ကချင်ပြည်နယ်၊မံစီမြို့နယ်ကစစ်ကောင်စီတပ်ရင်းသုံးရင်းကို KIAကသိမ်းပိုက်ပြီးမြို့ကိုအပြီးသတ်ထိန်းချုပ်လိုက်ပါပြီ။မံစီမြို့နဲ့ဗန်းမော်မြို့ကို ဒီဇင်ဘာလလေးရက်နေ့ကတပြိုင်နက် တိုက်ခိုက်ခဲ့တာဖြစ်ပြီးတစ်လကျော်အကြာမှာ မံစီမြို့ကိုသိမ်းပိုက်နိုင်ခဲ့တယ်။ဗန်းမော်မြို့မှာတော့ နှစ်ဖက်တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတုန်းပါပဲ။KIAဟာမြောက်ပိုင်းမဟာမိတ်သုံးဖွဲ့လောက် လက်နက်ခဲယမ်းအင်အားမတောင့်တင်းတာကြောင့် ဗန်းမော်မြို့ကိုသိမ်းပိုက်နိုင်ဖို့အချိန်ယူနေရပုံပဲ။အခုလောလောဆယ်တော့ တနိုင်ငံလုံးမှာမြို့သိမ်းတိုက်ပွဲဆင်နွှဲနေတဲ့
အောက်တိုဘာ ၀၅၊ ၂၀၂၅။ (တနင်္ဂနွေ)
ဒီနှစ်မှာဒေါ်လာစျေးဆက်တိုက်ကျနေတဲ့အဓိကတရားခံကတော့စစ်ကော်မရှင်ကသွင်းကုန်တွေပိတ်ထားလို့ပါပဲ။တနေ့ကprinterတစ်လုံးလိုချင်လို့မြို့ထဲသွားတယ်။မြို့ထဲကကွန်ပြူတာပစ္စည်းဆိုင်နှစ်ဆယ်လောက်ရှာမေးခဲ့ပေမယ့်လိုချင်တဲ့printerရှာမရခဲ့ပါဘူး။ဆိုင်တွေအားလုံးပစ္စည်းပြတ်နေတယ်ပဲပြောကြတယ်။ဘယ်အချိန်ပစ္စည်းပြန်ရမလဲဆိုတာလဲအတိအကျမပြောနိုင်ကြဘူး။အနည်းဆုံးတစ်လကနေလနဲ့ချီပြီးကြာနိုင်တယ်တဲ့။printerဆိုတဲ့ပစ္စည်းမျိုးဟာပုံမှန်ဆိုရင်စျေးကွက်မှာအလွယ်တကူဝယ်လို့ရပါတယ်။ဒီလိုပစ္စည်းမျိုးတောင်စျေးကွက်မှာပစ္စည်းပြတ်နေပါပြီ။ကွန်ပြူတာပစ္စည်းအရောင်းဆိုင်တွေအတော်များများမှာလဲခင်ကျင်းထားတဲ့ပစ္စည်းတွေအရင်လိုပေါပေါများများမတွေ့ရတော့ပါဘူး။စစ်ကော်မရှင်ကပေးတဲ့ဒုက္ခမျိုးစုံကြောင့်ဘယ်စီးပွားရေးလုပ်ငန်းမဆိုအကြပ်အတည်းဆိုက်နေကြတယ်။


