LATEST STORIES

ဇန်နဝါရီ ၂၄၊ ၂၀၂၃။ (အင်္ဂါ)

မနေ့ည၁၀နါရီလောက်မှာကရင်ပြည်နယ်၊ထိုင်းနယ်စပ်ကကဘုရားသုံးဆူမြို့ထဲကိုတော်လှန်ရေးအဖွဲ့တွေဝင်ရောက်နိုင်ခဲ့ပြီးစစ်ကောင်စီရုံးဌာနတွေဖြစ်တဲ့စစ်ထောက်လှမ်းရေးရုံး၊ထွေအုပ်ရုံး၊လဝကရုံးတွေကိုမီးရှို့ဖျက်စီးနိုင်ခဲ့တယ်။အဓိကရည်ရွယ်ချက်ကတော့မြို့ထဲမှာလည်ပတ်နေတဲ့စစ်ကောင်စီရဲ့အုပ်ချုပ်ရေးယန္တရားကိုဖျက်စီးလိုက်နိုင်တာပဲ။ တော်လှန်ရေးအဖွဲ့တွေဝင်ရောက်လာချိန်မှာမြို့ထဲကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေထွက်မလာရဲကြဘူး။လက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်မှုတချို့သာလုပ်နိုင်ခဲ့တယ်။ ကရင်ပြည်နယ်မှာတော့တော်လှန်ရေးအဖွဲ့တွေဟာမြို့တွေကိုအလွယ်တကူခြိမ်းခြောက်နိုင်တဲ့အနေအထားဖြစ်နေပါပြီ။ဒီလတွေထဲမှာပဲကော့ကရိတ်၊ကြာအင်းဆိတ်ကြီးနဲ့အခုဘုရားသုံးဆူမြို့တွေကစစ်ကောင်စီတပ်တွေကိုဝင်ရောက်တိုက်ခိုက်နိုင်ခဲ့ကြတယ်။စစ်ကောင်စီရဲ့လေတပ်သာမရှိရင်ထိုမြို့တွေကိုအလွယ်တကူသိမ်းပိုက်နိုင်ပြီးလောက်ပြီ။

Read moreDetails

ဘယ်ဘက်ကနိုင်နေပြီလဲ

စစ်တပ်အာဏာသိမ်းပြီး ၂ နှစ်နီးပါး ကြာမြင့်လာသောအခါ ဘယ်ဘက်ကနိုင်နေပြီလဲ ဆိုသည့်မေးခွန်းကို မေးလာကြသကဲ့သို့ ငါတို့နိုင်နေပြီဟုလည်း ဘက်တိုင်းက ပြောဆိုလာကြသည်ကို တွေ့ရသည်။ ဤမေးခွန်းနှင့်ပတ်သက်၍ မျှတသည့်၊ အခြေအနေနှင့် ကိုက်ညီသည့် အဖြေရရှိရန်အတွက် ပကတိတည်ရှိနေသော နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးစသည့်...

Read moreDetails

ဇန်နဝါရီ ၂၃၊ ၂၀၂၃။ (တနင်္လာ)

စစ်ဖက်ဆိုင်ရာထောက်လှမ်းရေးတပ်ရင်းတစ်ခုမှ ဗိုလ်မှူးသန်းထွဋ်နှင့် အဖွဲ့ဟာ နေပြည်တော်၏ တောင်ဘက် မိုင် ၄၀ ခန့်အကွာ တောင်ငူခရိုင်အတွင်းရှိ ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး အနီးတဝိုက်တွင် လုပ်ကြံသတ်ဖြတ်ခံလိုက်ရတယ်။ထိုသူတွေဟာ နာမည်ဆိုးဖြင့် ကျော်ကြားလှသော စစ်ကြောရေးစခန်းများကို အဓိကကြီးကြပ်ပြီး စစ်ကောင်စီကို တော်လှန်နေသော...

Read moreDetails

ဇန်နဝါရီ ၂၂၊ ၂၀၂၃။ (တနင်္ဂနွေ)

NUGကပြန်လည်ရောင်းချနေတဲ့EODပရောဂျက်တစ်ခုဖြစ်တဲ့နွေဦးရဲ့ရင့်ကွန်ဒိုတိုက်ခိုက်တွေတရက်အတွင်းမှာပဲရောင်းကုန်သွားတယ်။ဒီတခေါက်မှာဒေါ်လာ၁၀သန်းဖိုးလောက်ရောင်းချရလိုက်တယ်။နောက်ထပ်ပြီးမိုးကုတ်ရတနာမြေမှာကျောက်မျက်တူးဖော်ခွင့်ပေးမယ့်ပရောဂျက်တွေလဲကျန်သေးတယ်။အခုနောက်ပိုင်းNUGကပြုလုပ်တဲ့ရန်ပုံငွေရှာပရောဂျက်တွေကိုပြည်သူတွေအားပေးမှုပိုမိုအားကောင်းလာတာတွေ့ရတယ်။အရင်ကပရောဂျက်တစ်ခုရောင်းကုန်ဖို့တပတ်လောက်ကြာခဲ့ရာကနေအခုဆိုရင်တရက်အတွင်းရောင်းကုန်သွားတဲ့အခြေအနေတွေဖြစ်လာပြီ။ရန်ပုံငွေရှာဖွေမှုအပိုင်းမှာပြည်သူတွေရဲ့ပါဝင်မှုနှုန်းဟာအတော်အားရစရာကောင်းနေပြီ။ဒါအပြင်NUGအနေနဲ့နွေဦးဖွံ့ဖြိုးရေးဘဏ်တစ်ခုထူထောင်ဖို့ပြင်ဆင်နေကြောင်းထုတ်ပြောလာတယ်။ထိုဘဏ်အတွက်အာမခံငွေကြေးအနေနဲ့အမေရိကန်ကထိန်းချုပ်ထားတဲ့ဒေါ်လာ၁ဘီလီယံကိုအသုံးပြုခွင့်ပေးဖို့ကြိုးစားနေတယ်။၂၀၂၃နှစ်ဝက်မတိုင်ခင်ဖြစ်လာဖို့မျှော်မှန်းထားတယ်။  

Read moreDetails

ဇန်နဝါရီ ၂၁၊ ၂၀၂၃။ (စနေ)

ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့နယ်ခွဲရှိ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)  ဗျူဟာမှူး ဗိုလ်အေဝမ်းရဲ့ အိမ်ကိုစစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဗုံး ၃ လုံးကြဲချသွားတယ်။ ဗုံးဒဏ်ကြောင့် ဒီကေဘီအေတပ်သား၂ဦးဒဏ်ရာရပြီးဗျူဟာမှူးဗိုလ်အေဝမ်းရဲ့နေအိမ်လည်းထိခိုက်ပျက်စီးသွားပါတယ်။လေကြောင်းတိုက်ခိုက်မယ့်သတင်းရထားလို့ DKBA တာဝန်ရှိသူတွေနဲ့ တပ်သားတွေကတော့ ဘေးလွတ်ကင်းရာမှာ အချိန်မီပြောင်းရွှေ့ ရှောင်တိမ်းနိုင်ခဲ့ပြီး DKBA ကားမောင်းသမား...

Read moreDetails

ဇန်နဝါရီ ၂၀၊ ၂၀၂၃။ (သောကြာ)

ကယားပြည်နယ်ဘော်လခဲမြို့နယ်ကစစ်တပ်အခိုင်အမာစခန်းတစ်ခုဖြစ်တဲ့မယ်စလောင်းတောင်စခန်းကုန်းကိုKNDFအဖွဲ့တွေတိုက်ခိုက်သိမ်းပိုက်လိုက်တယ်။စစ်သူပုန်လေးယောက်သေဆုံးပြီးကျန်တဲ့သူတွေထွက်ပြေးသွားလို့လက်နက်ခဲယမ်းတွေသိမ်းဆည်းရမိလိုက်တယ်။အားရဖို့ကောင်းတာကထိုစခန်းကိုတိုက်ခိုက်နေစဉ်အတွင်းမှာပဲဘော်လခဲမြို့ပေါ်ကစစ်တပ်ရင်းကိုပိတ်ဆို့ထားနိုင်တယ်။ဒါကြောင့်စစ်သူပုန်တွေဘက်ကစစ်ကူလဲလွှတ်မရဖြစ်သွားတာပေါ့။အခုနောက်ပိုင်းတော်လှန်ရေးအဖွဲ့တွေစခန်းသိမ်းတိုက်ပွဲဆင်နွှဲရင်ထိုဗျူဟာကိုအသုံးပြုလာကြတယ်။လဆန်းပိုင်းကကော့ကရိတ်တိုက်ပွဲမှာလဲဒီသဘောတရားပဲ။စစ်ကူပေးနိုင်မယ့်လမ်းကြောင်းတွေကိုပိတ်ဆို့ခြင်း၊ဒါမှမဟုတ်တပြိုင်နက်တိုက်ခိုက်ခြင်းဗျူဟာကိုကျင့်သုံးလာကြပြီ။လူအင်အားလက်နက်အင်အားရှိလာတာလဲပါမှာပေါ့။ ကယားပြည်နယ်မှာအရင်စစ်တပ်လက်အောက်ခဲပည်သူ့အဖွဲ့ကလဲတော်လှန်ရေးအဖွဲ့တွေနဲ့ပူးပေါင်းတော့မယ်လို့ကြားရတယ်။နယ်မြေတဆက်ထဲရှမ်းပြည်တောင်ပိုင်းမှာလဲလှုပ်ရှားမှုလေးတွေရှိလာပြီဆိုတော့ကယားပြည်နယ်အတွင်းစစ်ရေးမှာဒီထပ်ပိုပြီးအခြေအနေကောင်းလာနိုင်ပါတယ်။  

Read moreDetails

ဇန်နဝါရီ ၁၉၊ ၂၀၂၃။ (ကြာသပတေး)

စစ်ကိုင်းနဲ့ကချင်အစပ်ကကသာမြို့နယ်မိုးတားလေးကျေးရွာဝန်းကျင်ကိုစစ်ကောင်စီကတိုက်လေယာဥ်များနဲ့နှစ်ရက်ဆက်တိုက်ဗုံးကြဲတိုက်ခိုက်မှုကြောင့်ဒေသ၈ဦးသေဆုံးပြီးသုံးဆယ်လောက်ဒဏ်ရာရရှိသွားတယ်။မနေ့ကဗုံးကြဲမှုမှာဆိုရင်အလှူလုပ်နေတဲ့အိမ်ကိုဗုံးတိုက်ရိုက်ထိမှန်ခြင်းကြောင့်အစုလိုက်သေဆုံးပြီးဒဏ်ရာရသူတွေများပြားသွားတာပါ။ ထိုနယ်မြေအတွင်းစစ်ကြောင်းထိုးလာတဲ့စစ်သူပုန်တပ်ကိုတော်လှန်ရေးအင်အားစုတွေကမနေ့ကတည်းကဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခဲ့ကြတယ်။စစ်သူပုန်တွေအထိနာတော့သူတို့လုပ်နေကြအတိုင်းပြည်သူတွေရှိတဲ့ရွာတွေဘက်ကိုပေါင်၅၀၀ဗုံးတွေပါသုံးပြီးဗုံးကြဲတိုက်ခိုက်ခဲ့တယ်။အခုဆိုရင်ထိုကျေးရွာအုပ်စုကရွာတွေကိုမီးရှို့ဖျက်စီးနေကြပြီ။လက်ရှိအချိန်ထိတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီးဒဏ်ရာရထားတဲ့ပြည်သူတွေကိုတော်လှန်ရေးအင်အားစုတွေကဆေးကုပေးနေရတယ်။

Read moreDetails

ဇန်နဝါရီ ၁၈၊ ၂၀၂၃။ (ဗုဒ္ဓဟူး)

သမ္မတကြီးဦးဝင်းမြင့်ကိုနေပြည်တော်ကနေတောင်ငူအကျဉ်းထောင်ကိုပြောင်းရွှေ့လိုက်တယ်လို့သိရတယ်။အရင်ကနေပြည်တော်ကသူလူမသိတဲ့နေရာတစ်ခုမှာဖမ်းဆီးထားတာပါ။အခုတော့သူ့ကိုဖမ်းဆီးထားတဲ့နေရာကိုသိရပေမယ့်သမ္မတကြီးကတော်နဲ့ကလေးတွေ၊အိမ်အကူတွေကိုဘယ်မှာဖမ်းဆီးထားမှန်းမသိသေးဘူး။ထိုသူတွေကိုတစုံတရာအမှုဆင်တရားစွဲထားတာလဲမရှိပဲနဲ့စစ်ကောင်စီဟာဖမ်းဆီးထားတယ်။သမ္မတကြီးနဲ့သူ့ရဲ့မိသားစုသတင်းဟာလူစိတ်ဝင်စားခြင်းလဲသိပ်မခံရပါဘူး။ ကုလသမဂ္ဂနဲ့နိုင်ငံတကာကသမ္မတကြီးနဲ့ဒေါ်အောင်ဆန်းစုကြည်တို့ကိုချက်ချင်းပြန်လွှတ်ပေးဖို့ဆုံးဖြတ်တောင်းဆိုထားတာတစ်လနီးပါးကြာလာပေမယ့်စစ်ကောင်စီကတော့လက်လျောမယ့်ပုံအရိပ်အယောင်တောင်မတွေ့ဘူး။နိုင်ငံအတွင်းမှာလဲဆက်လက်အကြမ်းဖက်မှုတွေကျူးလွန်နေဆဲပါပဲ။  

Read moreDetails

ဇန်နဝါရီ ၁၇၊ ၂၀၂၃။ (အင်္ဂါ)

အခုနောက်ပိုင်းစစ်ကောင်စီနဲ့ထိုင်းနိုင်ငံတို့အကြားဆက်ဆံရေးတွေခပ်စိတ်စိတ်တွေ့နေရတယ်။အခုလဲစစ်ကောင်စီဘက်တော်သားဂျပန်နိုင်ငံလော်ဘီငြိမ်းချမ်းရေးအမည်ခံတစ်ဦးဖြစ်တဲ့ဆာဆာကာဝါဟာထိုင်းဝန်ကြီးချုပ်နဲ့တွေ့ဆုံနေတယ်။သူတို့နှစ်ဦးတွေ့ဆုံမှုကိုလျော့တွက်လို့တော့မရဘူး။နှစ်ဦးစလုံးဟာစစ်ကောင်စီဘက်တော်သားတွေဖြစ်တဲ့အလျောက်သမြန်မာ့အရေးစစ်ကောင်စီကိုဘယ်လိုပံ့ပိုးပေးမလဲဆိုတာဆွေးနွေးကြမှာကျိန်းသေတယ်။ လာမယ့်အပတ်မှာလဲထိုင်းစစ်ဦးစီးချုပ်ကမြန်မာပြည်လာပြီးမင်းအောင်လှိုင်နဲ့တွေ့ဦးမယ်။သူတို့နှစ်ဦးတွေ့ဆုံမယ့်ရခိုင်ပြည်နယ်ကကမ်းခြေမြို့လေးဖြစ်တဲ့သံတွဲမှာလုံခြုံရေးတွေတင်းကျပ်စွာချထားတယ်။ထိုတွေ့ဆုံမှုမှာစစ်တပ်နှစ်ခုအကြားပူးပေါင်းဆောင်ရွက်မှုတွေ၊သတင်းအချက်အလက်ဖလှယ်မှုတွေကိုသဘောတူညီချက်ရရှိခဲ့ရင်ထိုင်းနိုင်ငံထဲကတော်လှန်ရေးအင်အားစုတွေအတွက်ခြိမ်းခြောက်မှုတွေဖြစ်လာလိမ့်မယ်။ စစ်ကောင်စီဟာရုရှား၊တရုတ်တို့လိုနိုင်ငံကြီးတွေရဲ့ထောက်ခံမှုကိုရဖို့မသေချာတဲ့အနေအထားမှာအိန္ဒိယ၊ထိုင်းတို့လိုအိမ်နီးချင်းနိုင်ငံတွေရဲ့အားကိုယူပြီးရှင်သန်ဖို့ကြိုးစားနေတယ်။အထူးသဖြင့်တော်လှန်ရေးအတွက်ကြီးမားတဲ့ထောက်ပို့လမ်းကြောင်းတွေရှိတဲ့ထိုင်းနိုင်ငံကိုသိမ်းသွင်းပြီးတော်လှန်ရေးကိုရသလောက်နှောက်ယှက်ချင်နေတဲ့သဘောပဲ။

Read moreDetails

မြန်မာ့အရေး သံခင်းတမန်ခင်း ၂၀၂၂ ခုနှစ် ရီဗျူး

၂၀၂၂ ခုနှစ် နှစ်ကုန်ခါနီး မြန်မာ့အရေးနှင့် ပတ်သက်သည့် သံခင်းတမန်ခင်းသည် လှုပ်လှုပ်ရှားရှား ရှိသည်။ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း အရေးပါသည့် ဆုံးဖြတ်ချက်များ၊ ခြေလှမ်းများကို တွေ့ရသကဲ့သို့ တန်ပြန်သည့် လှုပ်ရှား မှုများကိုလည်းတွေ့ရ၏။ တနှစ်လုံး လှုပ်ရှားလာသမျှ...

Read moreDetails
Page 123 of 235 1 122 123 124 235

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist