နွေဦးတော်လှန်ရေးကာလအတွင်းစစ်အင်အားပြုန်းတီးမှုများနေ့စဉ်ကြုံတွေ့နေရတဲ့စစ်ကောင်စီတပ်ဟာစစ်ထွက်အင်အားနည်းပါးနေတာကြောင့်စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာဝန်ထမ်းတွေကိုစစ်တပ်ရဲ့အရန်အင်အားအဖြစ်အသုံးပြုဖို့ပြင်ဆင်နေတယ်။ရှမ်းပြည်နယ်တောင်ပိုင်းမှာထိုကိစ္စအတွက်စာတစ်စောင်ပေါက်ကြားလာပြီးNonCDMဝန်ထမ်းတွေကိုပြည်သူ့စစ်အဖြစ်ဖွဲ့စည်းမယ်လို့သိရတယ်။ထိုကိစ္စကြောင့်ဝန်ထမ်းအသိုင်းအဝိုင်းမှာလဲထိတ်လန့်နေကြတယ်။စစ်ကောင်စီအနေနဲ့အင်အားသစ်စုနိုင်မှုလုံးဝမရှိတော့အခုတောင်စစ်တပ်ထဲမှာတပ်မိသားစုဝင်တွေကိုတပ်ရင်းတပ်ဖွဲ့တွေမှာလုံခြုံရေးဂိတ်စောင့်ခိုင်းတာတွေပြုလုပ်နေတယ်ဆိုတော့NonCDMဝန်ထမ်းတွေကိုစစ်တိုက်ခိုင်းမယ့်ကိစ္စကဖြစ်လာနိုင်တာပဲ။လက်ရှိစစ်တပ်မှာတပ်ရင်းတစ်ခုကိုဖွဲ့စည်းပုံအင်အားအနည်းဆုံးနှစ်ရာခန့်ရှိရမယ်လို့ဆိုသော်လည်းအင်အား၁၃၀ခန့်သာရှိနေပြီးစစ်ထွက်အင်အားဟာတပ်ရင်းတစ်ခုကို၇၀ခန့်သာရှိတော့သည်အထိအင်အားပြုန်းတီးနေကြောင့်အဆိုပါပေါက်ကြားလာတဲ့စာအရသိရတယ်။
Read moreDetailsစင်ကာပူUOBဘဏ်ကမြန်မာအကောင့်တွေကိုပိတ်ပင်လိုက်ပြီးနောက်ရှော့ရသွားတဲ့မြန်မာ့စီးပွားရေးကြောင့်ဒေါ်လာဈေးနဲ့ရွှေဈေးတွေတရိပ်တရိပ်တက်လာလိုက်တာအခုဆိုရင်တစ်ဒေါ်လာလေးထောင်နီးပါးနဲ့ရွှေဈေး၃၉သိန်းအထိရောက်ရှိလာပါပြီ။ ဒေါ်လာဈေးနဲ့ရွှေဈေးဟာပြီးခဲ့နှစ်ကုန်ကနေဒီနှစ်မေလလောက်ထိသုံးထောင်အောက်မှာအချိန်အတော်ကြာငြိမ်နေခဲ့ပြီးစစ်ကောင်စီကကောင်းကောင်းထိန်းချုပ်နိုင်ပြီလို့အထင်ရောက်စေခဲ့တယ်။ဒါပေမယ့်ဇွန်လမှာအမေရိကန်ကစစ်ကောင်စီရဲ့နိုင်ငံခြားရင်းနှီးမြုပ်နှံမှုဘဏ်နှစ်ခုကိုအရေးယူမယ်လို့ကြေငြာလိုက်ပီးနောက်ဈေးကွက်ဟာအတက်ဘက်ကိုရောက်လာခဲ့တယ်။ထိုအခြေအနေကိုစစ်ကောင်စီကနှစ်သောင်းတန်ထုတ်မယ့်သတင်းနဲ့မီးထိုးပေးလိုက်ပြန်တယ်။ထိုးကျနေတဲ့မြန်မာကျပ်ငွေဈေးဟာUOBဘဏ်ကမြန်မာအကောင့်တွေကိုပိတ်ပင်လိုက်ပြီးနောက်ဟိုးအောက်ဆုံးကိုရောက်သွားခဲ့ပြီ။နှစ်လကျော်ခန့်အတွင်းမှာဒေါ်လာဈေးကတစ်ထောင်ခန့်နဲ့ရွှေဈေးက၁၀သိန်းခန့်ထိုးတက်သွားခဲ့တယ်။စစ်အာဏာသိမ်းပြီးနောက်ဒီလိုဒေါ်လာဈေးနဲ့ရွှေဈေးအတက်ကြမ်းတာမျိုးအရင်ကရှိခဲ့ဖူးပေမယ့်အခုလိုမျိုးအချိန်တိုအတွင်းမှာဒီလောက်အတက်မကြမ်းဖူးဘူး။အခုချိန်ဟာလဲစင်ကာပူအခြေစိုက် UOB ဘဏ်က မြန်မာနိုင်ငံရှိဘဏ်များဖြင့် လုပ်ငန်းချိတ် ဆက်မှုရပ်ဆိုင်းခြင်းအပါအဝင်တရုတ်နိုင်ငံအနေဖြင့်မြန်မာနိုင်ငံကိုအကြွေးများပြန်တောင်းသည့်သတင်းများ၊ ကျပ်နှစ်သောင်းတန်ဂယက်နောက်ဆက်တွဲများကြောင့်ဖြစ်တယ်။စစ်ကောင်စီအတွက်တော့ဒါဟာနောက်ထပ်အိမ်မက်ဆိုးတစ်ခုပဲ။
Read moreDetailsမုံရွာမှာပြီးခဲ့တဲ့ရက်ကဖြစ်ပွားခဲ့တဲ့ကိုယ်ဝန်ဆောင်အမျိုးသမီးကိုသတ်ဖြတ်ပြီးဓားမြတိုက်ခဲ့တဲ့ဖြစ်စဉ်မှာကျုးလွန်သူတွေကိုဖမ်းမိသွားပါပြီ။ကျူးလွန်သူခြောက်ဦးဟာမုံရွာကျွဲကြီးအဖွဲ့ကဖြစ်ပြီးစစ်ကောင်စီကဖမ်းဆီးပေးတာမဟုတ်ပဲဒေသခံကာကွယ်ရေးအဖွဲ့တွေကဖမ်းလိုက်တာပါ။ ခုလိုလုပ်ရတဲ့အကြောင်းအရင်းကို သေချာမသိရဘူး။ထိုအဖွဲ့ဟာမုံရွာမှာအခြားရာဇဝတ်မှုသုံးလေးခုကိုလဲကျူးလွန်ထားသေးတယ်လို့စစ်ဆေးမေးမြန်းချက်အရ သိရတယ်။ရာဇဝတ်သားတွေကိုNUGတရားစီရင်ရေးကိုအပ်နှံပြီးအရေးယူလိမ့်မယ်။ ထိုကဲ့သို့လူမဆန်တဲ့လုပ်ရပ်မျိုးကျူးလွန်သူတွေကိုသေဒဏ်ပေးသင့်တယ်။စစ်ကောင်စီကအရေးမယူချိန်မှာNUGကမှတ်လောက်သားလောက်အောင်အရေးယူသင့်တယ်။ဒါမှလဲနောက်ထပ်ဒီလိုမျိုးမဖြစ်လာအောင်တားဆီးနိုင်မှာပါ။
Read moreDetailsစစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာအသက်(၅၀)အရွယ် မိခင်နဲ့ အသက်(၃၀)အရွယ် သားဖြစ်သူတို့ ကျန်းမာရေး မကောင်းလို့ ရွာကနေ ခြောက်မိုင်ခန့် ဝေးတဲ့ ကလေးမြို့ကို ဆေးခန်းပြဖို့ ဆိုင်ကယ်နဲ့ အသွား စစ်အုပ်စုနဲ့ ထိပ်တိုက်တိုးပြီး ဖမ်းဆီးလုယက် မီးရှို့ သတ်ဖြတ် ခံလိုက်ရပါတယ်။နှစ်ယောက်လုံး...
Read moreDetailsစစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ရပ်ကွက်တစ်ခုမှာနေအိမ်တစ်အိမ်ကို ၀င်ရောက်ဓားပြတိုက်ပြီး သားယောက်ျားလေး မွေးဖွားရန်ရက်ပိုင်းသာလိုတော့သည့်ကိုယ်၀န်ဆောင်အမျိုးသမီးကိုသတ်ဖြတ်ခဲ့သည့်ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့တယ်။အမျိုးသားခြောက် ဦးဟာလက် နက်များဖြင့်နေအိမ်အတွင်း၀င်ရောက်ခဲ့ပြီး ကိုယ်၀န်ဆောင် အမျိုးသမီးကို သေနတ်ဖြင့်ပစ်ခတ်ကာ ဖုန်းနှင့်ဆိုင်ကယ်တို့ကို လုယက်ယူဆောင် ထွက်ပြေး သွားတာပါ။ အသက် ၂၄ နှစ် အရွယ် ကိုယ်၀န်ဆောင်အမျိုးသမီးကတော့ ဦးခေါင်း...
Read moreDetailsစင်ကာပူနိုင်ငံအခြေစိုက်UOBဘဏ်ကစစ်ဗိုလ်ချုပ်ကြီးများ၊ခရိုနီများ၊ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်များအပါအဝင်မြန်မာငွေစာရင်းတွေကနိုင်ငံခြားငွေလွှဲလုပ်ငန်းရပ်ဆိုင်းပြီးနောက်ပိုင်းရွှေဈေး၃၆သိန်းကျော်မြင့်တက်လာပြီး အမေရိကန် တစ်ဒေါ်လာဈေး ကျပ် ၃၅၀၀ ကျော်ရောက်ရှိလာတယ်။UOB ဘဏ်ကလာမည့်စက်တင်ဘာ လမှစပြီး မြန်မာဘဏ်များနှင့် လုပ်ငန်းလည်ပတ်မှု လုံးဝရပ်ဆိုင်း မည်ဖြစ်ပြီး စစ်ကောင်စီအနေဖြင့် ကမ္ဘာငွေကြေးဈေးကွက်အတွင်းသို့ဝင်ရောက်ရန်အခက်အခဲတွေဖြစ်ပေါ်နေကြောင့်ဒီလိုဈေးတွေတက်လာတာဖြစ်တယ်။UOBဘဏ်ဆိုတာစစ်ခေါင်းဆောင်ဦးသန်းရွှေလက်ထက်၁၉၉၄ခုနှစ်မှာဘဏ်ကိုယ်စားလှယ်ရုံးခွဲကို မြန်မာနိုင်ငံတွင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၅ ခုနှစ်တွင်နိုင်ငံခြား ဘဏ်အဖြစ်လုပ်ငန်းလိုင်စင်ရထားတယ်။ နိုင်ငံခြားငွေလဲနှုန်းတွေဟာ ပြီးခဲ့တဲ့...
Read moreDetailsစစ်ကိုင်းတိုင်း၊ပုလဲနယ် အခြေပြု တော်လှန်ရေးသမားတစ်ဦးဖြစ်တဲ့ဗိုလ်နဂါးရဲ့မြန့်မာတော်ဝင်နဂါးတပ်တော် (MRDA) က အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေး ဝန်ကြီးဌာန (MoD)ရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်ဖို့ ထည့်သွင်းထားတဲ့ တပ်ရင်း လေးရင်းကို NUG က ပြန်လည် ထုတ်ပါယ်လိုက်တယ်လို့...
Read moreDetailsစင်ကာပူဘဏ်တစ်ခုဖြစ်တဲ့UOBဘဏ်ကမြန်မာနိုင်ငံရဲ့ဘဏ်အကောင့်တွေအားလုံးပိတ်သိမ်းတော့မယ်လို့ကြေငြာလိုက်တယ်။ဒါဟာကမ္ဘာ့ငွေကြေးစနစ်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ ဝင်ခွင့်ရမှုကို သိသိသာ ကန့်သတ်နိုင်လိုက်တာပဲ။ UOB ဘဏ်ဟာ မြန်မာဗိုလ်ချုပ်ကြီးတွေ၊ ကော်ပိုရေးရှင်းကြီးတွေ၊ ကြွယ်ဝချမ်းသာသူတွေအပြင် နိုင်ငံတ ကာ အဖွဲ့အစည်းတွေနဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ အထူးသဖြင့် စင်ကာပူမှ မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ကိုင် သူတွေ...
Read moreDetailsပဲခူးတိုင်း၊ကျောက်တံခါးမြို့နယ်မှာစစ်ကောင်စီတပ်တွေနဲ့တော်လှန်ရေးအဖွဲ့တွေထပ်မံတိုက်ပွဲဖြစ်ပွားပြီးစစ်သူပုန်၃၀ခန့်သေဆုံးသွားပြန်တယ်လို့သိရတယ်။စစ်တပ်ကထိုနေရာတွေမှာPDFတွေရှိမယ်လို့ယူဆပြီးနယ်မြေရှင်းလင်းရေးလုပ်ရာမှာတော်လှန်ရေးအဖွဲ့တွေနဲ့ထိပ်တိုက်တွေ့ကာတနေကုန်နီးပါးတိုက်ပွဲပြင်းထန်ခဲ့တယ်။ရာသီဥတုမကောင်းလို့လေကြောင်းပစ်ကူလဲမလာနိုင်တဲ့အတွက်သူတို့အကျအဆုံးများသွားတာပေါ့။လက်နက်၂၀ကျော်လဲသိမ်းဆည်းရမိလိုက်တယ်။တိုက်ပွဲတွေကြောင့်ညောင်လေးပင်၊ဖြူး၊ကျောက်တံခါးမြို့နယ်တွေမှာအင်တာနက်အဖြတ်ခံထားရတယ်။ စစ်တပ်ဟာပဲခူးတိုင်းအရှေ့ခြမ်းကိုအင်အားများစွာပို့ဆောင်ထားပြီးတပ်ဖျောက်ထားတယ်လို့သိရတယ်။တော်လှန်ရေးအဖွဲ့တွေကလဲထိုဒေသတစ်လျောက်လုံးကိုနယ်မြေစိုးမိုးနိုင်ဖို့ကြိုးစားနေတာဆိုတော့ထိပ်တိုက်တွေ့ဦးမှာပဲ။အခုချိန်ထိတော့စစ်သူပုန်တွေဟာထိုဒေသကရွာတွေကိုမီးမရှို့သေးဘူး။သူတို့အခြေအနေဒီထပ်ဆိုးလာရင်တော့မပြောတတ်ဘူး။
Read moreDetailsဒီနေ့ဟာရှစ်လေးလုံး အရေးတော်ပုံ (၃၅)နှစ်ပြည့်နေ့ပဲ။အရင်နှစ်တွေကဒီလိုနေ့မျိုးမှာ အထိမ်းအမှတ် ဆန္ဒပြမှုများရန်ကုန်နမှာ ပြုလုပ်ခဲ့တာကြောင့် စစ်ကောင်စီဝင်များက လူကူးခုံးကျော်တံတားများပေါ်မှာ ကင်းပုန်းဝပ်ပြီးစစ်ဆေးမှုများ ပြုလုပ်နေတယ်။ ဒီနေ့အပြင်သွားတော့ခုံးကျော်တံတားပေါ် ထောင့်တွေမှာ စစ်သားတွေ ကင်းပုန်းဝပ်ပြီး စစ်နေတာ တွေ့ခဲ့တယ်။ပြည်လမ်း မာလာမှတ်တိုင်နားက ခုံးတံတားမှာဆို တံတားပေါ်က ဖြတ်သွားတဲ့...
Read moreDetailsYou can copy without credits to our site. We Need Freedom.