LATEST STORIES

အကျဉ်းသားတွေကို ပြန်လွှတ်ပေးတာ နိုင်ငံတကာမှာ အသိအမှတ်ပြုခံရဖို့ ကြိုးစားတာလို့ AAPP ပြော

အာဏာသိမ်းစစ်ကောင်စီဟာ အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုတွေကို လုပ်ဆောင်နေတာ မဟုတ်ဘဲ စက်တင်ဘာလမှာ ကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ နိုင်ငံတကာ အသိုက်အဝန်းရဲ့ အသိအမှတ်ပြုမှုကို လက်ခံလာစေဖို့ ကြိုးစားနေတာဖြစ်တယ်လို့ AAPP အတွင်းရေးမှူး ဦးတိတ်နိုင်က ပြောလိုက်ပါတယ်။ နိုင်ငံရေး အကျဉ်းသားဟောင်းများ...

Read moreDetails

ဇွန် ၃၀၊ ၂၀၂၁။ (ဗုဒ္ဓဟူး)

ချင်းပြည်နယ်၊မင်းတပ်မှာတိုက်ပွဲတွေမရှိတော့ပေမယ့်ဟားခါးနဲ့ဖလမ်းဘက်ကတိုက်ပွဲတွေကြောင့်ဒီရက်ပိုင်းမှာတင်စစ်သူပုန်တွေဘက်က၄၀လောက်မြေသြဇာဖြစ်ကုန်တယ်။ချင်းပြည်နယ်နဲ့ကလေးမြို့ဘက်မှာတိုက်ပွဲတွေရှိနေတုန်းပဲ။ စစ်ကောင်စီကနိုင်ငံရေးအကျဉ်းသားနှစ်ထောင်ကျော်ဒီနေ့လွှတ်ပေးမယ်လို့ပြောပြန်တယ်။မနက်ကတည်းကအင်းစိန်ထောင်ရှေ့မှာလာစောင့်နေတဲ့လူအုပ်ကြီးကြောင့်ကားလမ်းမတစ်ခုလုံးပြည့်သွားတယ်။ကိုဗစ်တွေပြန့်နှံနေတဲ့ဒီလိုအချိန်ကြီးမှာလူတွေကိုတနေကုန်အောင်ဒုက္ခခံစောင့်ခိုင်းပြီးညနေစောင်းမှလွှတ်ပေးတယ်။မနေ့ညကလဲဖမ်းမမိသေးတဲ့အနုပညာရှင်တချို့ကို၅၀၅ဝရမ်းစာရင်းကပယ်ဖျက်လိုက်တယ်။တကယ်တော့နှစ်ထောင်ဆိုတဲ့အရေအတွက်ကသူတို့မတရားဖမ်းဆီးထားတာတွေနဲ့စာရင်ဘာမှမပြောပြလောက်ပါဘူး။နည်းနည်းလောက်အလွှတ်ပြပြီးနိုင်ငံတကာဖိအားကိုရှောင်ချင်ပုံပဲ။

Read moreDetails

ဇွန် ၂၉၊ ၂၀၂၁။ (အင်္ဂါ)

ရန်ကုန်မှာဟိုနေ့ကစစ်ကားဗုံးခွဲခံရတဲ့တာမွေမြို့နယ်မှာပဲဘဏ်ရှေ့မှာလုံခြုံရေးယူနေတဲ့ရဲတစ်ဉီးပစ်သတ်ခံလိုက်တယ်။ပစ်သွားတဲ့လူကိုလိုက်ဖမ်းပေမယ့်မမိလိုက်ဘူး။အဲ့ဒီနောက်တော့စစ်သူပုန်ရမ်းသမ်းပစ်ခတ်လို့လမ်းသွားလမ်းလာကားတစ်စီးကိုထိမှန်ပြီးအပစ်မဲ့ပြည်သူတစ်ယောက်သေဆုံးသွားတယ်။ အွန်လိုင်းပေါ်မှာလဲမနက်ဖြန်D DAYဆိုပြီးကောလဟာလသတင်းတွေပြန့်နေတယ်။ဒီအချိန်မှာမှ NUG ဝန်ကြီးဒေါက်တာဇော်ဝေစိုးကDDAYမကြာမှီလာမည်လို့တင်လိုက်တော့ပိုပြီးပွဲစည်ကုန်တာပေါ့။သူ့အနေနဲ့NUGကဝန်ကြီးတစ်ယောက်ဖြစ်ပြီးအချိန်ကိုက်ဒီလိုမပြောသင့်ဘူး။လူတွေကြားမှာဇဝေဇဝါတွေဖြစ်ကုန်တယ်။

Read moreDetails

ဇွန် ၂၈၊ ၂၀၂၁။ (တနင်္လာ)

ကိုဗစ်တွေ့ရှိမှုနှုန်းကဒီနေ့မှာတစ်ထောင်ကျော်သွားခဲ့ပါပြီ။၁၃၂၅ယောက်ပါ။ရာခိုင်နှုန်းနဲ့တွက်ရင်၁၈ရာခိုင်နှုန်းလောက်ရှိပါတယ်။ပထမလှိုင်း၊ဒုတိယလှိုင်းကစလို့တစ်နေ့တာမှာအဲ့လောက်ရာခိုင်နှုန်းတစ်ခါမှမရောက်ဖူးပါဘူး။စံချိန်ချိုးသွားပါပြီ။ချင်းပြည်နယ်မှာဆိုတော်တော်ပြန့်နှံနေပါတယ်။အောက်ဆီဂျင်တွေတောင်မလောက်တော့ဘူးတဲ့။ ဒါပေမယ့်လဲစစ်ကောင်စီဟာအရေးမလုပ်ပါဘူး။ကျောင်းတွေလဲဆက်လက်ဖွင့်ထားဆဲပါ။လူကယ်ပြန်ဝန်ကြီးမကတော့ထုတ်ဆီးတိုးနေပါတယ်။စစ်ကောင်စီဟာကိုဗစ်ကိုလက်နက်တစ်ခုအသုံးချနေပါတယ်။

Read moreDetails

ဇွန် ၂၇၊ ၂၀၂၁။ (တနင်္ဂနွေ)

စစ်ကိုင်းတိုင်း၊ပုလဲမြို့လေးကိုစစ်ပုန်တွေဝင်သောင်းကျန်းသွားတယ်။အဲ့ဒီဘက်မှာမနေ့ကနဲ့တနေ့ကစစ်ကားတွေမိုင်းဆွဲတိုက်ခိုက်ခံရလို့အကောင်၄၀ကျော်သေကြတယ်လေ။အဲ့တော့မဲမဲမြင်ရာမြို့လေးထဲဝင်သောင်းကျန်းတယ်။ဘာမှမဆိုင်တဲ့NLDရုံးကိုဖျက်စီးသွားတယ်။လမ်းဘေးမှာအမှိုက်ကောက်တဲ့ကလေးနှစ်ယောက်ကိုလဲဗုံးထောင်တယ်ဆိုပြီးဖမ်းသွားသေးတယ်။နယ်မြေခံရဲတွေကအမှိုက်ကောက်တဲ့ကလေးတွေပါလို့ပြောတာတောင်မလွှတ်ပေးဘူးတဲ့။ ရန်ကုန်မှာလဲလက်ဖက်ရည်ဆိုင်ထိုင်နေတဲ့လူငယ်တွေကိုဘာမှမလုပ်ပဲဖမ်းဆီးသွားပါတယ်။ချီးဉီးနှောက်တွေနဲ့တိရိစ္ဆာန်သာသာအလုပ်လုပ်နေကြတယ်။အိမ်ထဲမှာပဲနေနေ၊အပြင်ပဲသွားသွား၊ဘာလုပ်လုပ်မလုံခြုံတော့ပါဘူး။

Read moreDetails

ဇွန် ၂၆၊ ၂၀၂၁။ (စနေ)

ဒီမနက်ကတည်းကစစ်ကောင်စီမှာမင်းအောင်လှိုင်နေရာကိုစိုးဝင်းကအာဏာပြန်သိမ်းသွားပြီဆိုပြီးအသံတွေထွက်နေတယ်။တကယ်တော့ဘာမှမဟုတ်ဘူး။သူတို့ဘက်ကဆိုက်ဝါးလွှင့်တာပဲနေမှာ။ ဒီနေ့နိုင်ငံရေးအကျဉ်းသားတချို့လွှတ်ပေးမယ်လို့လဲကြားပေးမယ့်ဘာမှဖြစ်မလာခဲ့ပါဘူး။ဒီရက်ပိုင်းတော့ဆိုက်ဝါးတွေအမျိုးမျိုးကြားနေရတယ်။တော်လှန်ရေးကိုအာရုံလွဲအောင်လုပ်နေကြတာပဲဖြစ်မယ်။  

Read moreDetails

ဇွန် ၂၅၊ ၂၀၂၁။ (သောကြာ)

ချင်းပြည်နယ်နဲ့ကယားပြည်နယ်မှာတိုက်ပွဲတွေလောလောဆယ်ငြိမ်သွားပေမယ့်စစ်ကိုင်းတိုင်းအနောက်ခြမ်းမှာတော့PDFတွေနဲ့ဆက်ဖြစ်နေတယ်။ဒီနေ့လဲအဲ့ဒီဘက်မှာစစ်သူပုန်ယာဉ်တန်းကိုမိုင်းဆွဲတိုက်ခိုက်ခံရလို့သုံးဆယ်ကျော်သေသွားတယ်ကြားတယ်။ မင်းအောင်လှိုင်ကလဲရုရှားမှာအစည်းအဝေးတွေပြီးသွားပေမယ့်ခုထိပြန်မလာသေးဘူး။ပြန်မလာနိုင်သေးတဲ့အကြောင်းအရင်းကိုလူတွေကြားမှာသို့လောသို့လောဖြစ်နေကြတယ်။ပြန်မလာလေကောင်းလေပဲ။

Read moreDetails

ဇွန် ၂၄၊ ၂၀၂၁။ (ကြာသပတေး)

နိုင်ငံကျော်အဆိုတော်ရေမွန်ဟာလွတ်မြောက်နယ်မြေမှာတော်လှန်ရေးအတွက်အလုပ်တွေလုပ်ရင်းဒီနေ့ရုတ်တရက်သေဆုံးသွားတယ်။တနိုင်ငံလုံးအံသြမှင်သက်ကြေကွဲရတဲ့နေ့တစ်နေ့ပေါ့။သူ့သီချင်းတွေဟာလူငယ်တွေကြားမှာရေပန်းစားလွန်းတယ်လေ။မင်းအောင်လှိုင်သာအာဏာမရူးခဲ့ရင်သူလိုလူမျိုးကိုဆုံးရှုံးစရာမရှိဘူး။ဒင်းအာဏာရူးလို့လူငယ်တယောက်ရဲ့အခွင့်အရေးတွေအဆုံးအရှုံးခံပြီးတောထဲတောင်ထဲမှာလူမသိသူမသိကျဆုံးသွားတဲ့ကလေးတွေဘယ်လောက်တောင်ရှိနေပြီလဲ။လူငယ်တွေရဲ့အနာဂတ်ပျောက်ဆုံးသွားတာဟာတိုင်းပြည်ရဲ့အနာဂတ်ပျောက်ဆုံးသွားတာနဲ့အတူတူပဲ။

Read moreDetails

ဇွန် ၂၃၊ ၂၀၂၁။ (ဗုဒ္ဓဟူး)

တနိုင်ငံလုံးမှာစစ်သူပုန်တွေကိုပျောက်ကြားပစ်ခတ်မှုတွေဆက်ဖြစ်နေတယ်။စစ်ကိုင်းတိုင်းယင်းမာပင်ခရိုင်မှာဒေသခံတူမီးသေနတ်သမားတွေနဲ့စစ်သူပုန်တွေတိုက်ပွဲဖြစ်ပြီးစစ်တပ်ဖက်က၂၀ကျော်သေဆုံးသွားတယ်။ပဲခူးတိုင်း၊ညောင်လေးပင်မှာလဲPDFတွေရဲစခန်းကိုဝင်ပစ်သွားလို့တဲ့။မနေ့ကမန္တလေးဖြစ်ရပ်အတွက်လက်စားခြေတာလို့ပဲခူးPDFကကြေငြာချက်ထုတ်ပြန်တယ်။ညပိုင်းမှာလဲကချင်ပြည်နယ်၊မြစ်ကြီးနားမြို့ကဗလမင်းထင်တံတားနားကစုပေါင်းရဲကင်းကိုKIAကလျက်တပျက်ဝင်တိုက်သွားသေးတယ်။တခြားနေရာတွေမှာလဲကြိုကြားတော်လှန်နေကြပြီ။

Read moreDetails

ဇွန် ၂၂၊ ၂၀၂၁။ (အင်္ဂါ)

ဒီမနက်အစောပိုင်းမန္တလေးမြို့ထဲမှာတိုက်ပွဲတွေဖြစ်ပွားနေတယ်။PDFအဖွဲ့တွေရှိတဲ့နေရာကိုစစ်သူပုန်တွေအနံ့ရပြီးဝင်စီးတာပါ။PDFအဖွဲ့တွေကအိမ်ထဲကပြန်ပစ်လို့မနက်၈နာရီကနေ၁၀နာရီလောက်ထိအပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တယ်။PDFဖက်က၂ယောက်ကျပြီး၆ယောက်အဖမ်းခံလိုက်ရတယ်။စစ်သူပုန်တွေဖက်ကတော့ဒုဗိုလ်မှုးကြီးတစ်ဦးအပါအဝင်သုံးယောက်မြေသြဇာဖြစ်သွားတယ်။ဒါတောင်ဒီအချိန်ပိုင်းတိုက်ပွဲလေးကိုစစ်သူပုန်တွေဘက်ကတမြို့လုံးကစစ်ကူတွေခေါ်၊သံချပ်ကာကားတွေထုတ်ပြ၊RPGတွေနဲ့ထုပြီးတိုက်နေရတယ်။အိမ်ထဲမှာပုန်းနေတဲ့လူငယ်တွေလက်ထဲမှာလက်နက်တွေရှိမယ်လို့သူတို့ထင်မထားခဲ့ဘူး။ညနေပိုင်းမှာလဲတခြားPDFတဖွဲ့ကမြို့လည်ခေါင်မှာရှိတဲ့တိုင်းရဲစခန်းရုံးရှေ့ကိုလက်ပစ်ဗုံးပစ်သွင်းသွားလို့ရဲနှစ်ယောက်ထပ်သေသေးတယ်။ စစ်ကောင်စီဟာနိုင်ငံကိုတည်ငြိမ်အောင်ထိန်းနိုင်ဖို့အမျိုးမျိုးကြိုးစားနေပေမယ့်လဲတိုက်ပွဲတွေဟာမန္တလေးလို့မြို့ကြီးပြကြီးပေါ်တောင်ရောက်လာပါပြီ။

Read moreDetails
Page 207 of 235 1 206 207 208 235

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist