၂၀၂၅ နှစ်ဆန်းကိုရောက်လာချိန်မှာတော့ စစ်ရေးအရှိန်ဟာလျော့သွားသလိုဖြစ်နေတယ်။တနိုင်ငံလုံးမှာမြို့သိမ်းတိုက်ပွဲဆင်နွှဲနေတာဆိုလို့ နှစ်မြို့လောက်ပဲကျန်တော့တယ်။ရှမ်းမြောက်မှာ တိုက်ပွဲတွေရပ်ထားတယ်။ရခိုင်မှာလဲအေအေကထိုးစစ်တွေ ခဏရပ်ပြီး အခြေအနေစောင့်ကြည့်နေတယ်။လက်ရှိအချိန်အထိတော့MNDAA/TLNA/AA/KIAစတဲ့EAO ကြီးတွေကလွဲလို့ ကျန်တဲ့EAOဟာစစ်ကောင်စီကိုထိုးစစ်ကြီးတွေ ဖော်ဆောင်နိုင်ခြင်းမရှိသေးပါဘူး။ဒီလိုအခြေအနေမျိုးမှာ စစ်ရေးအရနောက်တလှိုင်းလာဖို့ရခိုင်ပြည်နယ်နဲ့စစ်ကိုင်းတိုင်းဘက်ကိုမျှော်လင့်ရမှာပဲ။
ရခိုင်ပြည်နယ်မှာအေအေနဲ့နောက်ထပ်ခြေလှမ်းဟာ ကျောက်ဖြူစစ်တွေဘက်ဖြစ်မလား၊ပြည်ပဘက်ကို တိုးဝင်လာမလားခန့်မှန်းလို့မရသေးပါဘူး။စစ်ကိုင်းတိုင်းထဲမှာလဲ ရှမ်းမြောက်မှာတိုက်ပွဲဝင်ပြီးအတွေ့အကြုံယူခဲ့တဲ့အဖွဲ့များစွာဟာ လက်နက်ခဲယမ်းအစုံအလင်နဲ့ပြန်ရောက်နေပြီ။ဒီလိုအချိန်မှာမှမှာစစ်ကိုင်းတိုင်းဟာ မလှုပ်သေးဘူးဆိုရင်နောက်ဘယ်တော့မှ လှုပ်မှာမဟုတ်တော့ဘူး။NUGနဲ့ဒေသခံPDFတွေရဲ့ စွမ်းဆောင်ရည်တွေကိုစောင့်ကြည့်ရမယ့် ကာလရောက်လာပါပြီ။