အာဏာသိမ်း ဒိုင်ယာရီ

အောက်တိုဘာ ၁၁၊ ၂၀၂၃။ (ဗုဒ္ဓဟူး)

အာဏာသိမ်းစစ်ကောင်စီအဖွဲ့ဝင်ဟောင်း ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို နိုင်ငံတော်သစ္စာဖောက်ဖျက်မှု ၊ကိုယ်ကျိုးရှာမှု စွပ်စွဲချက်တွေနဲ့ ထောင်ဒဏ် နှစ် ၂၀ ချလိုက်တယ်လို့ ဒီနေ့ညပိုင်းမှာ စစ်ကောင်စီက သတင်းထုတ်လိုက်တယ်။ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းရဲ့လက်ထောက်ဖြစ်သူဗိုလ်မှူးချုပ်ဟောင်းရန်နောင်စိုးကိုလည်း အလားတူစွပ်စွဲချက်နဲ့ ထောင်ဒဏ် နှစ် ၂၀ ချပါသေးတယ်။သူတို့ ၂...

Read moreDetails

အောက်တိုဘာ ၁၀၊ အင်္ဂါ

KIA/KIO ဌာနချုပ်ရှိတဲ့ လိုင်ဇာ ကို စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ တောက်လျှောက် ပစ်ခတ်လို့ ကလေးငယ် ၁၃ ဦးအပါအဝင်ပြည်သူ အယောက် ၃၀ ကျော်သေခဲ့တယ်။ ဆိုရှယ်မီဒီယာပေါ်မှာ သတင်းတွေလည်း ပျံ့နေတယ်။ ဓါတ်ပုံတွေက မြင်မကောင်းဘူး။ ကလေးငယ်တွေ...

Read moreDetails

အောက်တိုဘာ ၉၊ တနင်္လာ

ပဲခူးတိုင်း၊ ပဲခူးမြို့ပေါ်မှာ မနေ့ အောက်တိုဘာလ ၈ ရက်စလို့ ရုတ်တရက်ရေကြီးမှုဖြစ်ပြီးတဲ့နောက် ဒီနေ့အထိ ရေပြန်မကျသေးတာကြောင့် ဒေသခံတွေ နေအိမ်တွေမှာ ပိတ်မိနေပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ဘီဘီစီမှာ ဖတ်လိုက်ရတယ်။ လူတွေလည်း မအလရဲ့ ဆိုးကျိုးတွေအပြင် ရေဒဏ်၊...

Read moreDetails

အောက်တိုဘာ ၈၊ တနင်္ဂနွေ

အခုရက်ပိုင်း ရန်ကုန်မှာ မိုးအရမ်းကောင်းနေတယ်။ မိုးကောင်းခြင်းရဲ့နောက်ဆက်တွဲက ရေကြီးရေလျှံ ဖြစ်နေတာပဲ။ ပဲခူးမှာရေကြီးတဲ့သတင်းတွေ၊ ပုံတွေကို ဆိုရှယ်မီဒီယာပေါ်မှာတွေ့ရပြန်တယ်။ မြန်မာလူ ထုတွေဟာ ဒုက္ခတစ်ခုထပ်တိုးလာပြန်ပါပြီ။ လူမှုကွန်ရက်ပေါ်မှာ စစ်အာဏာသိမ်းဆန့်ကျင်တာ နဲ့ တော်လှန်ရေးအင်အားစုတွေကို အားပေးထောက်ခံတဲ့ ရေးသားပြောဆိုမှုတွေကို လုပ်လို့ဆိုတဲ့ စွပ်စွဲချက်...

Read moreDetails

အောက်တိုဘာ ၇၊ စနေ

အဏုမြူစွမ်းအင် နဲ့ နျူကလီးယားနည်းပညာ ဘာသာရပ်တွေမှာ နည်းပညာရှင်တွေ မွေးထုတ်နိုင်ဖို့ ရည်ရွယ်ပြီး ရုရှားအမျိုးသားနျူကလီးယားသုတေသနတက္ကသိုလ် MEPhI နဲ့ မြန်မာနည်းပညာ တက္ကသိုလ် သုံးခု နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ စစ်တပ်ပိုင်သတင်းတွေမှာ ကြေညာတယ်။ စစ်တပ်ဟာ မယောင်ရာဆီလူးတဲ့ကိစ္စတွေကိုချည်းလုပ်နေသလို တစ်ဖက်မှာလည်းပြည်သူတွေကို...

Read moreDetails

အောက်တိုဘာ ၆၊ သောကြာ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ထဲက မုံရွေး-ကြေးမုံစံပြကျေးရွာတွေထဲကို ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက်မနက်ပိုင်းကစပြီး စစ်ကောင်စီတပ်တွေ ဝင်ရောက်လာပြီး ဒေသခံနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ တွေနဲ့ ဒေသခံတွေကို ဖမ်းဆီးတာတွေဆက်တိုက်လုပ်နေတယ်။ သူတို့တွေဟာ ပြည်သူကို ပစ်မှတ်ထားပြီး လိုက် လံနှိပ်စက်နေတယ်။ ရွာတွေကို...

Read moreDetails

အောက်တိုဘာ ၅၊ ကြာသပတေး

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက် ကနေ အောက်တိုဘာ ၄ ရက်နေ့ အထိ တစ်ပတ်အတွင်း စစ်ကိုင်း ၊ မကွေး နဲ့ ချင်း က အရပ်သားပြည်သူအချို့ကို အကြမ်းဖက်မှုတွေလုပ်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ စစ်ခုံရုံးတွေကနေ ထောင်ဒဏ်...

Read moreDetails

အောက်တိုဘာ ၄၊ ဗုဒ္ဓဟူး

အခုရက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့နယ်အတွင်းမှာ စစ်ကောင်စီ တပ်နဲ့ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့အကြားတိုက်ပွဲတွေပြင်းထန်နေပါ တယ်။ ဒေသခံတစ်ထောင်ကျော်ဟာ အိုးအိမ်တွေစွန့်ပြီး စစ်ဘေးရှောင်နေကြရတယ်။ မြန်မာနိုင်ငံမှာ အခု ဆိုရင် စစ်ဘေးရှောင်နေရတဲ့သူတွေဘယ်လောက်တောင်များနေပြီလဲ။ အဲဒီစစ်ဘေးရှောင်စခန်းတွေမှာ လိုအပ်နေတဲ့ စားနပ်ရိက္ခာတွေကဘယ်မှာလဲ။...

Read moreDetails

အောက်တိုဘာ ၃၊ အင်္ဂါ

အင်ဒိုနီးရှားနိုင်ငံပိုင် ကုမ္ပဏီ ၃ ခုဟာ မြန်မာစစ်တပ်ကို လက်နက်တွေရောင်းချခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကြောင့် ဒီဖြစ်ရပ်ကို စုံစမ်းဖို့ မြန်မာ့အရေးဆောင်ရွက်သူတွေက အင်ဒိုနီးရှားလူ့အခွင့် အရေးကော်မရှင်ကို တိုင်တန်းလိုက်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံပိုင် လက်နက်ကုမ္ပဏီ ၃ ခုဖြစ်တဲ့ PT Pindad၊ PT...

Read moreDetails

အောက်တိုဘာ ၂၊ တနင်္လာ

ကုန်ဈေးနှုန်းတွေကကြီး၊ အကူအညီအထောက်အပံ့တွေကလည်း အရင်လို ပုံမှန်မရတော့တဲ့ ရခိုင်ပြည်နယ်က စစ်ရှောင်စခန်း တွေမှာ တချို့စစ်ဘေးရှောင် ပြည်သူတွေ ဆန်ကွဲစားရတဲ့အခြေ အနေကြုံနေရကြောင်း၊ ထမင်းအငတ်မခံနိုင်လို့ ဆန်ကွဲကိုပဲ သည်းခံစား နေရတာ နှစ်ပေါက်လာပြီဖြစ် ကြောင်း စစ်ရှောင်စခန်းကလူတွေပြောတဲ့သတင်းတစ်ပုဒ်ဖတ်လိုက်ရတယ်။ ဘဝတွေများဘယ်လောက် အထိ...

Read moreDetails
Page 70 of 173 1 69 70 71 173

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist