စစ်ပြေးတွေစစ်တပ်ထဲပြန်လာရင်ပြစ်ဒဏ်တွေလွတ်ငြိမ်းခွင့်ပြုမယ်လို့ကြေညာခဲ့တဲ့စစ်ကောင်စီဟာဘယ်စစ်ပြေးမှပြန်ဝင်မလာလို့အကျဉ်းထောင်းတွေထဲကပြစ်ဒဏ်ကျနေတဲ့စစ်သားတွေကိုရာထူးတဆင့်မြင့်နဲ့ရှေ့တန်းပို့ဖို့ခေါ်ထုတ်နေတယ်လို့သိရတယ်။စစ်တပ်ဟာဘယ်လိုပဲဟန်ဆောင်ဖုံးဖိနေသော်ငြားသူတို့မှာအင်အားလျော့နည်းလာပြီးစစ်အင်အားလိုအပ်ချက်မြင့်မားလာတာတိုက်ပွဲဝင်စိတ်ဓါတ်ပျောက်ဆုံးနေတာသူတို့လုပ်ရပ်ကအထင်သားပေါ်လွင်မြင်သာနေတယ်။တနိုင်ငံလုံးအကျဉ်းထောင်ထဲရှိနေတဲ့စစ်ပြေးရဲပြေးအပါအဝင်ရာဇဝတ်မှုနဲ့ထောင်ကျနေတဲ့ရဲစစ်သားတွေကိုလွတ်ငြိမ်းနဲ့အတူတဆင့်တိုးရာထူးပေးစစ်တပ်ထဲပြန်ခေါ်လိုက်တာတွေကသူတို့မှာစစ်အင်အားလိုအပ်ချက်တွေဘယ်လောက်မြင့်နေလဲမြင်နိုင်တယ်။ဒီတိုင်းဆိုစစ်ပြေးရဲပြေးတွေဘဝကဝဋ်လည်ပြီလို့ ပြောလို့ ရနိုင်ပါတယ်။စစ်သား ရဲ ဖြစ်နေချိန် အရပ်သားတွေကိုပေါ်တာဆွဲခဲ့တဲ့ဝဋ်တွေက အခုဆိုရင်သူတို့ကို စစ်တပ်က စကားလှအောင်ပြောတရားဝင်ပေါ်တာပြန်ဆွဲတာဖြစ်တယ်။စစ်တပ်ထဲရဲထဲမှာမနေချင်လို့ထောင်ကျမယ်သိရက်နဲ့ပြေးခဲ့ကြသူတွေကဒီနေ့လိုရှေ့တန်းမှာအတုံးအရုန်းသေမယ်ဆိုတာသိချိန်ဘယ်သူကစစ်ထဲဝင်ပီးအသေခံစစ်မှုထမ်းမှာလဲ။အရင်ရက်တွေကချင်းပြည်နယ်ထဲတပ်ရင်းကနေအိန္ဒိယထဲပြေးတဲ့စစ်သားတွေကိုအိန္ဒိယကပြန်လွှဲပေးပြီးနောက်ချက်ချင်းစစ်ရုံးမတင်ပဲတာဝန်ပြန်ထမ်းဆောင်ခိုင်းထာကြည့်ရင်စစ်တပ်ဟာစစ်သားလိုအပ်ချက်အဆမတန်များပြားလာတာကြောင့်စစ်တပ်ပေါ်သစ္စာဖောက်သွားတဲ့အကျင့်ပျက်စစ်သားတွေကိုတောင်အရေးမယူနိုင်ဖြစ်လာတဲ့အထိကိုအင်အားနည်းနေတာ မြင်နိုင်တယ်။စစ်အင်အားလိုအပ်ချက် မြင့်လာပြီးတိုက်ပွဲဝင်စိတ် ပျောက်နေတဲ့ဒီစစ်တပ် ဘယ်လောက် တောင့်ခံမလဲကြည့်ရမယ်။
Read moreDetailsစက်သုံးဆီတင်သွင်းမှုနဲ့ပတ်သက်ပြီးစစ်ကောင်စီကမူဝါဒအမျိုးမျိုးပြောင်းလဲနေတဲ့ဂယက်ကြောင့်ပြည်တွင်းမှာစက်သုံးဆီပြတ်လပ်မှုဟာပိုမိုဆိုးရွားလာနေပါတယ်။အရင်ကရန်ကုန်တမြို့ထဲလောက်သာဆီပြတ်လေ့ရှိပြီးအခုတော့မန္တလေး၊နေပြည်တော်အပါအဝင်နိုင်ငံအနှံနေရာဒေသအားလုံးနီးပါးစက်သုံးဆီပြတ်နေပြီ။ရန်ကုန်မှာဆိုအရင်ကဆိုင်သေးတွေလောက်ပဲဆီပြတ်တာဖြစ်ပြီးဆိုင်ကြီးတွေမှာဝယ်ယူလို့ရနေခဲ့သေးတယ်။အခုတော့ဆိုင်ကြီးတွေကိုယ်တိုင်ဆီမရှိတော့ပါဘူး။ဆီဘောက်ဆာကားတွေအကုန်သီလဝါဆိပ်ကမ်းမှာတန်းစီပြီးဆီထုတ်ဖို့စောင့်ဆိုင်းနေရတယ်။ထုတ်လို့ရတဲ့ဆီကလဲမဖြစ်စလောက်ဆိုတော့ဆိုင်တွေကိုအလျင်မှီအောင်ဖြည့်ဆည်းပေးနိုင်ခြင်းမရှိတော့ဘူး။ဒါကြောင့်စက်သုံးဆီအရောင်းဆိုင်တွေအားလုံးမှာဆီထုတ်ဖို့နာရီနဲ့ချီပြီးစောင့်နေရတယ်ယာဉ်တန်းရှည်ကြီးတွေဖြစ်ပေါ်နေတယ်။ထိုကဲ့သို့အချိန်ကုန်ခံစောင့်နေလဲဆီရဖို့ကမသေချာတဲ့အခြေအနေပါ။ အကြောင်းရင်းကတော့စစ်ကောင်စီကဆီဝယ်ဖို့ဒေါ်လာရောင်းမပေးတော့တာကြောင့်ပဲ။ဒါ့အပြင်လုပ်ငန်းရှင်တွေကိုပြင်ပကနေဒေါ်လာဝယ်ခိုင်းပြီးစက်သုံးဆီဈေးကိုတော့လွတ်လပ်စွာသတ်မှတ်ခွင့်မပေးပဲစစ်ကောင်စီကဆက်လက်ထိန်းချုပ်ထားတယ်။ဒါ့ကြောင့်လုပ်ငန်းရှင်တွေအနေနဲ့အရှုံးပေါ်နိုင်တာကြောင့်စက်သုံးဆီမတင်သွင်းတော့ဘူး။ပင်လယ်ဝမှာဆီတင်သင်္ဘောတွေရောက်နေပေမယ့်ဒေါ်လာမရှိလို့ဆိပ်ကမ်းကိုမချနိုင်ဘူး။လက်ကျန်ဆီတွေကိုသာထိန်းရောင်းနေတယ်။သပွတ်အူလိုရှုပ်နေတဲ့ဒီပြသာနာဟာအရင်လိုရက်အနည်းအငယ်အတွင်းပြေလည်သွားလိမ့်မယ်လို့မမြင်ဘူး။ကံမကောင်းရင်ပြည်သူတွေဆီတန်းစီရတဲ့ဒုက္ခကရေရှည်ဖြစ်သွားနိုင်တယ်။
Read moreDetailsစက်သုံးဆီတင်သွင်းနေတဲ့လုပ်ငန်းရှင်ကြီးတွေကိုစစ်ကောင်စီကဗဟိုဘဏ်သတ်မှတ်ဈေးတစ်ဒေါ်လာ၂၁၀၀ကျပ်နဲ့ရောင်းမပေးတော့ဘူးလို့သိရတယ်။ဒါ့ကြောင့်စက်သုံးဆီတင်သွင်းမယ့်လုပ်ငန်းရှင်တွေဟာတင်သွင်းမယ့်ဒေါ်လာသန်းချီကိုအပြင်ပေါက်ဈေး၃၅၀၀ကျပ်ခန့်နဲ့ကိုယ့်ဘာသာကိုယ်ရှာရမယ့်သဘောဖြစ်နေတယ်။ဒါ့အပြင်စစ်ကောင်စီဟာသူတို့ထိန်းချုပ်ထားတဲ့ဒေါ်လာဈေးကိုလွတ်ပေးလိုက်ပြီးလို့မနေ့ကကြေငြာလိုက်ပါတယ်။အပြင်ဈေးကွက်မှာကြိုက်ရောင်းကြိုက်ဝယ်လုပ်နိုင်တဲ့သဘောပေါ့။ဒါပေမယ့်ဒေါ်လာဈေးကိုအလုံးစုံလွတ်ပေးတာမျိုးလဲမဟုတ်ပြန်ဘူး။ပို့ကုန်ကရတဲ့ဝင်ငွေရဲ့၃၀ရာခိုင်နှုန်းကိုသူတို့သတ်မှတ်ထားတဲ့၂၁၀၀ကျပ်ဈေးနဲ့ဗဟိုဘဏ်ကိုမဖြစ်မနေပေးသွင်းနေရဦးမယ်။ပို့ကုန်လုပ်ငန်းရှင်တွေဆီကရသလောက်ညှစ်ယူဦးမယ့်သဘောပဲ။ဘယ်လိုပဲထုတ်ပြန်ချက်တွေထုတ်နေပါစေဘက်ပေါင်းစုံကထိုးနှက်ချက်တွေရင်ဆိုင်နေရတဲ့စစ်ကောင်စီဟာအမေရိကန်ဒေါ်လာအရောင်းအဝယ်အတွက်ရည်ညွန်းဈေးသတ်မှတ်ပေးတဲ့အလုပ်ကိုအာဏာသိမ်းပီး၃နှစ်အကြာမှာလက်လျှော့လိုက်ပါပြီ။ဈေးကွက်မှာဖြစ်ချင်ရာဖြစ်စေတော့ဆိုတဲ့သဘောပဲ။သူတို့မှာထုတ်ရောင်းစရာလဲမရှိတော့ဘူး။ပြီးခဲ့တဲ့ရက်တွေကစက်မှုဇုန်လုပ်ငန်းရှင်တွေကိုစက်သုံးဆီခွဲတမ်းမပေးနိုင်တော့ဘူးလို့ပြောခဲ့တာတောင်သိပ်မကြာသေးဘူး။အခုတော့စစ်တပ်ထောက်ခံသူတွေအထူးသဖြင့်စက်သုံးဆီတင်သွင်းသူတွေကိုတောင်ဒေါ်လာရောင်းမပေးနိုင်တော့ဘူးလေ။ဒါဟာအဆုံးသတ်နီးလာပြီဆိုတဲ့လက္ခဏာပဲ။
Read moreDetailsရှမ်းပြည်နယ်မြောက်ပိုင်း၊ကိုးကန့်ဒေသတိုက်ပွဲတွင်စစ်ကောင်စီ၏အမှတ်၁၂စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး ဗိုလ်မှူးချုပ်အောင်ဇော်လင်းပစ်ခတ်ခံရပြီးသေဆုံးသွားကြောင်းMNDAAကတရားဝင်သတင်းထုတ်ပြန်လိုက်တယ်။ကိုးကန့်ဒေသအတွင်းမှာတပ်ပျက်ပြီးတောထဲတောင်ထဲတွေမှာထွက်ပြေးနေတဲ့စစ်ကောင်စီတပ်ဘက်မှ အကြွင်းအကျန်အဖွဲ့ဝင်များကို MNDAA က ဆက်လက်ရှင်းလင်းရာ ပစ်သတ်ခံရပြီး သေဆုံးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်၏ ရုပ်အလောင်းတစ်လောင်းတွေ့ရှိရကြောင်း၊ ၎င်းရုပ် အလောင်း ပေါ်တွင် ဗိုလ်မှူးချုပ်ရာထူးတံဆိပ်ကိုတွေ့ရှိကာ သေဆုံးသွားသူမှာ စကခ ၁၂ မှ စကခမှူး အောင်ဇော်လင်းဖြစ်...
Read moreDetailsစက်မှုဇုံတွေကိုဖြန့်ဖြူးပေးနေတဲ့စက်သုံးဆီခွဲတမ်းကိုစစ်ကောင်စီကမပေးတော့ဘူးလို့ထုတ်ပြန်လိုက်ပါတယ်။အဲ့ဒီအစားစက်မှုဇုန်တွေကလုပ်ငန်းရှင်တွေကိုယ်တိုင်စက်သုံးဆီတင်သွင်းခွင့်ပြုမယ်တဲ့။စစ်ကောင်စီပြောတဲ့နည်းလမ်းဟာစက်မှုဇုန်ကလုပ်ငန်းရှင်တွေအတွက်အဆင်မပြေနိုင်ပါဘူး။သူတို့တွေဟာဆီတင်သွင်းရောင်းချသူတွေမဟုတ်တဲ့အတွက်ကိုယ်တိုင်တင်သွင်းဖို့အခက်အခဲတွေရှိလာနိုင်တယ်။စစ်ကောင်စီကလျှပ်စစ်ဓာတ်အားအလုံအလောက်မပေးနိုင်တဲ့အခြေအနေမှာစက်မှုဇုံတွေဟာမီးစက်သုံးပြီးလည်ပတ်နေရတာပါ။အခုတော့မီးစက်အတွက်ဆီရဖို့တောင်အခက်အခဲဖြစ်လာနေပြီ။စစ်ကောင်စီဟာစက်သုံးဆီအတွက်သူတို့ထုတ်ပေးနေရတဲ့ဒေါ်လာတွေကိုလျော့ချနိုင်ဖို့အခုလိုလုပ်လိုက်တာပဲ။ ထိုဂယက်ကြောင့်ပဲရန်ကုန်မြို့ကစက်သုံးဆီအရောင်းဆိုင်တွေမှာဒီနေ့ညနေကစပြီးဆီပြတ်လတ်မှုတွေပြန်လည်ဖြစ်ပေါ်လာတယ်။တချို့ဆိုင်ကြီးတွေဆိုနေ့လည်ထဲကဆီမရှိတော့ဘူးဆိုပြီးပိတ်ထားကြတယ်။ညနေပိုင်းဆီဆိုင်တွေမှာတန်းစီနေတဲ့ကားတန်းကြီးတွေကိုပြန်လည်မြင်တွေ့လာရတယ်။
Read moreDetailsအိမ်နီးချင်းထိုင်းနိုင်ငံကတော့မြန်မာစစ်ရှောင်တွေသူတို့နိုင်ငံဘက်ရောက်လာရင်လက်ခံထားပေးမယ်လို့တရားဝင်ထုတ်ပြောလိုက်တယ်။နွေဦးတော်လှန်ရေးကာလတလျောက်မှာထိုင်းအစိုးရအနေနဲ့အခုလိုထုတ်ပြောတာဒါပထမဆုံးပဲ။ထိုင်းမြန်မာနယ်စပ်ဘက်မှာတိုက်ပွဲတွေအရမ်းမပြင်းထန်သေးပေမယ့်ထိုင်းနိုင်ငံအနေနဲ့အခုလိုပြင်ဆင်ထားတာဟာတော်လှန်ရေးအတွက်အထောက်အကူဖြစ်မှာပါ။ တဖက်မှာစစ်ကောင်စီဟာတပ်တွင်းကစစ်ပြေးတွေနဲ့ခွင့်မဲ့ပျက်ကွက်တွေကိုပြန်လက်ခံမယ်လို့ကြေညာထားတယ်။ဒါဟာစစ်ကောင်စီမှာအင်အားချိနဲ့နေပြီးဆိုတာပြသလိုက်တာပဲ။ရနိုင်တဲ့နေရာကနေအင်အားတွေပြန်စုလိုတဲ့သဘောပဲ။ခွင့်မဲ့စစ်ပြေးတွေဆိုစစ်သင်တန်းထပ်ပေးစရာမလိုပဲရှေ့တန်းလွှတ်လို့ရတယ်လေ။ဒါပေမယ့်ဘယ်သူမှတော့ကိုယ့်သဘောနဲ့ကိုယ်တပ်ထဲပြန်ဝင်ကြလိမ့်မယ်မထင်ဘူး။ဒီအချိန်မှာစစ်တပ်ထဲပြန်ဝင်တာဟာသေလမ်းကိုသွားတာပဲဆိုတာသဘောပေါက်ကြမှာပါ။စည်းကမ်းကြီးပါတယ်ဆိုတဲ့စစ်တပ်သမိုင်းမှာလဲစစ်ပြေးတွေကိုပြန်လက်ခံတာမျိုးတစ်ခါမှမကြားဖူးဘူး။အချိန်နဲ့အမျှပြုန်းတီးနေတဲ့သူတို့အင်အားကိုပြန်ဖြည့်ဖို့သူတို့သမိုင်းကိုသူတို့ပြန်ရိုက်ချိုးနေကြပြီလေ။
Read moreDetailsပဲခူးတိုင်းအရှေ့ခြမ်းကျောက်ကြီးမြို့နယ်၊မုန်းမြို့ကိုKNUနဲ့PDFပူးပေါင်းတပ်တွေတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။မုန်းမြို့ပေါ်ရှိစစ်ကောင်စီခြေလျင်တပ်ရင်းနှစ်ခုအပါအဝင်မြို့မရဲစခန်းနဲ့တံတားထိပ်ဂိတ်စတဲ့စစ်ကောင်စီတပ်စွဲရာနေရာအားလုံးကိုရှင်းလင်းနိုင်ခဲ့တဲ့အတွက်မြို့ကိုအပီးသိမ်းလိုက်နိုင်ပီပေါ့။မြို့သိမ်းတိုက်ပွဲအတွင်းစစ်ကောင်စီတပ်သားတစ်ရာခန့်ကိုသုတ်သင်ရှင်းလင်းနိုင်ခဲ့ပြီးကတပ်ရင်းမှူးအပါအဝင်အများအပြားလက်နက်ချခဲ့ကြတယ်။အခုလောလောဆယ်မှာတော့တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်ကအင်အား၁၅၀၀ခန့်နဲ့နယ်မြေရှင်းလင်းရေးလုပ်နေတယ်။စစ်ကောင်စီဘက်ကလဲမုန်းမြို့ကိုပြန်လည်ရရှိရေးအတွက်ရန်ကုန်တိုင်းအတွင်းကအင်အားတွေဆင့်ခေါ်ထားပြီးစစ်ကြောင်းထိုးဖို့ပြင်ဆင်နေတယ်။ဒါပေမယ့်ထိုဒေသဟာKNUစိုးမိုးနယ်မြေဖြစ်နေပြီဖြစ်တာကြောင့်စစ်ကောင်စီအနေနဲ့မြို့ကိုပြန်လည်ရရှိဖို့တော့မျှော်လင့်ချက်သိပ်မရှိပါဘူး။အခုချိန်ထိလဲတနိုင်လုံးမှာဆုံးရှုံးသွားတဲ့မြို့တွေကိုတမြို့မှပြန်လည်သိမ်းယူနိုင်တာမတွေ့သေးဘူး။ မုန်းမြို့ဟာမြန်မာပြည်တောင်ပိုင်းမှာအကြီးဆုံးလက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့KNUရဲ့ပထမဆုံးသိမ်းပိုက်နိုင်သောမြို့တစ်ခုဖြစ်တဲ့အပြင်ပဲခူးတိုင်းထဲမှာပထမဆုံးဈေးဦးပေါက်တဲ့မြို့ဖြစ်တယ်။လတ်တလောမှာလဲKNUဟာကရင်ပြည်နယ်ကော့ကရိတ်မြို့ကိုသိမ်းပိုက်နိုင်ရေးဆက်လက်တိုက်ခိုက်လျက်ရှိတယ်။
Read moreDetailsစစ်ကိုင်းတိုင်းမုံရွာမြို့နယ်၊ကြာပိုင်ကျေးရွာမှာစစ်သူပုန်တွေစီးနင်းလုယက်မီးရှို့ပြီးရွာခံပြည်သူအမျိုးသား၁၁ဦးကိုမီးရှို့သတ်ဖြတ်သွားပါတယ်။စစ်သူပုန်တွေဟာမနက်၈နာရီကျော်မှာဝင်ရောက်စီးနင်းတာဖြစ်ပြီးရွာထဲမှာလုယက်မီးရှို့ကာညနေ၃နာရီလောက်ပြန်ထွက်သွားလို့မီးဝင်ငြိမ်းရာမှာမီးရှို့သတ်ထားတဲ့အလောင်းတွေတွေ့ရတာပါ။သေဆုံးသူတွေဟာ ကြာပိုင်ရွာသား လူလတ်ပိုင်းအရွယ် (၁၁)ဦး ဖြစ်ပြီး စစ်အုပ်စုနဲ့ပျူတွေက သူတို့ကို ဖမ်းဆီးကာ နေအိမ်ထဲ လှောင်ပိတ်ပြီး မီးရှို့ သတ်ဖြတ် သွားတာပါ။စစ်အုပ်စု စီးနင်းချိန် ဒေသခံပြည်သူ (၆၀)ထက်မနည်း ဖမ်းဆီးခံရပြီး တချို့ ပြန်လွတ်ကာ အဲ့ဒီ...
Read moreDetailsအကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကနေပြည်တော်တွင်ကျင်းပသောစစ်ကောင်စီအစည်းအဝေးတွင်ရှမ်းမြောက်တိုက်ပွဲတွေမှာသူတို့ရှုံးနိမ့်နေကြောင်းသူကိုယ်တိုင်ထုတ်ဖော်ပြောဆိုဝန်ခံလိုက်တယ်။ပြီးခဲ့သည့်လများအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ကိုးကန့်ဒေသအတွင်းရှိတပ်မတော်လုံခြုံရေးစခန်းများကို တိုက်ခိုက်ရာတွင် TNLA၊ KIA ၊ AA အဖွဲ့တို့အပြင် စုစည်းထားသည်အခြားတပ်ဖွဲ့များမှ ကိုးကန့်များ၊ ပြည်ပမှ ဒရုန်းပညာ ရှင်များ စုစုပေါင်း အင်အား ၆၅၀၀ ခန့် ပါဝင်ခဲ့သည်ကို တွေ့ရှိရကြောင်း၊ အဓိကအားဖြင့်...
Read moreDetailsရှမ်းမြောက်ကိုးကန့်ကုန်းကြမ်းဒေသ အခြေစိုက် ခလရ(၁၂၅) တပ်ရင်းမှူးသည် တိုက်ပွဲဖြစ်ပွားနေစဉ် အလံဖြူထောင်ကာ ကိုးကန့်တပ်မတော်(MNDAA) ထံ လာရောက်ဆွေးနွေးပြီး လက်နက်ချ အလင်းဝင်ခဲ့တယ်လို့သိရတယ်။ထိုတပ်ရင်းမှတပ်ရင်းမှူးဟာ ရဲဘော်တစ်ယောက်နှင့် အတူ MNDAAထံသို့ရောက်လာပြီး လက်နက်ချအလင်းဝင်ရန် ဆွေးနွေးတောင်းဆိုခဲ့ကြောင်း၊ ဒဏ်ရာရလူနာများကိုကုသကယ်ဆယ်ပေးရန်နှင့် မိသားစုဝင်များ၏နေထိုင်ရေး စီစဉ်ပေးရန် အကူအညီတောင်းခံခဲ့ကြောင်း၊...
Read moreDetailsYou can copy without credits to our site. We Need Freedom.