စစ်တပ်ရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို အေအေတပ်တော်က အပြီးသတ်သိမ်းပိုက်နိုင်လိုက်ပြီဖြစ်ကြောင်း အေအေတပ်တော်က ဒီနေ့မှာသတင်းထုတ်ပြန်လိုက်ပါတယ်။ဒုတိုင်းမှုးအဆင့်ဗိုလ်မှုးချုပ်သုံးဦးနဲ့အတူ စစ်သူပုန်အင်အားရာဂဏန်းခန့်လက်နက်ချခဲ့ကြတယ်။လက်နက်ချဖို့ကြိုးပမ်းနေတဲ့အချိန်မှာလဲ စစ်ကောင်စီဟာသူ့တပ်ကို သူဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။နောက်ဆုံးတော့စစ်တပ်ရဲ့စစ်တိုင်းဌာနချုပ်နောက်တစ်ခုဟာ တော်လှန်ရေးအင်အားစုတွေလက်အောက်ကျရောက်ခဲ့ပါပြီ။
ဒါ့အပြင်ရခိုင်ပြည်နယ်တောင်ဘက်စွန်းက ဂွမြို့ကိုလဲအေအေကအပြင်းအထန်ဆက်လက်တိုက်ခိုက်နေတယ်။ဂွမြို့မှာအခြေပြုထားတဲ့တပ်ရင်းနှစ်ခုထဲကတစ်ခုက သိမ်းပိုက်ထားပြီးစစ်ကူလမ်းကြောင်းတွေအားလုံးကိုလဲဖြတ်တောက်ထားတာကြောင့် မကြာခင်မှာပဲမြို့ကိုသိမ်းနိုင်တော့မှာပါ။ရခိုင်ပြည်နယ်မှာအေအေရဲ့ထိုးစစ်ဟာ အတော်အားရစရာကောင်းနေပါတယ်။