ချင်းပြည်နယ်မှာလဲမင်းတပ်မြို့ကို တစ်လကျော်ကြာတိုက်ခိုက်ပြီးနောက်ချင်းညီနောင်အဖွဲ့က သိမ်းပိုက်လိုက်ပါပြီ။မင်းတပ်မြို့သိမ်းတိုက်ပွဲမှာလဲလက်နက်ကြီးတွေအပါအဝင် လက်နက်အများအပြားနဲ့စစ်သူပုန်ရာချီပြီးဖမ်းဆီးရမိခဲ့တယ်။မှတ်တမ်းဓာတ်ပုံတွေအရ ချင်းပြည်နယ်ထဲကတိုက်ပွဲတွေမှာ ဒီတကြိမ်ဟာလက်နက်လူသူအများဆုံးဖမ်းဆီးသိမ်းဆည်းရမိခြင်းလို့ပြောလို့ရတယ်။
မင်းတပ်မြို့ဟာချင်းပြည်နယ်တောင်ပိုင်းနဲ့ မြေပြန့်လွင်ပြင်ဖြစ်တဲ့မကွေး၊စစ်ကိုင်းတိုင်းတို့နဲ့ဆက်သွယ်ရာမှာအဓိကကျတဲ့မြို့ဖြစ်တယ်။တော်လှန်ရေးအစတုန်းကချင်းပြည်နယ်ကို မင်းတပ်မြို့ကတဆင့်ရာချီတဲ့စစ်ယာဥ်တန်းတွေနဲ့စစ်ကောင်စီက အင်အားဖြည့်ဖို့အကြိမ်ကြိမ်ကြိုးစားခဲ့တာကို မှတ်မိသေးတယ်။အဲ့ဒီအချိန်ကတည်းကတော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့်ချင်းပြည်နယ်ကိုစစ်သူပုန်တွေကုန်းလမ်းက စစ်ကူမပို့နိုင်တော့တာကြာနေပါပြီ။အခုမှမင်းတပ်မြို့ကိုသိမ်းနိုင်တာ နောက်တောင်ကျနေပါသေးတယ်။