LATEST STORIES

အောက်တိုဘာ ၁၆၊ ၂၀၂၃။ (တနင်္လာ)

ဒီရက်ပိုင်းမြန်မာတနိုင်ငံလုံးမှာမိုးကြီးနေပြီးရေလွှမ်းမိုးမှုတွေဖြစ်ပေါ်နေတယ်။မိုးရာသီကုန်တော့မှာဆိုတော့မိုးကအငြိုးနဲ့ရွာနေတာပေါ့။ဒါ့ကြောင့်ပီးခဲ့တဲ့ရက်ကပဲခူးတမြို့လုံးရေကြီးခဲ့ပြီးအခုလဲကရင်နီပြည်နယ်ဘက်မှာရေကြီးလျက်ရှိတာကြောင့်ကရင်နီပြည်နယ်၊မိုးဗြဲနှင့် လွိုင်ကော်မြို့နယ်ရှိ စစ်ဘေးရှောင်တဲ ၁၀၀ကျော်ရေနစ်မြုပ်ကာမိုးဗြဲမြို့တွင်းရပ်ကွက်အချို့၌ပါရေများဝင်ရောက်လာတယ်။နေ့စဥ်ရက်ဆက်မိုးရွာသွန်းမှုနှင့်အတူ ဘီးလူးချောင်းရေ မြင့်တက်လာပြီးနောက် မိုးဗြဲရေကာတာမှ သတ်မှတ်ပမာဏထက်ပို၍ ရေလွှတ်ချနေတယ်။ စစ်ဘေးဒဏ်ခံနေရတဲ့စစ်ကိုင်းတိုင်းအတွင်းမှာလဲ ရေဦး၊ ကနီနှင့် တန့်ဆည်မြို့နယ်တို့တွင် မိုးသည်းထန်စွာရွာသွန်းပြီးဆည်တွေရေဖောက်ချနေတာကြောင့် နေအိမ်နှင့် လမ်းတံတားအချို့ ပျက်စီးမှုများရှိနေတယ်။စစ်ဘေးသင့်ဒေသတွေမှာရေလွမ်းမိုးမှုတွေကြောင့်စစ်ဘေးရှောင်အတွက်အတော်အခက်အခဲဖြစ်နေတယ်။

Read moreDetails

အောက်တိုဘာ ၁၅၊ ၂၀၂၃။ (တနင်္ဂနွေ)

မနေ့ကပြောခဲ့သလိုပဲစစ်ကောင်စီရဲ့NCAကိုအယုံအကြည်မရှိတော့ကြောင်းယခင်က NCAမှာလက်မှတ်ထိုးထားတဲ့အင်အားကြီးသုံးဖွဲ့ဖြစ်တဲ့KNU/KNPP/ABSDSတို့ကတရားဝင်ထုတ်ပြန်ကြေညာလိုက်တယ်။သူတို့အနေနဲ့တိုင်းပြည်ရဲ့ ဆယ်စုနှစ်ပေါင်းများစွာ ရှိနေသည့် ပဋိပက္ခများကို ဖြေရှင်းရန် အကောင်းဆုံးကြိုးစားပြီး တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးမှတဆင့် နိုင်ငံရေးဆွေးနွေးပွဲ၌ တက်ကြွစွာ ပါဝင်ခဲ့ကြောင်း၊ သို့ရာတွင် စစ်အာဏာရှင်များက သဘောတူညီချက်အားလုံးကို ချိုးဖောက်ပြီး အပစ်ရပ်စဲရေးသဘောတူညီချက်နှင့် နိုင်ငံရေးဆွေးနွေးပွဲများကို ဖျက်ဆီးခဲ့ကြောင်းပြောလိုက်တယ်။ဒါ့ကြောင့် NCA...

Read moreDetails

ကလေးမြို့၌ တိုက်ပွဲဖြစ်ပြီး စစ်တပ်က ရွာမီးရှို့ ၊ ကန့်ဘလူတွင် တိုက်ပွဲပြင်းထန်

စစ်ကိုင်းတိုင်း၊ က‌လေးမြို့အ‌နောက်တောင်ဘက် စက္ကန့်ရွာကို စစ်ကောင်စီက အောက်တိုဘာ ၉ ရက် ဒီနေ့မနက်ပိုင်းအထိ မီးရှို့နေပြီး အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၃ ဦး ကျဆုံးထားကာ CDF-KKG ဘက်က တပ်သား ၂ ဦး ပြင်းထန်ဒဏ်ရာ...

Read moreDetails

အောက်တိုဘာ ၁၄၊ ၂၀၂၃။ (စနေ)

အာဏာသိမ်းစစ်ကောင်စီက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)  လက်မှတ်ရေးထိုးမှု၈နှစ်ပြည့်အခမ်းအနားကိုနေပြည်တော်မှာကျင်းပနေတယ်။ထိုအခမ်းအနားကိုစစ်တပ်နဲ့သဘောတူညီမှုယူထားတဲ့တိုင်းရင်းသားအဖွဲ့ငယ်လေးတချို့တက်ရောက်နေကြတယ်။တကယ်တော့(NCA)ဆိုတာစစ်အာဏာသိမ်းပြီးနောက်ဘာမှအဓိပ္ပာယ်မရှိတော့ပါဘူး။စစ်တပ်ဟာ အကြမ်းဖက်နည်းနဲ့ အာဏာသိမ်းလိုက်တဲ့အခါမှာသဘောတူညီထားတဲ့အရာတွေအားလုံးကို ချိုးဖောက်လိုက်တာဘဲဖြစ်တယ်။ ဒီတော့ NCA စာချုပ်က အသက်ရှင်ရပ်တည်တို့မရတော့ဘူး၊ အကောင်အထည် ဖော်လို့ မရတော့ဘူး။ အာဏာသိမ်းလိုက်တဲ့အခါတိုင်းမှာ နိုင်ငံတကာမှာဘဲဖြစ်ဖြစ် ဒီ နိုင်ငံမှာဘဲ ဖြစ်ဖြစ် ဖွဲ့စည်းပုံ...

Read moreDetails

အောက်တိုဘာ ၁၃၊ ၂၀၂၃။ (သောကြာ)

ကယားပြည်နယ်မှာလွိုင်​ကော်မှ ​ဘော်လခဲထွက်လာ​သောစစ်တပ်ယာဉ်တန်းဟာနှစ်လခွဲကြာသည့်တိုင်မ​ရောက်​သေးဖရူဆိုတွင်ပိတ်မိ​နေဆဲဖြစ်ပြီးဘောလခဲကိုတောင်မရောက်သေးပါဘူး။သြဂုတ်လ ၂ ရက်ကစ၍ အစီးရေ ၁၀၀ ခန့်ပါ စစ်ကောင်စီယာဉ်တန်းဟာလွိုင်ကော်မှစတင်ထွက်ခွာလာပြီးလွိုင်ကော်မှဒီးမော့ဆိုထိမှတဆင့်ဖရူဆိုသို့ပြည်ထောင်စုလမ်းအတိုင်းယာဉ်တန်းဖြင့်စစ်ကြောင်းထိုးလာခြင်းဖြစ်တယ်။ ဖရုဆို မှတစ်ဆင့် ​ဘောလခဲသို့သွားမည်ဖြစ်​သော်လည်း စစ်တပ်ယာဉ်တန်းမှာ ရက်​ပေါင်းများစွာ ဖရူဆို၌ပင် ​သောင်တင်​နေခြင်းပါ။လွိုင်​ကော်နှင့် ​ဘော်လခဲမှာ ကားလမ်းအတိုင်းသွားပါက မိုင် ၅၀ ​ကျော်သာကွာ​ဝေးပြီး​...

Read moreDetails

အောက်တိုဘာ ၁၂၊ ၂၀၂၃။ (ကြာသပတေး)

ပဲခူးမြို့ ရေကြီးရေလျှံမှုတွင် စစ်ကောင်စီတပ်က ရေဘေးရှောင်ဒေသခံများကို ကယ်ဆယ် ပေးနေသည်ဟု ဝါဒဖြန့်ထားသော်လည်း ရေကြီးမှုကြောင့် ရပ်ကွက်များ အတွင်း ပိတ်မိနေပြီး အကူအညီများလိုအပ်နေသည့် ပြည်သူ သောင်းချီရှိနေတယ်။ရေကြီးမှုကြောင့် ပဲခူးမြို့အတွင်းပိုင်း နေရာအချို့မှာ အင်တာနက်လိုင်းနှင့် ဖုန်းလိုင်းအချို့ပါ ပြတ်တောက်ခဲ့သည့်အတွက် ပိတ်မိနေသည့်ပြည်သူများနှင့်...

Read moreDetails

အောက်တိုဘာ ၁၁၊ ၂၀၂၃။ (ဗုဒ္ဓဟူး)

အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင်ဟောင်း ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို နိုင်ငံတော်သစ္စာဖောက်ဖျက်မှု ၊ကိုယ်ကျိုးရှာမှု စွပ်စွဲချက်တွေနဲ့ ထောင်ဒဏ် နှစ် ၂၀ ချလိုက်တယ်လို့ ဒီနေ့ညပိုင်းမှာ စစ်ကောင်စီက သတင်းထုတ်လိုက်တယ်။ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းရဲ့လက်ထောက်ဖြစ်သူဗိုလ်မှူးချုပ်ဟောင်းရန်နောင်စိုးကိုလည်း အလားတူစွပ်စွဲချက်နဲ့ ထောင်ဒဏ် နှစ် ၂၀ ချပါသေးတယ်။သူတို့ ၂...

Read moreDetails

အောက်တိုဘာ ၁၀၊ အင်္ဂါ

KIA/KIO ဌာနချုပ်ရှိတဲ့ လိုင်ဇာ ကို စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ တောက်လျှောက် ပစ်ခတ်လို့ ကလေးငယ် ၁၃ ဦးအပါအဝင်ပြည်သူ အယောက် ၃၀ ကျော်သေခဲ့တယ်။ ဆိုရှယ်မီဒီယာပေါ်မှာ သတင်းတွေလည်း ပျံ့နေတယ်။ ဓါတ်ပုံတွေက မြင်မကောင်းဘူး။ ကလေးငယ်တွေ...

Read moreDetails

အောက်တိုဘာ ၉၊ တနင်္လာ

ပဲခူးတိုင်း၊ ပဲခူးမြို့ပေါ်မှာ မနေ့ အောက်တိုဘာလ ၈ ရက်စလို့ ရုတ်တရက်ရေကြီးမှုဖြစ်ပြီးတဲ့နောက် ဒီနေ့အထိ ရေပြန်မကျသေးတာကြောင့် ဒေသခံတွေ နေအိမ်တွေမှာ ပိတ်မိနေပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ဘီဘီစီမှာ ဖတ်လိုက်ရတယ်။ လူတွေလည်း မအလရဲ့ ဆိုးကျိုးတွေအပြင် ရေဒဏ်၊...

Read moreDetails

အောက်တိုဘာ ၈၊ တနင်္ဂနွေ

အခုရက်ပိုင်း ရန်ကုန်မှာ မိုးအရမ်းကောင်းနေတယ်။ မိုးကောင်းခြင်းရဲ့နောက်ဆက်တွဲက ရေကြီးရေလျှံ ဖြစ်နေတာပဲ။ ပဲခူးမှာရေကြီးတဲ့သတင်းတွေ၊ ပုံတွေကို ဆိုရှယ်မီဒီယာပေါ်မှာတွေ့ရပြန်တယ်။ မြန်မာလူ ထုတွေဟာ ဒုက္ခတစ်ခုထပ်တိုးလာပြန်ပါပြီ။ လူမှုကွန်ရက်ပေါ်မှာ စစ်အာဏာသိမ်းဆန့်ကျင်တာ နဲ့ တော်လှန်ရေးအင်အားစုတွေကို အားပေးထောက်ခံတဲ့ ရေးသားပြောဆိုမှုတွေကို လုပ်လို့ဆိုတဲ့ စွပ်စွဲချက်...

Read moreDetails
Page 82 of 230 1 81 82 83 230

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist