်နဲ့သိန္ဒီမြို့တွေကိုလဲဆက်လက်တိုက်ခိုက်နေတယ်။

Read moreDetails

ဒီဇင်ဘာ ၂၇၊ ၂၀၂၃။ (ဗုဒ္ဓဟူး)

၁၀၂၇စစ်ဆင်ရေးစတင်ခဲ့တာနှစ်လတိတိရှိခဲ့ပါပြီ။ဒီ၂လအတွင်းမှာစစ်ရေးအရှိန်လျော့ကျသွားခြင်းမရှိပဲစစ်ကောင်စီကိုဆက်လက်ထိုးနှက်တိုက်ခိုက်လျက်ရှိတယ်။ရခိုင်ပြည်နယ်အပါအဝင်တနိုင်ငံလုံးမှာစစ်တပ်စခန်းပေါင်း၄၀၀ကျော်သိမ်းပိုက်ထားပြီးမြို့ပေါင်း၂၄မြို့အထိရရှိထားတယ်။ရှမ်းမြောက်မှာဆိုစစ်တပ်စခန်းတွေကုန်သလောက်ဖြစ်သွားပြီးအခြေစိုက်တပ်ရင်းစခန်းတွေလောက်သာကျန်တော့တယ်။တချို့စစ်ကောင်စီတပ်ရင်းတွေတပ်ရင်းလိုက်ပြုတ်ကုန်လို့တပ်ရင်းနံပါတ်တွေတောင်ပျောက်ကုန်ပြီ။လက်နက်ချအလင်းဝင်တဲ့စစ်ကောင်စီတပ်သားအရေအတွက်ဟာလဲငါးရာကျော်ရှိလာခဲ့ပြီ။ ဒီလထဲမှာတရုတ်ရဲ့ဖိအားပေးမှုကြောင့်ကိုးကန့်အဖွဲ့နဲ့စစ်ကောင်စီတို့တွေ့ဆုံခဲ့ပေမယ့်ဘာမှမထူးခြားခဲ့ပါဘူး။အခုဆိုရင်MNDAAဟာသူတို့ရဲ့အဓိကပန်းတိုင်ဖြစ်တဲ့လောက်ကိုင်မြို့ကိုအပြင်းအထန်တိုက်ခိုက်နေပါပြီ။TNLAကလဲဒီလထဲမှာပဲရှမ်းမြောက်ကမြို့၃ခုကိုဆက်တိုက်သိမ်းပိုက်နိုင်ခဲ့တယ်။ ရခိုင်ပြည်နယ်မှာလဲAAကသူတို့အခြေစိုက်ဒေသတခုရဖို့အတွက်ရခိုင်မြောက်ပိုင်းမှာအပြင်းအထန်ထိုးစစ်ဆင်နေတယ်။ပလက်ဝမြို့တဝိုက်ကိုထိန်းချုပ်ထားပြီးမကြာခင်မှာပဲမြို့ကိုရရှိဖို့ရှိမယ်။ကရင်နီပြည်နယ်မှာတော့မြို့တော်လွိုင်ကော်ကိုရရှိရေးကြိုးစားနေပြီးတပြိုင်နက်ပြည်နယ်အတွင်းဝင်ရောက်နိုင်တဲ့စစ်ကောင်စီထောက်ပို့လမ်းကြောင်းအားလုံးနီးပါးကိုထိန်းချုပ်နိုင်နေပြီ။ ပြည်မဖြစ်တဲ့စစ်ကိုင်းတိုင်းဘက်မှာတော့တိုးတက်မှုတွေနှေးကွေးသွားတယ်။ဒီလထဲမှာမော်လူးမြို့ကိုသာထပ်မံရရှိထားပြီးမဟာဗျူဟာကျတဲ့ထီးချိုင့်မြို့ကိုအခုချိန်ထိမသိမ်းနိုင်သေးပါဘူး။အရင်အတိုင်းမပြောင်းလဲပဲရှိနေတာကတော့တောင်ပိုင်းပါပဲ။အခုချိန်ထိမြို့တစ်မြို့မှမသိမ်းနိုင်သေးပါဘူး။ဘာပဲဖြစ်ဖြစ်တော်လှန်ရေးအရှိန်ကတော့နောက်လမှာလဲမလျော့ပဲဒီထပ်ပိုတိုးလာဖို့ရှိမယ်။

Read moreDetails

ဒီဇင်ဘာ ၂၆၊ ၂၀၂၃။ (အင်္ဂါ)

NUGရဲ့နွေဦးဖွံ့ဖြိုးရေးဘဏ်ဟာပထမဆုံးမြေပြင်ဘဏ်ခွဲအဖြစ်စစ်ကိုင်းတိုင်းကောလင်းမြို့မှာဖွင့်လှစ်လိုက်ပါတယ်။အဆိုပါနွေဦးဘဏ်ဟာဟိုတလောကရှယ်ယာဒေါ်လာ၁၀သန်းဖိုးရောင်းချထားပြီးအရှိန်အဟုန်တစ်ခုနဲ့လည်ပတ်လျက်ရှိတယ်။ကောလင်းမြို့ဟာNUGလက်အောက်ခံတော်လှန်ရေးတပ်တွေသိမ်းပိုက်ထားတဲ့မြို့ဖြစ်တာကြောင့်ဘဏ်ခွဲဖွင့်လှစ်နိုင်တဲ့အခြေအနေမျိုးတော့ရှိတယ်။ဒါပေမယ့်လုံးဝစိတ်ချရတာမျိုးတော့မဟုတ်ဘူး။ကောလင်းမြို့အနီးရှိဝန်းသိုမြို့အခြေစိုက်စစ်ကောင်စီတပ်ရင်းကမထင်ရင်မထင်သလိုကောလင်းမြို့ထဲလက်နက်ကြီးတွေနဲ့ပစ်နေတယ်။မြို့နေလူထုကိုပစ်မှတ်ထားပစ်ခတ်နေတာဖြစ်ပြီးပြီးခဲ့တဲ့ရက်တွေကကောလင်းမြို့မဈေးကိုပစ်ခတ်ခဲ့တာကြောင့်ဒေသခံပြည်သူငါးဦးခန့်သေဆုံးခဲ့သေးတယ်။ထိုလက်နက်ကြီးတွေရန်ကကင်းဝေးဖို့ဝန်းသိုမြို့ကိုပါသိမ်းပိုက်နိုင်ဖို့လိုတယ်။ဒါတောင်လေကြောင်းခြိမ်းခြောက်မှုအန္တရာယ်ကရှိသေးတယ်။ စစ်ကိုင်းတိုင်းအတွင်းကတော်လှန်ရေးအဖွဲ့တွေသိမ်းပိုက်ထားတဲ့ခမ်းပတ်နဲ့ရွေပြည်အေးမြို့တွေကိုလဲစစ်ကောင်စီကထိုးဆင်ပြန်ဆင်ဖို့ပြင်ဆင်နေတယ်။အခုချိန်ထိတော့စစ်ကောင်စီဘက်ကထိထိရောက်ရောက်တိုက်ခိုက်နိုင်တာမျိုးတော့မရှိသေးဘူး။

Read moreDetails

ဒီဇင်ဘာ ၂၅၊ ၂၀၂၃။ (တနင်္လာ)

တရုတ်ဟာစစ်ကောင်စီကိုမီးစတဖက်ရေမှုတ်တစ်ဖက်ဗျူဟာကိုအသုံးပြုပြီးဆက်လက်ဆက်ဆံလျက်ရှိတယ်။ဘာလို့လဲဆိုတော့ဒီရက်ပိုင်းအတွင်းမှာပဲကျင်းပသွားတဲ့မဲခေါင်လန်မန်အစည်းအဝေးဗီဒီယိုကွန်ဖရန့်မှာစစ်ခေါင်းဆောင်မင်းအောင်လှိုင်အွန်လိုင်းကနေစကားပြောခွင့်ရသွားတယ်။ထိုအစည်းအဝေးကိုကြီးမှုးကျင်းပတဲ့ဗီယမ်နမ်ကမဖိတ်ခဲ့ပေမယ့်တရုတ်ရဲ့တိုက်တွန်းမှုကြောင့်စကားပြောခွင့်ရသွားတာလို့သိရတယ်။ဒါ့အပြင်မနေ့ကလဲစစ်ကောင်စီနဲ့တရုတ်တို့ဟာရခိုင်ပြည်နယ်ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းအတွက်စာချုပ်တွေဆက်လက်ချုပ်ဆိုခဲ့တယ်။ဒါတွေကိုကြည့်ခြင်းအားဖြင့်တရုတ်ဟာမင်းအောင်လှိုင်ကိုမြောက်ပိုင်းသုံးဖွဲ့ကတဆင့်စစ်ရေးနဲ့ဖိအားပေးနေပြီးတဖက်မှာလဲလိုက်လျောမှုတွေပြုလုပ်နေတာကိုတွေ့ရတယ်။တဖက်ကတွေးကြည့်ရင်တော့တရုတ်ကပေးတဲ့လိုက်လျောမှုတွေဟာဘာမှထွေထွေထူးထူးတော့မဟုတ်ပါဘူး။သာမန်ဒေသတွင်းအစည်းအဝေးလေးတစ်ခုကိုအွန်လိုင်းကတက်ခွင့်ရတာရယ်၊တိုက်ပွဲတွေပြင်းထန်နေတဲ့ရခိုင်လိုဒေသမျိုးမှာဘယ်ဆီနေမှန်းမသိတဲ့စီမံကိန်းတစ်ခုအတွက်စာချုပ်ချုပ်တာရယ်ပါ။တရုတ်ရောစစ်ကောင်စီပါနှစ်ဖက်လုံးမှာအစာမကြေမှုတွေရှိနေဆဲပဲ။တရုတ်ကကျားဖြန်းအွန်လိုင်းလောင်းကစားကိစ္စနဲ့သူ့ရဲ့မြန်မာပြည်ထဲကစီမံကိန်းတွေရှေ့ဆက်မရတာနဲ့ပတ်သက်ပြီးမကျေမနပ်ဖြစ်နေသလိုစစ်ကောင်စီကလဲမြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ကိုတရုတ်ကအားပေးနေတယ်လို့ယူဆပြီးနာကြည်းနေတယ်။ဒါပေမယ့်စစ်ကောင်စီအတွက်ရွေးချယ်စရာရှိမနေဘူး။ခုလောလောဆယ်မှာရှမ်းမြောက်ကတိုက်ပွဲတွေအပစ်ရပ်နိုင်ရေးတရုတ်ကိုခြေသလုံးဖက်ပြီးအကူအညီတောင်းနေရတယ်။တရုတ်ကတော့အခုချိန်ထိစစ်ကောင်စီကိုပညာကောင်းကောင်းပေးထားဆဲပဲ။သူတို့နှစ်ဦးရဲ့အကွဲအပြဲကြောင့်တော်လှန်ရေးမှာအမြတ်ထွက်နေတာကိုတွေ့ရတယ်။

Read moreDetails

ဒီဇင်ဘာ ၂၄၊ ၂၀၂၃။ (တနင်္ဂနွေ)

ရခိုင်ပြည်နယ်ရှိ ရှေးဟောင်းမြို့တော် မြောက်ဦးမြို့မှာအရပ်သားတွေကိုပစ်မှတ်ထားပြီး စစ်ကောင်စီ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်၍ အရပ်သားတစ်ဦးထပ်မံသေဆုံးပြီး နှစ်ရက်အတွင်း စစ်ကောင်စီတိုက်ခိုက်မှုကြောင့် သေဆုံးသူ အရပ်သား လေးဦးအထိ ရှိလာပြီဖြစ်တယ်။ ပြီးခဲ့တဲ့ရက်တွေအတွင်းရက္ခိုင့်တပ်တော် (AA)က မြောက်ဦးမြို့မရဲစခန်း၊ သူတော်မတောင်စခန်းနှင့် မြောင်းဘွေရဲစခန်းတို့ကို တိုက်ခိုက်ခဲ့ပြီးနောက်စစ်ကောင်စီရဲ့ မြောက်ဦးမြို့အခြေစိုက်...

Read moreDetails

ဒီဇင်ဘာ ၁၀၊ ၂၀၂၃။ (တနင်္ဂနွေ)

စစ်ပြေးတွေစစ်တပ်ထဲပြန်လာရင်ပြစ်ဒဏ်တွေလွတ်ငြိမ်းခွင့်ပြုမယ်လို့ကြေညာခဲ့တဲ့စစ်ကောင်စီဟာဘယ်စစ်ပြေးမှပြန်ဝင်မလာလို့အကျဉ်းထောင်းတွေထဲကပြစ်ဒဏ်ကျနေတဲ့စစ်သားတွေကိုရာထူးတဆင့်မြင့်နဲ့ရှေ့တန်းပို့ဖို့ခေါ်ထုတ်နေတယ်လို့သိရတယ်။စစ်တပ်ဟာဘယ်လိုပဲဟန်ဆောင်ဖုံးဖိနေသော်ငြားသူတို့မှာအင်အားလျော့နည်းလာပြီးစစ်အင်အားလိုအပ်ချက်မြင့်မားလာတာတိုက်ပွဲဝင်စိတ်ဓါတ်ပျောက်ဆုံးနေတာသူတို့လုပ်ရပ်ကအထင်သားပေါ်လွင်မြင်သာနေတယ်။တနိုင်ငံလုံးအကျဉ်းထောင်ထဲရှိနေတဲ့စစ်ပြေးရဲပြေးအပါအဝင်ရာဇဝတ်မှုနဲ့ထောင်ကျနေတဲ့ရဲစစ်သားတွေကိုလွတ်ငြိမ်းနဲ့အတူတဆင့်တိုးရာထူးပေးစစ်တပ်ထဲပြန်ခေါ်လိုက်တာတွေကသူတို့မှာစစ်အင်အားလိုအပ်ချက်တွေဘယ်လောက်မြင့်နေလဲမြင်နိုင်တယ်။ဒီတိုင်းဆိုစစ်ပြေးရဲပြေးတွေဘဝကဝဋ်လည်ပြီလို့ ပြောလို့ ရနိုင်ပါတယ်။စစ်သား ရဲ ဖြစ်နေချိန် အရပ်သားတွေကိုပေါ်တာဆွဲခဲ့တဲ့ဝဋ်တွေက အခုဆိုရင်သူတို့ကို စစ်တပ်က စကားလှအောင်ပြောတရားဝင်ပေါ်တာပြန်ဆွဲတာဖြစ်တယ်။စစ်တပ်ထဲရဲထဲမှာမနေချင်လို့ထောင်ကျမယ်သိရက်နဲ့ပြေးခဲ့ကြသူတွေကဒီနေ့လိုရှေ့တန်းမှာအတုံးအရုန်းသေမယ်ဆိုတာသိချိန်ဘယ်သူကစစ်ထဲဝင်ပီးအသေခံစစ်မှုထမ်းမှာလဲ။အရင်ရက်တွေကချင်းပြည်နယ်ထဲတပ်ရင်းကနေအိန္ဒိယထဲပြေးတဲ့စစ်သားတွေကိုအိန္ဒိယကပြန်လွှဲပေးပြီးနောက်ချက်ချင်းစစ်ရုံးမတင်ပဲတာဝန်ပြန်ထမ်းဆောင်ခိုင်းထာကြည့်ရင်စစ်တပ်ဟာစစ်သားလိုအပ်ချက်အဆမတန်များပြားလာတာကြောင့်စစ်တပ်ပေါ်သစ္စာဖောက်သွားတဲ့အကျင့်ပျက်စစ်သားတွေကိုတောင်အရေးမယူနိုင်ဖြစ်လာတဲ့အထိကိုအင်အားနည်းနေတာ မြင်နိုင်တယ်။စစ်အင်အားလိုအပ်ချက် မြင့်လာပြီးတိုက်ပွဲဝင်စိတ် ပျောက်နေတဲ့ဒီစစ်တပ် ဘယ်လောက် တောင့်ခံမလဲကြည့်ရမယ်။

Read moreDetails
Page 63 of 173 1 62 63 64 173

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist