အာဏာသိမ်းစစ်ကောင်စီတပ်သည် လက်နက်ကိုင်ဆန့်ကျင်မှုအားကောင်းရာ စစ်ကိုင်းတိုင်းအတွင်း လူသတ်မီးရှို့မှုများ ဆက်တိုက်ကျူးလွန်နေရာ ပြီးခဲ့သည့် ၁၀ ရက်တာအတွင်း စစ်ကိုင်းတိုင်း၊ မြို့နယ် ၈ မြို့နယ်တွင် အရပ်သား ပြည်သူ ၂၅ ဦးထက်မနည်း သေဆုံးခဲ့ရကြောင်း ဒေသခံများနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များထံမှ သိရသည်။...
Read moreDetailsမိုခါ ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီး တစ်လခွဲကျော်ကြာချိန်အထိ နိုင်ငံတကာနှင့် ပြည်တွင်းအလှူရှင်များ၏ထိရောက်သည့် ကူညီ၊ကယ်ဆယ်မှုများကိုမရရှိသည့်အပြင် အာဏာသိမ်းစစ်တပ်၏ ကန့်သတ်၊ပိတ်ဆို့မှုများကိုပါရင်ဆိုင်နေရသည့်မုန်တိုင်းဒဏ်သင့်ရခိုင်ပြည်သူများသည် စားဝတ်နေရေး ခက်ခဲနေပြီး နောက်ဆက်တွဲ ရောဂါဘယနှင့် ရာဇဝတ်မှုအန္တရာယ်များကိုပါ စိုးရိမ်နေရသည်။ မုန်တိုင်းဒဏ်ကို အဓိက ခံစားခဲ့ရသည့် ရခိုင်ပြည်နယ်မြောက်ပိုင်း စစ်တွေ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မြောက်ဦးမြို့နယ်များမှာ ပျက်စီးဆုံးရှုံးမှု...
Read moreDetailsမြန်မာအာဏာသိမ်းစစ်တပ်ထံ လေယာဉ်ဆီ ရောင်းချထောက်ပံ့မှုအပေါ် တားဆီးပိတ်ဆို့ရေး ကမ္ဘာ့နိုင်ငံများသို့ စစ်ကောင်စီဆန့်ကျင်သူများ၏ တောင်းဆိုပန်ကြားသံများက ပိုမို ကျယ်လောင်လာလျက် ရှိသည်။ နိုင်ငံ၌ အရပ်သားပြည်သူများနှင့် တော်လှန်ရေး ပစ်မှတ်များကို အကြီးအကျယ် ထိခိုက်စေသည့် သက်ရောက်မှုဖြင့် စစ်တပ်က ဗုံးကြဲခြင်း၊ ရော့ကတ်ဖြင့်...
Read moreDetailsချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီက ရေလမ်းနှင့်ကုန်းလမ်းများကို အချိန်ကြာမြင့်စွာ ပိတ်ဆို့ကန့်သတ်ထားမှုကြောင့် အခြေခံစားသောက်ကုန်ဈေးနှုန်းများ အဆင်မတန် မြင့်တက်လာနေကြောင်း ဒေသခံများ က ပြောသည်။ ပလက်ဝမြို့နယ်၏ အဓိကကုန်စည်စီးဆင်းရာဖြစ်သော ကျောက်တော်-ပလက်ဝ ရေလမ်းကြောင်းနှင့် ပလက်ဝ-မတူပီ ကားလမ်းမတို့ကို စစ်ကောင်စီက ရခိုင်စစ်ပွဲကာလနှင့်...
Read moreDetailsအုံ့မှိုင်းနေသည့် ကောင်းကင်အောက် ကတ္တရာလမ်းမထက်တွင် လူငယ်တစ်စု ဖြတ်သန်းသွားရာ ကြွေးကြော်သံများ ဖုံးလွှမ်းသွားသည်။ရှေ့ဆုံးမှ သပိတ်တစ်လုံးကို မှောက်လျက်ကိုင်ဆောင်ထားသူ၏ နောက်တွင် အင်အား ၁၀၀ ခန့် လူငယ်များက အားမာန်အပြည့် ချီတက်နေကြသည်။ “ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေး” “ဖက်ဆစ်စနစ် အမြစ်ဖြတ်ရေး” ဟု...
Read moreDetailsပဲခူးတိုင်း၊ တောင်ငူအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများ ထွက်ပြေးလွတ်မြောက်မှုဖြင့် စစ်ဆေးခံနေရသော တပ်ကြပ်ကြီးကျော်ထွေးသည် ယမန်နေ့ မေလ ၂၉ ရက်နေ့တွင် စစ်ကြောရေး၌ သေဆုံးသွားကြောင်း တောင်ငူထောင်နှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။ မေလ ၁၈ ရက်နေ့တွင် နိုင်ငံရေးအကျဉ်းသား...
Read moreDetailsတနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် နန်းတောင်ကျေးရွာအုပ်စုရှိ ကျောင်းနိမ့် ကျေးရွာကို ယနေ့ ဇွန်လ ၅ ရက် နံနက် ၇ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က ဒရုန်းဖြင့်ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။ ဒရုန်းဖြင့်တိုက်ခိုက်ခဲ့သည်မှာ ပုလောမြို့နယ်အခြေစိုက် ခလရ(၂၈၅)တပ်ရင်းမှဖြစ်ပြီး...
Read moreDetailsပဲခူးတိုင်း သာယာဝတီထောင်က ငရဲခန်းဖြစ်တယ်လို့ လွတ်ငြိမ်းနဲ့ ပြန်လွတ်လာသူတွေက မှတ်ချက်ပြုထားကြပါတယ်။ ငရဲခန်းလို့ သတ်မှတ်ခေါ်တွင်ရလောက်တဲ့အထိ ဖိနှိပ်ရက်စက်တာတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်ခံနေရတာတွေ ရှိနေတာဖြစ်ပါတယ်။ မကြာသေးမီက စစ်ကောင်စီရဲ့ လွတ်ငြိမ်းနဲ့ ပြန်လည်လွတ်မြောက်လာတဲ့ မောင်ကျော် (အမည်လွှဲ)က သူ့ရဲ့ ထောင်တွင်းအတွေ့အကြုံတွေ၊ ထောင်တွင်းဖိနှိပ်မှုတွေအကြောင်းကို...
Read moreDetailsအာဏာသိမ်းပြီး နှစ်နှစ်ကျော်အတွင်း နိုင်ငံအနှံ့ ပုန်ကန်မှုများကြောင့် စစ်မျက်နှာများစွာ ဖွင့်ထားရသည့် စစ်ဗိုလ်ချုပ်ကြီးများက တော်လှန်ရေးသမားတို့ တုံ့ပြန်၊ ခုခံနိုင်စွမ်းမရှိသည့် လေကြောင်းတိုက်ခိုက်မှုများကို အားပြု စစ်ဆင်နေသည်။ ဒေသအလိုက် မှိုလိုပေါက်နေသည့် တော်လှန်ရေးအဖွဲ့များ၏ ပြောက်ကျားခုခံမှု၊ မိုင်းကို အားပြုခုခံမှုများကြောင့် မြေပြင်စစ်ကြောင်းများ...
Read moreDetailsအာဏာသိမ်းပြီးနောက် တစ်နိုင်ငံလုံး ကြုံတွေ့နေရသည့် လျှပ်စစ်မီး ပုံမှန်မရသည့် ဒုက္ခမှ နေပြည်တော်ရှိ စစ်တပ်အာဏာပိုင်အဟောင်းနှင့် အသစ်များ၊ ဝန်ကြီးဌာနနှင့် တပ်ဧရိယာများ၊ ဝန်ထမ်းအိမ်ရာများ၊ ငွေပေးနိုင်သူများ ကင်းလွတ်နေကြောင်း စုံစမ်းသိရှိရသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ စစ်ရုံးချုပ်တည်ရှိရာ ဇေယျာသီရိမြို့နယ်မှ စစ်ရုံးချုပ်နှင့် တပ်ပိုင်နေရာများ၊...
Read moreDetailsYou can copy without credits to our site. We Need Freedom.