စစ်ကိုင်တိုင်းကောလင်းမြို့အထက်ဘက်ကထီးချိုင့်မြို့ကိုတော်လှန်ရေးအဖွဲ့တွေပီးခဲ့တဲ့ရက်သတ်တပတ်တွေကတည်းကတိုက်ခိုက်နေပေမယ့်အခုထိမရသေးပါဘူး။စစ်ကောင်စီတပ်တွေကထီးချိုင့်မြို့ပေါ်ကအမြင့်ဆုံးဘုရားကုန်းပေါ်ကနေအပြင်းအထန်ခုခံနေတယ်။ဒါ့အပြင်စစ်သူပုန်တွေဟာမြို့ပေါ်ရပ်ကွက်အတော်များများကအိမ်တွေကိုမီးရှို့ဖျက်စီးထားတာကြောင့်မြို့တဝက်လောက်ကပြာကျနေပါပြီ။ဟိုတရက်ကလဲမြို့ပေါ်ကပြည်သူလူထုအိမ်တွေကိုမီးလိုက်ရှို့နေတဲ့စစ်သူပုန်တချို့ကိုတော်လှန်ရေးအဖွဲ့တွေကဖမ်းဆီးရမိသေးတယ်။စစ်ကိုင်းတိုင်းအထက်ပိုင်းကမြို့သိမ်းတိုက်ပွဲစစ်ဆင်ရေးတွေဟာကောလင်းနဲ့ခမ်းပတ်ကိုသိမ်းပိုက်ပီးနောက်ထီးချိုင့်မြို့မှာတစ်နေသလိုဖြစ်နေတယ်။
ဒီနေ့မှာလဲစစ်ကိုင်းတိုင်းအလယ်ပိုင်းကတန့်ဆည်မြို့ကိုတော်လှန်ရေးအဖွဲ့ဝိုင်းဝန်းတိုက်ခိုက်ခဲ့တယ်။မြို့ပေါ်မှာစစ်သူပုန်တွေတပ်စွဲထားတဲ့နေရာအားလုံးကိုသိမ်းပိုက်မိပေမယ့်မထိန်းနိုင်ပဲပြန်လည်ဆုတ်ခွာရတယ်။တန့်ဆည်မြို့ပတ်ဝန်းကျင်မှာတော်လှန်ရေးအဖွဲ့တွေရဲ့ထိန်းချုပ်နယ်မြေတွေမရှိသေးပဲစစ်သူပုန်တွေသာရှိနေတယ်လေ။ဒါကြောင့်မြို့ကိုရေရှည်ထိန်းနိုင်ဖို့မလွယ်ကူပဲပြန်လည်ဆုတ်ခွာပေးလိုက်ရတာဖြစ်တယ်။တကယ်ဆိုရင်တန့်ဆည်အတွက်သုံးမယ့်အရင်းအမြစ်တွေကိုထီးချိုင့်မှာပုံအောသုံးသင့်တယ်လို့ထင်မိတယ်။စစ်ကိုင်းတိုင်းအထက်ပိုင်းကိုကောင်းကောင်းထိန်းချုပ်နိုင်ရင်တန့်ဆည်ရှိတဲ့စစ်ကိုင်းတိုင်းအလယ်ပိုင်းကိုစစ်ဆင်ရေးကအချိန်တန်ရောက်လာမှာပဲလေ။အခုတော့အချိန်မတန်ခင်သွားရောက်တိုက်ခိုက်ခဲ့တဲ့အတွက်ဘာမှအဖတ်မတင်သလိုဖြစ်သွားတာပေါ့။
ဇန်နဝါရီ ၀၄၊ ၂၀၂၅။ (စနေ)
ဒီနှစ်ဆန်းပိုင်းကစပြီး ရန်ကုန်နဲ့မန္တလေးနေပြည်တော်မြို့ကြီးတွေအလှည့်ကျဝန်အားလျော့ ဓာတ်အားပေးမည့်အစီအစဥ်အသစ်တစ်ခုကို စစ်ကောင်စီကစတင်လိုက်ပါပြီ။ရန်ကုန်ကို လျှပ်စစ်မီးလေးနာရီလာ၊၈နာရီပျက်စနစ်နဲ့ဓာတ်အားပေးမှာဖြစ်ပြီး...