အာဏာသိမ်း ဒိုင်ယာရီ

မတ် ၀၇၊ ၂၀၂၃။ (တနင်္လာ)

ကယားပြည်နယ်မှာစစ်ကောင်စီကပြီးခဲ့တဲ့လကတည်းကစစ်အင်အားဖြည့်တင်းမှုတွေလုပ်နေပါတယ်။ဒီလထဲမှာတော့ကကယားပြည်နယ်တစ်ခုလုံးကိုအင်အား၁၅၀၀လောက်ရှိတဲ့စစ်ကြောင်း၅ကြောင်းခွဲပြီးထိုးစစ်တင်နေပါပြီ။စစ်ကောင်စီဟာမနှစ်ကလဲဖေဖော်ဝါရီလလောက်မှာထိုးစစ်ကြီးတစ်ခုဆင်နွဲခဲ့တယ်။အဲ့တုန်းကတော်လှန်ရေးအဖွဲ့တွေဖက်ကတစ်လခန့်ကြာအောင်ခုခံနိုင်ခဲ့ပေမယ့်နောက်ပိုင်းမှာနန်းမယ်ခုံလိုထိန်းချုပ်ဒေသတချို့ကိုလက်လွှတ်ခဲ့ရတယ်။အခုတစ်နှစ်အကြာမှာနောက်ထပ်ထိုးစစ်ကြီးတစ်ခုကယားပြည်နယ်ကိုစစ်တပ်ကပြုလုပ်လာခဲ့ပြန်ပြီ။ဒါပေမယ့်တော်လှန်ရေးအဖွဲ့တွေဖက်မှာတော့မနှစ်ကထပ်လက်နက်အင်အားပိုတောင့်တင်းလာခဲ့ပြီ။စစ်တပ်ရဲ့စစ်ဆင်ရေးတွေနဲ့ပတ်သက်ပြီးဒေသတွင်းအဖွဲ့တွေအချင်းချင်းဆွေးနွေးသဘောတူညီချက်တွေရပြီးပြီလို့လဲသိရတယ်။ကယားပြည်နယ်ထဲမှာပွဲတွေကတော့ကြည့်ကောင်းဦးမယ်ထင်တယ်။

Read moreDetails

မတ် ၀၆၊ ၂၀၂၃။ (တနင်္ဂနွေ)

စစ်အာဏာသိမ်းမှုကြောင့်နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ရင်ဆိုင်နေရတဲ့မြန်မာနိုင်ငံလူဦးရေသုံးပုံတစ်ပုံနီးပါးဟာအကူအညီတွေလိုအပ်နေတယ်လို့ကုလသမဂ္ဂကပြောလိုက်တယ်။တိုက်ပွဲတွေကြောင့်စစ်ဘေးရှောင်တွေဟာတောထဲတောင်ထဲတွေမှာနေထိုင်ကြရကာအာဏာသိမ်းပြီနောက်စစ်ဘေးရှောင်အရေအတွက်ဟာ၁သန်းခွဲနီးပါအထိရှိလာပါပြီ။ဒီအရေအတွက်မှာအာဏာမသိမ်းခင်ကတည်းကရှိနေခဲ့တဲ့စစ်ဘေးရှောင်တွေမပါသေးဘူး။ထိုစစ်ဘေးရှောင်တွေဟာအကူအညီလုံးဝမရရှိပဲဖြစ်သလိုနေထိုင်နေရတယ်။ကုလသမဂ္ဂကအကူအညီတွေဟာစစ်ကောင်စီကတဆင့်သွားနေရတာဖြစ်တဲ့အတွက်တကယ်လိုအပ်တဲ့နေရာတွေကိုမရောက်ပဲထိုအဖွဲ့အစည်းတွေနဲ့စစ်ကောင်စီရဲ့အိတ်ထဲကိုသာရောက်သွားတယ်။ကုလသမဂ္ဂဆိုတာစစ်ဘေးရှောင်အကူအညီတွေအတွက်တောင်သုံးစားမရပါဘူး။ပြည်သူတွေဟာအချင်းချင်းဖေးမကူညီမှုတွေနဲ့ဆက်လက်ရှင်သန်နေကြရတယ်။

Read moreDetails

မတ် ၀၅၊ ၂၀၂၃။ (တနင်္ဂနွေ)

အကြမ်းဖက်စစ်တပ်ကပြည်သူတွေကိုခေါင်းဖြတ်သတ်ဖြတ်ခြင်း၊အမျိုးသမီးများကိုမုဒိန်းကျင့်ခြင်း၊အရပ်သားများကိုလက်နက်ကြီးဖြင့်တိုက်ခိုက်ခြင်းအပါအဝင်အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကိုအရှိန်မြင့်လုပ်ဆောင်လာတယ်။မတ်လ၁ရက်နေ့ကတာတိုင်ရွာဖြစ်စဉ်ကအထင်ရှားဆုံးပဲ။စုစုပေါင်းပြည်သူ၁၇ဦးအထိအစုလိုက်အပြုံလိုက်သတ်ဖြတ်ခံလိုက်ရတယ်။အဆိုပါဖြစ်စဉ်အပြင်တနိုင်ငံလုံးမှာစစ်တပ်ရဲ့အကြမ်းဖက်သတ်ဖြတ်မှုတွေအများကြီးကျန်သေးတယ်။ မနေ့ကတင်တနင်္သာရီတိုင်းလောင်းလုံမြို့နယ်၊အောက်ကျောက်ဝပ်ကျေးရွာကိုစစ်တပ်ကဝင်ရောက်စီးနင်းပြီးပြည်သူ၅ဦးကိုသတ်ဖြတ်ကာနေအိမ်တွေကိုမီးရှို့သွားတယ်။စစ်ကိုင်းတိုင်းရေဦးမြို့မှာလဲကျေးရွာစာသင်ကျောင်းမှာလုံခြုံရေးစောင့်ပေးနေတဲ့LocalPDFငါးဦးကိုဝင်ရောက်ပစ်ခတ်သတ်ဖြတ်သွားတယ်။မြင်းခြံမြို့နယ်လေးရွာဆုံမှာNLDထောက်ခံသူစစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာပါဝင်ခဲ့တဲ့ပြည်သူလေးဦးကိုလဲပျူစောထီးတွေနဲ့စစ်တပ်ကဖမ်းဆီးသတ်ဖြတ်ကာအလောင်းတွေကိုစွန့်ပစ်ခဲ့တယ်။ဒါမျိုးဖြစ်စဉ်တွေတနိုင်ငံလုံးမှာအများအပြားဆက်လက်ဖြစ်ပွားနေတယ်။

Read moreDetails

မတ် ၃၁ (သောကြာ)

ကမ္ဘာ့ဘဏ်ကခန့်မှန်းတယ်တဲ့။ ၂၀၂၃-၂၄ ဘဏ္ဌာနှစ်မှာ မြန်မာနိုင်ငံရဲ့စီးပွားရေးဖွံ့ဖြိုးမှုနှုန်းဆိုးဆိုးရွား ရွားဆုတ်ယုတ်နိုင်ဖယ်ရှိတယ်လို့ဆိုတယ်။ အာဏာသိမ်းပြီးကတည်းက ကောင်းတာဘာရှိလို့ လဲ။ အခု ဆိုရင် တစ်နိုင်ငံလုံးမှာ မီးပျက်တာလည်းမြင်မကောင်းဘူး။ လူတွေက မီးလာချိန်ကိုမှန်းဆပြီးအလုပ် လုပ်နေကြရတယ်။ စားဝတ်နေရေးအတွက်ကရုန်းရကန်ရ၊ စစ်တပ်ကနှိပ်စက်တာလည်းတစ်ဖက်ကနေ လူးလှိမ့်ပြီးခံနေရသေးတယ်။ မြန်မာနိုင်ငံဟာ စီးပွားရေးတင်မဟုတ်ပါဘူး၊...

Read moreDetails

မတ် ၃၀ (ကြာသပတေး)

ထန်ထလန်မှာလည်း စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့သိရတယ်။ စစ်တပ် ဟာ မရရတဲ့နည်းနဲ့ သူတို့အာဏာကိုတစ်နိုင်ငံလုံးလွှမ်းခြုံနိုင်ဖို့ကြိုးပမ်းနေတယ်။ ထုံးစံအတိုင်း မြေပြင်မှာ တိုက်လိုမနိုင်ရင် လေကြောင်းနဲ့ဗုံးကြဲတယ်။ အဲဒီတော့ အရပ်သားတွေပါသေဆုံးကြရတယ်။ ပြည်သူတွေ ရဲ့အသက်ဟာ စစ်တပ်အာဏာအတွက် နေ့စဉ်နဲ့အမျှပေးဆပ်နေကြရတယ်။ ထန်တလန်မှမဟုတ်ပါဘူး။ စစ်ကိုင်းရော ကယားရော...

Read moreDetails

မတ် ၂၉ (ဗုဒ္ဓဟူး)

မြန်မာနိုင်ငံကို စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ကြုံတွေ့ရတာအများဆုံးကိစ္စတစ်ခုက စစ်ဘေး ရှောင်လူဦးရေများပြားလာတာပဲ။ မြန်မာတစ်နိုင်ငံလုံးမှာ စစ်ရှောင်သူဦးရေ နေ့စဉ်နဲ့အမျှတိုးလို့နေ တယ်။ စစ်ကိုင်း၊ ကယား၊ ချင်း၊ ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာ မရေမတွက်နိုင်တဲ့ စစ်ရှောင်ဦးရေတွေ ဟာ အိုးအိမ်မဲ့ အစာရေစာရှားပါးမှုဒဏ်ကိုအလူးအလှိမ့်ခံနေကြရတယ်။ ဒီနေ့...

Read moreDetails

မတ် ၂၈ (အင်္ဂါ)

တာမွေမြို့နယ်၊ အရှေ့မြင်းပြိုင်ကွင်းလမ်းမှာ လမ်းရှင်းနေတဲ့ယာဥ်ထိန်းရဲတပ်ဖွဲ့ဝင်တွေဟာ ဒီနေ့ မနက် ၁၀ နာရီလောက်က ဗုံးနဲ့ ပစ် တိုက်ခိုက်ခံရတာကြောင် ယာဥ်ထိန်းရဲမေ တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ သ တင်းတွေမှာဖတ်ရပါတယ်။ ရန်ကုန်မြို့ဟာ လူတွေစည်ကား၊ ပွဲတော်တွေနဲ့အမြဲပြည့်နှက်နေတာကြောင့် ကွက်ပြီး လွတ်လပ်ရေးရနေသလားလို့တောင်...

Read moreDetails

မတ် ၀၄၊ ၂၀၂၃။ (စနေ)

မြန်မာနိုင်ငံတဝန်းစစ်တပ်သိမ်းပြီး၂နှစ်ကျော်ကာလအတွင်းကျမ်းမာရေးဝန်ထမ်းအယောက်၇၀၀လောက်သတ်ဖြတ်ခံထားရတယ်လို့NUGကထုတ်ပြန်လိုက်တယ်။အယောက်၉၀၀လောက်ဖမ်းဆီးခံထားရတယ်။စစ်အုပ်စုဟာကျမ်းမာရေးနဲ့ပတ်သက်တဲ့အဆောက်အုံများစွာကိုလဲဖျက်စီးထားသေးတယ်။ ကျမ်းမာရေးဝန်ထမ်းတွေဟာအာဏာသိမ်းပြီးနောက်ပိုင်းမှာစစ်ကောင်စီကိုအရေအတွက်အများဆုံးနဲ့CDMလုပ်ထားခဲ့တာပါ။အခုဆိုရင်စစ်ကောင်စီရဲ့ကျမ်းမာရေးစနစ်မှာလူအင်အားလုံလောက်မှုရှိမနေဘူး။ဒါကြောင့်စစ်အုပ်စုဟာကျမ်းမာရေးဝန်ထမ်းတွေအပေါ်အငြိုးတကြီးနဲ့တုန့်ပြန်ခဲ့တယ်။CDMလုပ်ထားတဲ့ဆရာဝန်တွေကိုပြည်တွင်းမှာဆေးကုလို့မရအောင်ပိတ်ပင်ခဲ့တယ်။ပြည်ပထွက်ဖို့ကိုလဲပတ်စပို့စ်ပြုလုပ်ခွင့်မပေးဘူး။CDMဆရာဝန်တွေကိုအလုပ်ခန့်ထားပြီးထောက်ပံပေးတဲ့မန္တလေးကပုဂ္ဂလိကဆေးရုံကြီးတွေဆိုဟိုတလောကယာယီပိတ်သိမ်းခံလိုက်ရသေးတယ်။ နယ်တွေမှာလဲစစ်အုပ်စုဟာသူတို့အုပ်ချုပ်မှုအောက်မှာမရှိတဲ့ဆေးရုံဆေးခန်းတွေကိုစစ်ကြောင်းထိုးရင်းဒါမှမဟုတ်လေကြောင်းကဗုံးကြဲပြီးဖျက်စီးနေကြတယ်။မြို့ကြီးတွေမှာလဲစစ်ကောင်စီရဲ့ကျန်းမာရေးစောင့်ရှောက်မှုဟာဟိုးအောက်ဆုံးရောက်နေပြီ။၂၀၂၁ကိုဗစ်တတိယလှိုင်းမှာပြည်သူအများအပြားသေဆုံးခဲ့ကြရတယ်။

Read moreDetails

မတ် ၀၃၊ ၂၀၂၃။ (သောကြာ)

စစ်ကိုင်းမြို့နယ် တာတိုင်ကျေးရွာထဲ မတ်(၁)ရက်မှာ စီးနင်းဝင်မွှေ သောင်းကျန်းတဲ့ စစ်အုပ်စုဟာ အမျိုးသမီးတွေ အပါအဝင် ဒေသခံပြည်သူတွေကို ဓားစာခံ လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွားပြီးနောက် လမ်းတဝက်မှာ သတ်ဖြတ်ထားခဲ့တဲ့ပါတယ်။ လက်ရှိအချိန်ထိ စုစုပေါင်း အလောင်း (၁၇)လောင်း တွေ့ထားတယ်။  ...

Read moreDetails

မတ် ၀၂၊ ၂၀၂၃။ (ကြာသပတေး)

အိမ်နီးချင်းအိန္ဒိယနိုင်ငံဟာမြန်မာစစ်တပ်ကိုစစ်လက်နက်ပစ္စည်းတွေဆက်လက်ရောင်းချနေတယ်။မြန်မာ့အရေးမှာစစ်ကောင်စီကိုထောက်ခံနေတဲ့နိုင်ငံတွေထဲမှာတရုတ်ကိုသာလူသိများကြပေမယ့်အိန္ဒိယကတော့နောက်ကွယ်ကနေလူမသိသူမသိစစ်ကောင်စီကိုထောက်ပံလျက်ရှိတယ်။အိန္ဒိယကထောက်ပံထားတဲ့စစ်လက်နက်ပစ္စည်းတွေနဲ့မြန်မာစစ်တပ်ဟာပြည်သူတွေအပေါ်စစ်ရာဇဝတ်မှုတွေကျူးလွန်လျက်ရှိတယ်။ဒါအချက်ကိုအတော်များများသတိမထားမိကြဘူး။နယ်စပ်ကစစ်ဘေးရှောင်မြန်မာဒက္ခသည်တွေကိုလဲတရားဝင်ခုံလှုံခွင့်ပေးမထားဘူး။ ကမ္ဘာ့အကြီးဆုံးဒီမိုကရေးစီနိုင်ငံကြီးတစ်ခုဖြစ်တဲ့အိန္ဒိယရဲ့လုပ်ရပ်တွေဟာမြန်မာပြည်သူတွေအပေါ်နောက်ကျောကနေဓားနဲ့ထိုးနေတာပဲ။

Read moreDetails
Page 97 of 178 1 96 97 98 178

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist