အာဏာသိမ်း ဒိုင်ယာရီ

အောက်တိုဘာ ၂၆၊ ၂၀၂၃။ (ကြာသပတေး)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးဘုရားဘုရားပွဲစတင်ကျင်းပမည့် သီးတင်းကျွတ်လပြည့်နေ့ နီးကပ်လာသည့်အတွက် ကျိုက်ထီးရိုးဘုရားတောင်ပေါ်နှင့် တောင်တက်ကားဂိတ်ရှိ ဈေးဆိုင်များကို မဖွင့်မနေရ ဖွင့်လှစ်ရန် စစ်ကောင်စီက ဖိအားပေးခိုင်းစေနေပြီး ဈေးဆိုင်များ၊ တောင်တက် ကားများကို မဖွင့်မနေရ၊ မလာမနေရဟုဆိုကာခေါ်ယူမှုများရှိနေကြောင်းသိရတယ်။ဈေးဆိုင်တွေဆိုနှစ်ဆိုင်ရှိတယ်ဆိုရင် တစ်ဆိုင်ကပိတ်ပြီး နောက်တစ်ဆိုင်ပဲ ဖွင့်မယ်ဆိုလဲအခွန်ကနှစ်ဆိုင်စာပေးရမယ်တဲ့။လူလာနည်းတာကြောင့်...

Read moreDetails

အောက်တိုဘာ ၂၅၊ ၂၀၂၃။ (ဗုဒ္ဓဟူး)

စစ်ကိုင်းတိုင်း၊ တန်ဆည်မြို့ပေါ် လမ်းဆုံကို စစ်အုပ်စုနဲ့ပျူ အင်အား(၂၀၀)လောက်က ပိတ်ဆို့စီးနင်းပြီး လူမနေတဲ့ အိမ်နဲ့ အဆောက်အဦး တချို့ကို မီးရှို့ဖျက်ဆီးကာ ထမင်းဟင်းချက်နေတဲ့ အမျိုးသမီးတွေ အပါအဝင် ဒေသခံ ခုနှစ်ဦး ထက်မနည်းကို ဖမ်းဆီးသွားတယ်လို့သိရတယ်။စစ်အုပ်စုဟာ နေအိမ်တွေထဲ ဝင်မွှေလုယက်ရင်း...

Read moreDetails

အောက်တိုဘာ ၂၄၊ ၂၀၂၃။ (အင်္ဂါ)

စစ်တပ်အာဏာသိမ်းပြီးနောက် နှစ်နှစ်ကျော်အကြာတွင် မြန်မာနိုင်ငံသည် အာဆီယံနိုင်ငံများအနက် ရင်းနှီးမြှပ်နှံရာ၌ဆုံးရှုံးနိုင်ချေအများဆုံးနိုင်ငံဖြစ်လာကြောင်းကမ္ဘာတလွှားစီးပွားဆိုင်ရာအချက်အလက်များထုတ်ပြန်နေသည့် Visual Capitalistအဖွဲ့က ထုတ်ပြန်လိုက်တယ်။ ကမ္ဘာပေါ်တွင် ရင်းနှီးမြှပ်နှံရာ၌ စွန့်စားရပြီး ဆုံးရှုံးနိုင်ချေအများဆုံးနိုင်ငံများအနက် မြန်မာနိုင်ငံသည် ကမ္ဘာ့အဆင့် ၂၄ ဖြစ်ပြီး အာဆီယံတွင် လာအိုနိုင်ငံနှင့်အတူ ထိပ်ဆုံး၌ ရှိနေခြင်းဖြစ်တယ်။...

Read moreDetails

အောက်တိုဘာ ၂၃၊ ၂၀၂၃။ (တနင်္လာ)

မနေ့ကKIAသိမ်းပိုက်ရရှိခဲ့တဲ့အောင်ဂျာယန်စခန်းဟာစစ်ကောင်စီအတွက်အရေးပါတဲ့စခန်းကြီးတစ်ခုဖြစ်တယ်။ထိုစခန်းဟာလိုင်ဇာအနီးကနန့်ဆမ်ယန်ကိုသိမ်းဖိုးလက်နက်ရိက္ခာတွေတစ်ထောက်နားစုပုံလေ့ရှိတဲ့စခန်းဖြစ်တာကြောင့်KIAအသည်းအသန်တိုက်ယူထားတာပါ။အခုထိုစခန်းကိုသိမ်းပိုက်နိုင်ခြင်းကြောင့်စစ်ကောင်စီရဲ့လိုင်ဇာကိုခြိမ်းခြောက်ဖို့လုပ်နေတဲ့အိမ်မက်လဲပျက်ပြယ်သလောက်ဖြစ်သွားပါပြီ။ဇူလိုင်လထဲကစစ်ကြောင်းထိုးနေတဲ့နန့်ဆမ်ယန်ကိုလဲသိမ်းပိုက်ဖို့မဖြစ်နိုင်တော့ပါဘူး။ဒါ့အပြင်KIAအတွက်ဗန်းမော်မြစ်ကြီးနားလမ်းပိုင်းကိုထိန်းချုပ်ဖို့အခွင့်ပိုသာသွားပါပြီ။ KIAကတော့ဌာနချုပ် လိုင်ဇာအနီးရှိ မုန်လိုင်ခတ်စစ်ရှောင်စခန်းကို စစ်ကောင်စီက အောက်တိုဘာ ၉ရက်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက်စစ်တပ်ကိုတိုက်စစ်ဖွင့်လာခဲ့ပြီးစခန်းသိမ်းတိုက်ပွဲစစ်ဆင်ရေးများကိုသုံးရက်ဆက် ပြုလုပ်လာကာ စခန်းသိမ်းတိုက်ခိုက်မှုအားလုံး အောင်မြင်နေတာကိုတွေ့ရတယ်။

Read moreDetails

အောက်တိုဘာ ၂၂၊ ၂၀၂၃။ (တနင်္ဂနွေ)

ကချင်ပြည်နယ်မိုးမောက်မြို့နယ်အောင်ဂျာရွာအနီးစစ်ကောင်စီအထိုင်စခန်းကိုကချင်လွတ်လပ်ရေးတပ်မတော်(KIA)က နောက်ဆုံးမှာ တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ပါတယ်။KIA ဌာနချုပ် လိုင်ဇာနှင့် ၁၂ မိုင်ခန့်ဝေးပီး နမ့်ဆန်ယာန်အနီးရှိ စစ်ကောင်စီ၏ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၂၁) လက်အောက်ခံ အောင်ဂျာအထိုင်စခန်းကို KIAကဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်နေတာအတော်ကြာနေပါပြီ။အခု အောင်ဂျာ စကစစခန်းကိုKIAမှရှင်းလင်းပြီးထိန်းချုပ်ထားနိုင်ခဲ့ပြီ။စစ်ကောင်စီတပ်ကသေဆုံးထိခိုက်များပြားပြီးရာဂဏန်းထိရှိနိုင်တယ်။အထိုင်စခန်းကြီးဖြစ်တဲ့အတွက်သိမ်းဆည်းရမိတဲ့ရန်သူ့လက်နက်ခဲယမ်းတွေလဲအလွန်များတယ်။ အောင်ဂျာဒေသတွင်စစ်ကောင်စီတပ်စခန်း၃ခုရှိရာစက်တင်ဘာလအတွင်းကစစ်ကောင်စီတပ်စခန်းတစ်ခုကို KIAက သိမ်းပိုက်ခဲ့ပြီး ယခု...

Read moreDetails

အောက်တိုဘာ ၂၁၊ ၂၀၂၃။ (စနေ)

ပြီးခဲ့သည့်စက်တင်ဘာလကုန်ခန့်ကပခုက္ကူတပ်မ၁၀၁မှထွက်လာသည့်ကားအစီး၇၀ပါစစ်တပ်ယာဉ်တန်းဟာချင်းပြည်နယ်ဘက်ကိုလက်နက်ရိက္ခာဖြည့်ဖို့ထွက်ခွာလာခဲ့ရာမှာအခုချိန်ထိမကွေးတိုင်းထဲမှာပဲရှိနေသးတယ်။ပခုက္ကူမြို့မှထွက်လာပြီးပေါက်မြို့နယ်မှပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကကြားဖြတ်ဟန့်တားတိုက်ခိုက်မှုကြောင့် တစ်လနီးပါးကြာ ပိတ်မိနေခဲ့သော စစ်ကောင်စီတပ်ယာဉ်တန်းဟာအခုတော့ ယော‌ဒေသနှင့် ချင်းပြည်နယ်ဘက်သို့ဦးတည်ထွက်ခွာနေကြောင်းသိရတယ်။အနည်းဆုံးမင်းတပ်ကိုသွားမယ်လို့ယူဆရတယ်။ပခုက္ကူနှင့်ပေါက်မြို့နယ်ကြားရှိပေါက်အုန်းတောတံတားကိုဒေသကာကွယ်‌ရေးတပ်ဖွဲ့များကဖောက်ခွဲ၍တားဆီးခဲ့ခြင်းကြောင့်စစ်ကောင်စီယာဥ်တန်းရပ်တန့်သွားပြီးယခုတံတားကိုယာယီပြင်ဆင်ပြီးဆက်လက်ထွက်ခွာ​နေတာပါ။အဆိုပါ စစ်ကြောင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၃၀၀ ခန့်ပါဝင်ပြီးယာဥ်တန်း ပိတ်မိနေစဉ်ဒေသကာကွယ်ရေးတပ်ဖွဲ့များကဒရုန်း၊မိုင်းတို့ဖြင့်တိုက်ခိုက်ခဲ့ကြပြီးထိပ်တိုက်ရင်ဆိုင်တိုက်ပွဲများလည်းဖြစ်ပွားခဲ့တယ်။ထိုတိုက်ပွဲတွေအတွင်းသူတို့ဘက်က၂၅ဦးထက်မနည်းသေဆုံးထိခိုက်နိုင်တယ်။ထိုယာဉ်တန်းဟာမကွေးတိုင်းကိုကျော်သွားလဲချင်းပြည်နယ်ထဲမှာအပြင်းအထန်ဆက်လက်တိုက်ခိုက်ခံရမှာမို့ရည်မှန်းချက်ကိုရောက်ဖို့မသေချာပါဘူး။

Read moreDetails

အောက်တိုဘာ ၂၀၊ ၂၀၂၃။ (သောကြာ)

ကချင်ပြည်နယ် ရွှေကူမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၂ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်ဖွဲ့ က မနေ့က မနက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ရွှေကူ-ဗန်းမော် လမ်း ပေါ်ရှိ စစ်ကောင်စီ၏ ခမရ(၆၀၂) အထိုင်စခန်းနှင့် ခလရ(၅၆) တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်တယ်။စစ်သူပုန်တွေ ရွှေကူမြို့ဘက်...

Read moreDetails

အောက်တိုဘာ ၁၉၊ ၂၀၂၃။ (ကြာသပတေး)

စစ်ကိုင်းတိုင်း၊မုံရွာအကျဉ်းထောင်မှာပြီးခဲ့တဲ့လကဖြစ်ပွားခဲ့တဲ့နိုင်ငံရေးအကျဉ်းသားများအစာအငတ်ခံဆန္ဒပြမှုဖြစ်စဉ်နောက်ဆက်တွဲအဖြစ်သပိတ်​ခေါင်း​ဆောင် ကို​ဝေမိုးနိုင်၊ နိုင်ငံရေးအကျဉ်းသားများ ၂၆ ဦးနှင့် အကျဉ်းထောင်ဝန်ထမ်း ၈ ဦးကို စစ်ကောင်စီက အရေးယူထားတယ်။စက်တင်ဘာလ ၈ ရက်နေ့က မုံရွာအကျဉ်းထောင်အတွင်း၌ ဖြစ်ပွားခဲ့သော အစာအငတ်ခံ အစာအငတ်ခံ ဆန္ဒပြမှုအပြီးတွင်ပါဝင်ခဲ့တဲ့မုံရွာသပိတ်ခေါင်းဆောင်ကိုဝေမိုးနိုင်အပါအဝင်အကျဥ်းသား၉ဦးကိုထောင်တွင်းပြစ်ဒဏ်လျှော့ရက်တစ်နှစ်အပိတ်ခံရကြောင်း၊ ကိုဝေမိုးနိုင်နှင့် အခြားအကျဉ်းသားတစ်ဦးကို တိုက်ပိတ်ထားတယ်။...

Read moreDetails

အောက်တိုဘာ ၁၈၊ ၂၀၂၃။ (ဗုဒ္ဓဟူး)

စစ်ကောင်စီဟာကချင်ပြည်နယ်ဘက်မှာလေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ဆိုသလိုပြုလုပ်နေတယ်။ဖားကန့်မြို့နယ်၊ အနန့်ပါကျေးရွာတိုက်ခိုက်မှုအပြီးအခုလဲ KIA တပ်မဟာ ၉ နယ်မြေကို စစ်ကောင်စီတပ်က လေကြောင်းနှင့်လက်နက်ကြီး အင်အား အများအပြားသုံးတိုက်ခိုက်နေလို့KIA အရာရှိနှစ်ဦး ကျဆုံးသွားတယ်လို့သိရတယ်။ဖားကန့်တွင်ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီခြေလျင်တပ်ရင်း များဖြစ်သည့်ခမရ(၇၄) နှင့် ခမရ (၁၂) တို့ကို KIA တပ်မဟာ...

Read moreDetails

အောက်တိုဘာ ၁၇၊ ၂၀၂၃။ (အင်္ဂါ)

ပြည်ပကိုသွားရောက်အလုပ်လုပ်ကိုင်မယ့်သူတွေ ပတ်စ်ပို့စ်သက်တမ်းတိုးတဲ့အခါ အခွန်ကင်းရှင်း ကြောင်း ထောက်ခံချက် တင်ပြနိုင်မှ သက်တမ်းတိုးပေးမယ်လို့ စစ်ကောင်စီက ထပ်ကြေညာလာပါတယ်။အလုပ်အကိုင်နိုင်ငံကူးလက်မှတ် (Passport for Job - PJ) နဲ့ သင်္ဘောသားနိုင်ငံကူးလက်မှတ်( Passport for Seaman-PS)အမျိုးအစားတွေကိုင်ဆောင်ထားသူတွေသက်တမ်းတိုးလျှောက်တဲ့အခါအခွန်ကင်းရှင်းကြောင်း ထောက်ခံချက်တင်ပြရမယ်လို့စစ်ကောင်စီက...

Read moreDetails
Page 55 of 159 1 54 55 56 159

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.

Add New Playlist