LATEST STORIES

ဇွန် ၂၁၊ ၂၀၂၁။ (တနင်္လာ)

UNရဲ့ဆုံးဖြတ်ချက်ထွက်ပြီးပြီးချင်းပဲစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရုရှားကိုအစည်းအဝေးသွားတက်တယ်ကြားတယ်။သတင်းဓာတ်ပုံတွေအရတော့ဟိုမှာသူ့ကိုလူလိုသူလိုကြိုဆိုခြင်းမခံရဘူး။သူ့အနေနဲ့ကတော့နိုင်ငံတကာရဲ့ပိတ်ဆို့မှုတွေကိုရှောင်ရှားဖို့ရသလောက်ထွက်ပေါက်ရှာမှာပဲ။ ချင်းပြည်နယ်မင်းတပ်မှာCDFနဲ့စစ်ကောင်စီ၂ပတ်ကြာအပစ်အခတ်ရပ်စဲလိုက်တယ်။သို့ပေမယ့်လဲစစ်ကောင်စီကိုမယုံတဲ့အတွက်စစ်ဘေးရှောင်တွေကိုယ့်အိမ်ကိုယ်ပြန်မလာရဲသေးဘူး။စစ်ဘေးရှောင်တွေအတွက်နည်းနည်းတော့အသက်ရှူချောင်သွားတာပေါ့။

Read moreDetails

ဇွန် ၂၀၊ ၂၀၂၁။ (တနင်္ဂနွေ)

မနေ့ကကျင်းပတဲ့ကုလသမဂ္ဂအထွေထွေညီလာခံမှာမြန်မာ့အရေးဆွေးနွေးမှုပြုလုပ်တယ်။စစ်ကောင်စီကိုလက်နက်ပိတ်ဆို့ရေးအပြင်တခြားအချက်တွေပါတဲ့သဘောတူညီချက်ကိုမဲခွဲဆုံးဖြတ်ပြီးအတည်ပြုလိုက်နိုင်ခဲ့တယ်။လက်နက်ပိတ်ဆို့ရေးဆိုတဲ့အချက်ပါဝင်လာတဲ့အတွက်အရင်ထုတ်ပြန်ချက်တွေနဲ့စာရင်တော့အနည်းငယ်ရှေ့ရောက်လာတဲ့အခြေအနေပဲ။ဒါပေမယ့်လုံခြုံရေးကောင်စီကဆုံးဖြတ်တာမဟုတ်တဲ့အတွက်မဖြစ်မနေလိုက်နာစရာတော့မလိုဘူး။မဲခွဲရာမှာသိသာတာတခုကတရုတ်နဲ့ရုရှားဟာအရင်လိုမကန့်ကွက်တော့ပဲကြားနေမဲပေးခဲ့တယ်။ဝမ်းနည်းစရာကောင်းတာကတော့ထောက်ခံမဲပေးနိုင်ငံတွေထဲမှာအိမ်နီးချင်းနိုင်ငံတွေတစ်ခုမှမပါခဲ့ဘူး။သူတို့ငါးနိုင်ငံစလုံးကြားနေခဲ့တယ်။အိမ်နီးချင်းကောင်းတနိုင်ငံမှမရှိတဲ့မြန်မာပြည်ဟာသနားစရာတော်တော်ကောင်းပါတယ်။ထိုင်းနိုင်ငံဆိုရင်တိုင်းရင်းသားလက်နက်ကိုင်တွေကိုအာဏာသိမ်းလိုက်ကတည်းကပျက်ပြယ်သွားပြီဖြစ်တဲ့NCAစာချုပ်ကိုလိုက်နာစေချင်တယ်လို့ထုတ်ပြောခဲ့တယ်။

Read moreDetails

ဇွန် ၁၉၊ ၂၀၂၁။ (စနေ)

ဒီနေ့ဟာနိုင်ငံမိခင်ကြီးဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပါ။ဒီနှစ်မှာတော့သူမဟာမွေးနေ့မှာတကျော့ပြန်မတရားအကျဉ်းကျခံနေရတယ်။နိုင်ငံတဝန်းလုံးမှာတော့သူမရဲ့မွေးနေ့အတွက်နှင်းဆီပန်းတွေနဲ့အတူပန်းသပိတ်လုပ်ပေးကြတယ်။သူမရဲ့နောက်ထပ်အမည်တစ်ခုကသံမဏိနှင်းဆီလေ။ဒီနေ့မှာတော့နှင်းဆီပန်းတွေရောင်းကောင်းလွန်းလို့မနက်ပိုင်းမှာတင်ဝယ်လို့မရတော့တဲ့အထိဖြစ်သွားတယ်။ စစ်ကောင်စီကလဲဘယ်လောက်တောင်ကြောက်နေသလဲဆိုရင်နှင်းဆီပန်းပန်တဲ့မိန်းကလေးတွေကိုပါလိုက်ဖမ်းနေတယ်။ပြင်ဦးလွင်ကလက်ဖက်ရည်ဆိုင်တစ်ခုမှာဆိုရင်နှင်းဆီပန်းဝေလို့ဆိုပြီးဆိုင်ပိုင်ရှင်ရောစားပွဲထိုးတွေပါဖမ်းသွားတယ်။သေနတ်ကိုင်တဲ့သူတွေကပန်းကိုကြောက်ကြတယ်တဲ့။ရယ်စရာတော့အတော်ကောင်းသားပဲ။

Read moreDetails

ဇွန် ၁၈၊ ၂၀၂၁။ (သောကြာ)

ဒီနေ့ရန်ကုန်မြို့နေရာအနှံမှာပေါက်ကွဲမှုတွေအမြောက်အများဖြစ်ပွားခဲ့တယ်။လှိုင်သာယာမှာတင်၈ခုထက်မနည်းပေါက်ကွဲခဲ့တယ်။ဒါအပြင်တာမွေ၊သင်ယန်းကျွမ်း၊တောင်ဒဂုံစတဲ့မြို့နယ်တွေမှာလဲအလားတူပဲ။တာမွေကပေါက်ကွဲမှုကတော့နာမည်ကြီးသွားတယ်။လူစည်ကားရာလမ်းမကြီးပေါ်မှာရပ်ထားတဲ့စစ်ကားကိုဗုံးပစ်သွင်းသွားတယ်ပြောတယ်။သေချာတော့အတည်မပြုနိုင်သေးဘူး။ရဲတယောက်သေပြီးစစ်သားငါးယောက်လောက်ဒဏ်ရာအပြင်းအထန်ရသွားတာတော့ကျိန်းသေတယ်။အရင်ကရန်ကုန်မှာဒါမျိုးဖြစ်စဥ်တွေရှိဖူးပေမယ့်ထိထိရောက်ရောက်ဖြစ်မြောက်သွားတာဒါပထမဆုံးပဲ။စစ်ခွေးတွေအတွက်ကတော့တပ်ဝန်းထဲကလွဲလို့ဘယ်နေရာမှမလုံခြုံတော့ဘူး။ တဖက်မှာလဲFAOအစည်းအဝေးမှာစစ်ကောင်စီကိုအသိအမှတ်မပြုပြန်ဘူး။စစ်ကောင်စီဟာနိုင်ငံတကာနယ်ပယ်မှာရှုံးပြီးရင်းရှုံးနေတယ်။

Read moreDetails

ကျနော်တို့က လူလိုမှ အဆက်အဆံ မခံရတာ၊ စစ်ကြောရေးဆိုတာ တကယ့် ငရဲခန်းပဲ

မေး ။ ။ စစ်ကောင်စီဘက်က အကိုနဲ့ ကိုဟံသာညိန်းကို လာဖမ်းတဲ့နေ့က မြင်ကွင်းတွေ ၊ အတွေ့အကြုံတွေကို ပြောပြပေးပါ။ ဖြေ ။ ။ အဲဒီနေ့မနက်က မနက်ပိုင်း Reports (သတင်း) ၂ ခု...

Read moreDetails

NUG ရဲ့PDF မဖြစ်မနေဖြေရှင်းရမယ့်စိန်ခေါ်မှုကြီးများ

အခုဆိုရင် NUG ဟာ စစ်အာဏာသိမ်းစ စ်တပ်ကိုလက်နက်ကိုင်တော်လှန်ဖို့ PDFကိုဖွဲ့စည်းလိုက်တာကိုအားလုံးပဲသိကြမှာပါ။ မဝေးတော့ကာလတစ်ခုမှာစစ်ကောင်စီကိုပြန်လည်တိုက်ခိုက်ဖို့ပြည်သူတွေအတွက် Standard Army တစ်ခုပေါ်ပေါက်လာဖို့ရှိနေပါပြီ။ PDFအနေနဲ့StandardArmyဖြစ်ဖို့ဖြေရှင်းရမယ့်စိန်ခေါ်မှုကြီးတွေကလည်းစောင့်ကြိုနေပါတယ်။ (၁) စစ်ဉီးစီးချုပ်ခန့်အပ်ရေး ပထမဆုံးအနေနဲ့NUGဟာPDFအတွက်စစ်ဉီးစီးချုပ်တစ်ယောက်ခန့်အပ်နိုင်ဖို့လိုအပ်ပါတယ်။ စစ်ဉီးစီးချုပ်နေရာမှာလက်ရှိတိုက်နေတဲ့EAOခေါင်းဆောင်တွေထဲကရွှေးမလား..ကိုယ့်ဘာသာကိုယ်တစ်ယောက်တင်မလားအရင်စဉ်းစားရဖို့လိုပါတယ်။ အရှုပ်အရှင်းကင်းပြီးမြန်မြန်ဆန်ဆန်ဖြစ်အောင်NUGကသူ့လူတစ်ယောက်ကိုစစ်ဉီးစီးချုပ်ခန့်အပ်လိုက်မယ်ပဲဆိုကြပါစို့။ပြသနာကNUGမှာခုလောလာဆယ်စစ်ဉီးစီးချုပ်နေရာအတွက်အရည်အချင်းပြည့်စုံလုံလောက်တဲ့သူခုထိမတွေ့မိသေးပါဘူး။ရှိနေတယ်ပဲထားပါဉီး…NUGကတင်တဲ့သူအောက်မှာလက်ရှိEAOတွေကခေါင်းဆောင်တွေလိုလိုလားလားနဲ့ပူးပေါင်း‌ပေးဖို့မလွယ်ပါဘူး။နောက်မှပေါ်လာပြီးEAOတွေအပေါ်ကနေချင်လို့မရပါဘူး။ရှုပ်ကုန်လိမ့်မယ်။တစ်နိုင်ငံလုံးမှာPDFနဲ့EAOတွေတပြိုင်နက်စတိုက်ကြမယ်ဆိုရင်တပ်တွေအကုန်NUGရဲ့ဉီးဆောင်မှုအောက်ကပဲသွားမှာအဆင်ပြေမှာပါ။ဒီနေရာမှာစစ်ဉီးစီးချုပ်ကိုNUGကသူ့လူသူတင်တာထက်EAOခေါင်းဆောင်တွေထဲကတစ်ယောက်ရွှေးလိုက်တာပိုသင့်တော်ပါတယ်။ EAOတွေထဲကရွှေးမယ်ဆိုရင်တိုင်းရင်းသားခေါင်းဆောင်တွေအများကြီးထဲမှာမှဘယ်သူ့ကိုရွေးမလဲ။လုပ်လို့ရတာတစ်ခုတော့ရှိတယ်။EAOတွေကိုအကုန်သေချာစုပြီးတပ်ပေါင်းစုအနေနဲ့တိုင်းတွေတွဲလို့ရအောင်သေချာညှိ..နိုင်ငံရေးသဘောတူညီချက်တွေအကုန်ချပြပြီးသဘောတူမှအီးအေအိုတွေအကုန်လုံးပါဝင်တဲ့အစည်းအဝေးကိုNUGကစုဖွဲ့ပြီးသဘောတူသူတစ်ယောက်ကိုတင်မြှောက်မှရမယ်။အချိန်တော့ကြာသွားနိုင်တယ်။ခုရှုပ်မှနောင်ရှင်းပေါ့။ အဲ့လိုမှမဟုတ်ပဲအချိန်လည်းမရဘူး၊EAOတွေထဲကခေါင်းဆောင်တစ်‌ယောက်လဲရွေးမရဘူးဆိုရင်တော့နောက်ဆုံးPDFကသပ်သပ်၊EAOတွေကသပ်သပ်ညှိနှိုင်းပြီးတိုက်ကြရမှာပဲ။စစ်အာဏာရှင်ကိုအမြစ်ဖြတ်ဖို့ကအဓိကမဟုတ်လား။ Chief of...

Read moreDetails

ရန်ကုန်တွင် စစ်ကားတစ်စီး ဗုံးခွဲတိုက်ခိုက်ခံရ

ရန်ကုန်၊ တာမွေမြို့နယ် တာမွေစျေးမှတ်တိုင်အနီးနှင့် သီတာလမ်းမှတ်တိုင်တို့တွင် ယနေ့(ဇွန် ၁၈)ရက်နေ့ နေ့လည် ၃ နာရီကျော်တွင် ဗုံး ၃ လုံးပေါက်ကွဲခဲ့သည်ဟု ဒေသခံများက ဆိုသည်။ သီတာလမ်းမှတ်တိုင်အနီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးရှေ့တွင် ရပ်ထားသည့် စစ်ကားပေါ် ဗုံးကွဲခဲ့ကြောင်း...

Read moreDetails

မီးဘေးသင့် ကင်းမရွာသားများ စစ်ကောင်စီရန်ကြောင့် အိမ်မပြန်ရဲ

စစ်ကောင်စီလက်ချက်ကြောင့် ရွာလုံးကျွတ်နီးပါး မီးဘေးသင့်ခဲ့ရသည့် မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ကင်းမရွာသားအများစု ရွာမပြန်နိုင်သေးဘဲ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်း သိရသည်။ "ဒီနေ့ ရွာထဲကို ရောက်သေးတယ်။ မီးထဲမပါတဲ့ အိမ်တွေမှာတော့ တစ်အိမ်တစ်ယောက်စောင့်နေတယ်။ စပါးပုံတွေရော၊ ကြက်သွန်ပုံတွေရော မီးလောင်သွားတာဆိုတော့ အခုထိ မီးမငြိမ်းသေးဘူး။...

Read moreDetails

ဇွန် ၁၇၊ ၂၀၂၁။ (ကြာသပတေး)

ကယားပြည်နယ်မှာခုလောလောဆယ်အပစ်ရပ်ထားတော့စစ်ပေးရှောင်ပြည်သူတချို့ကိုယ့်အိမ်ကိုယ်ပြန်လာကြပြီ။မြို့လေးကတော့ရစရာမရှိတော့။လမ်းဘေးမှာလဲစစ်သူပုန်တွေပစ်သတ်ထားတဲ့အလောင်းတွေပြန့်ကျဲလို့။လမ်းမကြီးပေါ်ကအိမ်တွေဆိုအကုန်ပျက်စီးနေတယ်။မပျက်စီးတဲ့အိမ်တွေဆိုလဲဖောက်ထွင်းခံထားရတယ်။မြို့ထဲကကျောင်းတစ်ခုမှာလက်ပြန်ကြိုးအတုတ်ခံရပြီးပစ်သတ်သွားတဲ့အလောင်းတွေဆိုအရိုးပဲကျနိတော့တယ်။ချောင်ကျတဲ့မြို့လေးဆိုတော့ဒါတွေကိုဘယ်သူမှသိပ်မသိကြဘူး။ နိုင်ငံတကာမီဒီယာတွေမှာတော့မနေ့ကမီးလောင်တိုက်အသွင်းခံရတဲ့ရွာလေးသတင်းတွေပွထနေတယ်။ UN US UK တို့ကတော့ထုံးစံအတိုင်းစိုးရိမ်ထိတ်လန့်နေသည်ပေါ့။

Read moreDetails

ဇွန် ၁၆၊ ၂၀၂၁။ (ဗုဒ္ဓဟူး)

မကွေးတိုင်းထဲကင်းမရွာမှာစစ်တပ်သတင်းပေးဒလန်အသတ်ခံရလို့ဆိုပြီးစစ်သူပုန်တွေရွာကိုဝင်စီးကာတစ်ရွာလုံးမီးရှို့ပစ်လိုက်တယ်။နောက်ဆုံးရရှိတဲ့သတင်းတွေအရရွာထဲမှာကျန်ခဲ့တဲ့သက်ကြီးရွယ်အိုတွေနဲ့တိရိစ္ဆာန်အချို့ပါမီးလောင်သေဆုံးကုန်တယ်တဲ့။ပြောစရာစကားလုံးတောင်မရှိတော့ပါဘူး။ စစ်ကိုင်းတိုင်းအနောက်ခြမ်းကရွာတွေကိုစစ်တပ်ကမထင်ရင်မထင်သလိုဝင်စီးပြီးလုယက်သတ်ဖြတ်နေဆဲပဲ။ စစ်တပ်ဟာစစ်ရာဇဝတ်မှုမျိုးစုံကိုပြောင်ပြောင်တင်းတင်းဆက်လက်ကျူးလွန်နေဆဲပါ။ဒါကိုဒီတိုင်းပဲဝိုင်းကြည့်နေကြတော့မှာလား။

Read moreDetails
Page 208 of 235 1 207 208 209 235

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist