မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာမွတ်ဆလင်တွေကို သူတို့ရဲ့ စစ်အင်အားအတွက် အကျိုးရှိရှိအသုံးချနေတယ်။ စစ် မှုထမ်းဖို့အတွက်ခေါ်တာမျိုး၊ ဆန္ဒပြခိုင်းတာမျိုး အစရှိသဖြင့် သူတို့ရဲ့ နိုင်ငံရေးကစားကွက်တွေထဲမှာလိုအပ်သ လိုအသုံးချနေတယ်။ နောက်တစ်ခါ အေအေ ကိုတိုက်ခိုက်ဖို့၊ ဒေသတွင်းပဋိပက္ခဖန်တီးဖို့လည်း ဘက်ပေါင်းစုံကနေ ကြိုးပမ်းနေတာတွေ့ရတယ်။ ဉပမာဆိုရရင် ရခိုင်လူမျိုးတို့ အားကိုးယုံကြည်ရတဲ့ အာရက္ခတပ်တော် (AA) ကို စစ်တွေ၊ ဘူးသီးတောင်ရှိ ရိုဟင်ဂျာတွေက “AA အလိုမရှိ” လို့ ဆန္ဒပြ အော်ဟစ်ခိုင်းခဲ့တာမျိုးပါပဲ။ ဒါတွေဟာ စစ်ကောင်စီကလုပ်တာဆိုတာ တော်တော်များများသိခဲ့ကြတယ်။
စက်တင်ဘာ ၂၇၊ ၂၀၂၅။ (စနေ)
စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းဥပဒေအောင်မြင်လာတာဟာ တော်လှန်ရေးအတွက် အလွန်အန္တရာယ်ကြီးပါတယ်။ကိုယ်တွေဘက်ကလဲ အခုချိန်ထိထိုဥပဒေကို...


