Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

ပြည်သူ့တော်လှန်‌ရေး အပေါ် နိုင်ငံတကာ တုန့်ပြန်မှုများ

စက်တင်ဘာ 9, 2021
in သုံးသပ်ချက်များ
Reading Time:1min read
Share on FacebookShare on Twitter

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ မှ အမျိုးသား ညီညွတ်ရေး အစိုးရ၏ “ ပြည်သူ တော်လှန်ရေး စစ်ပွဲ” ဆင်နွှဲမည်ဟု ကြေညာခြင်း အပေါ် မိမိတို့ မှတ်တမ်း တင်ထားပါကြောင်း၊ သို့သော် လက်ရှိ အကြပ် အတည်းအား အကြမ်းဖက်သည့် နည်းဖြင့် ဖြေရှင်းခြင်းကိုတော့ သဘောတူမည် မဟုတ်ကြောင်း နှင့် သက်ဆိုင်သူ အားလုံး ငြိမ်းချမ်းစွာ ဆက်လက် ဖြေရှင်းသွားရန် လိုကြောင်း ပြောကြားသွားသည်ဟု သတင်း ထွက်ပေါ်လာခဲ့သည်။

တကယ်တမ်းတွင် အမေရိကန် မှ ထိုသို့ ပြောကြားလာခြင်းသည် အဆန်းတကြယ်တော့ မဟုတ်၊ သံတမန် မျက်နှာစာ တွင် ပြောရိုး ပြောစဉ်သာ ဖြစ်သည်။ ထိုသို့သော စကားများကို အစ္စရေး နှင့် ပတ်သက်ပြီး အမေရိကန်သည် ပြဿနာ ဖြစ်လာတိုင်း ကြိမ်ဖန်များစွာ ပြောဆိုခဲ့သည်ကိုလည်း အားလုံးက သိနေကြပြီး ဖြစ်သည်။

အမေရိကန် အနေဖြင့် လက်ရှိ လက်နက်ကိုင် ပဋိပက္ခများကို ၎င်းတို့ ထောက်ခံနေခြင်း မရှိဟု ရှင်းလင်းပြတ် သားစွာ ရပ်တည်ထားဖို့ လိုသည်။ မြန်မာ အရေးသည် ကုလ စင်မြင့်တွင် ကာလကြာမြင့်စွာ ဆက်လက်၍ တွန်းတွန်း တိုက်တိုက် လုပ်သွားစရာ များ ရှိနေသည်။ အကယ်၍သာ အမေရိကန်သည် အမျိုးသား ညီညွတ်ရေး အစိုးရ၏ တိုက်ပွဲခေါ်သံအား ပွင့် လင်းစွာ ထောက်ခံလိုက်မည်ဆိုက နောက်ပိုင်းတွင် ၎င်းတို့ ဆွေးနွေးသည့် အကြောင်းအရာ မှန်သမျှ၊ တင်သွင်းသည့် အဆိုမှန်သမျှ ကို သမာသမတ်ကျသည်၊ လုပ်သင့် လုပ်ထိုက်သည်ဟု ကျန် ကုလ အဖွဲ့ဝင် နိုင်ငံများမှ ယုံကြည်ဖို့ ခဲယဉ်းသွားပေတော့မည်။

ဤသည်မှာ သံတမန် ကစားပွဲ တခု ၏ ကကြိုး ကကွက် တခုထက် မပိုပေ။

မြန်မာ နိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခ များ ပိုမိုပြင်းထန်လာသည်နှင့် အမျှ ဆုံးရှုံးရမှု များပြားလာဖွယ် ရှိနေ သည့် တရုတ် အနေနှင့်လည်း အမေရိကန် တို့ ပြောသမျှ ကို တလုံးတပါဒမှ ယုံကြည်မည်လည်း မဟုတ်ပေ။ ၎င်းတို့ ခြေရာလက်ရာ မကင်းကြောင်း သံသယ ရှိနေသည်ကို ဂလိုဘယ် တိုင်း သတင်းစာ တွင် အရိပ်အမြွက် ရေးသားလာပြီး ဝင်ရောက်စွက်ဖက်ခြင်း မပြုရန်ပင် သတိပေးလာခဲ့သည်။ လောလောဆယ်တွင် NUG ၏ စစ်ကြေညာမှုကြောင့် တရုတ်တို့ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်သွားခဲ့ရသည်က အထင်အရှားပင် ဖြစ်သည်။ တရုတ်တို့၏ စီးပွားရေး လုပ်ငန်းများ နှင့် စီမံကိန်း များ အကြီးအကျယ် ထိခိုက်လာနေပြီ ဖြစ်သည်ဟု ဂလိုဘယ် တိုင်းမ် သတင်းစာ တွင် ရေးသားလာခဲ့သည်။ သို့သော် နိုင်ငံတွင်းရှိ လက်နက်ကိုင် အဖွဲ့များသည် စစ်တပ်ကို ခြိမ်းခြောက်လာနိုင်သည့် အထိ အင်အား မကောင်းသေး၍ အခြေအနေများသည် အဆိုးဝါးကြီး ဖြစ်လာနိုင်စရာ မရှိဟုလည်း ရေးသားထားသည်။ စစ်တပ်သည် ကာလကြာမြင့်စွာကပင် ၎င်းတို့ အလိုကျ အခြေအနေများ ဖြစ်ပေါ်လာအောင် ထိန်းချုပ်နိုင်သည့် အစွမ်း ရှိနေသည်ဟု လည်း ပါရှိသည်။

တဖက်တွင်လည်း အာဏာသိမ်း အဖွဲ့မှ NUG ၏ လုပ်ရပ်အပေါ် လက်ဦးမှု ယူကာ NLD အား ဖျက်သိမ်းပစ်မည့် အရေးကို ဟန့်တားသည့် အနေဖြင့် တရုတ် ကွန်မြူနစ်ပါတီက ဦးစီး ကျင်းပမည့် အာရှနိုင်ငံရေး ပါတီများ အွန်လိုင်း ညီလာခံ သို့ တက်ရောက်ရန် ဖိတ်ကြားထားပြီး CRPH အဖွဲ့ဝင်လည်း ဖြစ်၊ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်အမတ် ဖြစ်သူ ဦးဘိုဘိုဦးက တက်ရောက်မည်ဟု ဧရာဝတီ သတင်းတွင် ဖေါ်ပြထားသည်။

ဂျပန် နိုင်ငံခြားရေး ဝန်ကြီး သည် အာဆီယံ အထူးသံတမန်၏ ကြိုးပမ်းနေမှုများကို အပြည့်အဝ ထောက်ခံ ကြောင်း ဗုဒ္ဓဟူး‌နေ့က ထုတ်ဖေါ်ပြောဆိုလာခဲ့သည်။ ဂျပန်မှ နိုင်ငံတွင်း အခြေအနေများ ထိန်းမနိုင် သိမ်းမရသည့် အထိ ဆိုးဝါးသွားမည့် အရေးကို ဟန့်တား လို ပုံ ရှိနေသည်။

မလေးရှား နိုင်ငံခြားရေး ဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာ က မိမိတို့၏ အချက် ငါးချက်ပါ ရပ်တည်ချက်ကို အလျှင် အမြန် အကောင်အထည် မဖေါ်နိုင်မှုကြောင့် စိတ်ပျက်လာကြသဖြင့် ယခုတခါ တစ်ကနေ ပြန်စရမည့် သဘော ဖြစ်လာနေသည်ဟု NUG ၏ စစ်ကြေညာခဲ့မှု နှင့် စပ်လျင်းပြီး အွန်လိုင်း သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြား သွားခဲ့သည်။ ထိုအတွက် အာဆီယံ အထူး သံတမန် နှင့် မိမိ ဆက်သွယ်သွားမည် ဖြစ်သည်ဟု ဆိုသည်။ ရန်ကုန်ရှိ မလေးရှား သံရုံးကလည်း အခြေအနေကို အနီးကပ် စောင့်ကြည့်နေကြောင်း လည်း ပြောသွားခဲ့သည်။

ယခု အချိန်အထိ ကုလသမဂ္ဂ မှ သဘောထား ကြေညာချက် တရားဝင် ထုတ်ပြန်ခြင်း မရှိသေးသည်ကို တွေ့ရ သည်။ မြန်မာ အရေး အတွက် ဖွဲ့စည်းထားသော အထူးအကြံပေး ကောင်စီဝင် ယန်ဟီလီး က ယခုလို အနေ အထား အထိ ရောက်လာရခြင်းသည် ကံအကြောင်းမလှ၍ ဖြစ်ခဲ့ရခြင်းမျိုးသာ ဖြစ်သော်လည်း အကြမ်းဖက် တိုက်ခိုက်ခြင်းသည် ပြဿနာ၏ အဖြေတော့ မဟုတ်ကြောင်း နှင့် ရှေ့လျှောက် ဘာတွေ ဆက်ဖြစ်လာမည်ကို မိမိတို့ စိတ်ပူပန်လျှက် ရှိသည်ဟု ထုတ်ဖေါ်ပြောဆိုသွားခဲ့သည်။ ထိုအခြေအနေအထိ ရောက်လာအောင် တာဝန် ပျက်ကွက်ခဲ့ကြသည့် နိုင်ငံတကာ အဖွဲ့အစည်းများကိုလည်း ပြစ်တင်ရှုတ်ချသွား ခဲ့သည်။

ယခုအချိန်အထိ ကွက်ကျား ခုခံရေး စစ်ပွဲများသာ ဖြစ်ပေါ်နေသည့် အဆင့်တွင် ရှိသေးသည်။

သို့သော် စစ်ကောင်စီ ကတော့ မမှုသည့် ပုံ ဟန်ဆောင်နေသည့် ကြားမှ လက်ရှိတွင် NUG ၏ ပြည်သူ ခုခံစစ်ပွဲ စတင်ပြီ ဟု ကြေညာပြီးသည့်နောက် ရန်ကုန် နှင့် မန္တလေးတွင် တိုက်ခိုက်ခံရမှုများ များပြားလာသည်ဟု စစ်တပ်၏ ပြောခွင့်ရ အဖြစ် ရှေ့ထုတ်ခံထားရသူ ဇော်မင်းထွန်းက ဝန်ခံသွားခဲ့သည်။

မည်သို့ပင် ဖြစ်စေ မြန်မာ ပြည်သူတို့ အတွက် က စစ်အာဏာရှင် စနစ်သည် ရင်ထဲသို့ စိုက်ဝင်နေသော မြှားတစင်း ဖြစ်လာနေပြီး အခြားသူများ အတွက်ကတော့ ခြေမကြား စူးဝင်နေသည့် ဆူးလေးတချောင်း အဖြစ်သာ သဘောထားကြမည် ဖြစ်သည်။

မိမိတို့ အရေး မိမိတို့သာ အသိဆုံး ဖြစ်သည်။ နိုင်ငံတကာ မှ တွေ့ဆုံ ဆွေးနွေး အဖြေရှာကြရန် ကြိမ်ဖန်များစွာ ပြောဆိုနေသော်လည်း စစ်အာဏာသိမ်း အဖွဲ့ က ခုနှစ်လပင် ကြာလခဲ့သည့်တိုင် မည်သို့မျှပင် တုန့်ပြန်ကြခြင်း မရှိသည်မှာလည်း အထင်အရှားပင် ဖြစ်သည်။ ၎င်းတို့ဖက်က ဆွေးနွေးပါမည်ဟု ကမ်းလှမ်းနေသည့် ကြားမှ ထိုသို့ လက်နက်ကိုင် လမ်းစဉ်ကို ရွေးချယ်ခဲ့ကြခြင်း လည်း မဟုတ်ပေ။

ထိုသို့ ကုလသမဂ္ဂနှင့် နိုင်ငံအများက မိမိတို့ အရေးကို ပါးစပ်ပြောများ နှင့် သာ အချိန်ကုန်နေခဲ့မှုများကိုလည်း အသက်ပေါင်းများစွာ ဆုံးရှုံးခံ အဖမ်းဆီးခံ နေကြရသော မြန်မာ ပြည်သူများက သည်းမခံနိုင်အောင် ဖြစ်လာကြ၍ NUG ၏ ပြည်သူ့ တော်လှန်‌ရေး တိုက်ပွဲခေါ်သံကို လှိုက်လှဲစွာ ကြိုဆို ခဲ့ကြခြင်းပင် ဖြစ်သည်။

တော်လှန်ရေး မုချအောင်ရမည်!!!

 

Hla Soewai

Related Posts

ဇန်နဝါရီ ၁၁၊ ၂၀၂၃။ (ဗုဒ္ဓဟူး)

ဘယ်ဘက်ကနိုင်နေပြီလဲ

ဇန်နဝါရီ 27, 2023

စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်နီးပါး ကြာမြင့်လာသောအခါ ဘယ်ဘက်ကနိုင်နေပြီလဲ...

မြန်မာ့အရေး သံခင်းတမန်ခင်း ၂၀၂၂ ခုနှစ် ရီဗျူး
သုံးသပ်ချက်များ

မြန်မာ့အရေး သံခင်းတမန်ခင်း ၂၀၂၂ ခုနှစ် ရီဗျူး

ဇန်နဝါရီ 23, 2023

၂၀၂၂ ခုနှစ် နှစ်ကုန်ခါနီး မြန်မာ့အရေးနှင့် ပတ်သက်သည့်...

ဇန်နဝါရီ ၀၇၊ ၂၀၂၃။ (စနေ)

UNSC ရဲ့ ဆုံးဖြတ်ချက်နဲ့ အာဏာရှင်တို့ရဲ့ အဆုံးသတ်”

ဇန်နဝါရီ 13, 2023

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၂၂)နေ့ မြန်မာစံတော်ချိန်...

You can copy without credits to our site. We Need Freedom.

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English

Welcome Back!

Login to your account below

Forgotten Password?

Create New Account!

Fill the forms bellow to register

All fields are required. Log In

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist