Military Coup Myanmar
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
  • mm Myanmar
  • en English
No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • နွေဦးသူရဲကောင်းများ
No Result
View All Result
Military Coup Myanmar
No Result
View All Result

စစ်ကောင်စီအဖွဲ့ အပြောင်းအလဲများ၏ နောက်ကွယ်

August 18, 2023
in သတင်း
Reading Time:1 min read
Share on FacebookShare on Twitter

အာဏာသိမ်းစစ်ခေါင်းဆောင်သည် သြဂုတ် ၁ ရက်က ၆ လ သက်တမ်းထပ်တိုးပြီးနောက် အစိုးရအဖွဲ့အတွင်း ရာထူး နေရာများစွာ အပြောင်းအလဲ လုပ်ခဲ့သည်။ ရာထူးအပြောင်းအလဲ လုပ်ခံရသူများတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက်က ခန့်အပ်ခဲ့သူများနှင့် သူ၏ လူရင်းများလည်း ပါသည်။

ကာကွယ်ရေးဝန်ကြီးမှ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးအဖြစ် ပြောင်းလဲ တာဝန်ပေးခံရသော စစ်တက္ကသိုလ် အပတ်စဉ် ၂၅ ကျောင်းဆင်း ဗိုလ်ချုပ်ကြီးမြထွန်းဦးမှာ အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ လူရင်းဖြစ်ပြီး နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ် ကျောင်းဆင်းချိန်က အမှတ် (၁၀၁) ခြေမြန်တပ်မ၏ တပ်မမှူးအဖြစ် တာဝန်ပေးရန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကိုယ်တိုင်ညွှန်ကြားခြင်းခံရသူဖြစ်သည်။

အလားတူ နဝတ အစိုးရလက်ထက် အသစ်တိုးချဲ့ ဖွင့်လှစ်သော အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ကိုလည်း ယူခဲ့သူဖြစ်ပြီး အချိန်တိုအတွင်း အဆင့်ဆင့်ရာထူးတိုးလာသူဖြစ်သည်။ စစ်တက္ကသိုလ် ၂၅ ကျောင်းဆင်းများထဲတွင် အစောဆုံး တိုင်းမှူးနှင့် အစောဆုံး ဒုတိယဗိုလ်ချုပ်ကြီးဖြစ်လာသူ ဖြစ်သည်။

ထို့အပြင် လက်ရှိ ကာကွယ်ရေးဦးစီးချုပ် ရာထူးယူထားသည့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် ၂၀၁၆ ခုနှစ်က အသက် ၆၀ ပြည့်၍ အငြိမ်းစားယူပါက ၎င်းနေရာအတွက် ဗိုလ်ချုပ်ကြီး မြထွန်းဦးအား ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ကြိုတင် လျာထားခဲ့သည်ဟုလည်း လေ့လာသူများက ဆိုသည်။

ဗိုလ်ချုပ်ကြီးမြထွန်းဦးသည် အာဏာမသိမ်းခင်ထိ မြန်မာတပ်မတော်၏ တတိယခေါင်းဆောင်ရာထူး ဖြစ်သော ညှိနှိုင်းကွပ် ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) တာဝန်ယူခဲ့သော်လည်း အာဏာသိမ်းပြီးနောက် ၎င်းရာထူးမှဖယ်ရှား၍ ကာကွယ်ရေးဝန်ကြီး အဖြစ် ပြောင်းလဲ တာဝန်ပေးခဲ့ပြီး ယခုအခါ စစ်ခေါင်းဆောင်က ဗိုလ်ချုပ်ကြီးမြထွန်းဦးအား ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး အဖြစ် ပြောင်းလဲတာဝန်ပေးလိုက်ခြင်းဖြစ်သည်။

ကာလုံဟု အများသိကြသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတွင် ကာကွယ်ရေးဝန်ကြီးမှာ အဖွဲ့ဝင်ဖြစ် သော်လည်း ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးမှာ အဆိုပါ ကောင်စီတွင် အဖွဲ့ဝင် မဟုတ်သဖြင့် ဗိုလ်ချုပ်ကြီးမြထွန်းဦးအား ထိုသို့ ပြောင်းလဲခန့်အပ်ခြင်းသည် ရာထူးလျော့ချခံရခြင်းဖြစ်သည်ဟု လေ့လာသူများက သုံးသပ်ကြသည်။

CDM ဗိုလ်မှူးတဦးက “ယူနီဖေါင်းဝတ်ထားပေမယ့် သူ (ဗိုလ်ချုပ်ကြီး မြထွန်းဦး) က စစ်တပ်နဲ့ မဆိုင်တော့ဘူး ဖြစ်သွားပြီ” ဟု မှတ်ချက်ပြုသည်။

ဗိုလ်ချုပ်ကြီးမြထွန်းဦးအား ကာကွယ်ရေးဝန်ကြီးမှ ဖယ်ရှား၍ စစ်ခေါင်းဆောင်၏ လူရင်းဖြစ်သည့် ရေတပ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး တင်အောင်ဆန်းအား ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ပေးလိုက်ခြင်း ဖြစ်သည်။

အလားတူ တရားသူကြီးချုပ် ဦးထွန်းထွန်းဦးသည် စစ်တပ်တွင် ဗိုလ်မှူးချုပ်အဆင့်ထိ တာဝန်ယူခဲ့ပြီးနောက် ဦးသန်းရွှေက တရားရေးမဏ္ဍိုင်၏ အကြီးဆုံး တရားသူကြီးချုပ်အဖြစ် ခန့်အပ်လိုက်သည်။ ဦးသန်းရွှေခန့်ခဲ့သော ဥပဒေပြုရေး၊ အုပ်ချုပ် ရေး၊ တရားစီရင်ရေး မဏ္ဍိုင်ကြီး သုံးခုတွင် တရားသူကြီးချုပ် တဦးသာ နောက်ဆုံးကျန်ရှိခဲ့သူဟု ဆိုရမည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တရားသူကြီးချုပ်သည် အသက် ၇၀ ထိ တာဝန်ထမ်းဆောင်ရမည် ဖြစ်သော်လည်း ၁၉၅၆ ခု ဇူလိုင် ၂၈ ရက်နေ့တွင် မွေးဖွားခဲ့သော တရားသူကြီးချုပ် ဦးထွန်းထွန်းဦးမှာ အသက် ၆၇ နှစ်သာ ရှိသေးသဖြင့် ပုံမှန်အားဖြင့် နောက်ထပ် ၃ နှစ် တာဝန်ထမ်းဆောင်ရဦးမည်ဖြစ်သည်။

သို့သော် စစ်ခေါင်းဆောင်သည် တရားမဏ္ဍိုင်အား အပြည့်အဝထိန်းချုပ်ချင်သည့်အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေခန့် ခဲ့သော တရားသူကြီးချုပ် ဦးထွန်းထွန်ဦးအား အနားပေးခဲ့ခြင်းဖြစ်သည်။

စစ်ရေးလေ့လာသူတဦးက “မင်းအောင်လှိုင်က အမှားမခံဘူး တော်ခြင်း၊ တတ်ခြင်းထက် သူ့သြဇာ ညောင်းမယ့်သူ၊ သူ့ အပေါ်သစ္စာခံမယ့်သူကိုပဲ နေရာပေးတာ။ ဦးသန်းရွှေခန့်တဲ့သူအစား တရားစီရင်ရေးမဏ္ဍိုင်ကို သူ့လူရင်းနဲ့ ကိုင်တွယ်ဖို့ လုပ်တာ” ဟု မှတ်ချက်ပြုသည်။

စစ်ခေါင်းဆောင်ခန့်လိုက်သည့် တရားသူကြီးချုပ်အသစ်မှာ ဦးသာဌေးဖြစ်ပြီး ဒုတိယဗိုလ်ချုပ်ကြီး သာအေး၏ ညီအရင်းဖြစ်ကာ ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သလို သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၁ ခုနှစ်တွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးအဖြစ် ခန့်အပ်ခံခဲ့သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တရားသူကြီးချုပ်သည် အသက် ၇၀ ထိ တာဝန်ထမ်းဆောင်ရမည်ဟု ပြဌာန်းထားသည်။ ဦးသာဌေးသည် ၂၀၃၃ ခုနှစ်မှသာ အသက် ၇၀ ပြည့်မည်ဖြစ်သည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန(လူကယ်ပြန်) ဝန်ကြီးဖြစ်လာသူ ဒေါက်တာစိုးမင်းမှာ ခွဲစိတ်အထူးကု ဆရာဝန်ဖြစ်ပြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဆေးမှူးတာဝန် ယူထားသူ ဖြစ်သည်။ စစ်တပ်တွင် ဗိုလ်ချုပ်ရာထူးဖြင့် ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး၏ ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး မကြာသေးခင်ကမှ စစ်ဖက်ရာထူးမှ အနားပေး၍ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး အဖြစ် တာဝန်ပေးခဲ့သည်။

ယင်းသို့ ရာထူးတိုးမြှောက်စားခံရသူများ ရှိသလို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ကိုယ်ပွားဟု ပြောဆိုကြသည့် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်အား ပြည်ထဲရေးဝန်ကြီးမှ ပြည်ထောင်စုအစိုးရအဖွဲ့ ရုံးဝန်ကြီးဌာန (၁) ဝန်ကြီး အဖြစ် ပြောင်းလဲခဲ့သည်။ လစ်လပ်သွားသော ပြည်ထဲရေးဝန်ကြီးနေရာတွင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်အား ခန့်အပ်ခဲ့သည်။

ထို့ပြင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်အား ပြည်ထောင်စုအစိုးရအဖွဲ့ ရုံးဝန်ကြီးဌာန (၂) ဝန်ကြီးအဖြစ် ပြောင်းလဲခန့်အပ်ခဲ့သည်။ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနများသည် လုပ်ပိုင်ခွင့်မရှိ အရေးမပါသော ဝန်ကြီးဌာနများဖြစ်ပြီး စစ်ခေါင်းဆောင်သည် ၎င်းအပေါ်သစ္စာစောင့်သိသော်လည်း စွမ်းဆောင်ရည် မကြိုက်သူများအား အဆိုပါဝန်ကြီးဌာန ၂ ခုသို့ ပြောင်းလဲခန့်အပ်လေ့ရှိသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် အာဏာသိမ်းပြီးနောက် စစ်ဘက်နှင့်အရပ်ဘက်တွင် မကြာခဏ ရာထူး ပြောင်းလဲမှုများ လုပ်ခဲ့သူဖြစ်သည်။ အချို့သောသူများအား အနားပေးသူရှိသလို ဌာနပြောင်းသူများလည်း ရှိသည်။

အမည်မဖော်လိုသည့်စီးပွားရေး လုပ်ငန်းတဦးက “ သူတယောက်ပဲ ခြေပေါ်တယ်၊ ကျန်တဲ့သူတွေက ခြေပေါ်အောင် မကစားနိုင်ဘူးလို့ သူက ထင်နေတာ။ သူ စိတ်တိုင်းမကျဘူး၊ အားမရဘူးဆိုရင် လဲတာတွေ ဆက်လုပ်ဦးမှာပဲ” ဟုဆိုသည်။

Source – Irrawaddy

 

Related Posts

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူထံက လာဘ်ငွေယူ အမှုပြောင်းပြီး ထောင် ၂ လသာချမှတ်
သတင်း

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူထံက လာဘ်ငွေယူ အမှုပြောင်းပြီး ထောင် ၂ လသာချမှတ်

July 24, 2025

ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်၊ ခြောက်အိမ်တန်းကျေးရွာမှာ ဦးလေးဖြစ်သူရဲ့ အဓမ္မပြုကျင့်တာ...

အိန္ဒိယစစ်တပ်က စစ်ကောင်စီတပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ သင်တန်းပေး
သတင်း

အိန္ဒိယစစ်တပ်က စစ်ကောင်စီတပ်ကို ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ သင်တန်းပေး

July 24, 2025

စစ်ကောင်စီတပ်နဲ့ အိန္ဒိယတပ်မတော်တို့ ပူးပေါင်းကာ  ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းမှုဆိုင်ရာ...

သတင်း

မြန်မာရွေးကောက်ပွဲ နောက်ကွယ်မှ တရုတ်စွက်ဖက်မှု

July 24, 2025

မြန်မာစစ်ကောင်စီသည် ယခုနှစ်ကုန်တွင် ရွေးကောက်ပွဲပြုလုပ်ရန် စီစဉ်နေစဉ် တရုတ်သည်...

You can copy without credits to our site. We Need Freedom.

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

Add New Playlist

No Result
View All Result
  • ပင်မစာမျက်နှာ
  • အာဏာသိမ်း ဒိုင်ယာရီ
  • သတင်း
  • သုံးသပ်ချက်များ
  • ဗီဒီယိုများ
  • အဖွဲ့အစည်းများ (CDM)
  • mm Myanmar
  • en English