ရန်ကုန်ဆင်ခြေဖုံးမြို့နယ်တွေမှာဆိုင်ကယ်တွေဖမ်းနေတယ်။ဖောက်ခွဲမှုတွေပြုလုပ်ရင်ဆိုင်ကယ်တွေအသုံးပြုလို့တဲ့။စစ်သူပုန်တွေတပ်စွဲထားတဲ့နေရာတွေလဲခုဆိုရင်ဘန်ကာအထပ်ထပ်၊သံဇကာအထပ်ထပ်နဲ့။ သေရဲတဲ့ကောင်ထွက်ခဲ့လို့သေနတ်ကြီးတကားကားနဲ့ပြောနေတဲ့သူတွေကေကြာက်ချီးပန်းနေကြတာမြင်မကောင်းဘူး။ ဒီမနက်လဲလမ်းမတော်မြို့နယ်ကအုပ်ချုပ်ရေးမှုးစောစောစီးစီးသေနတ်နဲ့ပစ်ခံရပြီးခေါင်းပွင့်သွားတယ်။ ဒါတောင်အစပဲရှိသေးတယ်။ နောက်ဆက်တွဲတွေအတွဲလိုက်လာဦးမှာ။
Read moreDetailsနိုင်ငံတဝန်းမြို့ကြီးတွေမှာပေါက်ကွဲမှုတွေဆက်တိုက်ဖြစ်ပေါ်နေပါတယ်။အထူးသဖြင့်ရန်ကုန်နဲ့မန္တလေးမှာနေ့တိုင်းဗုံးတွေပေါက်နေတယ်။ တရားခံကတော့ရှင်းပါတယ်။စစ်ခွေးတွေထိရင်ပြည်သူ့လက်ချက်၊ပြည်သူတွေထိရင်စစ်ခွေးတွေလက်ချက်ပဲ။စစ်ခွေးတွေသာသူတို့အချင်းချင်းထိုးကျွေးရင်ထိုးကျွေးလိမ့်မယ်၊ပြည်သူတွေဘက်ကတော့အချင်းချင်းထိခိုက်အောင်ဘယ်တော့မှလုပ်မည်မဟုတ်ပါ။ခုတောင်စစ်တပ်ကပြည်သူကိုထင်ယောင်ထင်မှားဖြစ်အောင်သူတို့ရဲ့အရပ်ဘက်အကြမ်းဖက်အဖွဲ့အစည်းတစ်ခုကိုပျူစောထီးအမည်နဲ့ဖွဲ့စည်းထားတယ်ကြားတယ်။ အခြေအနေတွေကတော့ဆက်လက်ဆိုးရွားဖို့ရှိနေတယ်။
Read moreDetailsဒီလိုအချိန်၊ဒီလောက်ပူတဲ့ရာသီဥတုအောက်မှာဆန္ဒပြနေဆဲတနိုင်ငံလုံးကမြို့ပေါ်ကျေးလက်သပိတ်တွေကိုမလေးစားပဲမနေနိုင်ဘူး။သူတို့ခင်မျှာအပေါ်ပူ၊အောက်ပူ၊ရင်ထဲကအပူတွေကိုအံတုပြီးတော်လှန်နေကြရတာ။ စစ်ခွေးတွေရဲ့အန္တရာယ်ကိုလဲကြည့်ရှောင်ရသေးတယ်။မြို့ပေါ်အဲကွန်းခန်းလေးထဲမှာနေပြီး "ပူလိုက်တာ " လို့ညည်းနေတဲ့သူတွေကိုပြောချင်တာက...ခုချိန်တော်လှန်ရေးမအောင်မြင်ခဲ့ရင်နောင်နှစ်ဒီလိုအချိန်မှာဒီထက်အဆများစွာပိုတဲ့အပူတွေနဲ့ရင်ဆိုင်ရလိမ့်မယ်။မရှိမဲ့ရှိမဲ့လက်ကျန်သစ်တောတွေခုတ်ရောင်းလို့ပိုပူလာမယ့်ရာသီဥတုကတမျိုး၊စားဝတ်နေရေးခက်ခဲလာလို့ပူရတဲ့အပူကတမျိုး၊လူငယ်တွေဆိုအနာဂတ်တွေပျောက်ဆုံးကုန်လို့ပူရတဲ့အပူတွေနဲ့လုံးခြာလိုက်နေလိမ့်မယ်။ဒီချိန်မှာအဲကွန်းလေးဖွင့်ပြီးနှပ်နေနိုင်ပေမယ့်အခြေအနေမကောင်းရင်နောင်တချိန်မှာမီးပျက်ညတွေအလယ်မှာယပ်တောင်နဲ့သာနှစ်ပါးသွားရလိမ့်မယ်ဆိုတာသတိချပ်ကြပါအရပ်ကတို့ရေ။
Read moreDetailsဒီနေ့ဟာမြန်မာပြည်မှာအာဏာသိမ်းသွားတာရက်၁၀၀ပြည့်တဲ့နေ့ဖြစ်တယ်။ ဒီရက်တစ်ရာအတွင်းမှာကျဆုံးသွားသူက၈၀၀နီးပါးရှိနေပြီ။စစ်ကောင်စီဟာတစ်ရက်ကို၈ယောက်နှုန်း၊သုံးနာရီတိုင်းမှာတစ်ယောက်နှုန်းနဲ့အပြစ်မဲ့ပြည်သူတွေကိုဆက်လက်သတ်ဖြတ်နေဆဲပါ။ မတရားဖမ်းဆီးခံထားရသူတွေလဲ လေးထောင်နီးပါးရှိနေပါပြီ။ ခုချိန်ထိအကြမ်းဖက်မှုတွေကိုပျော်ပျော်ကြီးဆက်လက်ကျူးလွန်ဆဲပါ။ ပြစ်တင်၊ရှုံချ၊ဝမ်းနည်း၊အားပေးစတဲ့စကားလုံးတွေနဲ့အချိန်ကုန်နေတဲ့နိုင်ငံတကာအသိုင်းအဝိုင်းဟာအာပလာဆိုတာမြန်မာပြည်သူတွေလဲကောင်းကောင်းသိရှိနေပါပြီ။ ကိုယ့်အားကိုယ်ကိုးမှရမယ်ဆိုတာသဘောပေါက်နားလည်လာကြပါပြီ။ အဲ့ဒီအတွက်လဲပြင်ဆင်နေကြပါပြီ။ သေချာတာတစ်ခုကတော့တော်လှန်ရေးဟာအရင်ကထင်ခဲ့သလိုလွယ်လွယ်နဲ့မပြီးသွားဘူး။ သွေးတွေ၊ချွေးတွေရင်းပြီးဆက်လက်တိုက်ယူရဦးမယ်ဆိုတာပါပဲ။
Read moreDetailsYou can copy without credits to our site. We Need Freedom.