မနက်ပိုင်းရုံးသွားဖို့အိမ်ကထွက်တော့မိုးတွေကသဲသဲမဲမဲရွာနေတယ်။ကားမှတ်တိုင်ရောက်တော့အရင်သုံးမိနစ်တစ်စီးလောက်လာနေကြYBSကားတွေတစ်စီးမှမတွေ့ဘူး။စိတ်ထဲထင်မိတာကမိုးတွေသဲနေလို့ကားကြောတွေပြတ်နေတယ်ပေါ့။ရောက်လာတဲ့လိုင်းကားတွေကလဲကြပ်ညပ်နေတာပဲ။အဆင်ပြေတဲ့ကားတစ်စီးပေါ်အဆင်ပြေသလိုသာလိုက်သွားလိုက်တယ်။ရုံးရောက်မှသိရတာကYBSလိုင်းကားတွေဂတ်မရလို့မထွက်နိုင်ဘူးတဲ့။ညနေအပြန်တော့ဒုက္ခရောက်ပီပဲ။ရုံးဆင်းချိန်အိမ်အပြန်မှာထင်တဲ့အတိုင်းလိုင်းကားတွေတစ်စီးမှရောက်မလာဘူး။ကားမှတ်တိုင်မှာလဲကားစောင့်နေတဲ့လူအုပ်ကြီးကနည်းတာမဟုတ်ဘူး။နာရီဝက်ကျော်ကြာစောင့်တဲ့အထိအရိပ်အယောင်တောင်မတွေ့ရတဲ့အတွက်တက္ကစီပဲငှားပြန်လိုက်တော့တယ်။ဒါတောင်တက္ကစီကလွယ်လွယ်ငှားမရတဲ့အတွက်အိမ်ပြန်နောက်ကျသေးတယ်။ ဒီနေ့ညနေရန်ကုန်မှာရုံးဆင်းတဲ့ဝန်ထမ်းတွေတော်တော်ဒုက္ခရောက်ကြတယ်။ခါတိုင်းရုံးဆင်းချိန်မှာပျားပန်းခတ်မျှပို့ဆောင်နေတဲ့တွေအကုန်ကြက်ပျောက်ငှက်ပျောက်ပျောက်ကုန်တယ်။လာတဲ့YBSကားတွေကလဲလူအပြည့်မို့တက်မရဘူး။ကားမှတ်တိုင်ကလူအုပ်ကြီးကဘာလုပ်လို့လုပ်ရမှန်းမသိဘူး။ဝန်ထမ်းတိုင်းလဲတက္ကစီငှားမပြန်နိုင်ကြဘူးလေ။တချို့တွေဆိုကားစောင့်ရင်းမိုးချုပ်ကုန်ကြတယ်။ညနေစောင်းမှာတော့လူမှုကူညီရေးအသင်တွေကကားတွေထွက်လာကြပြီးကူညီကြလို့တော်တော်များများအဆင်ပြေသွားကြတယ်။ဒီပြဿနာဟာတပတ်လောက်ကြာဦးမယ်လို့လဲကြားတယ်။ဒီတပတ်အတွင်းဝန်ထမ်းတွေဘယ်လိုရုံးသွားရမှာလဲ။ပြီးခဲ့တဲ့ရက်တွေကမီးဖိုချောင်သုံးဂတ်တွေပျက်တောက်ပြီးနောက်အခုမော်တော်ယာဉ်သုံးဂတ်တွေပါပြတ်တောက်လာပြီ။အခြေအနေတွေဟာတစ်နေ့တခြားပိုမိုဆိုးရွားလာနေတယ်။
Read moreDetailsဒေါ်လာဈေးမြင့်တက်မှုရဲ့နောက်ဆက်တွဲဂယက်တွေကတော့ဆက်တိုက်ပါပဲ။အခုဆိုလူနေမှုအတွက်မရှိမဖြစ်တဲ့ဆေးဝါးတွေပါပြတ်လတ်လာပြီ။ဆေးကုမ္မဏီကြီးတွေကဒေါ်လာရှာမရတာကြောင့်ဆေးတင်သွင်းမှုတွေရပ်နားလိုက်ကြတယ်။ဆေးဆိုင်တွေမှာခွဲတမ်းနဲ့ရောင်းနေရတဲ့အခြေအနေတွေဖြစ်လာပြီးဈေးတွေတက်လာတယ်။မနှစ်ကဒီလိုအချိန်ပဲကိုဗစ်ဖြစ်လို့ဆေးဝါးတွေဝယ်မရတာကိုသတိရမိတယ်။အဲ့ဒီတုန်းကစစ်ကောင်စီအသုံးမကျလို့ဖြစ်ပြီးအခုလဲစစ်ကောင်စီကတလွဲတွေချည်းလုပ်နေလို့ဒီလိုဖြစ်လာရတာပဲ။ပြည်တွင်းမှာသုံးစွဲနေရတဲ့ဆေးဝါးတွေရဲ့ရှစ်ဆယ်ရာခိုင်နှုန်းကပြည်ပကတင်သွင်းရတာမို့အခြေအနေတွေဟာပိုမိုဆိုးရွားလာဖို့ပဲရှိမယ်။ နယ်စပ်ကုန်သွယ်ရေးတွေလဲရပ်ဆိုင်းကုန်ပြီ။ထိုင်းနယ်စပ်မှာလဲဘတ်ငွေဈေးတအားတက်နေတာကြောင့်ကုန်သည်တွေဘာမှမလုပ်ရဲပဲရပ်ထားရတယ်။တရုတ်နယ်စပ်မှာလဲထိုနည်းလည်းကောင်းပဲ။ဒီနေ့ဆိုဒေါ်လာဈေးဟာ၂၅၀၀ဝန်းကျင်ရှိနေပြီးမနှစ်ကရောက်ရှိခဲ့တဲ့စံချိန်တင်အမြင့်ဆုံးဈေး၂၇၀၀ရောက်ဖို့အနည်းငယ်သာလိုတော့တယ်။ နိုင်ငံဟာ Fail State အဆင့်ကိုဦးတည်နေပြီ။
Read moreDetailsပြည်တွင်းကျန်နေသောနောက်ထပ်ဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်တဲ့အော်ရီဒူးလဲထွက်ခွာတော့မယ်တဲ့။အော်ရီဒူးကတော့ကာတာအခြေစိုက်ဖြစ်ပြီးသုံးစွဲသူ၁၅သန်းခန့်ရှိတယ်။တယ်လီနောပြီးနောက်ဒုတိယမြောက်ထွက်ခွာတဲ့ဆက်သွယ်ရေးအော်ပရေတာကုမ္မဏီဖြစ်လာတယ်။သူလဲစစ်ကောင်စီလက်အောက်မှာဘယ်လိုမှအလုပ်ဆက်လုပ်လို့မရတော့ဘူးထင်တယ်။သူထွက်သွားရင်တော့ပြည်တွင်းဆက်သွယ်ရေးမှာစစ်ကောင်စီလက်အောက်ခံကုမ္မဏီတွေပဲကျန်ခဲ့တော့မှာမို့ဆက်သွယ်ရေးလောကကိုစစ်ကောင်စီကအလုံးစုံထိန်းချုပ်သွားနိုင်လိမ့်မယ်။ တိုက်တိုက်ဆိုင်ဆိုင်ဒီနေ့မှာပဲပြင်သစ်ရေနံကုမ္မဏီတိုတယ်လဲအပြီးအပိုင်ထွက်ခွာသွားပြီ။နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကြီးတွေတစ်ခုပီးတစ်ခုဆက်တိုက်ဆိုသလိုထွက်လာပြီးနောက်တော့နိုင်ငံဟာလဲခွေးဖြစ်ဖို့ပဲကျန်တော့မယ်။
Read moreDetailsစစ်ကောင်စီရဲ့ရူးကြောင်ကြောင်အမိန့်တွေကြောင့်မနေ့ကစလို့ ပြည်တွင်း ဒေါ်လာဈေးနဲ့ ရွှေဈေး ဆက်တိုက်မြင့်တက်နေပြီး ဒီနေ့မှာ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ကျပ် ၂၄၀၀ ထိ မြင့်တက်သွားတယ်။ပြီးခဲ့တဲ့ရက်ပိုင်းက တစ်ဒေါ်လာကို ကျပ် ၂၀၀၀ သာ ရှိခဲ့ပြီး ရက်အနည်းငယ်အတွင်း ကျပ်...
Read moreDetailsမီးဖိုချောင်သုံးဂတ်ဈေးတွေလဲတက်ကုန်ပြီ။အရင်တစ်ပိဿာလေးထောင်ကျပ်ခန့်သာရှိခဲ့ရာမှာအခုဆိုတစ်သောင်းနားကပ်သွားပြီ။ဆိပ်ကမ်းမှာဝင်နေတဲ့ဂတ်သင်္ဘောတွေအခွန်ကိစ္စ၊ငွေပေးငွေယူကိစ္စတွေအဆင်မပြေလို့ကြန့်ကြာနေတာဖြစ်တယ်။အရင်ကကုန်သွယ်ရေးချော့မွေ့နေတဲ့အတွက်ဒီလိုကိစ္စမျိုးတစ်ခါမှမဖြစ်ဖူးဘူး။အခုဆိုဈေးကွက်ထဲမှာအိမ်သုံးဂတ်တွေဝယ်လို့မရတော့တဲ့အထိဖြစ်သွားတယ်။မီးဖိုချောင်ဂတ်သုံးတဲ့လူတန်းစားကသိပ်မရှိပေမယ့်စားသောက်ဆိုင်တွေကတော့အခက်အခဲဖြစ်ကုန်တယ်။ စက်သုံးဆီဈေးအနည်းငယ်ပြန်ကျလာပေမယ့်စားသုံးဆီဈေးဟာလဲအတက်မှာပဲရှိနေတယ်။သူလဲအခုဆိုတစ်ပိဿာတစ်သောင်းကျပ်နားကပ်နေပြီ။စစ်ကောင်စီကရည်ညွှန်းဈေးတစ်ခုနဲ့ရောင်းပေးနေပေမယ့်ဘယ်မှာမှထိုဈေးနဲ့ဝယ်မရပါဘူး။ဗဟိုဘဏ်ကဒေါ်လာတွေအတင်းအကျပ်လိုက်သိမ်းပြီးနောက်ပိုင်းစီးပွားရေးဈေးကွက်တစ်ခုလုံးခပ်လှုပ်လှုပ်ဖြစ်နေပြီ။
Read moreDetailsတနိုင်ငံလုံးမှာရှိတဲ့အဝေးပြေးလမ်းမတွေပေါ်မှာစစ်တပ်ကလုံခြုံရေးကြောင်းပြပြီး စစ်ဆေး ရေး ဂိတ်တွေဖွင့်လှစ်ကာပြည်သူတွေဆီကငွေညစ်လျက်ရှိတယ်။ ကားသမား တွေဆီကတစ်စီးကို အနည်းဆုံး ငွေကျပ် ၅၀၀၀ခန့် တောင်း နေတယ်လို့အိမ်စီးကားတွေသာမကခရီးသည်တင်ကားနဲ့ကုန်ကားတွေပါ အခက်အခဲဖြစ်နေတယ်။ ဂိတ်တွေမှာပိုက်ဆံကိုလွယ်လွယ်ကူကူမပေးဘဲငြင်းမိတဲ့ကားတွေကိုလည်းလုံခြုံရေးအကြောင်းပြပြီးပိုမိုစစ်ဆေးခံရတယ်။ပိုက်ဆံကို တောင်းတဲ့အတိုင်း ထုတ်မပေးရင် ကားကို လမ်းဘေးချရပ် လူတွေ ဆင်းပါဆိုပြီး ကိုဗစ်ဆေးထိုးမှတ်တမ်းစာရွက်၊မှတ်ပုံတင်၊အိမ်ထောင်စုသန်းခေါင်စာရင်းစာရွက်၊ကားလိုင်စင်၊ယာဉ်မောင်းလိုင်စင်စတဲ့တွေကိုတစ်ခုချင်းစစ်တယ်၊ပိုက်ဆံထုတ်ပေးလိုက်ရင်တော့မစစ်ဆေးတော့ဘဲသွားခွင့်ပြုတယ်။...
Read moreDetailsဒီရက်ထဲ နိုင်ငံခြားသုံးငွေကန့်သတ်ချက်နဲ့ပတ်သက်ပြီး ဗဟိုဘဏ်က ထုတ်ပြန်တဲ့ အမိန့်စာတွေဟာ အရမ်းကြောက်စရာကောင်းတယ်။ကုမ္ပဏီတွေရဲ့နိုင်ငံခြားဘဏ်အကောင့်တွေထဲက နိုင်ငံခြားငွေတွေကို မြန်မာငွေပြောင်းခိုင်းတယ်။ ဗဟိုဘဏ်က၁၈၅၀နဲ့ဖြတ်ယူလိုက်တယ်။ကုမ္ပဏီတွေကနိုင်ငံခြားကုမ္ပဏီတွေကို ငွေပြန်ပို့ရတဲ့အခါ ၁၈၅၀ စျေးနဲ့ ဖြတ်ယူခံလိုက်ရတဲ့ မြန်မာငွေတွေကို ပြင်ပကနေ ၂၂၀၀ စျေးနဲ့ ပြန်ဝယ်ပြီး ပို့ရတော့တယ်။ ကုမ္ပဏီတစ်ခုရဲ့...
Read moreDetailsစစ်ကောင်စီဟာပြည်တွင်းကဒေါ်လာတွေကိုထိန်းချုပ်နိုင်မယ့်အမိန့်တွေကိုတစ်ခုပြီးတစ်ခုထုတ်ပြန်နေတယ်။ပထမဆုံးဧပြီလမှာဒေါ်လာလဲလှယ်မှုကို၁၈၅၀ကျပ်နဲ့နှုန်းသေသတ်မှတ်လိုက်တယ်။ပြီးတော့ပြည်တွင်းကနိုင်ငံခြားငွေရရှိနေသူအားလုံးကိုဒေါ်လာကိုင်ဆောင်ခွင့်မပေးတော့ပဲတစ်ရက်အတွင်းဗဟိုဘဏ်ကိုအပ်ခိုင်းတယ်။သွင်းကုန်အတာ်များများကိုလဲလိုင်စင်ချမပေးတော့ဘူး။ပြည်တွင်းမှာတဖြည်းဖြည်းနဲ့သွင်းကုန်ပစ္စည်းတွေပြတ်လတ်မှုဖြစ်ပေါ်လာတယ်။ပို့ကုန်သမားတွေကိုလဲဝယ်လက်တွေဆီကငွေအပြည့်ရမှပို့ကုန်လိုင်စင်ထုတ်ပေးတယ်။နိုင်ငံတကာနဲ့ဖောက်သည်တွေပျက်ကုန်ပြီးပို့ကုန်တွေပါရပ်ဆိုင်းလာတယ်။ အခုနောက်ဆုံးနိုင်ငံခြားရင်းနှီးမြုပ်နှံမှုကုမ္မဏီဘဏ်အကောင့်တွေကဒေါ်လာတွေကိုပါအတင်းအကျပ်လဲလှယ်ခိုင်းလာတယ်။SKDစနစ်နဲ့ကားတွေထုတ်လုပ်နေတဲ့ဆူဇူကီးလိုလုပ်ငန်းကြီးတွေရပ်ကုန်တယ်။ဒီနေ့လဲပြည်တွင်းပြည်ပကုမ္မဏီတွေရဲ့နိုင်ငံခြားချေးငွေတွေကိုမဆပ်ပဲဆိုင်းငံထားဖို့အမိန့်တစ်ခုထုတ်ပြန်လိုက်တယ်။လက်ရှိအခြေအနေအရရှိသမျှလုပ်ငန်းတွေရပ်သွားဖို့ပဲရှိမယ်။စစ်ကောင်စီဟာသူတို့ဒေါ်လာရရှိရေးတစ်ခုကိုသာရှေးရှုပြီးတိုင်းပြည်ရဲ့စီးပွားရေးကိုပါစနစ်တကျဖျက်စီးနေတယ်။
Read moreDetailsစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကတော့ဘယ်သူမှမဖိတ်ခေါ်ပဲနဲ့ရုရှားထွက်သွားပြန်ပြီ။ရုရှားဘက်ကတော့သူရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေကြောင့်ရောက်လာတာလို့သတင်းထုတ်ပြန်ထားတယ်။အာဏာသိမ်းပြီးတစ်နှစ်ကျော်ကာလအတွင်းသူ့ကိုဘယ်နိုင်ငံမှအသိအမှတ်မပြုလို့ရုရှားကိုပဲသွားနေရတယ်။ရုရှားကလဲသူ့ကိုတူတူတန်တန်ဆက်ဆံတာမဟုတ်ဘူး။အခုလဲရုရှားအဆင့်နိမ့်အရာရှိတွေနဲ့ပဲတွေ့ဆုံနေရတယ်။သူလိုလူမျိူးကအရှက်သိက္ခာလဲရှိမှာမဟုတ်ဘူး။ မင်းအောင်လှိုင်ကိုသံအမတ်ခန့်အပ်လွှာလာမပေးတဲ့အတွက်ဖိအားပေးလို့မရတော့တဲ့အဆုံးဗြိတိန်သံအမတ်ကြီးကိုလဲစစ်ကောင်စီကနှင်ထုတ်လိုက်တယ်။သူတို့ကိုအသိအမှတ်မပြုတဲ့ဘရူနိုင်းလိုနိုင်ငံတွေကိုလဲလက်တုံ့ပြန်တဲ့အနေနဲ့သံတမာန်အဆင့်လျော့ချထားသေးတယ်။စစ်ကောင်စီဟာနိုင်ငံတကာသံတမာန်အရေးမှာအခုချိန်ထိထွက်ပေါက်ပိတ်နေပေမယ့်ပြည်တွင်းမှာတော့အာဏာကိုအလုံးစုံချုပ်ကိုင်ထားဆဲပဲ။
Read moreDetailsမန္တလေးမှာခိုးဆိုလုယက်မှုတွေတော်တော်အခြေအနေဆိုးနေပြီ။လုယက်တာတင်မကတော့ပဲလူသတ်ဓားမြတိုက်အနုကြမ်းစီးမှုတွေပါဖြစ်ပေါ်လာပြီ။လမ်းမကြီးတွေပေါ်မှာတင်ဆိုင်ကယ်ရိုက်လုပြီးလူပါသေအောင်သတ်သွားတယ်။ကိုယ်ပိုင်ကားစီးသူတွေလဲမလုံခြုံတော့ဘူး။ကားပေါ်ထိတက်ပြီးလုယက်၊ပါသမျှဖုန်း၊ငွေစတဲ့ပစ္စည်းတွေအကုန်ယူပြီးလက်စဖျောက်ပစ်ကြတယ်။အခုနောက်ပိုင်းရွှေဆိုင်တွေဘဏ်တွေပါဓားမြတိုက်ခံနေရပြီ။ကျူးလွန်သူတွေကိုလဲဘယ်တော့မှမမိကြဘူး။ပြည်သူတွေကဝိုင်းဖမ်းပေးရတဲ့ဖြစ်စဉ်တစ်ခုနှစ်ခုကလွဲရင်ပေါ့။ရဲတိုင်တော့အဲ့ဒီအမှုကစုံးစုံးမြုပ်ပြီပဲ။လုံခြုံရေးတာဝန်ယူထားတဲ့ရဲနဲ့စစ်သားပြည်သူကိုမကာကွယ်ပဲအကြမ်းဖက်နေတာလူတိုင်းအသိပဲလေ။ အခုဆိုရင်မန္တလေးမှာအပြင်ထွက်ရင်ခိုးဆိုးလုယက်မှုတွေလဲကြောက်ရတယ်။လမ်းဆုံတွေမှာကင်းတွေချပြီးစစ်ဆေးရေးအမည်ခံပြည်သူတွေကိုငွေညစ်နေတဲ့ရဲခွေး၊စစ်ခွေးတွေကိုလဲကြောက်ရတယ်။အိမ်မှာဆိုင်မှာနေမယ်ဆိုလဲအနုကြမ်းစီးဓားမြတိုက်ခံရမှာကြောက်ရတယ်။ဘယ်လိုမှမလုံခြုံတော့တဲ့ခေတ်တစ်ခုကိုဖြတ်သန်းနေရတယ်။
Read moreDetailsYou can copy without credits to our site. We Need Freedom.