ကယားပြည်နယ်မှာKPDFကစစ်သူပုန်တွေနဲ့အပစ်အခတ်ရပ်စဲကြောင်းစာထုတ်လိုက်ပြီ။ဘာသာရေးဆိုင်ရာပုဂ္ဂိုလ်တွေကဝင်ရောက်ညှိနိုင်းပေးတယ်လို့ပြောတယ်။စစ်သူပုန်တွေဟာပြည်နယ်ထဲကိုတပ်တွေအလုံးအရင်းနဲ့ပို့ထားပေမယ့်ရှေ့တိုးလို့မရဘူးဖြစ်နေတယ်။KPDFတွေဘက်ကလဲဒေသခံစစ်ဘေးရှောင်ကိုပြန်ကြည့်ဖို့လိုနေတယ်။စစ်သူပုန်တွေကဘာမှသိတာမဟုတ်ဘူး။မဲမဲမြင်ရာအကုန်ပစ်နေတာ။အခုတောင်စစ်သူပုန်တွေကဒီမော့ဆိုမြို့ထဲမှာမြို့နေပြည်သူအိမ်တွေကိုလက်နက်ကြီးတွေထုပြီးဖျက်စီးတယ်။လူမရှိအိမ်တွေ၊ဆိုင်တွေကိုဖောက်ထွင်းကာသူတို့အတွက်အသုံးဝင်တဲ့ပစ္စည်းတွေကိုမတရားယူသွားပြီးအသုံးမဝင်တာတွေကိုဖျက်စီးယုတ်မာနေကြတယ်။သူတို့ရဲ့လုပ်ရပ်တွေကိုအချိန်နဲ့တပြေးညီတတိုင်းပြည်လုံးသိနေကြလဲဂရုမစိုက်ပဲကန်းကုန်အောင်မိုက်ရိုင်းနေတုန်းပဲ။
Read moreDetailsလာမယ့်ရက်တွေမှာမြန်မာ့အရေးဆွေးနွေးပွဲတွေပြည်တွင်းရောပြည်ပမှာပါဆက်တိုက်လုပ်ဖို့ရှိတယ်။ ပြည်တွင်းမှာကရင်လက်နက်ကိုင်လေးဖွဲ့ဆိုင်ပြီးရှေ့ဘာဆက်လုပ်မလဲဆွေးနွေးကြမယ်။ထိုင်းအစိုးရကလဲNCAလက်မှတ်ထိုးထားတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့တွေ့ဖို့လေသံပစ်နေတယ်။ပြည်ပမှာတော့မနက်ဖြန်G7ထိပ်သီးအစည်းအဝေးမှာမြန်မာနိုင်ငံအကြောင်းပါတယ်လို့ကြားတယ်။၁၈ရက်နေ့ကျရင်လဲလုံခြုံရေးကောင်စီမှာဆွေးနွေးလိမ့်ဦးမယ်။ အစည်းအဝေးတွေဘယ်လောက်များများမျှော်လင့်စရာတော့သိပ်မရှိဘူး။ကိုယ့်လွတ်လပ်ရေးကိုယ်တိုင်တိုက်ယူမှရမှာပဲ။
Read moreDetailsရန်ကုန်နဲ့မန္တလေးမှာခုချိန်ထိပျောက်ကြားသပိတ်တွေနေတိုင်းနီးပါးရှိနေတုန်းပဲ။နိုင်ငံအလယ်ပိုင်းကတချို့ကျေးရွာအုပ်စုတွေမှာလဲသပိတ်တွေအားကောင်းနေဆဲပါ။စစ်ကောင်စီကိုဆန့်ကျင်ကြောင်းပြတဲ့နေရာမှာသပိတ်တွေကအရေးပါတဲ့နေရာမှာရှိပါတယ်။ဒါကြောင့်အန္တရာယ်ပေါင်းစုံကြားကပဲဆက်ထွက်နေကြတာပေါ့။ဒီလိုပဲပျောက်ကြားပစ်ခတ်မှုတွေနဲ့ပျောက်ကြားသပိတ်တွေအချိုးညီညီတိုက်ပွဲဝင်နေကြတယ်။
Read moreDetailsပြည်တွင်းမှာကိုဗစ်ကူးစက်နှုန်းဟာဒီလဆန်းကစပြီးပြန်လည်မြင့်တက်လာပါတယ်။အခုဆိုပိုးတွေ့နှုန်းကတနေ့ငါးရာခိုင်နှုန်းအထက်ရှိလာပါပြီ။ဒါတောင်တနေ့တစ်ထောင်ကျော်ပဲစစ်နိုင်သေးတာပါ။ဒါကြောင့်စစ်ကောင်စီဟာကိုဗစ်စင်တာတွေတိုးချဲ့ဖွင့်လှစ်ဖို့စီစဉ်နေပါတယ်။ဖွင့်လှစ်မယ့်နေရာတွေကတော့ဂိုထောင်အဟောင်းထဲမှာကွပ်ပျစ်ပေါ်ဖျာကြမ်းခင်းပြီးလူနာတွေကိုထားမှာပါ။NLDအစိုးရလက်ထက်ကိုဗစ်စင်တာတွေနဲ့ဆီနဲ့ရေလိုကွာခြားလွန်းလှပါတယ်။စစ်ကောင်စီရဲ့တိုင်းပြည်အပေါ်မှာထားတဲ့စေတနာကိုအတိုင်းသားတွေ့မြင်လိုက်ရတယ်။ဒီပုံစံအတိုင်းဆိုကိုဗစ်ကူးရင်သေဖို့ပဲရှိမယ်။
Read moreDetailsကယားပြည်နယ်မှာစစ်ဘေးရှောင်တွေကိုထောက်ပံမယ့်ဆန်အိတ်၈၀ကျော်နဲ့တကွအစားအသောက် တွေဆေးဝါးတွေကိုစစ်သူပုန်တွေမီးရှို့ဖျက်စီးလိုက်တယ်။ရိုင်းစိုင်းယုတ်မာချက်ကတော့ဖော်ပြစရာစကားလုံးမရှိလောက်အောင်ပဲ။ အခုဆိုချင်းပြည်နယ်ရောကယားပြည်နယ်မှာပါစစ်ဘေးရှောင်တွေတော်တော်ဒုက္ခရောက်နေကြတယ်။စစ်သူပုန်တွေကသယ်ယူပို့ဆောင်ရေးလမ်းကြောင်းတွေမှာပိတ်ဆို့ဖျက်စီးနေလို့ရိက္ခာတွေပြတ်သလောက်ဖြစ်နေပြီ။ဒါ့အပြင်စစ်ရှောင်စခန်းတွေကိုပါလက်နက်ကြီးနဲ့ရမ်းသမ်းပစ်နေလို့စခန်းနေရာပြောင်းရတာတွေလဲခဏခဏပဲ။မိုးကျလာပြီဆိုတော့နေရာထိုင်ခင်းအခက်အခဲတွေရှိလာတယ်။UNကလဲထုံးစံအတိုင်းဒုက္ခသည်တွေအတွက်စာတွေပဲထိုင်ထုတ်နေတယ်။ဒီအရေးကိုတောင်ဖြစ်ဖြစ်မြောက်မြောက်မကူညီပေးနိုင်ဘူး။အခုဆိုလူတွေကNUGကိုပါအပြစ်ပြောလာကြပြီ။NUGလဲဘာမှမတတ်နိုင်သေးဘူး။ခုချိန်ထိမြေပြင်မှာရုပ်လုံးမပေါ်လာသေးဘူး။တိုင်းရင်းသားပြည်သူတွေလဲဒုက္ခပေါင်းစုံရောက်နေကြပြီ။ဆက်တွေးကြည့်ရင်ရင်လေးစရာတွေချည်းပဲ။
Read moreDetailsဒီမနက်ပြင်ဦးလွင်လေဆိပ်နားမှာစစ်တပ်ကသယ်ယူပို့ဆောင်ရေးလေယာဥ်ငယ်တစ်စင်းပျက်ကျသွားတယ်။လေယာဉ်ပေါ်ပါသူ၁၄ယောက်မှာ၁၂ယောက်သေဆုံးသွားတယ်။သေဆုံးသွားသူတွေထဲမှာနေပြည်တော်ကဆရာတော်ကြီးတပါးလဲပါတယ်။ပြည်သူတွေကတော့ပြည်သူ့ကျိန်စာဆူးနေပြီဆိုပြီဝမ်းသာနေကြလေရဲ့။စစ်ကောင်စီအဖွဲ့ဝင်ထိပ်တန်းအရာရှိကြီးတွေလဲပါတယ်လို့သတင်းတွေထွက်လာပေမယ့်အတည်ပြုလို့မရသေးပါဘူး။
Read moreDetailsKNUကစစ်ဦးစီးချုပ်ရဲ့NCAအတိုင်းအတိအကျလိုက်နာမယ်ဆိုတဲ့စာဒီနေ့ထွက်လာတယ်။ဘာသဘောလဲမသိပေမယ့်အဲ့ဒီ့စာနဲ့ပတ်သတ်ပြီးဝေဖန်သုံးသပ်မှုတွေလဲအစီအရီထွက်ပေါ်လာတယ်။ KNU ဟာမြန်မာပြည်မှာအကြီးဆုံးလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုပါ။သူကစစ်ကောင်စီကိုဆက်လက်မတော်လှန်ဘူးလားဆိုတဲ့အတွေးတွေပြည်သူတွေထဲရောက်သွားရင်တော့သိပ်မကောင်းလှဘူး။ခုတောင်ကရင်ပြည်နယ်ထဲတိုက်ပွဲတွေသိပ်မဖြစ်တော့သလိုပဲ။ ပြည်မမှာတော့PDFအဖွဲ့လေးတွေလက်စွမ်းပြနေဆဲပဲ။ပေါက်ကွဲမှုတွေသိပ်ဖြစ်တော့ပေမယ့်စစ်ကောင်စီရဲ့လက်ပါးစေတွေကိုဆက်လက်ရှင်းလင်းနေတယ်။ဒီနေ့ဆိုရန်ကုန်မှာနာမည်ကြီးဒလန်အုပ်ချုပ်ရေးမှုးမတစ်ယောက်နဲ့မန္တလေးမှာရဲနှစ်ယောက်အနီးကပ်ပစ်သတ်ခံလိုက်ရတယ်။
Read moreDetailsကရင်ပြည်နယ်ကမြို့တချို့မှာအာဇာနည်ဗိမာန်တွေကိုစစ်သူပုန်တွေညဘက်ကြီးဘူဒိုဇာနဲ့ထိုးပြီးဖျက်စီးသွားတယ်။အာဇာနည်ဆိုတဲ့စကားလုံးကိုတောင်လက်ခံနိုင်စွမ်းမရှိဖြစ်နေကြတယ်။လုပ်ရပ်တွေဟာအပေါက်အလမ်းမတည့်ကလေးဆန်လွန်းတယ်။ ချင်းပြည်နယ်နဲ့ကယားပြည်နယ်မှာလဲစစ်ကောင်စီဟာအင်အားအလုံးအရင်းဖြည့်တင်းနေတယ်။သူတို့ကိုတော်လှန်နေတဲ့နယ်မြေတွေကိုလေးဖက်လေးတန်ပိတ်ဆို့ပြီးချေမှုန်းမယ့်သဘောရှိတယ်။ကယားမှာဆိုခရစ်ယာန်ဘုရားကျောင်းတွေပါမချန်လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်နေတယ်။
Read moreDetailsILOအဖွဲ့ကြီးကလဲနောက်တပတ်ကျင်းပမယ့်ညီလာခံမှာစစ်ကောင်စီကိုယ်စားလှယ်ကိုလက်မခံဘူးပြောလိုက်ပြီ။တကမ္ဘာလုံးကအဖွဲ့အစည်းကြီးတွေကတော့စစ်ကောင်စီကိုအခုထိအသိအမှတ်မပြုကြသေးဘူး။တရုတ်နဲ့အာဆီယံသာအသိအမှတ်ပြုဖို့ကြိုးစားနေကြတာ။NUGကလဲဒီကိစ္စကိုကန့်ကွက်ထားတယ်။ဘာပဲဖြစ်ဖြစ်စစ်ကောင်စီကတော့သူတို့နောက်ခံနဲ့ရမ်းကားနေဉီးမှာပဲ။
Read moreDetailsဧရာဝတီတိုင်း၊ကျုံပျော်မြို့လေးကရွာတစ်ရွာမှာစစ်သူပုန်တွေအကြမ်းဖက်ဝင်စီးလို့တစ်ရက်ထဲနဲ့အပြစ်မဲ့ပြည်သူ၂၀ခန့်သေဆုံးသွားတယ်။ဒလန်ကရွာထဲမှာလက်နက်တွေရှိတယ်လို့သတင်းပေးလို့ဝင်ပစ်တာလို့ကြားတယ်။တကယ်တော့ဧရာဝတီတိုင်းဆိုတာတော်လှန်ရေးလှုပ်ရှားမှုအနည်းဆုံးဒေသတစ်ခုပါ။လက်နက်တွေရှိဖို့နေနေသာသာနယ်ခံPDFအဖွဲ့တွေတောင်ရှိတာမဟုတ်ဘူး။ဒါပေမယ့်လဲစစ်သူပုန်တွေရဲ့ထုံးစံအတိုင်းမဲမဲမြင်ရာဝင်သောင်းကျန်းသွားတာပဲ။ အာဆီယံကိုယ်စားလှယ်အဖွဲ့ရောက်နေချိန်မှာတောင်ဒီလိုလူသတ်ရမ်းကားနေတာဟာစစ်ကောင်စီကဘယ်သူ့ကိုမှဂရုမစိုက်ပဲသူလုပ်ချင်ရာလုပ်မယ်ဆိုတာပြသလိုက်တာပဲ။
Read moreDetailsYou can copy without credits to our site. We Need Freedom.