မနေ့ကNUGနဲ့တိုင်းရင်းသားEAOတချို့ပူးပေါင်းပြီးဘုံသဘောတူညီချက်တစ်ခုထုတ်ပြန်ခဲ့တယ်။ထုတ်ပြန်ခဲ့တဲ့အချက်တွေကတော့စစ်အာဏာရှင်စနစ်အမြစ်ဖြတ်ရေး၊ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်ထူထောင်ရေးစတဲ့အချက်တွေပေါ့။NUGနဲ့ပူးပေါင်းထုတ်ပြန်ခဲ့တဲ့အဖွဲ့တွေကတော့ကရင်ကKNU၊ချင်းကCNF၊ကယားကKNPPနဲ့ကချင်ကKIAတို့ဖြစ်တယ်။တခြားအဖွဲ့တွေတော့ပါမလာခဲ့ပါဘူး။ထိုအဖွဲ့တွေဟာ၂၀၂၁ကတည်းကNUGနဲ့ပူးပေါင်းဆောင်ရွက်နေတဲ့အဖွဲ့တွေ့ဖြစ်ပြီး၃နှစ်အတွင်းအခြားအဖွဲ့တွေကိုမစည်းရုံးနိုင်သေးတာအားမရစရာပဲ။ထုတ်ပြန်ချက်မှာလဲဘာမှထူးခြားတာသိပ်မပါလာပဲအရင်သဘောတူထားတဲ့အချက်တွေလောက်ပါပဲ။ဒါ့ကြောင့်စစ်အာဏာသိမ်း၃နှစ်ပြည့်ပူးပေါင်းထုတ်ပြန်ချက်ဟာအသွင်သဏ္ဌာန်ရောအနှစ်သာရပါဘာမှပြောင်းလဲထူးခြားမှုမရှိပါဘူး။ဒါဟာဒီ၃နှစ်အတွင်းတော်လှန်ရေးအင်အားစုတွေဘက်မှာနိုင်ငံရေးတိုးတက်မှုတွေရပ်တန့်နေတယ်ဆိုတာပြသနေတယ်။NUGရဲ့ပြည်တွင်းကအခြားEAOတွေနဲ့တော်လှန်ရေးအင်အားစုတွေကိုစည်းရုံးနိုင်စွမ်းဟာ၂၀၂၂ခုနှစ်လောက်ကတည်းကတိုးတက်မလာပဲရပ်တန့်နေပါတယ်။အားလုံးပါဝင်နိုင်ဖို့ဆိုပီးဖွဲ့စည်းထားတဲ့NUCCဟာလဲလက်တွေ့မှာအလုပ်မဖြစ်ခဲ့ပါဘူး။တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေကလဲNUGကိုပြည်မကစင်ပြိုင်ဗမာအစိုးအဖြစ်သာမြင်နေသေးတယ်။၁၀၂၇စစ်ဆင်ရေးကာလမှာဒီအချက်ဟာပိုမိုသိသာလာတယ်။NUGအနေနဲ့မြောက်ပိုင်းသုံးဖွဲ့အပါအဝင်အခြားအင်အားကြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကိုမစည်းရုံးနိုင်ဘူးဆိုရင်နိုင်ငံရေးတိုးတက်မှုဟာနှေးကွေးနေဦးမှာပဲ။ဒီနွေဦးတော်လှန်ရေးမှာစစ်ရေးတိုးတက်မှုကရှေ့ရောက်နေပြီးနိုင်ငံရေးတိုးတက်မှုကလိုက်ပါမလာဘူးဆိုရင်အနာဂတ်မှာမလိုလားအပ်တဲ့ဆိုးကျိုးတွေဖြစ်လာလိမ့်မယ်။
အောက်တိုဘာ ၀၆၊ ၂၀၂၄။ (တနင်္ဂနွေ)
ဒီရက်ပိုင်းမှာတော့စစ်ကောင်စီဟာအသက်ရှူချောင်နေပါတယ်။စစ်ရေးပိုင်းမှာတရုတ်ဖိအားကြောင့်မြောက်ပိုင်းထိုးစစ်တွေကြီးကြီးမားမားမလုပ်တော့ပဲရပ်တန့်ထားရတယ်။ဒါ့အပြင်ရေဘေးကြောင့်နိုင်ငံရဲ့နေရာဒေသအနှံအပြားမှာလဲတော်လှန်ရေးထက်ကယ်ဆယ်ရေးကိုဦးစားပေးလုပ်နေရတယ်။ နိုင်ငံရေးပိုင်းမှာတော့စစ်ကောင်စီဟာလောလောဆယ်မှာသန်းခေါင်စာရင်းကိုတွန်းကောက်နေတယ်။ပြီးရင်လာမယ့်နှစ်ဒီအချိန်မှာအတုအယောင်ရွေးကောက်ပွဲတစ်ခုပြန်လုပ်ပေးမယ်လို့လေသံပစ်ထားတယ်။ စီးပွားရေးဘက်မှာလဲတရုတ်ကပေးထားတဲ့ယွမ်ငွေတစ်ဘီလီယံကြောင့်လတ်တလောကြုံတွေ့နေရတဲ့ငွေကြေးအကြပ်အတည်းကစစ်ကောင်စီဟာလွတ်မြောက်သွားတယ်။ဒေါ်လာစျေးတွေသိသိသာသာကျလာတယ်။စက်သုံးဆီပြတ်လတ်မှုတွေမရှိသလောက်ဖြစ်သွားတယ်။ဒါပေမယ့်စစ်ကောင်စီပဲအသက်ရှူချောင်တာပါ။သာမာန်ပြည်သူတွေကတော့အရင်အတိုင်းကုန်စျေးနှုန်းကြီးမြင့်မှုတွေနဲ့စီးပွားရေးအကြပ်အတည်းတွေကိုရင်ဆိုင်နေရဆဲပါပဲ။