ဘာလို့တရားဝင်ကြော်ငြာရတာလဲ…တိတ်တိတ်လေးတိုက်လို့မရဘူးလား ?
ပြည်တွင်းရော ပြည်ပမှာပါ တရားဝင်မှုကိုရဖို့ရယ်မိမိတို့သွားနေတဲ့လမ်းကြောင်းကို တိတိကျကျဖော်ထုတ်ပြသဖို့ရယ် ကြော်ငြာဖို့လိုပါတယ်
D-Day လား…Military D-Day လား?
ဒါကတော့စစ်ဘက်ဆိုင်ရာ CDM ဗကတစ်ယောက်ထောက်ပြမေးမြန်းထားတာအတွက်ပါ
စစ်ဘက်မှာဒီလိုရက်ကို ယ ရက်လို့ခေါ်ပါတယ်။အချိန်ပါပါတယ်။တိတိကျကျသတ်မှတ်ထားတဲ့ရည်ညွှန်းချက်ပါရှိပါတယ်။
အခုကတိုက်ပွဲတွင်းသတ်မှတ်ချက်မဟုတ်ပဲဖြစ်နေလို့ဘယ်လို D Day ကြီးလဲမေးနေရတာပါ။ပိုတူတာကအခြေအနေအရ
ဖက်ဆစ်တော်လှန်ရေးကိုတစ်ပြည်လုံးအတိုင်းအတာနဲ့ကြေငြာခဲ့တဲ့ဗိုလ်မှူးဗထူးရဲ့ကြေငြာချက်နဲ့ပိုတူပါတယ်။
စတင်တော်လှန်တိုက်ခိုက်ပြီဖြစ်ကြောင်းတရားဝင်ကြော်ငြာတာပါ
ကြော်ငြာလိုက်တဲ့အတွက်ထောက်ပံ့ရေးလမ်းကြောင်းတွေပိုကြပ်သွားနိုင်သလား…အချို့နေရာတွေအဆင်သင့်မဖြစ်သေးဘူးမလား?
မှန်ပါတယ်…ပိုကြပ်သွားနိုင်ပါတယ်။အကုန်လုံးအဆင်သင့်ဖြစ်အောင်စောင့်ဖို့အခြေအနေမပေးတော့ဟန်တူပါတယ်။
(နိုင်ငံတကာရေးရာနဲ့နီးစပ်သူတွေ ဒီကိစ္စကိုပိုသိကြပါလိမ့်မယ်)စစ်ရေးအရ ဖိရှင်းတော့မယ်ပုံတွေမြင်လာရလို့လည်းပါပါတယ်။
ရုတ်တရက်ကြီး ကြော်ငြာတာအဆင်သင့်ဖြစ်ပါ့မလား?
NUGကကြော်ငြာတယ်ဆိုပေမယ့်ဒါဟာEAOsတွေနဲ့အကြိမ်ကြိမ်ညှိနှိုင်းပြီးမှထွက်ပေါ်လာတဲ့ကြော်ငြာချက်ဖြစ်ပါတယ်။လက်ရှိအချိန်မှာလည်း ထောက်ခံနေကြပါတယ်။တစ်နည်းအားဖြင့် ဒီလိုကြော်ငြာဖို့ EAO တွေရဲ့ထောက်ခံမှုလိုအပ်ပါတယ်။
ဦးရည်မွန်ရဲ့မဲဆောက်မှာကာဖျူးဖောက်လို့အဖမ်းခံရလို့ဒီသတင်းကိုဖုံးလွှမ်းဖို့ကြိုးစားတဲ့အနေနဲ့ D day ခေါ်တာဖြစ်နိုင်လား?
ဦးရည်မွန်ရဲ့မဲဆောက်ကိစ္စမသိပါဘူး။
တော်လှန်ရေးဟာတစ်ဦးတစ်ယောက်ရဲ့ဦးဆောင်မှုအောက်မှာရှိနေတာမဟုတ်လို့သူတစ်ယောက်သတင်းကိုဖုံးဖို့တစ်တိုင်းပြည်လုံးက အီးအေအိုတွေက D Day ခေါ်တာကိုအလွယ်တကူလက်ခံတယ်ဆိုတာဖြစ်နိုင်ပါ့မလား။အဓိပ္ပါယ်သိပ်မရှိလှပါဘူး။
NUG ဟာ အီးအေအိုတွေနဲ့ညှိနှိုင်းဆောင်ရွက်ရတာပါ၊ဦးဆောင်တိုက်ခိုက်ရတာမဟုတ်ပါဘူး။စစ်ကျွန်ဘဝကနေလွတ်မြောက်ဖို့
အတူတကွကြိုးစားကြရတာပါ။
ဒီနေ့ D.day ဆိုတာနဲ့ရက်ပိုင်းအတွင်းမြို့ကြီးတွေကိုရမလား?
မပြောတတ်ပါဘူး…များသောအားဖြင့်တော့အစွန်အဖျားတွေကနေ မြို့ကြီးတွေဆီကိုဦးတည်လာတတ်ပါတယ်
D Day ခေါ်လို့စျေးတွေတက်တာလား?
မြန်မာကျပ်ငွေစျေးဟာမနေ့က D.day မခေါ်ခင်ရက်အထိတစ်ဒေါ်လာကိုတစ်ထောင့်ကိုးရာကျပ်နဲ့ညီနေပါတယ်။ ရွေစျေးက တစ်ဆယ့်ခုနှစ်သိန်း ကျော်နေပါပြီ။ဒီကျပ်ငွေကြေးတန်ဖိုးကျဆင်းလာခြင်းဟာကြေငြာခြင်းမကြေငြာခြင်းနဲ့အများကြီး
သက်ဆိုင်ခြင်းမရှိပါဘူး။D.dayမကြော်ငြာလည်းကျပ်ငွေတန်ဖိုးဟာရက်ပိုင်းအတွင်းထိုးဆင်းနေဦးမှာပါပဲ။ကျပ်ငွေတန်ဖိုးကျဆင်းခြင်းနဲ့အတူကုန်စျေးနှုန်းကလည်းလိုက်တက်လာမှာပါပဲ။
ဦးရည်မွန်ကဦးဆောင်ပြီးတိုက်မှာလား?
မဟုတ်ပါဘူး။အီးအေအိုခေါင်းဆောင်တွေနဲ့ညှိနှိုင်းပြီးတိုက်မှာပါ။အဲ့အတွက် ဒေါ်ခင်မမမျိုးကို ကာကွယ်ရေးဒုဝန်ကြီးကနေ နေရာပြောင်းပြီး အီးအေအိုဘက်က ထည့်ရပါလိမ့်မယ်။ထည့်လည်းထည့်ထားပါလိမ့်မယ်။တရားဝင်ကြော်ငြာချက်တော့ထွက် မလာသေးပါဘူး။ကရင်ဘက်ကလို့သတင်းမီဒီယာတစ်ခုကဆိုထားတာတော့ရှိပါတယ်။နောက်ထပ်နေရာတစ်ခုရှိပါသေးတယ်
NUG ရဲ့ ကာကွယ်ရေဦးစီးချုပ်နေရာပါ။အဲ့နေရာကိုလည်း အီးအေအိုထဲကပဲ ရပါလိမ့်မယ်လို့မြင်ပါတယ်။
ကာကွယ်ရေးဝန်ကြီးကသပ်သပ် ကာကွယ်ရေးဦးစီးချုပ်ကသပ်သပ်ပါ။
လေတပ်က တစ်ကယ်ရှိနိုင်လား?
ခုချိန်ထိ တရားဝင်ထုတ်ဖော်ပြောဆိုမှုမရှိသေးပါဘူး။NUG နဲ့နီးစပ်တဲ့တစ်ယောက်တင်ထားတာပဲရှိပါတယ်။
သူလိုနီးစပ်တဲ့သူတောင်တိတိကျကျမဟုတ်ပါဘူး။ဒါဆိုကျုပ်တို့လိုသာမာန်လူတွေပိုဝေးပေါ့။
FN6 တွေ ရှိတာတော့ online ပေါ်က Video clip တစ်ခုမှာ မြင်ဘူးပါတယ်။ဘာတွေဘယ်လိုစီစဥ်ထားလဲဆိုတာတော့ သူတို့ပဲ သိကြမှာပါ။
နားလည်ထားရမှာကတစ်ဆင့်ခံပြောတာမို့လေတပ်အတွက်လည်းပြင်ဆင်ထားတယ်လို့ပြောတာဥပမာစကစကလေတပ်နဲ့တိုက်ခိုက်လာသည်ရှိသော်ခုခံမယ့်အစီအမံတွေစီစဥ်ထားတယ် ဆိုတာကိုလေတပ်အတွက်လည်းပြင်ဆင်ထားတယ်စကားလုံးအတိုင်းနားလည်မှုလွဲပြီး
လေတပ်ရှိနေပြီလို့ဝမ်းသာအားရတင်လိုက်တာလည်းဖြစ်နိုင်ပါတယ်။
လူတွေကဘာလို့စစ်ဖြစ်မယ်ဆိုတာကိုပျော်နေကြတာလဲ?
အာဏာရှင်စနစ်အပြီးတိုင်ချုပ်ငြိမ်းသွားမယ့်လမ်းစမို့လို့ပါ
D.day သို့မဟုတ် တရားဝင်ကြော်ငြာခြင်းဟာနိုင်ငံတကာ အတွက်ရောသက်ရောက် မှုရှိလား?
အများကြီးသက်ရောက်မှုရှိပါတယ်။နယ်မြေထိစပ်တိုင်းပြည်အားလုံးဟာစစ်ကြောင့်ထွက်ပြေးလာမယ့်မြန်မာပြည်သူတွေကိုလက်ခံရပါမယ်။အတင်းအကြပ်ပြန်ပို့ ပိတ်ဆို့လုပ်လို့မရပါ။နိုင်ငံတကာပုံရိပ်ထိခိုက်ပါတယ်။တရားဝင်စစ်ကြော်ငြာပြီး စတင်တို်က်ခိုက်ပြီမို့လို့ကုလရဲ့ ငြိမ်းချမ်းရေးအစီအစဉ်တွေတရားဝင်စတင်လို့ရပါပြီ။IRCC ရဲ့ Buffer Zone တွေ၊ကုလရဲ့ Buffer Zone တွေ၊စတင်ဝင်ရောက်လာလို့ရပါပြီ။
ဘာညှိနှိုင်းမှုမှမလိုတော့ပါ။တရားဝင်မကြော်ငြာသေးရင်ဝင်ရခက်ပါတယ်။ညှိနှိုင်းရပါတယ်။အခုမင်းတပ်မှာဝင်မရပြုမရဖြစ်နေတာသက်သေပါ။
ကုလအစည်းအဝေးအတွက် Pressure ရှိလား?
သူ့လက်ထက်မှာခြောက်လအတွင်းနိုင်ငံသုံးခုအာဏာသိမ်းခံရတဲ့ဖြစ်စဉ်အတွက်ကုလအတွင်းရေးမှူးချုပ်မှာဖိအားအလွန်များပြားနေပါတယ်။ဒီကိစ္စတွေရဲ့အစဖြစ်တဲ့မြန်မာ့အရေးကိုထိထိရောက်ရောက်မကိုင်တွယ်ရင်နောက်ပိုင်းတိုင်းပြည်တွေအရေးမှာမျက်နှာပျက်စရာလူပြောများစရာဖြစ်လာပါလိမ့်မယ်။ဒါဟာစကစဘက်က စွတ်စွဲသလိုသံတမာန်ရေးရာအရဖိအားပေးမှုလားဆိုရင်ဟုတ်ပါတယ်လို့ပဲ ပြန်ပြောရမှာပါ
တရားဝင်မှုရရင်ပိုမြန်မှာမို့လို့ပါ။ကုလကဟိုမရောက်ဒီမရောက်ထားလိုက်ရင်ရောဖြစ်နိုင်ပါတယ်။ဒါပေမယ့်မည်သို့ဆိုစေစစ်ကိုဦးတည်နေပြီဖြစ်ပါတယ်။မြန်မာပြည်သူပြည်သားတွေရဲ့စိတ်ဆန္ဒအမှန်ကိုတားဆီးနှိမ်နင်းဖို့ အရမ်းခက်ခဲသွားပါပြီ။ ဂရုစိုက်ပါ။ ပြင်ဆင်ပါ။
နေကောင်းကျန်းမာတဲ့ မြန်မာပြည်ကြီးကိုအမြန်ဆုံးပြန်မြင်ရတော့မှာပါ။
ဆိုရှယ်မီဒီယာများပေါ်မှပြန်လည်ကူးယူဖော်ပြခြင်းဖြစ်ပါသည်၊မူရင်းရေးသားသူအားcreditပေးပါသည်။