ရခိုင်ပြည်နယ်မှာ စစ်တွေမြို့ကဗျိုင်းဖြူရွာသားတွေကို စစ်သူပုန်တွေ အစုလိုက်အပြုံလိုက်သတ်ဖြတ်ပြီး သိပ်မကြာခင်မှာပဲ သံတွဲမြို့က ဆင်ခေါင်းရွာကိုလဲ လေယာဥ်နဲ့ဗုံးကြဲခဲ့လို့ ဒေသခံအများအပြား သေဆုံးခဲ့ ပါတယ်။ ဗုံးကြဲခံရတဲ့ရွာဟာ အိမ်ခြေ၁၀၀၀ခန့်ရှိတဲ့ တံငါရွာကြီးတစ်ခုဖြစ်ပြီး နှစ်ရက်ဆက်တိုက် ဗုံးကြဲခဲ့တာကြောင့် အပြစ်မဲ့ပြည်သူ၁၀၀နီးပါး သေဆုံးခဲ့ပါတယ်။ ဒါဟာစစ်ပွဲတွေ ကူးစက်လာတဲ့ ရခိုင်ပြည်နယ်တောင်ပိုင်းမှာ စစ်ကောင်စီရဲ့ပထမဆုံးအကြိမ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ဖြစ် တယ်။ ရွာသားအများစုဟာ ရွာအနီးမှာတိုက်ပွဲတွေဖြစ်လာတာကြောင့် ထွက်ပြေးဖို့ကြိုးစားခဲ့ပေမယ့် စစ်ကောင်စီကရွာကထွက်ခွင့်မပေးခဲ့ဘူး။ဒေသခံတွေကိုလူသားဒိုင်းလုပ်ထားပြီးနောက်ရက်ရက်စက်စက်ဗုံးကြဲသတ်ဖြတ်ခတာပါ။ သံတွဲမြို့အနီးတဝိုက်မှာလဲ စစ်သူပုန်တွေနဲ့ အေအေတပ်တွေ တိုက်ပွဲတွေ ပြင်းထန်လျက်ရှိတယ်။ ထိုမြို့ကငပလီကမ်းခြေမှာ စစ်ကောင်စီရဲ့အကျိုးစီးပွားတွေ ရှိနေတာကြောင့် မြို့ကိုလွယ်လွယ်နဲ့လက်လွတ်မခံပဲ ရေတပ်ပစ်ကူ၊ လေတပ်ပစ်ကူ၊ လက်နက်ကြီးပစ်ကူတွေသုံးပြီး အသည်းအသန်ခုခံနေတယ်။ မြို့ပေါ်က ဒေသခံတချို့ကတော့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေကြပြီ။ သံတွဲလေဆိပ်ကိုလဲ စစ်ကောင်စီက ပိတ်လိုက်တာကြောင့် အခြားမြို့တွေနဲ့ အသွားအလာ ပြတ်တောက်သလောက်ဖြစ်သွားပါပြီ။အေအေတပ်တော်ကတော့ မြို့အနီးဝန်းကျင်က စစ်ကောင်စီ တပ်စခန်းတွေကို ဆက်တိုက်ဆိုသလိုတိုက်ခိုက်လျက်ရှိတယ်။
ဒီဇင်ဘာ ၂၁၊ ၂၀၂၄။ (စနေ)
ချင်းပြည်နယ်မှာလဲမင်းတပ်မြို့ကို တစ်လကျော်ကြာတိုက်ခိုက်ပြီးနောက်ချင်းညီနောင်အဖွဲ့က သိမ်းပိုက်လိုက်ပါပြီ။မင်းတပ်မြို့သိမ်းတိုက်ပွဲမှာလဲလက်နက်ကြီးတွေအပါအဝင် လက်နက်အများအပြားနဲ့စစ်သူပုန်ရာချီပြီးဖမ်းဆီးရမိခဲ့တယ်။မှတ်တမ်းဓာတ်ပုံတွေအရ ချင်းပြည်နယ်ထဲကတိုက်ပွဲတွေမှာ...