မင်းတပ်မြို့ကိုသိမ်းပြီးနောက်တစ်ရက်မှာပဲ မင်းတပ်အနီးကန်ပက်လက်မြို့ကစစ်သူပုန်တွေထွက်ပြေးသွားတာကြောင့် မြို့ကိုသေနတ်တချက်ဖောက်စရာမလိုပဲ သိမ်းပိုက်နိုင်ခဲ့တယ်။ကန်ပက်လက်ကိုပါ သိမ်းနိုင်ခဲ့တာကြောင့် ချင်းပြည်နယ်တောင်ပိုင်းမှာ စစ်ကောင်စီတပ်တွေကင်းစင်သွားပြီဖြစ်ပါတယ်။မင်းတပ်မြို့နဲ့ပြိုင်တူတိုက်ပွဲဖော်ဆောင်ခဲ့တဲ့ ဖလမ်းမြို့ကိုတော့ ချင်းတော်လှန်ရေးအဖွဲ့တွေ ဆက်လက်တိုက်ခိုက်နေရဆဲပဲ။ချင်းပြည်နယ်မြောက်ပိုင်းမှာတော့ တိုက်ပွဲတွေပြင်းထန်နေတဲ့ ထန်တလန်နဲ့ဖလမ်းမြို့တို့အပြင် မြို့တော်ဟားခါးနဲ့တီးတိန်တို့သာ သိမ်းစရာကျန်ပါတော့တယ်။နှစ်ဖွဲ့ကွဲနေတဲ့ချင်းတော်လှန်ရေးအဖွဲ့တွေ ညီညွတ်ရင်တော့ချင်းပြည်နယ်ဟာ ပထမဆုံးလွတ်မြောက်တဲ့ဒေသတစ်ခု ဖြစ်လာနိုင်မှာပါ။