ဒီနေ့အမျိုးသားနေ့မှာစစ်ကောင်စီကအကျဉ်းသားငါးထောင်ကျော်လွှတ်ပေးလိုက်တယ်။ထိုအထဲမှာမှနိုင်ငံရေးအကျဉ်းသား၇၀ကျော်ပါဝင်လာတယ်။ဒီတခေါက်လွှတ်ပေးလိုက်တဲ့နိုင်ငံရေးအကျဉ်းသားတွေထဲမှာနိုင်ငံသားတွေရောနိုင်ငံခြားသားတွေပါနာမည်ကြီးသူတွေပါဝင်လာတယ်။နိုင်ငံခြားသားတွေထဲမှာစီးပွားရေးအကြံပေးဩစတေးလျနိုင်ငံသားပါမောက္ခ်ဒေါက်တာရှောင်တာနယ်၊လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ဖမ်းဆီးခံထားရတဲ့အင်္ဂလန်သံအမတ်ဟောင်း၊ပြည်တွင်းကတော့၈၈ခေါင်းဆောင်ဟောင်းဦးမြအေး၊မောင်သာချိုတို့အပြင်NLD CECတချို့ပါလွတ်မြောက်လာကြတယ်။လွှတ်ပေးလိုက်တဲ့ငါးထောင်ဆိုတဲ့အရေအတွက်မှာနိုင်ငံရေးအကျဉ်းသား၇၀ကျော်ပဲဆိုတော့အတော်နည်းလွန်းတယ်။ကျန်တဲ့သူတွေကခိုဆိုးလုယက်ဆေးသမားတွေသာြဖစ်တယ်။ပြန်လွတ်လာတဲ့နာမည်ကြီးနိုင်ငံရေးသမားတွေဆိုတာကလဲတကယ်ကဘာပစ်မှုမှကျူးလွန်ထားသူတွေမဟုတ်ကြဘူး။ကိုမြအေးဆိုရင်အာဏာသိမ်းတဲ့နေ့ကတည်းကဖမ်းဆီးသွားတာဖြစ်တယ်။ကျန်တဲ့သူတွေကလဲလွတ်ရက်စေ့ခါနီးသူတွေကိုခံဝန်ထိုးခိုင်းပြီလွှတ်ပေးလိုက်တာဖြစ်တယ်။တကယ်ကစစ်ကောင်စီပြည်တွင်းနဲ့ပြည်ပကိုမလိမ့်တပတ်လုပ်လိုက်တာပဲ။
Read moreDetailsရန်ကုန်ကYBSလိုင်းကားပေါ်မှာခိုးဆိုးလုယက်သူတွေကိုတန်ပြန်ဖမ်းဆီးဖို့လူငယ်တွေစုပေါင်းပြီးအဖွဲ့တစ်ခုဖွဲ့လိုက်ပြီ။ရဲတွေကအားကိုးလို့မရတော့တဲ့အတွက်ကိုယ်ထူကိုယ်ထလုပ်ကြရတာပါ။ရန်ပုံငွေပိုင်းကိုလဲအဖွဲ့ဝင်တွေကပဲအချိုးကျထည့်ဝင်ကြတယ်။ခါးပိုက်နှိုက်တွေနာမည်ကြီးနေတဲ့လိုင်းကားတွေပေါ်မှာတန်ပြန်လှုပ်ရှားမှုတွေစတင်လုပ်ဆောင်နေကြပြီ။အခုလောလောဆယ်တော့အဖွဲ့ဝင်အနည်းငယ်သာရှိသေးတဲ့အတွက်တမြို့လုံးကိုမဖြန့်ကျက်နိုင်သေးဘူး။လုယက်သူတွေဖမ်းဆီးရမိရင်ရဲလက်အပ်မယ်လို့တော့ပြောထားတယ်။တကယ်ကရဲ့လက်ကိုမအပ်သင့်ဘူး။ရဲစခန်းကိုခေါ်သွားလဲနောက်နေ့ပြန်လွှတ်ပေးလိုက်တာပဲလေ။လူမိုက်တွေကိုဖမ်းမိရင်မှတ်လောက်သားလောက်အောင်ပညာပေးရိုက်နှက်ဆုံးမသင့်တယ်။တရားဥပဒေမရှိတော့တဲ့ကာလမှာဥပဒေအတိုင်းတသွေမတိမ်းလိုက်နာနေလို့အဆင်မပြေဘူး။ကိုယ့်နည်းကိုယ့်ဟန်နဲ့ဖြေရှင်းကြရမှာပဲ။
Read moreDetailsမြစ်ကြီးနားမြို့ကKTVတစ်ခုမှာKIAအရာရှိတချို့ကိုစစ်ကောင်စီကဖမ်းဆီးသွားတယ်။ဒီလိုစစ်ရေးတင်းမာနေတဲ့အချိန်မှာKIAကအရာရှိတွေအနေနဲ့လဲအမှုမဲ့အမှတ်မဲ့မနေပဲလုံခြုံရေးသတိအမြဲရှိသင့်တယ်။စစ်ကောင်စီကတော့အနန့်ပါဗုံးကြဲမှုဖြစ်စဥ်နောက်ပိုင်းKIAကိုဆက်တိုက်ဖိနှိပ်မှုတွေလုပ်ဆောင်လျက်ရှိတယ်။KIAဖက်ကတော့ခုချိန်ထိကြီးမားတဲ့တုန့်ပြန်မှုတွေပြုလုပ်ခြင်းတော့မရှိသေးဘူး။ဒါပေမယ့်တစ်ခုခုလက်တုန့်ပြန်လာမှာတော့သေချာသလောက်ပဲ။ကချင်ပြည်နယ်တစ်ခုလုံးမှာစစ်ပြင်ဆင်မှုတွေ၊စစ်ရေးတင်းမာမှုတွေနဲ့စစ်ရိပ်စစ်ငွေ့ကတော့သန်းနေပြီ။ဒေသခံတွေလဲထိုအငွေ့အသက်ကိုခံစားမိပြီးပြင်ဆင်စရာရှိတာပြင်ဆင်နေကြပြီ။အဓိကကတော့စစ်တပ်ရဲ့အဆင်ခြင်မဲ့လေကြောင်းရန်နဲ့လက်နက်ကြီးရန်တွေအတွက်ကိုပြင်ဆင်ထားကြရမယ်။
Read moreDetailsစစ်ကောင်စီဟာသူတို့ပြုလုပ်မယ့်ရွှေးကောက်ပွဲအတွက်ဒေါ်အောင်ဆန်းစုကြည်နဲ့NLDပါတီကိုအသုံးချဖို့ကြံစည်နေတယ်။၂၀၂၃မှာဖေဖော်ဝါရီမှာစစ်ကောင်စီသက်တမ်းကုန်မှာဖြစ်ပြီးရွေးကောက်ပွဲလုပ်မလားအာဏာသိမ်းမလားဆိုတာတခုခုကြေညာရတော့မယ်။ဒီအတွက်နိုင်ငံရေးဖိအားနဲ့သံတမန်ရေးဖိအားတွေကိုလျှော့ချဖို့ဆိုစစ်ကောင်စီဟာဒေါ်အောင်ဆန်းစုကြည်ကိုပွဲထုတ်ကစားရမှာသေချာတယ်။ဒါကြောင့်စစ်ကောင်စီဖက်ကိုယိမ်းသွားတဲ့NLDအမတ်တွေ၊ဗဟိုအလုပ်အမှုဆောင်တွေကိုဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံစေပြီးညှိနှိုင်းတာမျိုးစကားပြောဆိုပြီးသဘောထားမှတ်ချက်ရဖို့ကိုလုပ်ဆောင်လိမ့်မယ်။ဒေါ်အောင်ဆန်းစုကြည်ကလဲဗဟိုအလုပ်အမှုဆောင်အစည်းအဝေးမကျင်းပနိုင်ချိန်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တဦးခြင်းစီရဲ့ပြောစကားတွေလက်ခံနားထောင်လိုခြင်းမရှိဘူးလို့ကြိုကာထားတယ်။ဘာပဲဖြစ်ဖြစ်စစ်ကောင်စီဟာသူတို့ရဲ့နိုင်ငံတကာဖိအားကိုလျော့ချဖို့အတွက်တချိန်မှာဒေါ်အောင်ဆန်းစုကြည်ကိုပွဲထုတ်လာလိမ့်မယ်။
Read moreDetailsမကွေးလေတပ်စခန်းကိုရှော့တိုက်ဒုံးနဲ့အပစ်ခံရလို့စစ်ကောင်စီရဲ့တိုက်လေယာဉ်တချို့ပျက်စီးသွားတယ်လို့သိရတယ်။တိုက်လေယာဉ်တွေပျက်စီးတဲ့သတင်းကတော့မသေချာသေးပေမယ့်လေတပ်စခန်းကိုတော့ရှော့တိုက်ဒုံးနဲ့တကယ်အပစ်ခံရတာပါ။ပုံမှန်လုပ်နေကြနေ့စဉ်လေယာဉ်အတက်အဆင်းတွေမလုပ်နိုင်တော့ဘူးလို့ဒေသခံတွေကပြောတယ်။ထိုမစ်ရှစ်ကိုKNUကဦးဆောင်ခဲ့တာတဲ့။မကွေးလိုမြန်မာပြည်အလယ်ပိုင်းဒေသအထိKNUလက်တံတွေရောက်နေပြီလားစဉ်းစားစရာပဲ။လေပေါ်မှာပျံနေတဲ့စစ်တပ်ရဲ့လေယာဉ်တွေကိုထိခိုက်အောင်မလုပ်နိုင်သေးရင်မြေပြင်လေတပ်စခန်းတွေကိုအဝေးကနေတိုက်ခိုက်တဲ့နည်းဗျူဟာကနောက်ပိုင်းမှာအလုပ်ဖြစ်နိုင်တယ်။မကွေးလေတပ်စခန်းဆိုတာအရင်ကလဲမကြာခဏအတိုက်ခိုက်ခံရဖူးတယ်။ မြောင်မြို့နယ်ဘက်ကတိုက်ပွဲတွေမှာလဲလေတပ်ကမှားယွင်းပစ်ခတ်လို့မြေပြင်မှာPDFအယောင်ဆောင်ထားတဲ့စစ်ကောင်စီတပ်သားငါးဆယ်ကျော်သေဆုံးသွားတယ်လို့သိရတယ်။စစ်ကောင်စီရဲ့လေတပ်ဂြိုလ်ဆိုးစဝင်နေပြီထင်တယ်။
Read moreDetailsကျင်းပပြုလုပ်လျက်ရှိတဲ့အာဆီယံထိပ်သီးအစည်းအဝေးမှာမြန်မာ့အရေးအတွက်ဆုံးဖြတ်ချက်အသစ်တွေကိုတွေ့လာရတယ်။ဆုံးဖြတ်ချက်အသစ်ဆိုပေမယ့်ဘုံသဘောတူညီချက်ငါးရပ်ကိုသာဆက်လက်ကိုင်စွဲထားတာပါ။ဒီတခေါက်မှာတော့အဆိုပါဘုံသဘောတူညီချက်ငါးရပ်ကိုအချိန်သတ်မှတ်ဖော်ဆောင်ဖို့နဲ့NUG အပါအဝင်သက်ဆိုင်သူတွေနဲ့တွေ့ဖို့ပွောလာကွပွီ။အာဆီယံအလှည့်ကျဥက္ကဌဖြစ်လာမယ့်အင်ဒိုနီးရှားကတော့မြန်မာကိုအာဆီယံကခဏထုတ်ပစ်ဖို့အထိပြောလာတယ်။ထိုနှစ်ချက်ကိုသေချာအကောင်အထည်ဖော်နိုင်ရင်တော့စစ်ကောင်စီအနေနဲ့ဒီထပ်ပိုပြီးအသက်ရှုကြပ်လာမှာသေချာသလောက်ပဲ။ ကိုယ့်အမြင်ကတော့အချိန်သတ်မှတ်မယ်ဆိုပေမယ့်အဆိုပါအချိန်သတ်မှတ်ဖို့ကိုတောင်တစ်နှစ်လောက်ကြာအောင်ဆွေးနွေးကြဦးမှာ။NUGနဲ့တွေ့ဖို့ပါလာပေမယ့်ဘယ်အချိန်တွေ့မလဲတိတိကျကမရှိသေးဘူး။အာဆီယံကတော့တတ်နိုင်သလောက်အချိန်ဆွဲပေးနေတယ်။တိုးတက်မှုတွေကနှေးကွေးလွန်းတယ်။
Read moreDetailsတနင်္သာရီတိုင်း ပုလောမှာရှေ့ရက်က တပတ်အတွင်းမှာစစ်ကောင်စီတပ်သား ၄၀သေဆုံးသွားတယ်။ ဒါတောင်မှထားဝယ်ခရိုင်ထဲက တိုက်ပွဲတွေမပါသေးဘူး။ တနင်္သာရီတိုင်းထဲမှာနေ့တိုင်းနီးပါး တိုက်ပွဲရှိလာပြီ။တနင်္သာရီတိုင်းထဲမှာ KNLA KTLA PDF LDF တွေကအရင်ထက် လက်တွဲမိလာပုံပဲ။တိုက်ပွဲထဲ ပိုပြီး ပါဝင်လာတယ်။ ဒါပြင် ဒီကနေ့ မနက်မှာလည်း မွန်ပြည်နယ်...
Read moreDetailsရန်ကုန်ကYBS BUSကားတွေပေါ်မှာလုယက်အကြမ်းဖက်မှုတွေတနေ့တခြားပိုမိုဆိုးရွားလာနေပြီ။အရင်ကBUSကားတွေပေါ်မှာခါးပိုက်နှိုက်မှုတွေလောက်သာရှိခဲ့ရာမှအခုဆိုရင်အနုကြမ်းစီးမှုတွေပါဖြစ်ပေါ်လာတယ်။ခါးပိုက်နှိုက်တွေလဲအရင်ကထပ်သိသိသာသာပေါများလာတယ်။ကျူးလွန်သူတွေဟာတစ်ယောက်ထဲမဟုတ်ပဲအဖွဲ့လိုက်ကျူးလွန်ကြတယ်။ကိုယ့်ပစ္စည်းပါသွားရင်ဘယ်တော့မှပြန်မရဘူး။ရဲစခန်းလဲအားကိုးလို့မရဘူး။အချက်အလက်တွေအရလိုင်းကားတွေပေါ်မှာခါးပိုက်နှိုက်ခံရသူအနည်းဆုံးတစ်ရက်ကိုသုံးဦးအထက်ရှိနေတယ်။ကိုယ်တိုင်လဲခံရတာနှစ်ခါရှိပြီ။သတိရှိလို့သာဘာပစ္စည်းမှမဆုံးသွားတာပါ။ အခုနောက်ပိုင်းကျူးလွန်သူတွေဟာBUSကားတွေပေါ်မှာပေါ်ပေါ်ထင်ထင်ဓားမြတိုက်လာကြတယ်။နေ့ခင်းပိုင်းကားချောင်တဲ့အချိန်မျိုးကိုရွှေးပြီးကားပေါ်ကိုအုပ်စုလိုက်တက်လာကြပြီးဓားပြချိန်းခြောက်ကာခရီးသည်တွေဆီကလုယက်ကြတယ်။ဘယ်သူမှလဲမကူညီနိုင်ကြဘူး။ဒီလိုဖြစ်ရပ်မျိုးအရင်ကစိတ်ကူးထဲတောင်မကြားဖူးဘူး။အခုဆိုရင်BUSကားစီးရတာကားကြပ်ရင်ခါးပိုက်နှိုက်ရန်ကြောက်ရပြီးကားချောင်ရင်ဓားမြတိုက်ခံရမှာကြောက်နေရတယ်။
Read moreDetailsနာမည်ကြီးရသစာရေးဆရာအကြည်တော်ကွယ်လွန်သွားပြီ။ဒီကာလမှာစာရေးဆရာ၊ကဗျာဆရာတွေတဖြုတ်ဖြုတ်ကြွေလွင့်ကုန်ကြတယ်။မြန်မာ့စာပေလောကကလဲပျက်သလောက်ဖြစ်နေပြီ။နိုင်ငံရေးအခြေအနေမကောင်းတဲ့အတွက်ဖန်တီးမှုအသစ်တွေမလုပ်နိုင်ကြတော့ဘူး။စာအုပ်အသစ်တွေမထွက်တော့ဘူး။ထွက်လာတဲ့စာအုပ်တွေကလဲစက္ကူဈေးကြီးမြင့်မှုကြောင့်ဈေးသက်သက်သာသာနဲ့မရောင်းနိုင်ကြတော့ဘူး။ဒါကြောင့်လူတွေလဲဝယ်မဖတ်နိုင်တော့ဘူး။ရသစာပေဆိုရင်ပျောက်ကွယ်သလောက်တောင်ဖြစ်နေပြီ။ စာရေးဆရာတွေကြွေလွင့်နေသလိုသတင်းထောက်တွေလဲတချို့ကအဖမ်းခံရ၊တချို့ကပြေးနေကြရတယ်။စာပေလောကတစ်ခုထဲတင်မဟုတ်ပဲအနုပညာလောကကြီးတစ်ခုလုံးရပ်တန့်ပျက်စီးနေတယ်။ရုပ်ရှင်လောကမှာလဲရုပ်ရှင်အသစ်တွေထပ်မရိုက်ကြတော့ဘူး။မင်းသားမင်းသမီးဒါရိုက်တာတွေကထောင်ထဲမှာလေ။လွတ်မြောက်လာတဲ့သူတွေကလဲအနုပညာလှုပ်ရှားမှုတွေဆက်မလုပ်ကြဘူး။ရှိတဲ့သူနဲ့ဖြစ်သလိုရိုက်ပြီးရုပ်ရှင်ကားတွေထွက်လာတယ်ဆိုလည်းကြည့်မယ့်ပရိသတ်မရှိဘူး။အားလုံးပျက်စီးနေပြီ။
Read moreDetailsအင်ဒိုနီးရှားမှာပြုလုပ်မယ့်Global Town Hall 2022 အခမ်းအနားမှာNUGနိုင်ငံခြာရေးဝန်ကြီးဒေါ်ဇင်မာအောင်မိန့်ခွန်းပြောမယ့်အစီအစဉ်ကိုအခမ်းအနားစခါနီးမှဖျက်သိမ်းခြင်းခံလိုက်ရတယ်။ကုလသမဂ္ဂအရာရှိတစ်ယောက်ကကန့်ကွက်တဲ့အတွက်အခုဖြစ်သွားတာလို့သိရတယ်။ မြန်မာနိုင်ငံကစစ်ပွဲအတွင်းမှာ ကုလသမဂ္ဂအနေနဲ့ တစ်ဖက်ဖက်ကို ရွေးချယ်လိုက်တယ်လို့ အထင်ခံရမှာကို ကြောက်ရွံစိုးရိမ်တဲ့အတွက် Global Town Hall 2022 အခမ်းအနားမှာ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ပြောရေးဆိုခွင့်ရှိသူတွေကိုချန်လှပ်ထားဖို့တောင်းဆိုခဲ့တာဖြစ်တယ်။အခမ်းအနားစီစဉ်တွေအနေနဲ့ ဖိတ်ကြားထားနှင့်ပြီးသား မြန်မာနိုင်ငံရဲ့...
Read moreDetailsYou can copy without credits to our site. We Need Freedom.