မတ်လ ၂၇ နေ့ကိုမြန်မာပြည်မှာ တပ်မတော်နေ့ အဖြစ်သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ ဒီနှစ်မှာတပ်မတော်နေ့ဟာ သတ်မတော်နေ့ဖြစ်သွားခဲ့ပါပြီ။ စစ်ကောင်စီရဲ့အကြမ်းဖက်တပ်တွေဟာ ဒီနေ့မှာတစ်နိုင်ငံလုံးကအပြစ်ပြည်သူ၁၀၀ ကျော်ကိုသတ်ဖြတ်ခဲ့ပါတယ်။ နေပြည်တော်မှာစစ်ရေးပြပွဲကြီးလုပ်ရင်း တစ်ဖက်မှာဆန္ဒပြပြည်သူလူထုကိုနည်းလမ်းပေါင်းစုံနဲ့သတ်ဖြတ်သွားခဲ့တာပါ။ ဒီနေ့မတိုင်ခင်ကတည်းက ပြည်သူအားလုံးဟာ " အားလုံးစုဝေး ဖက်စစ်တော်လှန်ရေး " ဆိုတဲ့ခေါင်းစဥ်အောက်ကနေငြိမ်းချမ်းစွာဆန္ဒပြဖို့ပြင်ဆင်ခဲ့ကြပါတယ်။...
Read moreရန်ကုန်မြို့ဟာတဖြည်းဖြည်းခြောက်ကပ်လာနေပါပြီ။ လမ်းတွေပေါ်မှာအသွားအလာတွေတော့ရှိပေမယ့် ဆိုင်အများစုပိတ်ထားကြတယ်။ စစ်သူပုန်တွေရဲ့ရပ်ကွက်အတွင်းထိဝင်ရောက်အကြမ်းဖက်မှုကို ရှောင်ရှားလိုခြင်း၊ စစ်ဖြစ်တော့မဲ့သတင်းတွေထွက်ပေါ်နေခြင်း တို့ကြောင့်တချို့သောမြို့နေ လူထုတွေဟာရန်ကုန်ပြင်ပ နီးစပ်ရာနယ်တွေပြောင်းရွှေ့ကုန်ကြပါပြီ။ စစ်ကောင်စီဟာယခင်စစ်အာဏာမသိမ်းခင်အခြေအနေကိုပြန်ရောက်ဖို့ကြိုးစားနေပေမယ့် သူတို့ပြုတ်မကျသ၍ ပြည်သူတွေရဲ့လူမှုဘဝတွေအရင်အတိုင်းပြန်ဖြစ်ဖို့မလွယ်ကူတော့ပါ။
Read moreဒီနေ့ဟာ ရှမ်းပြည်နယ်မြို့တော် တောင်ကြီးနဲ့ ရန်ကုန် သုဝဏ္ဏတို့ရဲ့ ကံဆိုးမိုးမှောင်ကျတဲ့နေတစ်နေ့ ဖြစ်ခဲ့ပါတယ်။ စစ်သူပုန်တွေဟာ တောင်ကြီးကို အသည်းအသန်ဖြိုခွင်းခဲ့တယ်။ ရပ်ကွက်ထဲအထိဝင်ပြီး လူတွေကို သေ နတ်နဲ့တည့်ပစ်တယ်။ ဖမ်းခေါ်သွားတယ်။ ပစ္စည်းတွေကို ဖျက်ဆီးပစ်ခဲ့တယ်။ သူတို့ရဲ့ယုတ်မာမှုတွေဟာ စက္ကန့်ပိုင်းအတွင်းမှာပဲ အွန်လိုင်းမီဒီယာတွေပေါ်မှာ...
Read moreမြန်မာပြည်သူတွေဘယ်လောက်ညီညွှတ်ကြောင်း၊ ဒီမိုကရေစီကိုဘယ်လောက်တောင်အာသီသပြင်းပြနေကြောင်း ပြသလိုက်တဲ့နောက်ထပ်နေ့လေးတစ်နေ့ပါ။ ဒီနေ့မှာ February 22 ၂ ငါးလုံးသပိတ်နေ့လိုမျိုးသပိတ်တစ်ခုဆင်နွဲကြတယ်။ အသံတိတ်သပိတ်ပါ။ ၂ ငါးလုံးနေ့ကပြည်သူတွေအကုန်လမ်းပေါ်ထွက်ဆန္ဒပြကြသလို ဒီနေ့မှာတော့လူတိုင်းလမ်းပေါ်လုံးဝ မထွက်ကြေး အသံတိတ်သပိတ်ကိုဆင်နွဲကြပါတယ်။ တစ်နိုင်လုံးက မြို့တိုင်းနယ်တိုင်း တိတ်ဆိတ်ငြိမ်သက်သွားကြတယ်။ နေမကူးပဲနိုင်ငံတကာမီဒီယာတွေမှာသတင်းတွေတက်လာတဲ့အထိအောင်မြင်ပါတယ်။ စစ်ကောင်စီကသပိတ်ကိုပုံဖျက်ဖို့ဖမ်းထားတဲ့ကလေးတွေကိုလွှတ်ပေးပြီးလူစုလူဝေးဖြစ်အောင်ဖန်တီးရတဲ့အထိအောင်မြင်ပါတယ်။ ပြည်သူတွေစည်းလုံးညီညွှတ်နေတာကိုစစ်ကောင်စီအကြောက်ဆုံးပါ။...
Read moreအာဏာသိမ်းတာရက်ပေါင်း၅၀ ကျော်လာပေမယ့်ပြည်သူလူထုဟာမလျော့သောဇွဲလုံလတွေနဲ့တိုက်ပွဲဝင်နေဆဲပါ။ နေ့စဥ်နှင့်အမျှကျဆုံးမှုတွေရှိနေတဲ့အတွက် အကြမ်းဖက်စစ်သူပုန်တွေကိုရှောင်ရှားဖို့သပိတ်ပုံစံတွေကိုလည်း အလျင်းသင့်သလိုပြောင်းလဲရပါတယ်။ နေ့ဘက်တွေကိုရှောင်ပြီးအရုဏ်ဦးသပိတ်စစ်ကြောင်းတွေ၊ လူမဲ့သပိတ်၊ ညသပိတ်တွေကိုဖော်ဆောင်လာကြတယ်။ ဒါတောင်တချို့ဒေသတွေကညသပိတ်တွေအဖြိုခွင်းခံရပါသေးတယ်။ ရန်ကုန်မှာတော့စစ်ကောင်စီဟာတချို့မြို့နယ်တွေမှာအုပ်ချုပ်ရေးမှုးရုံးတွေအတင်းအကြပ်ဖွင့်ဖို့ကြိုးစားနေတာကိုတွေ့ရပါတယ်။ အကျိုးဆက်တွေအဖြစ်ဒေါပုံမြို့နယ်ကအုပ်ချုပ်ရေးမှုးရုံးမီးလောင်ခံရခြင်း၊ ကျောက်တန်းမြို့နယ်ကအုပ်ချုပ်ရေးမှုးဓားထိုးခံရခြင်းတွေဖြစ်ပေါ်နေပါတယ်။ သူတို့ကိုရပ်ကွက်ကျေးရွာအဆင့်အုပ်ချုပ်ရေးယန္တရားကိုဖော်ဆောင်ခွင့်ပေးလိုက်လို့မရဘူး။ နည်းမျိုးစုံသုံးပြီးတားဆီးရပါမယ်။
Read moreပြီးခဲ့တဲ့ရက်ပိုင်းက အကြမ်းဖက်ပစ်ခတ်မှုတွေကြောင့်အနည်းငယ်ငြိမ်သွားတဲ့ ရန်ကုန်ဟာကားသပိတ်နဲ့ အတူပြန်လည်နိုးထလာပါတယ်။ ရန်ကုန်မြို့လမ်းမကြီးတွေပေါ်က ကားများဟာအချိန်တစ်ခု သတ်မှတ်ပြီးဟွန်းတွေတီး၊ လက်သုံးချောင်းထောင်ပြီး စစ်အာဏာရှင်ကိုရရာနည်းလမ်းနဲ့ ဆန့်ကျင်နေကြပါတယ်။ စစ်သူပုန်တွေဟာသူတို့ရဲ့ယန္တရားလည်ပတ်ဖို့အတွက် ပြည်သူလူထုက ပိတ်ဆို့ထားတဲ့ လမ်းတွေကို နည်းမျိုးစုံသုံးပြီးပြန်လည်ရှင်းလင်းခဲ့ပါတယ်။ ရန်ကုန်ဟာအထိနာလို့ခဏငြိမ်နေပေမယ့်မနေ့က နိုင်ငံတကာကမြို့ကြီးတွေမှာ စစ်အာဏာရှင် ဆန့်ကျင် ဆန္ဒပြပွဲတွေပြုလုပ်ခဲ့ပါတယ်။...
Read moreအောင်ပင်လယ်မှာအောင်ပွဲရခဲ့တယ်။ အောင်ပင်လယ်ဆိုတာရန်ကုန်က လှိုင်သာယာလိုမန္တလေးအရှေ့ဘက်ဆင်ခြေဖုံးမြို့နယ်လေးတစ်ခုပါ။ ဒီတော်လှန်ရေးမှာနေ့စဥ်တက်ကြွစွာပါဝင်လှုပ်ရှားနေတဲ့နေရာတစ်ခုပေါ့။ ဒါကြောင့်စစ်သူပုန်တွေဟာ အောင်ပင်လယ်ကိုအငြိုးကြီးစွာဖြိုခွင်းဖို့ကြိုးစားခဲ့တယ်။ ဒီနေ့နေ့ခင်းလောက်မှာစစ်သူပုန်တွေဟာအောင်ပင်လယ်လမ်းမတွေပေါ်က အတားအဆီးတွေကိုဖျက် ဆီးဖို့စလုပ်တယ်။ မြို့နေလူထုကလက်မခံတော့ထိတွေ့မှုတွေဖြစ်ပွားလာတယ်။ ရရာလက်နက်စွဲ ကိုင်ပီးညီညီညာညာတွန်းလှန်ကြတဲ့အတွက်တိုက်ပွဲပုံစံဖြစ်လာခဲ့တယ်။ တစ်နေ့လုံးနှစ်ဖက်ထိတွေ့မှု တွေဖြစ်ပွားခဲ့ပြီးညနေပိုင်းမှာစစ်သူပုန်တွေပြန်ဆုတ်ခွာရတယ်။ တိုက်ပွဲဟာမပြီးဆုံးသေးပဲညပိုင်းမှာစစ်သူပုန်တွေဟာအင်အားအလုံးအရင်းနဲ့ထပ်ရောက်လာတယ်။ မြို့ခံတွေကလည်း ပတ်ဝန်းကျင်ကိုအမှောင်ချပြီးနယ်မြေကျွမ်းကျင်မှုကို အသာစီးယူကာပြန်လည် ခုခံကြတယ်။ စစ်သူပုန်တွေဟာ...
Read moreFederal Army!! ဒီကာလမှာဒီအသုံးအနှုန်းကိုလူပြောများနေကြတယ်။ ဟုတ်ပါတယ်..အကြမ်းဖက်စစ်ကောင်စီကိုစစ်ရေးနည်းလမ်းနဲ့ဖြုတ်ချမှရမယ့်အခြေအနေမှာ ပြည်သူလူထုနဲ့အနီးစပ်ဆုံးကတိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ဖွဲ့စည်းထားတဲ့ Federal Army ပါ။ CRPH ကလဲဒါကိုသိလို့အမြန်ဆုံးအကောင်အထည်ပေါ်လာအောင်ကြိုးစားနေပါတယ်။ သတင်းထုတ်ပြန်ချက်တွေအရလုပ်ငန်းစဥ်တွေရဲ့၈၀ ရာခိုင်နှုန်းအောင်မြင်နေပြီလို့သိရတယ်။ တိုင်းရင်းသားလက်ကိုင်ပေါင်းစုံကိုအချိန်တိုတိုအတွင်းစည်းရုံးစုစည်းနိုင်ဖို့ဆိုတာတကယ်တော့မလွယ်ပါဘူး။ ဒါပေမယ့် အဲ့ဒါအတွက်အချိန်ယူနေလို့လဲမရပြန်ဘူး။ မြေပြင်ကလူထုဟာပွဲပန်းစပြုလာနေပြီ။ နောက်တချက်က US လေယာဥ်တင်သဘော်အုပ်စုဟာမြန်မာပြည်နားရောက်နေပါပြီ။ သူတို့လုပ်မယ့်စစ်ရေးလေ့ကျင့်မှုကာလအတွင်းမှာ...
Read moreနိုင်ငံတကာရေးရာမှာတော့တိုးတက်မှုတွေရှိလာပါပြီ။ R2P စောင့်ကြည့်ရေးအဖွဲ့ကသူတို့ရဲ့အဆင့်သတ်မှတ်ချက်မှာတခြားနိုင်ငံတွေကျော်ပြီးမြန်မာကိုအဆင့် ၁ နေရာတင်လိုက်ပါတယ်။ အမေရိကန်လေယာဥ်တင်သင်္ဘောအုပ်စုတစ်ခုဟာမြန်မာပြည်ဘက်ကိုရွှေ့လျားလာနေပါပြီ။ အမေရိကန်နဲ့အတူသူတို့ရဲ့မဟာမိတ်အဖွဲ့ဖြစ်တဲ့ QUAD အဖွဲ့ဟာလေးနိုင်ငံပေါင်းစစ်ရေလေ့ကျင့်မှုကိုဘဂ်လားပယ်လယ်အော်မှာလုပ်ဖို့ရှိတယ်လို့ သတင်းဌာနတွေကဆိုပါတယ်။ တခြားရည်ရွယ်ချက်တွေလဲရှိကောင်းရှိနိုင်တယ်ပေါ့။ ပြည်တွင်းမှာတော့စစ်တပ်ရဲ့ပစ်ခတ်မှုတွေကြောင့် ရှမ်းပြည်နယ်၊အောင်ပန်းမြို့မှာတနေ့ထဲအနည်းဆုံး၇ဦးခန့်ကျဆုံးခဲ့ပါတယ်။ အောင်ပန်းလိုအေးချမ်းတဲ့မြို့သေးသေးလေးကိုအဲ့လောက်ထိအင်အားသုံးဖြိုခွင်းတာဘယ်လိုမှလက်ခံနိုင်စရာမရှိပါဘူး။
Read moreဒီနေ့မှာလည်း စစ်သူပုန်တွေဟာ ရန်ကုန်တစ် မြို့လုံးမှာပိတ်ဆို့ထားတဲ့အတားအဆီးတွေကိုဖယ်ရှားဖို့ အသည်းအသန်ကြိုးစားနေတာကို တွေ့ရပါတယ်။ ဆန္ဒပြပွဲတွေကိုလည်းဖြိုခွင်းနေပေမယ့်လူငယ်တွေကခုခံနေကြလို့အခက်တွေ့နေပုံရပါတယ်။ လူငယ်တွေရဲ့ဆန္ဒပြပုံစံဟာနောက်တစ်ဆင့်တက်လာပေမယ့် စစ်သူပုန်တွေရဲ့အင်အားအလွန်အကျွံသုံးအကြမ်းဖက်မှုတွေကြောင့်ရေရှည်တောင့်ခံနိုင်ဖို့သိပ်မလွယ်ကူပါ။ ဒီအချိန်ဟာလူငယ်လူကြီးမရွေးညီညီညာညာတော်လှန်ခုခံရမယ့်အချိန်ရောက်နေပါပြီ။ တချို့လူကြီးတွေကတော့ခြိမ်းခြောက်မှုမျိုးစုံကြောင့်နောက်တွန့်နေတာကိုတွေ့ရပါတယ်။ နိုင်ငံတဝန်းမှာတော့ဆန္ဒပြပွဲတွေဟာဆက်လက်အားကောင်းနေဆဲပါ။
Read moreYou can copy without credits to our site. We Need Freedom.